"hannie...hannie
ဟိုမှာကြည့်စမ်း ဦးကချောတယ်နော်
မင်းသားကျနေတာပဲ...."hannie Minhoပြတဲ့ဆီလည်ပင်းလေးရှည်ပြီးလှမ်းကြည့်မိသည်။ဖေကြီး၊ဦးနှင့် Minhoဖေဖေအပါအဝင်
လူကြီးလေးငါးယောက်ဝိုင်းထိုင်လျက် အရက်နှင့်အမြည်းများ
အစီအရီရှိနေကြသည့်စကားဝိုင်း။ဦးကသူ့ဘေးမှာထိုင်နေသည့်ဖေကြီးစကားပြောတာကိုပြုံးပြ်ီးငဲ့ကြည့်နားထောင်နေသည်။
ခြံစည်းရိုးမှပြာလဲ့လဲ့မီးရောင်သည် ဦးမျက်နှာတစ်ခြမ်းပေါ်
ဖြာကျနေ၏ဖြူလွှသောရှပ်လက်ရှည်အဖြူနှင့်ဦးသည် ဖေဖေရောထိုင်နေကြသည့်လူကြီးတွေအားလုံးနှင့်သက်တူရွယ်တူဖြစ်သော်ငြား ပိုနုနေသည့်အပြင် သိသာစွာခန့်ညားချောမောနေလေသည်။ရုပ်ရှင်မင်းသားနဲ့တူရုံမက နတ်သားတစ်ပါးလိုအရှိန်အဝါများတောက်ပပြီး ငေးမောကြည့်နေချင်အောင်
ချောမောလွန်းနေသည်။ချောနေသည်။ကြည့်ကောင်းနေပါသည်။
သို့သော် hannie Minhoပြောတာကိုခေါင်းမညိတ်မိ
hannie ငယ်ငယ်လေးကတည်းကမြင်လိုက်တိုင်း
ထူးခြားစွာကြည့်ကောင်းနေသည့်ဦး၏အရေးစိုက်မှုကို
လိုချင်ခဲ့ဖူးသည်။ဖေဖေ့ရင်ခွင်ထဲကနေ ဦးကများ....
"ဦးဆီလာပါဦး သားရဲ့"လို့ခေါ်လာမလားမျှော်ကြည့်ခဲ့ဖူးသည်။hannie ကိုမြင်တိုင်း ချစ်စရာကောင်းလိုက်တာလို့ တသသဖြစ်သွားကြသည့်တခြားသောလူကြီးတွေလို
ဦးလည်း hannieကိုချစ်တဲ့အကြည့်နဲ့ကြည့်လာမလား
စောင့်ကြည့်ခဲ့ဖူးသည်။ဦးက hannie ကိုဘယ်တုန်းကမှ
ဂရုမစိုက်ခဲ့ပါ။hannieကိုမှမဟုတ် ဦးကသူ့သားကိုကို့အပေါ်မှာလည်း
အေးစက်စက်သာ...။"ဦးကဒီလိုပဲနေတတ်လို့ပါ သားရယ်
ဖေကြီး မေမေ့ကိုသိပ်ချစ်သလိုသူလည်းသူ့ဇနီးကိုအရမ်းချစ်ခဲ့တာ ဂျစ်တူးလေးရဲ့။Irene သေသွားပြီးတဲ့နောက်ဒီလို
အေးတိအေးစက်ဖြစ်သွားတာ အင်းအစကလည်း...
သူကနည်းနည်းအေးတာကိုး..."