၁၃။ မင်းအနာဂတ်ရဲ့.....တစ်စိတ်တစ်ပိုင်း ဖြစ်စေရမယ်။

6.1K 685 4
                                    

၁၃။

ဒါကတော့ လုချင်းယီ ဘာကြောင့်အရက်သောက်ရတာကို မုန်းတယ်ဆိုတဲ့ အကြောင်းပြချက်ပင်။ မနေ့ညက သူမအများကြီး သောက်မိတော့
သူမကိုယ်သူမ  မထိန်းနိုင်ဘဲ ဝမ်းနည်းစိတ်များပေါ်လာခဲ့ချေ၏။

အရက်ကို အလွန်အကျွံသောက်ခြင်းက တကယ်ကို ဆိုးတာပဲ။
အခုတော့ သူမ အရမ်းကို မူးနောက်နေပြီး
ဖျားချင်သလို ခံစားနေရ၏။

သူမက ခေါင်းလည်းကိုက်နေပြီး လည်ချောင်းတွေခြောက်သွေ့နေခြင်းက လှုပ်ရှားဖို့ အရမ်းကို ခက်ခဲစေသည်။

သူမနိုးလာတဲ့ အချိန်က ညနေစောင်းဖြစ်နေပေမယ့်
သူမအခုထိ မျက်လုံးကောင်းကောင်း မဖွင့်နိုင်သေးပေ။ သူမစဉ်းစားလိုက်တော့ မနေ့ညက ရှန်းရီ နဲ့အတူ အရက်သောက်ရင်း ဆွေးနွေးတာတွေကို သတိရလာသည်။ ပြီးတော့ အရူးတစ်ယောက်လိုမျိုး ပြုမူခဲ့တာတွေကို မှတ်မိလာတော့
ဘုရားတရချေပြီ။

ကောင်းရော၊ ငါက အရူးအကြီးစားပဲ.... ဟုတ်တယ်မလား?

ကိုယ့်ရည်းစားကလည်း အချစ်ဆုံးသူငယ်ချင်းနောက် ပါသွားခဲ့ပြီ! သွားစရာ နေရာကလည်းမရှိ..ဟူး

ဒီနေ့ကတော့ သင်္ဘောခရီးစဉ်ရဲ့ နောက်ဆုံးရက်ဖြစ်ပြီး သူမက ရှန်းရီ နှင့် နောက်ထပ် အစီအစဉ်တွေအကြောင်း ဆွေးနွေးရပေဦးမည်။

လက်စားချေဖို့အတွက် သူ့ကို တကယ်လက်ထပ်လို့ ဖြစ်ပါ့မလား? ဒါကရော သူမအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲလား?
သူမ... စဉ်းစားရ ကျပ်နေချေပြီ။

ဟင်.....

ရှန်းရီ...ငါ့ကို သူ့ရဲ့ အခန်းထဲ ခေါ်ခဲ့တာလား?
ထို့နောက် သူမမျက်လုံး ဖွင့်လိုက်ပြီး အခန်းကို ဝေ့ဝိုက်ကြည့်လိုက်သည်။

ဒီအိပ်ရာကြီးပေါ်မှာ တော့ သူမတစ်ယောက်ထဲပင်။ ကြည့်ရတာ ရှန်းရီ သူမကို အခန်းထဲ ထည့်ပြီး တစ်ခြားနေရာမှာ သွားအိပ်တာဖြစ်မှာပါလေ။

သူမ..သမ်းဝေလိုက် ၊ အပျင်းလိမ်လိုက်လုပ်ရင်း အိပ်ယာပေါ်မှ ထလိုက်ပြီး သူ့အခန်းကို စပ်စုကြည့်လိုက်၏။
အဖြူနှင့် အမဲသာ ဆေးသုတ်ထားသော သူ့အခန်းမှာ  ပရိဘောဂတွေစုံပြီး  စာအုပ်စင်မှာတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေချည်းပင်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now