Arc_8.10 Romeo

8.6K 1K 8
                                    

Chapter (10) ပ်ားပန္းတုန္းေတြ ဝိုင္းေနသည့္ ကိုယ့္ခ်စ္သူ (zawgyi+Unicode)


ဒိုင္ေတြက အမွတ္အနည္းဆုံးသူကို ၿပိဳင္ပြဲမွ ထုတ္လိုက္လိုက္ၿပီးေနာက္  ပထမ ဒါမွမဟုတ္ ဒုတိယ ရေနက် Emilyက နံပါတ္ငါးေနရာကို က်ဆင္းသြားေတာ့သည္။ Hayden၏ေအာက္တြင္ ၿပိဳင္ပြဲဝင္တစ္ေယာက္သာ က်န္ေတာ့ၿပီး မၾကာခင္ ထုတ္ခံရေတာ့မည့္ အေျခေနကို ေရာက္လို႔ေနသည္။  အမွတ္အနည္းဆုံး ေကာင္ေလးႏွင့္အတူ    Bonnie ေရွ႕တြင္ ဆုံးမစကားနားေထာင္ေနရသျဖင့္ သူ ေမ့လဲသြားမလို ျဖစ္ေနသည္။ Hayden၏ ဘဝတြင္ ဒီလို ရွက္စရာအျဖစ္မ်ိဳးေရာက္လာမည္ဟု စိတ္ပင္မကူးဖူးေပ။

 နားေနေဆာင္ ျပန္ေရာက္ေသာအခါ   ခ်ဳပ္တည္းထားရသမွ်အားလုံး  Hayden ေဖာက္ခြဲပစ္လိုက္ေတာ့သည္။ သူက  ရခဲေသတၱာထဲက ဘီယာဘူး အကုန္ယူလာႀကီး ေသာက္ေတာ့ အျခားၿပိဳင္ပြဲဝင္ေတြ အကုန္လုံး အေျခေန မဟန္သျဖင့္ သူႏွင့္ေဝးရာကို ထြက္ေျပးသြားၾကသည္။

က်ိဳးယြင္ရွန႔္က   ေရခ်ိဳးၿပီးေနာက္ ဒုတိယထပ္သို႔ တက္သည့္  ေလွကားထစ္နားတြင္ မတ္တပ္ရပ္ေနၿပီး ဧည့္ခန္းထဲတြင္ ဘီယာေသာက္ေနသည့္ Hayden ကို လွမ္းၾကည့္လိုက္သည္။  အခု သူက Haydenကို အရမ္းခ်စ္ေနၿပီး သူဘယ္ေလာက္ပဲ မေကာင္းသည့္လူျဖစ္ပါေစ   ေရွာင္ဖယ္မသြားႏိုင္တဲ့ တဖက္သတ္ခ်စ္ေနသည့္  Romeoအျဖစ္ သ႐ုပ္ေဆာင္ေနသည္။

" နင္ ဒီမွာ ဘာလုပ္ေနတာလဲ။ အျခားလူအားလုံး Hayden နဲ႔ ေဝးေဝး ေရွာင္ေနတာ မျမင္ဘူးလား။   Hayden ဘယ္ေလာက္ စိတ္တိုေနလဲ  နင္သိတာပဲ။  နင့္ကို ျမင္ရင္ သူက နင့္ကို နာက်င္ေအာင္ လုပ္လိမ့္မယ္။ "

Ivana က  သူ႔လက္ေမာင္းကို ဆြဲကာ ထိုေနရာမွ ထြက္သြားဖို႔ ႀကိဳးစားလိုက္သည္။ က်ိဳးယြင္ရွန႔္  သူမကို စိတ္ထဲမွ ေက်းဇူးတင္ မိ ေသာ္လည္း ေဝခြဲမရဟန္ျဖင့္ တိုးတိုးေလးေျပာလိုက္သည္။

 "ဒါေပမယ့္ အခု သူ႔အေျခေနက အရမ္း သနားဖို႔ ေကာင္းေနတယ္။ သူ ဘာလုပ္ရမွန္းမသိျဖစ္ေနတယ္။ တကယ္လို႔ ငါ့အေပၚ သူ စိတ္ထြက္ေပါက္အျဖစ္ တခုခုေျပာဆိုလိုက္ရရင္ သူ႔စိတ္အေျခေန ျပန္ေကာင္းလာႏိုင္တယ္။  "

" ၾသ...ဟုတ္တယ္။ သူ နင့္ လည္ပင္းကို ကန္ခ်ိဳးလိုက္ၿပီးရင္ သူ႔စိတ္အေျခေန ျပန္ေကာင္းလာမွာေသခ်ာတယ္ သိလား။   Emilyေတာင္ သူ႔ကို လန႔္ၿပီး ေရွာင္ေနတာ မျမင္ဘူးလား။ သူေတာင္  နင့္ထက္ ပိုစဥ္းစားတတ္ေသးတယ္။ အ႐ူးေလးရဲ႕ "

Ivana က အားမလိုအားမရျဖင့္ က်ိဳးယြင့္ရွန႔္၏ နဖူးကို လက္ညိဳးနဲ႔ ထိုးကာ ေျပာလိုက္သည္။

က်ိဳးယြင္ရွန႔္က သြားဖို႔ကို တြန႔္ဆုတ္ေနခ်ိန္ ဧည့္ခန္းထဲက  က်ယ္ေလာင္တဲ့အသံကို ၾကားလိုက္ရလို႔  သူတို႔ႏွစ္ေယာက္ ေအာက္ထပ္ကို  အျမန္ ေျပးၾကည့္လိုက္ေတာ့  Haydenက  ဘီယာဘူးျဖင့္  ပထမရထားသည့္ Romeo ၏ဓာတ္ပုံဆီကို ပစ္ေပါက္လိုက္တာကို ေတြ႕လိုက္ရေလသည္။ 

