Part (21)အာဏာကြောင့် 

1.5K 191 3
                                    

အိမ်တော်အဝမှာ ကျန်းအိမ်တော်ဆိုတဲ့
စာလုံးက ခန့် ညားလို့ 
ရှန်းချင် ခါးထောက်လိုက်ရင်း

''အိမ်ပြန်ရောက် တဲ့ ခံစားချက်က
ဒါပဲကွ ရှောင်ချင်း ရှောင်လျန့် 
ဝင်ကြမယ်''

တံခါးနားက အ စောင့် တွေက အရိုအ သေ
ပေးကြတယ်
အိမ်ဝင်းထဲ ဝင်လိုက်တော့  အ စေခံတစ်ယောက် က လှမ်းအော် လိုက်တယ်

'' သခင်မ လေးနှစ် အိမ် ပြန်လာပြီ ဟေ့ 
သခင်ကြီးတို့ ကို အကြောင်းကြား''

အ စေခံတစ်ချို့ ဝိုင်းလာပြီး

'' သခင်မ လေး လှလာလိုက်တာ''
''သခင်မ လေး ဂါရဝပြုပါတယ်''
'' သခင်မ လေး ဘယ်လို လုပ် ရောက်လာတာလဲ ''

အသံဆူဆူညံညံ လုပ်နေတုန်း

''သမီးလေး ရှန်းချင် ......''

''မေမေ ''
ပြေးဖက်ရင်း ခပ်ချွဲချွဲ လေး ခေါ်လိုက်တယ် သူ့ အ မေကတော့  မျက်ရည် ခပ်ဝဲ ဝဲနဲ့

'' သမီးလေး အားလုံးသတိရ နေကြတာ
လာ အထဲဝင်ရ အောင် ''

'' ရှင်မ ရေ သမီးလေ ပြန်လာလို့ ဆို''
မေးရင်း ဝင်လာတဲ့ သူ့ ရဲ့ ဖခင် ကို
မြင်တော့  တကယ်ပဲ သူအိမ်ပြန်လာတာကို
ခံစားမိတော့ တယ်

'' ဖေ ဖေ ''
ပြေးဖက်လာတဲ့ သမီးကြောင့် 
စစ်သူကြီး ကျန်း အံ့သြသလို ကြည့် ရင်း

'' သမီးလေး နေ ရော ကောင်းရဲ့လား
အိမ်တော် ကို ပြန်ခွင့် ရတာ နေမ ကောင်းလို့ လား''

ရှန်းချင် အ မေကပါ ထလာပြီး

'' ဟုတ်သားပဲ သမီးလေး နေမ ကောင်းလို့ 
ပြန်လာတာတော့ မဟုတ်ပါဘူးနော်''

''မဟုတ်ပါဘူး မေ မေရယ် သမီးက လေ
အိမ်ရှေ့စံနဲ့ ကွာ...............''

ရှန်းချင်စကားမဆုံးခင်
အိမ်ဝင်း အ ရှေ့ဆီက သတင်းပို့ သံ
ကြားလိုက်ရတယ်

'' အိမ်ရှေ့စံမင်းသား ကြွလာကြောင်းပါ ''

ရှန်းချင် ရဲ့ မိဘ တွေ က အပြင် ထွက်လို့ 
သူ တို့ သမက်တော်ကို ကြိုဆို ကြတယ်

'' အိမ်ရှေ့စံကို ဂါရဝပြုပါတယ်''
''မဟုတ်တာ ကျန်းစစ်သူကြီး ထပါ ''
လီကျန့် ထူလိုက်ရင်း ရှန်းချင်ဘက်ကို
တစ်ချက်ကြည့် လိုက်တယ်

အချိန်စက်ဝန်းကို ကျော်လွန်၍{Completed}Where stories live. Discover now