59.zgi

800 36 0
                                    

ကြုံခဲလှသည့်ဖူးစာ

59.မုယုံတဲ့လား

"မင်းက လီဝမ်မှမဟုတ်ပဲ "
"ဝိုး မိုက်သားပဲ ဘယ်လိုသိသွားတာလဲတဲ့ ဟမ် "
"လီဝမ်ဘယ်မှာလဲ သူ့ကိုဘာလုပ်ထားတာလဲ"
"မလုပ်ထားပါဘူး သူ့ရဲ့စိတ်ဝိဉာဉ်ကိုအိပ်ခိုင်းထားရုံပဲ "
"ဒါဆိုနင်ကဘယ်သူလဲ"
"မင်းပြောကြည့်လေ "
"ငါဘယ်သိမလဲ နင်က ငါ့ချစ်သူရဲ့ရုပ်ခန္ဒာထဲမှာပုန်းနေတဲ့အကြောက်ကောင်ပဲဟာ နင့်ရဲ့ရုပ်သွင်အမှန်ကိုငါက ဘယ်သိနိုင်ပါ့မလဲ"

မော့ဟွားအဲ့လိုပြောတော့ သူကမဲ့ကာပခုံးတွန့်ပြ၏ ‌‌ဖြစ်နိုင်လျင် သူမသတ်ပစ်လိုက်ချင်ပေမဲ့ သူမသတ်ဖို့ကြိုးစားလိုက်တာနဲ့တကယ့်လီဝမ်ရဲ့ခန္ဒာကိုယ်အစစ်ကိုပဲထိခိုက်‌စေမှာမို့ ငြိမ်နေရသည်

တကယ်တော့ မော့ဟွားစိတ်ပူနေပြီ သူမကိုယ့်ကိုလဲစိတ်တိုနေမိပြီ တကယ်ပဲဘာကြောင့်များ လီဝမ်ရဲ့ပြောင်းလဲမူ့တွေကိုသူမ မတွေ့ခဲ့ရတာလဲ ဘာကြောင့်များပေါလျော့ပြီးနေခဲ့မိပါလိမ့်
တကယ်ပဲ စိတ်တိုလိုက်တာ

ထိုစဉ် လီဝမ်ကပတ်ဝန်းကျင်ကိုတချက်ကြည့်ကာ အေးဆေးသောပုံစံဖြင့်ပြောလိုက်၏

"ဟေ့ သူငယ်ချင်း ထွက်လာခဲ့လေကွာ ရောက်နေပြီပဲဟာ ဘာတွေပုန်းနေတာလဲ မဟုတ်မှလွဲရော မင်းရဲ့စရိုက်အမှန်ကို မော့ဟွားကသိသွားမှာစိုးလို့များလား"
"ဘယ်သူကကြောက်နေလို့လဲ လာဆိုလာတာပေါ့ ဟမ့် "

မော့ဟွားလဲ သက်ရှိအငွေ့အသက်ကိုခံစားမိပေမဲ့ သူမဘက်ကမဟုတ်ဘူးလို့တွေးမိတာကြောင့် ထုတ်မပြောခဲ့တာ ဒါပေမဲ့ တကယ့်အကောင်လိုက်ကြီးထွက်လာတော့ သူမစိတ်လှုပ်ရှားသွားရသည်

"ရီကော !"

ဟုတ်ပါတယ် ထွက်လာတဲ့သူက ရီလျိုချင်းပါ ဒါပေမဲ့ သူမမြင်ဖူးနေကြ လတ်ဆတ်ပြီးအရောင်တောက်နေတဲ့မျက်ဝန်းမျိုးနဲ့မတွေ့ရပဲ ရီလျိုချင်းကိုကြည့်ရတာ တစုံတခုကိုစိတ်ပူပင်နေတဲ့စိတ်အ‌နှောင့်အယှက်ဖြစ်‌နေတဲ့ပုံမျိုးနဲ့ သူ့နောက်မှာတော့ ရှောင်လော့ဝေပါ ပါလာပါတယ်

"ဟင်....ရှောင်ကော !"

ရှောင်လော့ဝေကတော့ နဂိုခပ်တည်တ်ာပုံနဲ့ပါပဲ မော့ဟွားကိုတချက်ကြည့်ပြိး မျက်နှာလွဲသွားလေတယ်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now