 ဓာတ္ပုံေဘာင္ႏွင့္ အေပၚမွာ ဖုံးအုပ္ထားသည့္ မွန္ခ်ပ္အားလုံး  အပိုင္းအစမ်ားအျဖစ္ ၾကမ္းျပင္ေပၚတြင္ ျပန႔္က်ဲလို႔ေနသည္။  Haydenက သူ႔လက္ကို ေသနတ္ပုံစံ လုပ္လိုက္ကာ Romeo ရဲ႕ ပိုစတာကို ပစ္လိုက္သည္။  ဘီယာဘူး ပစ္လိုက္တဲ့ အရွိန္ေၾကာင့္ မွန္ေဘာင္ပတ္လည္မွ ထြန္းထားသည့္ အလွဆင္ မီးသီး  ပ်က္ဆီးသြားၿပီး   မွိတ္တုတ္ မွိတ္တုတ္ ျဖစ္ၿပီးသည့္ေနာက္တြင္  ထိုေနရာ ေမွာင္မည္းသြားေတာ့သည္။

က်ိဳးယြင္ရွန႔္၏ အမူယာက ေငးေၾကာင္သြားၿပီးေနာက္ စိတ္ဓါတ္က်သြားသည့္ပုံျဖင့္ မ်က္ဝန္းျပာမ်ားထဲ  မ်က္ရည္မ်ား ျပည့္လာေတာ့သည္။ သူမ်က္ႏွာ ျဖဴေလ်ာ္သြားၿပီး သူ႔ဓာတ္ပုံကို Hayden ဒီလို ဖ်က္ဆီးပစ္လိမ့္မည္ဟု မေတြးမိခဲ့ေပ။ တကယ္လို႔ သူသာ   Hayden အေရွ႕  သြားရပ္ေနမိရင္ အသတ္ခံရမည္ထင္သည္။

Ivana က  ႐ုတ္တရက္  ဘာျဖစ္သြားသည္ကို သိသြားခ်ိန္တြင္   ေၾကာက္လန႔္ေနသည့္ ေကာင္ေလးကို ဆြဲဖက္ ကာ ႏွစ္သိမ့္ေပး ေတာ့သည္။

 " စိတ္မေကာင္း မျဖစ္နဲ႔။ မေၾကာက္ပါနဲ႔။ သူက နင့္ကို ဘာမွ မလုပ္ရဲဘူး။ သူက နင့္ပိုစတာကို ဖ်က္စီးၿပီးေတာ့ပဲ သူ႔ေဒါသကို ေဖာက္ခြဲရဲတဲ့ေကာင္ပါ။ ဒီ  ငေၾကာက္ေကာင္က  သူ႔ရဲ႕ အမွားေတြကို  နင့္ေပၚ ပုံခ်ခ်င္ေနတာ။ အလကား သူရဲေဘာေၾကာင္တဲ့ေကာင္။  Fuck ....  သူ႔လိုေသာက္ေကာင္ကို  ခ်စ္ေနဖို႔ ဘာမွ မတန္ဘူး။ နင့္ကို ကူညီခဲ့ တယ္ဆိုတာလည္း ဟန္ေဆာင္ျပတာပဲျဖစ္မယ္။ ငတုံးေလး...  အိပ္မက္ကေန ႏိုးပါေတာ့ "

Ivana က စိတ္တိုလာၿပီး ေကာင္ေလးကို တင္းၾကပ္စြာ ဖက္ထားရင္း    ပခုံးကို ကိုင္လႈပ္ခါၿပီး သတိေပးေတာ့သည္။

က်ိဳးယြင္ရွန႔္က သူမကို တြန္းၿပီး သူ႔အခန္းထဲက ေစာင္ေအာက္မွာ ရႈိက္ႀကီးတငင္ ငိုေႂကြးေနလိုက္ေတာ့သည္။ ဂြၽန္က ေစာင္ကို ဖယ္ၿပီး  ငိုေနတဲ့ေကာင္ေလးကို ႏွစ္သိမ့္ခ်င္တဲ့ စိတ္ေတြ ကို အသည္းအသန္ ထိန္းခ်ဳပ္ေနရသည္။ သူ႔ တာဝန္က မွတ္တမ္းတင္ဖို႔ျဖစ္လို႔ ဒီေကာင္ေလး ငိုေနတာကို ႏွစ္သိမ့္ခ်င္ေပမယ့္ သူ ဘာမွ မလုပ္ေပးႏိုင္ခဲ့ေပ။


က်ိဳးယြင္ရွန႔္က ရႈိက္ႀကီးတငင္ ငိုမယ္တဲ့လား။ ဟာသပဲ။ 

Hayden က သူ ခန႔္မွန္းထားတဲ့အတိုင္း တထပ္တည္း လုပ္လိုက္လို႔ အရမ္းကို ေက်နပ္သြားၿပီး ေခါင္းနဲ႔ေခါင္းအုံး ထိလိုက္တာနဲ႔ အိပ္ေပ်ာ္မလို ျဖစ္သြားေပမယ့္ သူက အိပ္မေပ်ာ္ခင္ မ်က္ရည္ေၾကာင္းေတြ က်ဆင္းလာေအာင္ မေမ့မေလ်ာ့လုပ္ၿပီးမွ အိပ္သြားခဲ့သည္။


Ivana က  ေစာင္ကိုလွပ္လိုက္တဲ့အခါ   ငိုေႂကြးရင္းအိပ္ေပ်ာ္သြားတဲ့ ေကာင္ေလးကို ေတြ႕လိုက္သည္။ သူ႔ရဲ႕   ႏွာေခါင္းေတြက နီရဲေနၿပီး မ်က္လုံးေထာင့္မွာ မ်က္ရည္စီးေၾကာင္းႏွင့္ သနားစဖြယ္ေကာင္းလြန္း လွသည္။

