Arc(1.25)

11.3K 1.7K 17
                                    

Unicode

Arc(1.25)

The Wild Dragon Proud Day

နန်းတွင်းကိုယ်ရံတော်တပ်မှုး၏ လျှောက်တင်ချက်အပြည့်အစုံကို ကြားပြီးနောက်ကျင်းချွန်းမိဖုရား၏ နှုတ်ခမ်းများကစတင်ပြီး တုန်ယင်လာခဲ့သည်။ သူမကနန်းတွင်းတပ်မှုးအား ပြတ်သားစွာကြည့်ရင်းဒေါသကို မထိန်းချုပ်နိုင်တော့သည့် အတွက်ဘေးမှာရှိသည့် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီးနန်းတွင်း ကိုယ်ရံတော်တပ်မှုး၏မျက်နှာ ဘေးနားကိုကောက်ပေါက် လိုက်သောကြောင့်သူ့ကို ထိလုနီးပါးပင်ဖြစ်သွားသည်။

"မင်းဘာပြောလိုက်တယ်?"

"မိဖုရားမယ်မယ်..ကျေးဇူးပြုပြီး ဒေါသလျှော့ပါခင်ဗျာ...မနေ့ညက ဒီငယ်သားဆုမုချန်ရှိတဲ့အခန်းထဲက အဲ့ဒီတာဝန်ကျတဲ့နန်းတွင်းစေခံ ကလွဲရင်တစ်ယောက်ယောက် ထွက်သွားတာကိုတကယ်ပဲမမြင်တာပါ... ဒါပေမဲ့အဲ့ဒီနန်းတွင်းအစေခံက မနက်မှာတွေတဲ့အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့အစေခံနဲ့ တစ်ရုပ်တည်းပါပဲ...ပုံရောမျက်နှာ သွင်ပြင်ရောကအမြစ်တစ်ခုတည်းက ထွင်းထုပြီးထွက်လာသလိုမျိုးကို အရမ်းတူနေတာပါ"

နန်းတွင်းကိုယ်ရံတော်တပ်မှုးက ကြမ်းပြင်တွင်ဒူးထောက်ရင်း ခေါင်းကိုငုံ့၍လျှောက်တင်လိုက်သည်။ တကယ်တော့သူ့မှာလည်း ပြောမပြတတ်လောက်အောင် ခါးသက်မှုကိုခံစားနေရတာဖြစ်သည်။ ဆုမုချန်းကဒီလိုအံ့အားသင့်ဖွယ် နည်းနဲ့တစ်စုံတစ်ဦးအဖြစ် အတိအကျတူအောင်အသွင် ပြောင်းနိုင်မယ်ဟုဘယ်သူက ထင်ခဲ့ပါ့မလဲ။အဲ့ဒါကရိုးရှင်းစွာပဲ လူတိုင်းကိုအနည်းငယ်မှားယွင်းမှု ကိုပင်မမြင်ရလောက်အောင်ဖြစ်စေသည်။

"ဒီငယ်သားကတစ်စုံတစ်ရာ မှားနေကြောင်းတွေရှိသွားပြီးပြီးချင်း လူတွေကိုချက်ချင်းလွှတ်ပြီး နန်းတော်ထဲမှာရှာခိုင်းထားပြီးပါပြီ"

ကျင်းချွန်းမိဖုရားကတုန်လှုပ်နေသည့် သူ့လက်များကိုစားပွဲလေးအား ဆုပ်ကိုင်ထားမိခြင်းမှလွှတ်လိုက်ပြီး သူ့မရဲ့အခန္တာကိုယ်အပေါ်ပိုင်းကလည်း အနည်းငယ်မြင့်တက်လာခဲ့သည်။ သူမကသူမရဲ့ဒေါသကိုနှလုံးသားထဲတွင် ခဏမျှဖိထားလိုက်ပြီးမှသူမရဲ့ဒေါသ ကိုငြိမ်သက်သွားစေရန်ထိန်းချုပ် နိုင်သည့်အချိန်တွင်ပြာနှမ်းနေသည့် မျက်နှာဖြင့်မြေပေါ်မှာဒူးထောက်နေသော နန်းတွင်းကိုယ်ရံတော်တပ်မှုးကို ကြည့်လိုက်ပြီးပြောလိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now