Arc(1.27)

13.6K 1.9K 36
                                    

Unicode

Arc(1.27)

The Wild Dragon Proud Day

လီလျိုကအနည်းငယ်သာအံ့သြသွား ပြီးခဏမျှဗလာဖြစ်စွာစိုက်ကြည့်နေ မိသည်ပြီးမှချင်ယုရဲ့ပုခုံးအားပြန်ဖက် ထားပေးလိုက်သည်။သူကသူ့ခေါင်းအား အနည်းငယ်နှိမ့်ချလိုက်ပြီးခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်းဖြင့်နားနားကပ်၍ ပြောလိုက်သည်။

"ယု...ငါပြန်လာပြီ" 

အဲ့ဒါကြောင့်မင်းငါ့ကိုထပ်ပြီးစိုးရိမ်နေ စရာမလိုတော့ဘူး...အိပ်ပျက်ညတွေ လည်းထပ်ရှိစရာမလိုတော့ဘူး.. ဘာဖြစ်လို့လဲဆိုတော့ငါမင်းရှေ့မှာ ရှိနေပြီမို့လို့...မင်းရှေ့လေးမှာပါပဲ...

ချင်ယုမှာလီလျို၏မေးစေ့ကိုဆွဲတင် ပြီးလီလျိုရဲ့နှုတ်ခမ်းကိုနက်ရှိုင်းစွာ နမ်းခြင်နေသည့်သူ့နှလုံးသားမှဆန္ဒကို ပြင်းပြင်းထန်ထန်တားဆီးလိုက်ရသည်။ ထို့နောက်အသက်ကိုပြင်းပြင်းရှုကာ လီလျိုကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင် လိုက်ပြီးမှလွှတ်ပေးလိုက်လေ၏။ သို့သော်လည်းထိုအနက်ရောင်မျက်ဝန်း များကတော့ပိုပြီးနက်ရှိုင်းသွားပုံပေါ်သည်။

လီလျိုကတော့ချင်ယုရဲ့မျက်လုံးထဲက ပြောင်းလဲမှုကိုသတိမပြုမိပဲသူ့မျက်လုံး များကချင်ယုရဲ့ကိုယ်ပေါ်ကိုဖြတ်သန်း သွားသည့်အခါချင်ယုကသူပြန်ပေးဆွဲ မခံရခင်ကထက်ပိုပြီးပိန်ပါးလာကြောင်း သတိပြုမိသွားသည်။လီလျိုမှာဘာမှမ တတ်နိုင်ပဲသူ့နှလုံးသားထဲမှာအပြစ်ရှိ သည့်စိတ်ကိုပိုပြီးခံစားလိုက်ရသောကြောင့် မနေနိုင်တော့ပဲပြောလိုက်မိတော့သည်။

"မင်းစိတ်ပူအောင်လုပ်မိတဲ့အတွက် ငါတောင်းပန်ပါတယ်..ယု.."

ချင်ယုကတစ်ခုခုပြောရန်ပြင်ဆင်လိုက် သည့်အချိန်မှာပဲလှပသည့်ပုံသဏ္ဍာန် လေးတစ်ခုကပြေးပြီးဝင်လာခဲ့သည်။ လီလျိုကိုမြင်သည့်တစ်ခဏမှာပဲထိုလှပ သည့်မျက်နှာလေးကပျော်ရွှင်သည့် အမူအယာဖြင့်ပြည့်နှက်သွားခဲ့ပြီးသူမရဲ့ မျက်လုံးထဲတွင်မျက်ရည်များပြည့်နှက် လာကာလီလျိုရဲ့ရင်ခွင်ထဲသို့တစ်ကိုယ် လုံးပစ်ဝင်လိုက်တော့လေ၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now