" ဒီကမာၻေပၚမွာ လူေကာင္းေတြ အမ်ားႀကီး ရွိလ်က္နဲ႔ ဘာလို႔ Hayden ကို  ႀကိဳက္ရတာလဲဟာ။ အဲ့ဒီအစား သူက  Mr. Achesonကို ႀကိဳက္လို႔ရတဲ့ဟာကိုကြာ။ ဒါေပမယ့္ Romeo က Mr.Achesonကို ရေအာင္ လုပ္ႏိုင္မယ္ မထင္ဘူး။ ဒါေပမယ့္  Mr.Acheson ကေတာ့ သူ႔ကို နာက်င္ေအာင္ မလုပ္ေလာက္ဘူး။ "

 Ivanaက တစ္ေယာက္တည္းေျပာရင္း သူမရဲ႕ အနီေရာင္ ဆံပင္တိုေလးကို ဖြကာ   စိတ္ဖိစီးေနသည့္ ပုံျဖင့္ ထိုင္ေနသည္။

ဒီအျဖစ္ပ်က္ကို ေမာ္နီတာမွတဆင့္ Gustav ထိုင္ၾကည့္ေနရင္း    ၿပဳံးေနသည့္မ်က္ႏွာက မ်က္ေမွာင္ၾကဳတ္သြားေတာ့ကာ တီးတိုးေရ႐ြတ္လိုသည္။

" Romeoက Mr.Achesonကို ရေအာင္ လုပ္ႏိုင္မယ္ မထင္ဘူး ဟုတ္လား။  သူ မႀကိဳးစားပဲနဲ႔ ဘယ္လိုလုပ္ သိႏိုင္မွာလဲ။  ကိုယ့္အနားကို တိုး ခဲ့စမ္းပါ Romeo ေလးေရ။ အဲ့ဒီအခ်ိန္ဆို ငါ့အသည္းႏွလုံးတစ္ခုလုံး မင္း ပိုင္ေနၿပီဆိုတာ အလိုလိုသိလာလိမ့္မယ္။"
 

အဖြဲ႕ေခါင္းေဆာင္က သူ႔ကို ေတြ႕ဖို႔ လာတဲ့အခ်ိန္ Screenေရွ႕မွာ  တီးတိုးေရ႐ြတ္ေနတဲ့ သူ႔ပုံကို ျမင္လိုက္ရေတာ့ နွစ္ေယာက္လုံး  ေၾကာင္သြားျပီးေတာ့မွ Gustavက သူ႔ရဲ႕   ယဥ္ေက်း တဲ့ ပုံစံေပၚလာျပီး ေမးလိုက္သည္။

 " အားလုံး ျပင္ၿပီးသြားၿပီလား။ "

" ဟုတ္ကဲ့။ ကြဲသြားတဲ့ မီးသီးေတြနဲ႔ ျပင္ဆင္ဖို႔ လိုတဲ့ဟာေတြ အားလံုး ျပင္ၿပီးသြားပါၿပီ။ ကုန္က်စရိတ္ကိုလည္း  Mr. Brown ဆီကို ပို႔ေပးလိုက္ပါၿပီ။ Bonnieက အခု Hayden ဆီသြားျပီး သူ႕ခံစားခ်က္ကို ထိန္းခ်ဳပ္ဖို႕ အႀကံေပးေနပါတယ္။ သူေဌး ကြၽန္ေတာ္တို႔ ႐ိုက္မိထားတဲ့ အပိုင္းကို ဘယ္လိုလုပ္လိုက္ရမလဲ။ "

Haydenရဲ႕ မိသားစု ေနာက္ခံက အရမ္းကို ေတာင့္တင္းလြန္းေတာ့  Mr.Acheson က ဒီဟာကို ဘယ္လို ကိုင္တြယ္မည္ကို ဝန္ထမ္းေခါင္းေဆာင္က မေသခ်ာသျဖင့္ ေမးလိုက္သည္။

" ဒါကို ဘာမွ ဂရုစို္က္မေနနဲ႕။ ဘာမွ မျဖတ္ေတာက္ပဲ ဒီအတုိင္း ျပလိုက္ "

Gastav က  Brown မိသားစုကို   အခြင့္အေရး ေပးခဲ့ၿပီးၿပီ။ ေနာက္ထပ္ ဒုတိယ အခြင့္အေရး ထပ္မေပးႏိုင္ေတာ့ဘူး။ ဘယ္သူမွ   မတြန္းခ်ေတာင္  Hayden က သူ႔ဘာသာ ဖ်က္ဆီးသြားမယ့္ လူမ်ိဳး ျဖစ္သည္။

အပိုင္း (၄)ကို ေနာက္တေန႕  အဓိက အခ်ိန္မွာ ထုတ္လႊင့္ျပသျပီးေနာက္   ၾကည့္ရႈသူႏႈန္းဟာ အရင္ တစ္ပတ္ထက္ 2 % တိုးေနေလသည္။ ခ်က္ခ်င္း ေထာင္တက္လာတဲ့ Voteေတြေၾကာင့္ ဒီသန္းေပါင္းမ်ားစြာေသာ လူေတြက Romeo အတြက္ ဒီအစီစဥ္ကို ၾကည့္ေနၾကတယ္ဆိုတာ ပိုေသခ်ာသြားသည္။

ပရိသတ္ေတြက Romeoရဲ႕ ငယ္စဥ္ကေလးဘဝက ဘယ္ေလာက္ေတာင္ ၾကမ္းတမ္းခက္ခဲခဲ့မလဲဆိုတာ  ပုံေဖာ္ႀကည့္လို႕မရေအာင္ ျဖစ္ေနႀကသည္။ အျခား ျပိဳင္ပြဲဝင္္မ်ားက ပရိတ္သတ္၏ စာနာသနားမႈကို ရဖို႕ ကင္မရာေရွ႕မွာ သူတို႕ကေလးဘဝက နာက်င္မႈကို ဖြင့္ေျပာျပေလ့ရွိေပမယ့္ ဒီေကာင္ေလးက စကားလံုး အနည္းငယ္သာ ေဖာ္ျပျပီး အျမဲတမ္းနူတ္ဆိတ္ေနေလ့ရွိသည္။

