၁၈။ ကိုယ်တို့ရဲ့ ပတ်သက်မှုကို လက်မလျော့လိုက်ပါနဲ့။

5.3K 657 7
                                    

သူမ....တိုက်ပေါ်တက်လာတော့ လှေကားမှာ သူမကို စောင့်နေတဲ့ ကုန်းယီကျွင်းကို မြင်လိုက်ရသည်။
ဒီနေ့ သူမတကယ် ပြန်လာတာကို မြင်ရတော့ သူ အံသြတာကို တွေ့လိုက်ရ၏။

အရင်တုန်းက... ကုန်းယီကျွင်းဟာ သူမရဲ့ မျှော်လင့်ချက် အိမ်မက် ဖြစ်တယ်လို့ သူမ ထင်ခဲ့မိသည်။
သူ့မှာ စူးရှတဲ့အညို​ရောင် မျက်လုံး ၊ ထူထဲတဲ့ အနက်ရောင်ဆံပင် တွေ ရှိပြီး ​ချောမောတဲ့ အသွင်အပြင်ရှိသည်။
သူဟာ....အထက်တန်း ကျောင်းသားဘဝကတည်းက ကျောင်းသူတွေကြားမှာ ကျော်ကြားခဲ့တာပင်။

မန်ကျောက်သာ သူနဲ့ တွဲဖို့ မတိုက်တွန်းခဲ့ရင် သူမ လက်ခံမိမှာလည်း မဟုတ်ပေ။ဒါ​ပေမယ့်....
နှစ်အနည်းငယ်ကြာတော့ သူမဟာ သူ့ကို ချစ်မိသွားခဲ့သည်။

" ချင်းယီ....''
သူမ မျက်မှောင်ကြုတ်လိုက်သည်။

" ရှင်....ဘာကို လိုချင်သေးလို့လဲ ?ကျွန်မ က ရှင်... မန်ကျောက်နဲ့ တစ်ချိန်လုံး ဟိုဟာလုပ်နေလို့ မအားနိုင်ဖြစ်နေတယ်လို့ ထင်တာ ''
သူမ အေးစက်တဲ့စကားတွေ ပြောပြီး သူ့ကိုတွန်းဖယ်ကာ အပေါ်ကို တက်သွားလိုက်သည်။

အိမ်ထဲရောက်တော့ တစ်အိမ်လုံး ရှုပ်ပွနေပြီး ညစ်ပတ်တဲ့ အဝတ်အစားတွေ၊ ပစ္စည်းတွေကလည်း ပြန့်ကျဲလျက်။

ဘုရားရေ....
ငါမရှိတုန်း သူ..လုံးဝ သန့်ရှင်းရေး မလုပ်ဘူးလား?
ဒါဆို....လွန်ခဲ့တဲ့ လတွေတုန်းက ငါက အစေခံ
လိုမျိုးများ ဖြစ်ခဲ့တာလား?

" ချင်းယီ....ကိုယ်ရှုပ်ပွအောင် လုပ်မိလို့ တောင်းပန်ပါတယ်......
ကိုယ်.. မင်းကို နာကျင်အောင် လုပ်မိတယ်ဆိုတာကိုယ်သိပါတယ်..... ဒါပေမယ့် ကျေးဇူး ပြု ပြီး ကိုယ့်ကို နောက်ထပ် အခွင့်အရေး ပေးလို့ရမလား?
ကိုယ်တို့ အသစ်ပြန်စရအောင်။ မန်ကျောက်နဲ့က လုံးဝကို ပြီးပြတ်သွားပါပြီး ....
ကိုယ့်ကို ဒီလိုမျိုး မချန်ထားခဲ့ပါနဲ့..... ''

" ဟား...ဟား..!''
သူ့စကားတွေကို ယုံရအောင် သူမကို ငတုံး ငအများ ထင်နေတာလား?

အမလေး..
သူ့ရဲ့ အသနားခံတဲ့ ပုံစံလေးတွေကို ကြည့်ပါအုံး...
သူများကို အရူးလုပ်ခဲ့တဲ့သူက အခုတော့ သူကိုယ်တိုင် အရူးတစ်ပိုင်း ဖြစ်နေပြီလေ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now