"ကိုကို့ကို လွမ်းလိုက်တာ..."
စိမ်းစိုနေသည့် အမိုးအုပ်အုပ်လေးလိုအုပ်မိုးနေသည့်
အပင်လေးကို နှစ်ယောက်သားပက်လက်လှဲမော့ကြည့်နေရာ
မှ Minho ခေါင်းလေးထောင်ပြီး hannie ကိုကြည့်မိ
သည်။"ကိုကိုကသွားဖြင့် မသွားသေးဘဲနဲ့..."
"ကြိုလွမ်းနေတာ ငါကအသက်ရှုရင်တောင်ကိုကိုနဲ့အတူတူ
ရူတာ၊ကိုကိုနဲ့တစ်ခါမှ ခွဲခဲ့ဖူးတာမဟုတ်ဘူး...ကိုကိုသွားရင်
ငါဘယ်လိုနေရမလဲ""ပိုလိုက်တာ hannie ရယ် အဲ့ဒါဆိုလည်း အသက်မရှူဘဲ
သေလိုက်တော့ပေါ့ကွာ""သေနိုင်တယ် အခုချစ်သူဖြစ်မှလေ ကိုကိုကငါ့ကိုအရင်လို
မဆူတော့ဘူး ခေါင်းလည်းမခေါက်တော့ဘူး အရမ်းဂရုစိုက်တာသိလား အဲ့ဒီတော့ ငါကကိုကို့ကို ပိုချစ်သွားရော...တကယ်ငါကိုကိုသွားရင် တကယ်သေမှာပဲ"Minho မနာလိုစိတ်သေးသေးလေးဖြင့် ရှုံ့မဲ့နေရာမှ
တစ်ခုခုကို သတိရသွားပြီး အားတတ်သရောထမေး၏"hannie ..ဟို မင်းနဲ့ကိုကိုနဲ့ Kiss ပေးပြီးကြပြီလား
ဟို နှုတ်ခမ်းကိုလေ နမ်းပြီးပြီလား"hannie ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။
Minho အထင်ကြီးသွားအောင်နမ်းပြီးပြီလို့ ပြောပလိုက်
ချင်သည်။ဒါပေမယ့် အဲ့လိုဖြေလိုက်ရင် Minho က
ဟုတ်လားဆိုပြီး နှိုက်နှိုက်ချွတ်ချွတ်တွေဆက်မေးတော့မည်။
ဒါဆို hannie ဖြေနိုင်တော့မှာ မဟုတ်ပေ။Minho
hannie မျက်နှာကို သေချာအကဲခတ်ကြည့်ပြီး ချက်ချင်း
သဘောပေါက်သွား၏"မင်းကို မနမ်းဘူးပေါ့"
hannie လှဲနေရာမှ ထထိုင်လိုက်၏"အံမယ် ဘာလို့မနမ်းရမှာလဲ နဖူးရော ဆံပင်ကိုရော
ပါးကိုလည်း နမ်းတယ်""အားလားလား...အဲ့ဒါကလေးနမ်းနမ်းတာတဲ့၊
ကိုကိုက မင်းကိုအခုထိကလေးလိုမြင်နေတုန်းထင်တယ်
အဲ့ဒါကြောင့် မနမ်းတာဖြစ်မှာ ချစ်သူချင်းနမ်းတယ်ဆိုတာ
နှုတ်ခမ်းကိုနမ်းတာတဲ့သိလား...ငါတို့ငယ်ငယ်တုန်းက
ကိုကိုတို့စကားပြောနေတာ ခိုးနားထောင်ဖူးတယ်လေ
ကိုကိုက သူငယ်ချင်းတွေကို သူ့စော်တွေအကြောင်း
ပြန်ပြောနေတာလေ..."