အဲ့ဒီ့အပိုင္းက အသက္ႀကီးတဲ့ ပရိသတ္ေတြကို မ်က္ရည္စမ္းစမ္းနဲ႕ျဖစ္ေစျပီး   ထိုေကာင္ေလးနဲ႔ Ivanaတို႔ရဲ႕ နင္သာ မိန္းကေလးျဖစ္ခဲ့ရင္  နင္သာ ေယာက်္ားေလး ျဖစ္ခဲ့ရင္ ဆိုတဲ့ အပိုင္းကိုႀကည့္ျပီး  ပရိတ္သတ္ေတြ လႈိက္လႈိက္လွဲလွဲ ရယ္ေမာခဲ့ရသည္။
သူတို႔အားလုံးက ဒီေကာင္ေလးကိုလံုးဝစြဲလမ္းေနၾကၿပီ ျဖစ္သည္။

ေၾကာင္ခ်စ္သူေတြကေတာ့ သူရဲ႕ နား႐ြက္ကုပ္ ေၾကာင္အျဖစ္ သ႐ုပ္ေဆာင္တာကို ႀကည့္ျပီး လည္ေခ်ာင္းကြဲမတတ္ ေအာ္ဟစ္အားေပးလိုက္ႀကျပီး ေကာင္ေလးကို ျပန္ေပးဆြဲျပီး သူတုိ႕ ကိုယ္ပိုင္အျဖစ္ေခၚထားခ်င္စိတ္ေတြ ေပၚလာေစသည္။  Romeoနဲ႔ က်ားသစ္ေပါက္ေလးရဲ႕ ဓာတ္ပုံေလးက သူတို႔ကို နင့္ခနဲေနေအာင္ ခံစားသြားရေစသည္။

ဒီအေကာင္ေပါက္ေလး ႏွစ္ေကာင္ရဲ႕ သနားစဖြယ္ မ်က္လုံး ေတြက မေရမတြက္ႏိုင္ေလာက္တဲ့ ပရိတ္သတ္ေတြကို  ရင္ကြဲပက္လက္ျဖစ္သြားေစသည္။


" Oh .. ငါ   မခံစားႏိုင္ဘူး။ ငါ့ကို အဲ့ဒီမ်က္လံုးနဲ႕  မၾကည့္ၾကပါနဲ႔။ "

 ပရိတ္သတ္ေတာ္ေတာ္မ်ားမ်ား ဒီပံုေလးကိုႀကည့္ျပီး တစ္ပံုစံတည္းနီးပါး  ဒီလိုေတြးလိုက္မိႀကသည္။ ဆယ္ေက်ာ္သက္ ေကာင္ေလးရဲ႕ ဓာတ္ပုံက တီဗြီ Screen  မွာေပၚလာတဲ့အခါ ပရိတ္သတ္ အမ်ားစုက  သူတို႔မ်က္ႏွာအုပ္ၿပီးညည္းတြားလိုက္မိႀကသည္။

ဒီေကာင္ေလးဟာ ထိခိုက္လြယ္တယ္ ထင္ရေပမယ့္ သန္မာသည္။ ဒီေကာင္ေလးက ျဖဴစင္လြန္းျပီး တစ္ခါတစ္ရံ စိတ္အားငယ္တတ္ေပမယ့္ တစ္ခါတစ္ရံ အရမ္း တတ္ႂကြေနသည္။ တစ္ခါတစ္ရံ  ခပ္တံုးတုံးျဖစ္ေနျပီး တခါတရံေတာ့  စဥ္းစားတတ္တဲ့ ေကာင္ေလး ျဖစ္ေနျပန္တယ္။ သူကဆန္႕က်င္ဘက္ေတြ တစ္ၿပိဳင္တည္း ပိုင္ဆိုင္ထားသည့္ ထူးျခားသည့္ ေကာင္ေလး ျဖစ္သည္။

ေတာ႐ိုင္းသတၱဝါမ်ား ထိန္းသိမ္းကာကြယ္ေရး အဖြဲ႕အစည္းက ဒီေကာင္ေလးရဲ႕ ဓာတ္ပုံကို တင္ၿပီးတဲ့ ညမွာပဲ ႐ုတ္တရက္   ရန္ပံုေငြေတြထိုးတက္သြားတာေႀကာင့္ ေႀကာင္အသြားႀကသည္။  သူတို႔ေတြ အေတြးထဲ အလွွဴေငြ  ေဒၚလာ 70,000 အထိ ရတာအရမ္းေကာင္းလြန္းေနၿပီ။ ဒါေပမယ့္  Mr.Achesonက  သူ႔နာမည္နဲ႔  ေဒၚလာ တစ္သန္းအထိ လႉမယ္လို႔ မထင္ထားခဲ့မိၿကေပ။ ဒါေႀကာင့္ သူတုိ႕အားလံုး  အေတာ္ေလး ေက်နပ္သြားႀကသည္။

