၁၅။ ဘယ်လိုမျိုး ခံစားနေရလဲ.....မစ္စစ် ရှန်း..?

5.4K 633 5
                                    

၁၅။

သူတို့ စီစဉ်ထားသလိုပဲ ၊ တရားရုံးမှာ လက်မှတ်ထိုးဖို့ လာခဲ့ ကြသည်။ ထိုစဉ်.... လုချင်းယီ တွေးတောလာ၏။
လက်ထပ်ပွဲက မကြာခင်မှာ ရောက်လာလိမ့်မည်။ ဒါပေမယ့် သူမအတွက် သတို့သမီး ဝတ်စုံရော သူတို့ရဲ့ လက်ထပ်လက်စွပ်တွေရော မဝယ်ရသေးဘူးလေ။

ထို့နောက် သူမရဲ့ ဖုန်းမြည်လာခဲ့သည်။
သူမကြည့်လိုက်တော့ ကုန်းယီကျွင်းပဲ ထပ်ဖြစ်နေပြန်သည်။

ဒီနေ့ သူမ..လက်ထပ်မှာကို သူသိနေတာများလား? အဲ့တာကြောင့် သူမကို ရပ်ခိုင်းဖို့ ကြိုးစားချင်တာလား?
မဖြစ်နိုင်လိုက်တာ!

ကုန်းယီကျွင်းက အရာရာတိုင်းကို စဉ်းစားတွေးခေါ်နိုင်ပြီးတော့ သူလိုချင်တဲ့ အရာတစ်ခုကို မရရအောင် အမိန့်ပေးတတ်သည်။
ဒါကလည်း သူမကို ဘာဖြစ်လို့ လှည့်စားခဲ့တယ်ဆိုတဲ့ သူ့ရဲ့အကြောင်းပြချက်တစ်ခုပင်။
ဘာကြောင့်လဲဆိုတော့ သူမနဲ့ sexကိစ္စ လုပ်ချင်တယ်လို့ ဘယ်နှစ်ကြိမ်ပဲ ပြောနေပါစေ သူမက အေးစက်တဲ့ ပုခုံးတစ်စုံပဲ ပေးခဲ့သည်လေ။

ဒါပေမယ့် မိန်းကလေးအများကြီးထဲမှာမှ ဘာဖြစ်လို့ မန်ကျောက်လဲ?

အခု သူမဘယ်လိုနေရလဲဆိုတာ ဒင်းတို့နှစ်ယောက် မြင်ရင် ဖြစ်သွားမယ့် မျက်နှာတွေကိုကြည့်ချင်လိုက်တာ!

လုချင်းယီ....သူ့ရဲ့ ခေါ်ဆိုမှုကို လျစ်လျူရှုလိုက်သည်။
ငါ့ရဲ့ နေ့ထူးလေးကို သူတို့ကြောင့်ပျက်စီး မခံနိုင်ဘူး။
ရှန်းရီနဲ့ သူမက အဆင်ပြေဖို့အတွက် လက်ထပ်ရပေမယ့် ကိစ္စမရှိပါဘူး....အနည်းဆုံးတော့ ရှန်းရီက နောက်ခံအင်အားတောင့်ပြီး သူမကိုလည်း အတင်းအကျပ်ခိုင်းတာ မရှိဘူးလေ။

သူမ ကားပေါ်က ဆင်းလိုက်ပြီး မျက်မှန်တပ်လိုက်သည်။
သူတို့ရဲ့ လက်မှတ်ထိုးပွဲကို အကျဉ်းချုပ်လုပ်ပြီး အသိမိတ်ဆွေလောက်ပဲ ဖိတ်မယ်လို့ ဆုံးဖြတ်ခဲ့သည်။
သူမက ရိုးရှင်းတဲ့ ခရမ်းရောင် ဂါဝန်လေးဝတ်ထားပြီး သူမနဲ့ မတူတာက ရှန်းရီ။
ရှန်းရီက အရမ်းကြည့်ကောင်းတဲ့ ဝတ်စုံဝတ်ထားပြီး သူ့ရဲ့ ရုပ်ရည်နဲ့လိုက်ဖက်စွာ။
ရှန်းရီရဲ့ ဖိနပ်တွေက တောက်ပြောင်နေပြီး သူကတော့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနဲ့ သူမဆီ လှမ်းလာနေလေပြီ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now