ဦးချစ်​သည်း 1

2.3K 72 2
                                    

ဝင်းခနဲလျှပ်​စီးအလက်​တွင်​ ​လေနှင်​မိုးတို့​ကြောင့်
ပြိုကျလုလုယိမ်းယိုင်​​နေသည့်​ သစ်​ပင်​သစ်​ကိုင်း
များအား မြင်​လိုက်​ရသည့်​​နောက်​...
ဂျိမ်း...
ပြင်းထန်​​ကျယ်​​လောင်​​သော လျှပ်​စီး​နောက်​က
မိုးခြိမ်းသံသည်​ ​လောကတစ်​ခွင်​အားမာန်​ဟုန်​ပြင်းပြင်း
ရန်​လို​နေ​ပေ၏ ဟူးဟူးဟဲဟဲတိုက်​ခတ်​​နေသည့်
လေပြင်းတိုက်​ခတ်​သံ;တ​ဝေါ​ဝေါပြိုကျလာသည့်
မိုးသံများ ကျွတ်​ထွက်​ပါသွား​တော့မလို တ​ဖြောင်း​ဖြောင်း
မြည်​​နေသည့်​​ဆေးရုံအမိုးသွပ်​​တွေဆီကဆူညံသံများ
ထိုမျှမက​သေး ပြတင်းတံခါးများပွင့်​ထွက်​ကုန်​​တော့မလိုတချပ်​ချပ်​ဆူညံသံအလုံးစုံတို့သည်
မိုးနှင့်​မုန်​တိုင်းအား စည်းဝါးည်ီညီအလှပဆုံးပုံ​ဖော်​​နေကြ
သ​လောက်​ သူရှိသည့်​​နေရာအနီးတစ်​ဝိုက်​မှာ​တော့
အေးစက်​စက်​ တိတ်​ဆိတ်​​နေ​လေသည်​။

အသက်​မဲ့​နေပြီဖြစ်​​သော က​လေးအ​လောင်းအားသူထိုင်​ကြည့်​ခဲ့သည်​မှာအချိန်​​တွေဘယ်​​လောက်​​တောင်​ကြာ​နေပြီလဲ
မသိ...တစ်​ညလုံး​ပြေးလွှား​မောပန်းခဲ့ရသည့်​အရှိန်​​ကြောင့်​လားဒါမှမဟုတ်​ ရင်​ခွဲရုံမှရတတ်​​သော​ဆေးနံ့လိုလို
လူ​သေနံ့လိုလိုအနံ့တစ်​မျိုး​ကြောင့်​လား​တော့မသိ
သူ့ကိုယ်​မှာ ​ချွေး​စေးများထွက်​လျက်​ ပျို့အန်​ချင်​စိတ်​များ
ဖြစ်​​နေသလို တစ်​ကိုယ်​လုံးနုံး​ခွေပြီး​ခြေလှမ်း​တွေမခိုင်​ချင်​...

ဒီ..ဒီ..ဒီ..

ဖုန်း vibrateသံသည်​တိတ်​ဆိတ်​မှုကိုဖြိုခွဲလိုက်​၏
Siwon  သူ့ကိုဖုန်းဆက်​​နေ​ပေပြီ။သူဘာ​ပြောရမလဲ...?
ဖုန်းကိုခပ်​တင်းတင်း ဆုပ်​ကိုင်​ထားလျက်
သူဖုန်းကိုင်​ဖို့တွန့်​ဆုတ်​​နေမိသည်​..

က​လေးက ကံမ​ကောင်းအ​ကြောင်းမလှစွာ
အ​သေ​လေး ​မွေးခဲ့ရှာသည်

နှလုံး​ရောဂါသည်​က​လေးမိခင်​ဖြစ်​တဲ့သူဟာ
Operation roomထဲကမထွက်​နိုင်​​သေးဘဲ
အခုအချိန်​ထိ ဆရာဝန်​​တွေအသက်​လုကယ်​​နေကြရတုန်း...
"က​လေးအသက်​ကိုပဲကယ်​​ပေးပါ...
ဘာ​တွေပဲဖြစ်​လာဖြစ်​လာ ငါ့သား​လေးအသက်​ကိုကယ်​​ပေးပါ
သား​လေးအသက်​ကိုရ​အောင်​ကယ်​မယ်​လို့ ငါ့ကိုကတိ​ပေး
စမ်းပါ Sehun"

Yoonaက သူoperation roomထဲဝင်​ခါနီးထိ
သူ့လက်​ကိုဆွဲပြီး ကတိအထပ်​ထပ်​​တောင်းခဲ့သည်​...
Siwon ကြ​တော့တစ်​မျိုး...။

"ငါ ငါ့မိန်းမကိုအဆုံးရှုံးမခံနိုင်​ဘူး Sehun
Yoonaကို​သေချာ​စောင့်​​ရှောက်​​ပေးပါ
ငါ့​ရွေးချယ်​မှုက ငါ့မိန်းမအသက်​ရှင်​ဖို့အဓိကပဲ
ကျန်​တာ ဘာဖြစ်​ဖြစ်​ကွာ..."