Romeoနဲ႔  ပရိတ္ေတြ အရူးအမူးျဖစ္ေနႀကသလို တဖက္က   Aerial နဲ႕ Haydenကို ရံႈ႕ခ်ေျပာဆိုႀကသည္။ ဒီအစီအစဥ္က  Aerial ဘာေႀကာင့္ ထြက္သြားသည္ကို  မရွင္းျပခဲ့ေပမယ့္ ပရိတ္သတ္ အေတာ္ေတာ္ မ်ားမ်ားက အေၾကာင္းအရင္းကို ခန႔္မွန္းႏိုင္ခဲ့သည္။  Aerial က Brown မိသားစု ဖက္ရွင္လုပ္ငန္းရဲ႕ ပင္တုိင္ Modelျဖစ္ျပီး သူ႔ေနရာ တည္ျမဲဖို႕ သူက  Haydenအတြက္ က်န္တဲ့ ၿပိဳင္ပြဲဝင္ေတြကို ဖယ္ရွားတာျဖစ္ရမည္။ သူမက Romeoရဲ႕ ႏူးညံ့တဲ့ ဆံပင္ကို ကတံုးတံုးပစ္ေစခ်င္ခဲ့သည္။ ဒီအခ်က္က  ပရိတ္သတ္ေတြကို ေ ဒါသထြက္ေစခဲ့ျပီး   Romeo ေျပာတဲ့ လူမ်က္ႏွာနဲ႔  ၾကက္ဥျဖဴျဖဴဆိုတဲ့   ျပန္ပံုေလးက ပရိတ္သတ္ေတြကို ရယ္ရမလို ရယ္ရမလို ျဖစ္သြားေစသည္။ ဒီေကာင္ေလးက အရမ္း ႐ိုးသားလြန္းလို႔ သူ႔ကို ဘယ္လိုလုပ္ေပးရမလဲ ဆိုတာ မသိေတာ့ေပ။

Valentine Brown ရဲ႕ Personal Website မွာ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ေဝဖန္စာေတြ ေထာင္ခ်ီပို႕ခံလိုက္ရျပီး   သံသယေတြကို ေျဖရွင္းဖို႕   သူတို႔က Aerialကို အလုပ္မွ ထုတ္ပစ္လိုက္သည္။ Brown မိသားစုက Fashion ေလာကမွာ ႀသဇာလႊမ္းမိုးေသာေၾကာင့္  Aerial အတြက္ အျခား Company မွာ အလုပ္သစ္ရဖုိ႕ အရမ္းခက္ခဲသြားေစသည္။ 

ပိုဆိုးသြားတာက   ႕ Romeoကို ေျပာခဲ့တဲ့ သူမရဲ႕ ဖက္ရွင္ အျမင္ကို ယုံၾကည္ပါ ဆိုျပီး ထပ္တလဲလဲေျပာရင္း    Romeoရဲ႕  ဆံပင္ကို ကတံုးတံုးလိုက္ဖုိ႕ ေျပာလိုက္တာျဖစ္ျပီး သူမလုပ္ရပ္နဲ႕ ဖက္ရွင္အျမင္က ဆန္႕က်င္ဘက္ျဖစ္ေနသည္။

ဖက္ရွင္ေလာကတြင္ က်င္လည္ေနသည္ျဖစ္ေစ မက်င္လည္သည္ျဖစ္ေစ လူတိုင္းတြင္  အျမင္ ရွိၾကသည္။ တကယ္လို႕   မင္းမွာ ဖက္ရွင္နဲ႔ ပတ္သတ္ၿပီး အျမင္မရွိဘူးလို႔ လူေတြက ျမင္သြားမယ္ဆိုရင္ ဖက္ရွင္ေလာကမွာ မင္း ဘယ္လိုမွ က်င္လည္ဖို႕ အခြင့္ေရးရွိေတာ့မည္ မဟုတ္ေပ။ ဒါေႀကာင့္    Aerialကို ငွားရမ္းသည့္ႏႈန္း တဟုန္ထိုးက်သြားေတာ့သည္။ သူမရဲ႕ ဖက္ရွင္ အျမင္မရွိမႈ သတင္းဟာ ဒီဇိုင္းနာေတြၾကားမွာ ပ်ံ႕နွံ႕ျပီး အတင္းေျပာစရာျဖစ္သြားသည္။ 

ဘယ္သူမွ ဖက္ရွင္ အျမင္မရွိတဲ့ ေမာ္ဒယ္ကို သူတို႔ အက်ႌ ေၾကာ္ျငာဖို႔ မဌားခ်င္ႀကေပ။ သူမက သူတို႔ရဲ႕ Brand ကို တန္ဖိုးက်သြားေစလိမ့္မည္ကို စိုးရိမ္ႀကသည္။  Aerial သည္  အက်ပ္အတည္းမ်ားစြာနွင့္ ရင္ဆုိင္လိုက္ရျပီး တကယ္လို႕သာ အခ်ိန္ကို  ေနာက္ျပန္ဆုတ္ခြင့္ရရင္ Hayden ရဲ႕  ခိုင္းေစမႈေတြကို အတင္း ျငင္းဆန္မိမွာေသခ်ာသည္။ အခုေတာ့ Hayden ေၾကာင့္ သူ႔အလုပ္က အဖတ္ဆည္မရေအာင္ ပ်က္ဆီးသြားခဲ့ေလၿပီ။

Aerialႏွင့္ ဆန႔္က်င္ဖက္  ဒီအစီအစဥ္ကို ၾကည့္တဲ့  ဒီဇိုင္းနာတိုင္းက Romeo ကို အရမ္း သေဘာက်သြားသည္။ သူ႔ရဲ႕ ထူးျခားသည့္  ပုံစံေလး က ဒီဇိုင္နာေတြရဲ႕ ေခါင္းထဲ ဒီဇိုင္းအသစ္ေတြ တီထြင္ဖို႔ နိႈးဆြေပးေနသလို ခံစားလိုက္ရသည္။ ဒီေကာင္ေလးက နာမည္ႀကီးေမာ္ဒယ္ မျဖစ္ေသးခင္မွာပဲ နာမည္ေက်ာ္ ဒီဇိုင္နာမ်ားစြာ၏ စိတ္ကူးစိတ္သန္း အသစ္ကိုနိႈးဆြေပးနိုင္သည့္ လူငယ္ေလးတစ္ဦးျဖစ္နွင့္လို႕ေနေလျပီ။

