"Junhan...ဟိုမှာ..."
စကားပြောနေသည့် Junhan အား သူငယ်ချင်းဖြစ်သူက
hannie ကိုတအံ့တသြမော့ငေးရင်း လက်တို့၏
Junhan လှေခါးအပေါ်ကိုမော့ကြည့်ရင်း ပါးစပ်အဟောင်း
သားဖြစ်သွားသည်။မှင်သက်မိသွားခြင်းက ဘေးလူတွေကို
ဟန်ဆောင်ဖို့၊ အားလုံးရှေ့မှာ အိနြေ္ဒဆည်ဖို့ မေ့လျော့သွား
တဲ့အထိပါ...။hannie...။
Junhan ထိုင်ရာမှထရပ်လိုက်၏ လူကလှုပ်ရှားသွားသည့်တိုင် သူ့ဆီလှုမ်းကြည့်ရင်းရှက်ကိုးရှက်ကန်း မျက်လွှာချရင်း
ပြုံးနေသည့် hannie မျက်နှာလေးဆီအကြည့်ကမခွာ။ hannieသည်လည်း မျက်တောင်တစ်ချက်ခတ်ရုံ၊ မျက်လွှာချရုံမျှသာအကြည့်လွှဲပြီး Junhan
ဆီပဲ အကြည့်ပြန်ရောက်လာသည်။နောက်က Minho နှင့်hannie သူငယ်ချင်းတွေရဲ့
လှောင်ရယ်သံခိုးခိုးခစ်ခစ် ထွက်လာ၏"hannie..ကိုကိုမတ်တပ်ကြီး အသက်ပျောက်နေပြီလား မသိဘူး..."
ကိုကိုအသက်ပျောက်မပျောက်မသိ။ hannie ကို
ဘယ်တုန်းကမှမကြည့်ဘူးသည့် ထူးဆန်းလှသော
ရွှန်းရွှန်းစားစားဖြစ်နေသည့် ကိုကို့မျက်ဝန်းများကြောင့်
hannie ခြေလှမ်းမှားကုန်သည်။"အမေ့..."
"ဟဲ့..ဟဲ့..သား hannie..."
"hannie လဲပြီ..လဲပြီ..."
Sehun ဖုန်းပြောရင်း အသံတွေကြောင့် မော့ကြည့်မိ၏
"ဟာ..hannie.."
Junhan hannieဆီဝုန်းခနဲပြေးသွား၏
လှေခါးတစ်ဝက်ပဲဆင်းရသေးသည်။ ဟက်ထိုးလဲတာကို
မထိန်းနိုင်ရင် အောက်ကိုခေါင်းစိုက်ကျတော့မည်။
Junhan တင်မက ရှိသမျှလူတွေအားလုံး hannie
ဘယ်လောက်ထိ အဖြစ်ဆိုးသွားနိုင်သလဲတွက်ဆမိကာ
နေရာမှ ပြိုင်တူလိုလို အလန့်တကြားထရပ်မိ၏