Chapter - 10 ( 🚨🔞🚨 )

77.5K 5.4K 310
                                    

#Unicode

ဖန်းဂူ ကိုယ်ပေါ်က အင်္ကျိကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်လိုက်တဲ့အခါ သူ့ရဲ့တောင့်တင်းပြီးကြီးမာတဲ့ မာဆယ်တွေက သူ့ရဲ့ဖုံးကွယ်ထားတဲ့ အင်္ကျိတွေအောက်ကနေပေါ်ထွက်လာတယ် …

ကြီးမားတဲ့ရင်အုံအပြင် ဝမ်းဗိုက်ကကြွက်သားတွေကလဲ သူ့အကန့်နဲ့သူ ယောက်ျားတစ်ယောက်မှာ ရှိသင့်တာထက်ကို ပိုပြီးပြည့်စုံနေတယ် …

အပြင်ပန်းကနေကြည့်ရင် ဖန်းဂူက အင်းအားကြီးပြီး သူ့ကိုဘယ်သူမှမတိုက်ခိုက်နိုင်ဘူးလို့ ထင်ရပေမဲ့ ဖုံးကွယ်ထားတဲ့ အင်္ကျိရဲ့အောက်မှာတော့ နှစ်ချို့ပြီဖြစ်တဲ့ အမာရွတ်တချို့ကို တွေ့ရလိမ့်မယ် …

သူအင်္ကျိကိုချွတ်လိုက်တော့ သူ့ရဲ့တောင့်တင်းတဲ့ လက်ပြင် ဘယ်ဘက် လက်မောင်းနဲ့ပုခုံးတစ်သားတည်းရှိနေတဲ့နေရာမှာ တစ်ထွှာလောက်ရှိမဲ့ ချုပ်ရိုးရာကြီးက ကင်းခြေများတစ်ကောင် ပုခုံးထက်မှာ ကပ်သွယ်နေသည့်ပမာ ထိုဒါဏ်ရာဟာ သူ့အတွက် သေရာပါတစ်ခုအဖြစ် ရှိနေခဲ့တယ် …

မင်းယွီအစက ဖန်းဂူကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်ထားပေမဲ့ ထိုဒါဏ်ရာကြီးကိုမြင်လိုက်ရတော့ အကြည့်မခွာနိုင်တော့ဘူး …

သေချာအကဲခပ်ကြည့်ရင် အဲ့ဒိအရာက လုံးဝပျောက်ကင်းနေပြီဆိုပေမဲ့ အရာကြီးက ရှိနေတုန်းပဲ … စဖြစ်ခါစကဆို ဘယ်လောက်တောင် မြင်မကောင်းလိုက်မလဲ မတွေးရဲ့စရာ …

ဒီလိုရက်ဆက်ကြမ်းကြုပ်တဲ့လူတစ်ယောက်မှာ ဒီလောက်ကြီးမားတဲ့ဒါဏ်ရာရှိနေလိမ့်မယ်လို့ မင်းယွီထင်မထားခဲ့ဘူး … ဘယ်အရာကများ သူလိုလူကို ထိခိုက်အောင် စွမ်းဆောင်နိုင်ခဲ့တာလဲ …

ဖန်းဂူ အင်္ကျိတွေကို ဘေးသို့ ပြစ်တင်လိုက်ပြီး သူ့ကိုယ်ကို စိုက်ကြည့်နေတဲ့ မင်းယွီကိုလဲမြင်ရော မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း …

" အသိတရားရပြီဆိုရင်လဲ ကုတင်ပေါ်က ဆင်းလာပြီး အစားလာစား "

သူ့ရဲ့အသံက အေးဆက်ဆက်ကြီးဆိုပေမဲ့ ပထမအကြိမ်ကလို ဒေါသတွေပါဝင်မနေဘူး … ပြီးတော့ စားပွဲဘေးမှာရှိနေတဲ့ ခုံပေါ်ထိုင်လိုက်ပြီး မင်းယွီထံကို စိုက်ကြည့်နေလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now