Ep-20

733 25 0
                                    


အရေးပေါ်အစည်းဝေးရှိလို့အမြန်သွားပြီးဒုန်းပြန်လာရသည်။ ပြန်ရောက်ရောက်ချင်း ဧည့်ခန်းထဲကအဖြစ်ပျက်ကြောင့်ဝင်ဖြန်ဖြေရင်း

"ဟာ... ဘာတွေဖြစ်နေကြတာလဲ"

နှိုင်းကဝင်ပြီး

"ဘာမှမဖြစ်ဘူး ကိုကြီးက ဒီဦးလေးကြီးနဲ့ဘယ်လိုသိတာလဲ"

"ဟင်.... ဒါဆိုမင်းက အဟုန့်ညီမလေးဆိုတာလား"

မျက်လုံးပြူးမျက်ဆံပြူးနဲ့တအံ့တသြ။ ဘယ်နှယ့် လမ်းဘေးကကလေးလို့ထင်ပြီး ကျွေးမွေးထားရတဲ့သူက ပိုးမွေးသလိုမွေးပြီးသဲသဲလှုပ်ခံထားရတဲ့ ရွှေဘုံစံမင်းသမီးတဲ့လား။ မယုံနိုင်စရာပဲ။

"​မင်း... မင်း... အချဥ်ပေါင်းတွေ ကော်ဖီဆိုင်ကအလုပ်တွေကကော"

"​ဟီး... အဲ့တာအပျော်လုပ်တာ"

"ဘာ"

မျက်လုံးကြီးပြူးပြီး အသံကျယ်ကြီးနဲ့ထအော်လိုက်သူက အင်ပါယာရယ်ပါ။ အော်သော်လဲ စောက်ဖက်လုပ်ခြင်းမခံရ။

"ဘာတွေပြောနေကြတာလဲ​ နှိုင်း​ ညီမလေး​ ကိုကြီးမသိအောင်ဘာတွေလုပ်ထားလဲ"

"အာ.... ဘာမှမလုပ်ပါဘူး အဲ့ဦးလေးကြီးပြောသွားတာအကုန်ပဲ"

"အသဲလေးရယ်.... ကိုကြီးကချစ်လွန်းလို့အလိုလိုက်ထားတာလေ ဘာတွေလျှောက်လုပ်နေတာလဲ နောက်ဆိုအဲ့လိုမျိုးတွေမလုပ်ရဘူးနော် ကြားလား"

"​ဟုတ်"

ဆူပုတ်ပုတ်နဲ့ပြန်ဖြေပြီး ကိုကို့ဆီကလဲအကောခံရဦးမည်ဆိုသည့်အတွေးဖြင့်။ အင်...။ ဘာလဲ... ဘာစကားမှမပြောဘဲ ရုပ်တည်ကြီးနဲ့​ ထိုင်နေပြန်ပြီ။ စိတ်ဆိုးနေတာလား စိတ်ကောက်နေတာလားပဲနော်။

"​ဦးလေးကြီး.... လာ"

"​အယ်.... ဘယ်လဲ"

လူကြားထဲကနေဇွတ်တွေဆွဲခေါ်လာတဲ့နှိုင်းနောက် ကောက်ကောက်ပါအောင်လိုက်ရပြန်သည်။ ဘာလဲ​ ဒီနေ့ကပြဿဒါးလား။ အစကတည်းကမလာသင့်တာ။ ဘယ်နှယ့်​ ရောက်ရောက်ချင်းလဲအထိုးခံရသေး ခုလဲထပ်ပြီးစောင့်ဆွဲပြီးခေါ်ရာနောက်ကိုအပြေးတစ်ပိုင်းလိုက်ရပြန်သည်။ အေး.... ဒီနေ့မှငါမသေရင် သေမှာမဟုတ်တော့ဘူး။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now