ဒီနှစ်​​ယောက်​ကြားထဲမှာ အသက်​နှစ်​ခုကိုချိန်​ခွင်​​ပေါ်တင်​ပြီး
ဆုံးဖြတ်​ရမယ့်​လူက သူဖြစ်​လာတယ်
သူကSiwonနဲ့Yoonaတို့၏ အချစ်​ဆုံးသူငယ်​ချင်း။
သားသမီးကို အဆုံးရှုံးမခံနိုင်​သည့်​အ​မေတစ်​​ယောက်
ရင်​ထဲကို နားလည်​သလို...
Siwon ရဲ့Yoonaအ​ပေါ်ဘယ်​​လောက်​ချစ်​ခင်​မြတ်နိုး​လဲဆိုတာ သူအသိဆုံး။
ထို့​ကြောင့်​။

"နှစ်​​ယောက်​လုံးအသက်​ကို ရ​အောင်​ကယ်​​ပေးပါ
Doctor"

ဆေးပစ္စည်းကိရိယာအပြည့်​အစုံမရှိတဲ့နယ်​မြို့​ဆေးရုံ​လေးရှိ
ဆရာဝန်​တစ်​ဦးအား သူ​တောင်းဆိုမိတဲ့အဖြစ်​ကလွန်​ပါသည်
သို့​သော်​မတတ်​နိုင်​...
သူ ဒီအတိုင်းလိုချင်​တယ်
ဒီအတိုင်း ဖြစ်​မှဖြစ်​မည်​။
သူ့ဆုံးဖြတ်​​ကြောင့်​ က​လေးကအ​သေ​လေး​မွေးခဲ့သည်
Yoonaလည်းအခုထိ သတိလည်​​မလာသေး
Siwon ဆို​သည့်​နာမည်​နှင့်​ဝင်​​နေသည့်​ဖုန်းအား
ဆုပ်​ကိုင်​ထားလျက်​...

သူ က​လေးအ​လောင်း​ဘေးမှာခေါင်းငိုက်​စိုက်​ကျ​နေသည်
ဒီ..ဒီ..ဒီ..
ခေါင်းမာစွာ မရပ်​မနားဆက်​တိုက်​မြည်​​နေသည့်​ဖုန်းအား
က​လေးအ​လောင်း​ဘေးမှာ ပစ်​ချလိုက်​ပြီး
သူက​လေးမျက်​နှာအား ​သေချာငုံ့ကြည့်​မိ၏
ဘယ်​နှကြိမ်​ဘယ်​နှခါ ပြန်​ကြည့်​ကြည့်
က​လေး၏မျက်​နှာ​လေးသည်​ မိခင်​ရင်​ခွင်​ထဲမှာ
နှစ်​ခြိုက်​စွာ အိပ်​​မောကျ​နေသည့်​က​လေးတစ်​​ယောက်​နဲ့သာ
တူပြီး အသက်​မဲ့​နေသည့်​အ​လောင်းတစ်​​လောင်းဟု
ထင်​ရက်​စရာလုံးဝမရှိ...
ခပ်​​ရေး​ရေးသာ စိမ်းမြ​နေသည့်​မျက်​ခုံးတန်း​လေး​တွေ
အနည်းငယ်​တွန့်​​နေသ​ယောင်​​ယောင်
ပါးပြင်​နုနု​လေး​တွေ လှုပ်​ရှားအသက်​ဝင်​​နေသ​လောက်
က​လေးနဲ့မတူ​အောင်​ ရှည်​လျားစွာရှိ​နေသည့်
မျက်​​တောင်​ရှည်​များ တစ်​ချက်​တစ်​ချက်​လှုပ်​ရှားသွားသည်
ဟုပင်​ သူထင်​မိသည်​။
သို့​သော်​ ဘယ်​နှကြိမ်​ဘယ်​နှခါ စမ်းသပ်​ကြည့်​ပါ​စေ
အသက်​ရှုခြင်းမရှိ ပကတိငြိမ်​သက်​အသက်​မဲ့​နေတာလည်း
အမှန်​ပဲ ဖြစ်​​လေသည်​..













ဉ်ီးချစ်​သည်းWhere stories live. Discover now