 တစ္ခ်ိန္တည္းမွာပဲ Haydenက ကားေပၚတြင္ သူ႔ရဲ႕ ႂကြက္သားေတြကို ညစ္ျပတဲ့ ပံုကိုႀကည့္မိတဲ့ ပရိတ္သတ္ေတြကို ဟာသပဲလို႕ ေျပာဆိုခံရျပီး   Achesonကို စိန္ေခၚေနတာကို ျမင္ရေတာ့ မျဖစ္ႏိုင္တာကို လိုက္ျပိဳင္သည့္   ေမာက္မာေနတဲ့  ေကာင္ေလးဆိုျပီး  ဝိုင္းဟားျကေတာ့သည္။ သူ႔ရဲ႕ ဆုက္ကိုင္မႈေႀကာင့္ နာက်င္ေအာ္ဟစ္ေနတဲ့ ေမ်ာက္ကေလး  ပုံကို ေတြ႕လိုက္ရေတာ့ ပရိတ္သတ္ေတြက  Hayden ကို စိတ္ပ်က္ သြား ေတာ့သည္။   Romeoရဲ႕ ပိုစတာကို  Hayden ဖ်က္ဆီးလိုက္သည့္ အခ်ိန္တြင္   ၾကည့္မိသူတိုင္း  ေၾကာက္လန႔္ ေၾကာင္အသြားျပီးေနာက္   ေဒါသထြက္လာႀကေတာ့သည္။ 

" Hayden က ရိုင္းစိုင္းႀကမ္းတမ္းတဲ့ စိတ္သေဘာထားေတြ ရွိေနတယ္။ ဒီအစီစဥ္တင္ဆက္သူေတြက သူ႔ကို  ပြဲက အျမန္ထုတ္ပစ္လိုက္ပါ။ မဟုတ္ရင္ သူ Romeo ကို ထိခိုက္ေအာင္လုပ္လိမ့္မယ္။ "

" သူ႔ကို ငါ့ရဲ႕ အဖိုးတန္ေၾကာင္ေလးနဲ႔ ေဝးေဝး  ထားေပးစမ္းပါ ! "

" Romeo  ကိုယ့္ရဲ႕အခ်စ္ေလး  Romeo ရယ္ .. သူ႔အစားကိုယ့္ကိုသာ ခ်စ္လိုက္ပါလားကြာ "
[ ေခ်ာေမာတဲ့ ေယာက်္ားတစ္ေယာက္ပုံ တြဲထားလ်က္ ပရိတ္သတ္တစ္ဦးထံမွ ေပးစာ]

ပရိတ္သတ္ႀကီးရဲ႕ Romeo အေပၚကို ထားတဲ့ အခ်စ္က  မ်ားျပားလြန္းတာေၾကာင့္ Hayden ကို လူေတြ  ပိုၿပီး မုန္းလာႀကသည္။  ပြဲစီစဥ္သည့္အဖြဲ႕ကို တိုင္ၾကားသည့္ စာမ်ားက  မေရမတြက္ႏိုင္ေအာင္ ေရာက္လာေတာ့သည္။ Haydenရဲ႕ မဲအေရအတြက္လည္း ေအာက္ဆံုးထိ ထိုးက်သြားျပီး စုစုေပါင္း ေထာင္ဂဏာန္းေလာက္ပဲ က်န္သည္အထိ  အေျခအေနဆိုးသြားသည္။

  Gustavရဲ႕ စားပြဲေပၚမွာ လုပ္ငန္းနဲ႔ ပတ္သတ္တဲ့ စာ႐ြက္ေတြအျပင္ တိုင္တန္းစာေတြပါ စုၿပဳံလ်က္ ရွိေနေလသည္။

Bonnie က စားပြဲေပၚက တုိင္စာေတြကို  ၾကည့္ေျပီး စိတ္ပ်က္စြာ ဖြင့္ဖတ္လိုက္ေလသည္။

 " Egou, Marcel, YSL ကမာၻ႔ နာမည္အႀကီးဆုံး ကုမၸဏီ အကုန္လုံးက Romeo ကို သူတို႔ရဲ႕ Debut Model အျဖစ္နဲ႔ ဝိုင္းျပီး  ဖိတ္ေခၚေနၾကတယ္။ ငါ အခုအခ်ိန္မွာ   ၿပိဳင္ဘက္ကင္း အမ်ိဳးသမီး Super Model ျဖစ္ေနတာေတာင္   တစ္ခါမွ အလုအယက္ ဖိတ္ေခၚမခံဖူးဘူး။ ၾကည့္စမ္း   Valentineက အစ သူ႔ကိုေခၚေနတယ္။ ငါက Haydenေၾကာင့္  Romeo ကို မုန္းေနမယ္ ထင္ေနတာ "

ဒီကိစၥကို ၾကားလိုက္ေတာ့ Gustav အေတာ္ေလး စိတ္ပ်က္သြားသည္။ သူက ခပ္ေလွာင္ေလွာင္ေျပာလို္က္သည္။

  " သူက နည္းေပါင္းစုံနဲ႔ ေၾကာင္ေပါက္ေလးကို သူ႔ဘက္ပါေအာင္ ဆြဲေဆာင္မွာပဲ "

Bonnieက သူ ဘာေျပာခ်င္သည္ကို အခ်ိန္တိုအတြင္း နားလည္သြားသည္။ Valentineက Gayတစ္ေယာက္ျဖစ္ျပီး  အတြင္းသတင္းေတြအရ Susan နဲ႔ လက္ထပ္ ထားတယ္ဆိုတာ  သူ႔အဘိုးကို အ႐ူးလုပ္ဖို႔ သက္သက္ျဖစ္သည္။  "

