ဦးချစ်​သည်း 7

519 41 0
                                    

ွှနှစ်​နှစ်​ဆိုသည့်​အချိန်​ကာလသည်​....

်​ဘယ်​လိုကုန်​ဆုံးလွန်​​မြောက်​လာခဲ့မှန်းမသိ​အောင်​ မြန်​ဆန်​လွန်းလှသလို
သတိမထားမိဘဲမ​နေနိုင်​​လောက်​​အောင်​ ​ချော​မောလာ​သော
hannie ၏ချစ်​စရာ​ကောင်းမှုများသည်​ နတ်ကြိမ်​လုံးနဲ့တို့
လိုက်​သလို ထူးခြား​ပြောင်းလဲလာခဲ့သည်​။

ဘယ်​သွားသွား သမင်​လည်​ပြန်​​ရောကျားလည်​ပြန်​ပါ
ငေးတဲ့လူ​တွေများလွန်းလို့ hannieကိုတစ်​​ယောက်​တည်း
စိတ်​မချ​တော့​ပေ။ အရင်​ကဘယ်​သွားသွား တ​ကောက်​​ကောက်​အတင်းလိုက်​မယ်​ဂျီကျတတ်​တဲ့လူက hannie။

ခု​တော့ hannie ဘယ်​သွားသွားရင်​တမမသက်​ပြင်း​တချချနဲ့ ​ရောက်​တဲ့အရပ်​က​ပြေးလိုက်​သွားချင်​မိတဲ့သူက
သူဖြစ်​​နေပြီ။အရင်​က သူဘယ်​​ကောင်​မ​လေးအနား
ရောက်​သွားသွား ချက်​ချင်းသိ​နေတတ်​ပြီး မတွဲရဘူး
မချစ်​ရဘူး တားတဲ့သူက hannie....။

အခု hannie အနားကပ်​သမျှ​ယောက်ျား​လေး​တွေ​ရော
မိန်းက​လေး​တွေပါ အစ်​ကိုလိုလို ကိုယ်​ရံ​တော်​လိုလိုနှင့်
သဝန်​တိုစွာ ​ဒေါသတကြီးပထုတ်​​နေမိတာ သူဖြစ်​​နေပြီ...

တကယ်​ဆို hannieနဲ့သူ အသက်​၃နှစ်​ကွာသည်​။
ပြီး​တော့ ညီအစ်​ကို​တွေလို အတူတူ​နေထိုင်​ကြီးပြင်းလာကြ
တာ။သူဒါမျိုး မဖြစ်​သင့်​ဘူးထင်​သည်​။
အရပ်​ကြီးဖွံ့ဖွံထွားထွားရှည်​လာသည်​မှလွဲ၍ hannie က
ဘာမှမ​ပြောင်းလဲ။

မနက်​ ​နေ့ ည ထမင်းစားဝိုင်းမှာသူရှိမှ။
စာကျက်​ရင်​ အိမ်​စာလုပ်​ရင်​သူလိုက်​ကျက်​မှ သင်​သင်​​ပေးမှ
ဘက်​တံရိုက်​ ​​ဘောလုံးကန်​ ​ရေကူးကန်​သွား ဘယ်​သွားသွား
သူနဲ့အတူတူ။ညဘက်​ အိပ်​မရတိုင်း "ကိုကိုပုံ​ပြောပြ"လို့
မကြီးမငယ်​နှင့်​ ဂျီကျတတ်​တုန်း။

အရာရာမ​ပြောင်းမလဲ ​ရွေ့လျားလာသည့်​အထဲမှာ
ပြောင်းလဲလာ​သော hannie ၏​ချော​မောလာမှုများ​ကြောင့်
အ​နေအထိုင်​ခက်​ရသူက သူပါ။

အရာရာမ​ပြောင်းမလဲ ​ရွေ့လျားလာသည့်​အထဲမှာ​ပြောင်းလဲလာ​သော hannie ၏​ချော​မောလာမှုများ​ကြောင့်​အ​နေအထိုင်​ခက်​ရသူက သူပါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဉ်ီးချစ်​သည်းWhere stories live. Discover now