Chapter - 11

56.1K 5.2K 198
                                    

#Unicode

မင်းယွီအိပ်ယာမှနိုးထလာတော့ ခန္ဓာကိုယ်တစ်ခုလုံး သန့်ရှင်းနေပြီး ညကဖြစ်ခဲ့တဲ့အရာတွေအားလုံးက အိမ်မက်တစ်ခုပမာ အာရုံထဲ၌ ဝေဝါးဝါး ပုံရိပ်တချို့ကိုသာ မြင်ယောင်နေခဲ့တယ် …

Heat တစ်ခါတက်တိုင်း မင်းယွီကိုယ်တစ်ခုလုံး အားနည်းပြီးပျော့ခွေသွားပေမဲ့ Alpha တစ်ယောက်နဲ့ ဆက်ဆံပြီးချိန်တိုင်း အားသွင်းကြိုးနဲ့ဖုန်းအားသွင်းလိုက်သလိုမျိုး သူ့ခန္ဓာကိုယ်ထဲ အားအင်တွေ အသုန်းအရုန်းဝင်လာပြီး ခုဆို မင်းယွီညကလောက် အသိစိတ်လွတ်နေတာမျိုးမဖြစ်တော့ဘူး … နေရထိုင်ရတာလဲ အဆင်ပြေနေသလိုပဲ …

ညကအဖြစ်အပျက်တွေကိုလဲ ပြန်မစဉ်းစားချင်တော့ဘူး … အရာအားလုံးက သူ့ဆန္ဒမပါဝင်ပဲ ခန္ဓာကိုယ်က တောင်းဆိုနေတာမို့ အဲ့ဒိအခက်အခဲတွေကနေ ရုန်းထွက်ချင်ပြီ …

ဘယ်နည်းနဲ့မဆို ဒီအိမ်ကြီးကနေ လွတ်မြောက်ဖို့ မင်းယွီကြိုးစားမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ် …

မင်းယွီအိပ်ယာကထလာပြီး ရေမိုးချိုးသန့်စင်ပြီးသွားတော့ အဝတ်အစားလဲဖို့အတွက် ရှာဖွေရန် ပြင်နေစဉ် ကုတင်ခြေရင်းမှာတင်ထားတဲ့ ပုံလေးကိုမြင်သွားပြီး ယူကြည့်လိုက်တဲ့အခါ အထဲမှာ သူနဲ့ကိုက်ညီမဲ့ အဝတ်အစားတချို့ ရှိနေတာကိုတွေ့လိုက်ရတယ် …

အရင်ရက်တွေ မင်းယွီမှာ အဝတ်အစားမရှိတဲ့အတွက် ဖန်းဂူရဲ့ အင်္ကျိအကြီးကြီးတွေကို ကပိုကရိုနဲ့ဝတ်နေခဲ့ရခြင်းကြောင့် ကိုယ့်မှာ ဘာပိုင်ဆိုင်မှုမှမရှိပါလားဆိုပြီး သိမ်ငယ်ခဲ့ရတယ် …

ခုတော့ နာမည်ကြီးအမှတ်တံဆိတ်ဖြစ်တဲ့ အထက်တန်းလွှာများသာ ဝတ်ဆင်ခွင့်ရှိတဲ့ သူ့ရဲ့ကိုယ်ခန္ဓာနဲ့ စမတ်ကျလွန်းတဲ့ ဝတ်ဆုံးကို ဆင်မြန်းလိုက်ရတော့ မင်းယွီ စိတ်ကျေနပ်သွားတယ်  …

' ဒေါက် … ဒေါက် '

ထိုစဉ်တံခါးခေါက်သံနှင့်အတူ အခန်းတံခါးပွင့်လာပြီး အိမ်ထဲသို့ ဝင်လာသူကတော့ အိမ်တော်ထိန်း အဖိုးကြီး … သူက မင်းယွီအဝတ်အစား လဲပြီးသွားတာကိုမြင်လိုက်တော့ ပြုံပြကာ ဆိုလာတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now