"  Romeo က ဒီေလာက္ ခ်စ္ဖို႔ေကာင္းေနတာ   ဒီလူႀကီးရဲ႕ စိတ္ဝင္စားမႈကို မခံရပဲ ဘယ္ေနမလဲ။ ကြ်န္မ အထင္ ရွင္ေတာ့ ကံေကာင္းဖို႕လိုေနျပီထင္တယ္။ ရွင္ လိုခ်င္ေနတဲ့ေကာင္ေလးက တစ္ကမာၻလုံး လိုခ်င္တဲ့ေကာင္ေလး တစ္ေယာက္ ျဖစ္ေနၿပီ။ "

 Bonnie က ေက်နပ္စြာ ၿပဳံးကာ ေျပာလိုက္ေတာ့ Gustavက သူမကို ေၾကာက္စရာေကာင္းတဲ့ အၾကည့္ျဖင့္ ျပန္ႀကည့္လိုက္သည္။   သူ အျမန္ လႈပ္ရွားမွျဖစ္ေတာ့မည္။  မဟုတ္လွ်င္ သူ႔ေၾကာင္ေပါက္ကို အျခားလူက အလစ္သုတ္သြားေတာ့မည္။


======================


Chapter (10) ပျားပန်းတုန်းတွေ ဝိုင်းနေသည့် ကိုယ့်ချစ်သူ(zawgyi+Unicode)


ဒိုင်တွေက အမှတ်အနည်းဆုံးသူကို ပြိုင်ပွဲမှ ထုတ်လိုက်လိုက်ပြီးနောက်  ပထမ ဒါမှမဟုတ် ဒုတိယ ရနေကျ Emilyက နံပါတ်ငါးနေရာကို ကျဆင်းသွားတော့သည်။ Hayden၏အောက်တွင် ပြိုင်ပွဲဝင်တစ်ယောက်သာ ကျန်တော့ပြီး မကြာခင် ထုတ်ခံရတော့မည့် အခြေနေကို ရောက်လို့နေသည်။  အမှတ်အနည်းဆုံး ကောင်လေးနှင့်အတူ    Bonnie ရှေ့တွင် ဆုံးမစကားနားထောင်နေရသဖြင့် သူ မေ့လဲသွားမလို ဖြစ်နေသည်။ Hayden၏ ဘဝတွင် ဒီလို ရှက်စရာအဖြစ်မျိုးရောက်လာမည်ဟု စိတ်ပင်မကူးဖူးပေ။

 နားနေဆောင် ပြန်ရောက်သောအခါ   ချုပ်တည်းထားရသမျှအားလုံး  Hayden ဖောက်ခွဲပစ်လိုက်တော့သည်။ သူက  ရခဲသေတ္တာထဲက ဘီယာဘူး အကုန်ယူလာကြီး သောက်တော့ အခြားပြိုင်ပွဲဝင်တွေ အကုန်လုံး အခြေနေ မဟန်သဖြင့် သူနှင့်ဝေးရာကို ထွက်ပြေးသွားကြသည်။

ကျိုးယွင်ရှန့်က   ရေချိုးပြီးနောက် ဒုတိယထပ်သို့ တက်သည့်  လှေကားထစ်နားတွင် မတ်တပ်ရပ်နေပြီး ဧည့်ခန်းထဲတွင် ဘီယာသောက်နေသည့် Hayden ကို လှမ်းကြည့်လိုက်သည်။  အခု သူက Haydenကို အရမ်းချစ်နေပြီး သူဘယ်လောက်ပဲ မကောင်းသည့်လူဖြစ်ပါစေ   ရှောင်ဖယ်မသွားနိုင်တဲ့ တဖက်သတ်ချစ်နေသည့်  Romeoအဖြစ် သရုပ်ဆောင်နေသည်။

" နင် ဒီမှာ ဘာလုပ်နေတာလဲ။ အခြားလူအားလုံး Hayden နဲ့ ဝေးဝေး ရှောင်နေတာ မမြင်ဘူးလား။   Hayden ဘယ်လောက် စိတ်တိုနေလဲ  နင်သိတာပဲ။  နင့်ကို မြင်ရင် သူက နင့်ကို နာကျင်အောင် လုပ်လိမ့်မယ်။ "

Ivana က  သူ့လက်မောင်းကို ဆွဲကာ ထိုနေရာမှ ထွက်သွားဖို့ ကြိုးစားလိုက်သည်။ ကျိုးယွင်ရှန့်  သူမကို စိတ်ထဲမှ ကျေးဇူးတင် မိ သော်လည်း ဝေခွဲမရဟန်ဖြင့် တိုးတိုးလေးပြောလိုက်သည်။

 "ဒါပေမယ့် အခု သူ့အခြေနေက အရမ်း သနားဖို့ ကောင်းနေတယ်။ သူ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ တကယ်လို့ ငါ့အပေါ် သူ စိတ်ထွက်ပေါက်အဖြစ် တခုခုပြောဆိုလိုက်ရရင် သူ့စိတ်အခြေနေ ပြန်ကောင်းလာနိုင်တယ်။  "

" သြ...ဟုတ်တယ်။ သူ နင့် လည်ပင်းကို ကန်ချိုးလိုက်ပြီးရင် သူ့စိတ်အခြေနေ ပြန်ကောင်းလာမှာသေချာတယ် သိလား။   Emilyတောင် သူ့ကို လန့်ပြီး ရှောင်နေတာ မမြင်ဘူးလား။ သူတောင်  နင့်ထက် ပိုစဉ်းစားတတ်သေးတယ်။ အရူးလေးရဲ့ "

Ivana က အားမလိုအားမရဖြင့် ကျိုးယွင့်ရှန့်၏ နဖူးကို လက်ညိုးနဲ့ ထိုးကာ ပြောလိုက်သည်။

ကျိုးယွင်ရှန့်က သွားဖို့ကို တွန့်ဆုတ်နေချိန် ဧည့်ခန်းထဲက  ကျယ်လောင်တဲ့အသံကို ကြားလိုက်ရလို့  သူတို့နှစ်ယောက် အောက်ထပ်ကို  အမြန် ပြေးကြည့်လိုက်တော့  Haydenက  ဘီယာဘူးဖြင့်  ပထမရထားသည့် Romeo ၏ဓာတ်ပုံဆီကို ပစ်ပေါက်လိုက်တာကို တွေ့လိုက်ရလေသည်။ 

 ဓာတ်ပုံဘောင်နှင့် အပေါ်မှာ ဖုံးအုပ်ထားသည့် မှန်ချပ်အားလုံး  အပိုင်းအစများအဖြစ် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလို့နေသည်။  Haydenက သူ့လက်ကို သေနတ်ပုံစံ လုပ်လိုက်ကာ Romeo ရဲ့ ပိုစတာကို ပစ်လိုက်သည်။  ဘီယာဘူး ပစ်လိုက်တဲ့ အရှိန်ကြောင့် မှန်ဘောင်ပတ်လည်မှ ထွန်းထားသည့် အလှဆင် မီးသီး  ပျက်ဆီးသွားပြီး   မှိတ်တုတ် မှိတ်တုတ် ဖြစ်ပြီးသည့်နောက်တွင်  ထိုနေရာ မှောင်မည်းသွားတော့သည်။

ကျိုးယွင်ရှန့်၏ အမူယာက ငေးကြောင်သွားပြီးနောက် စိတ်ဓါတ်ကျသွားသည့်ပုံဖြင့် မျက်ဝန်းပြာများထဲ  မျက်ရည်များ ပြည့်လာတော့သည်။ သူမျက်နှာ ဖြူလျော်သွားပြီး သူ့ဓာတ်ပုံကို Hayden ဒီလို ဖျက်ဆီးပစ်လိမ့်မည်ဟု မတွေးမိခဲ့ပေ။ တကယ်လို့ သူသာ   Hayden အရှေ့  သွားရပ်နေမိရင် အသတ်ခံရမည်ထင်သည်။

Ivana က  ရုတ်တရက်  ဘာဖြစ်သွားသည်ကို သိသွားချိန်တွင်   ကြောက်လန့်နေသည့် ကောင်လေးကို ဆွဲဖက် ကာ နှစ်သိမ့်ပေး တော့သည်။

 " စိတ်မကောင်း မဖြစ်နဲ့။ မကြောက်ပါနဲ့။ သူက နင့်ကို ဘာမှ မလုပ်ရဲဘူး။ သူက နင့်ပိုစတာကို ဖျက်စီးပြီးတော့ပဲ သူ့ဒေါသကို ဖောက်ခွဲရဲတဲ့ကောင်ပါ။ ဒီ  ငကြောက်ကောင်က  သူ့ရဲ့ အမှားတွေကို  နင့်ပေါ် ပုံချချင်နေတာ။ အလကား သူရဲဘောကြောင်တဲ့ကောင်။  Fuck ....  သူ့လိုသောက်ကောင်ကို  ချစ်နေဖို့ ဘာမှ မတန်ဘူး။ နင့်ကို ကူညီခဲ့ တယ်ဆိုတာလည်း ဟန်ဆောင်ပြတာပဲဖြစ်မယ်။ ငတုံးလေး...  အိပ်မက်ကနေ နိုးပါတော့ "

Ivana က စိတ်တိုလာပြီး ကောင်လေးကို တင်းကြပ်စွာ ဖက်ထားရင်း    ပခုံးကို ကိုင်လှုပ်ခါပြီး သတိပေးတော့သည်။

ကျိုးယွင်ရှန့်က သူမကို တွန်းပြီး သူ့အခန်းထဲက စောင်အောက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေလိုက်တော့သည်။ ဂျွန်က စောင်ကို ဖယ်ပြီး  ငိုနေတဲ့ကောင်လေးကို နှစ်သိမ့်ချင်တဲ့ စိတ်တွေ ကို အသည်းအသန် ထိန်းချုပ်နေရသည်။ သူ့ တာဝန်က မှတ်တမ်းတင်ဖို့ဖြစ်လို့ ဒီကောင်လေး ငိုနေတာကို နှစ်သိမ့်ချင်ပေမယ့် သူ ဘာမှ မလုပ်ပေးနိုင်ခဲ့ပေ။


ကျိုးယွင်ရှန့်က ရှိုက်ကြီးတငင် ငိုမယ်တဲ့လား။ ဟာသပဲ။ 

Hayden က သူ ခန့်မှန်းထားတဲ့အတိုင်း တထပ်တည်း လုပ်လိုက်လို့ အရမ်းကို ကျေနပ်သွားပြီး ခေါင်းနဲ့ခေါင်းအုံး ထိလိုက်တာနဲ့ အိပ်ပျော်မလို ဖြစ်သွားပေမယ့် သူက အိပ်မပျော်ခင် မျက်ရည်ကြောင်းတွေ ကျဆင်းလာအောင် မမေ့မလျော့လုပ်ပြီးမှ အိပ်သွားခဲ့သည်။


Ivana က  စောင်ကိုလှပ်လိုက်တဲ့အခါ   ငိုကြွေးရင်းအိပ်ပျော်သွားတဲ့ ကောင်လေးကို တွေ့လိုက်သည်။ သူ့ရဲ့   နှာခေါင်းတွေက နီရဲနေပြီး မျက်လုံးထောင့်မှာ မျက်ရည်စီးကြောင်းနှင့် သနားစဖွယ်ကောင်းလွန်း လှသည်။

" ဒီကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီး ရှိလျက်နဲ့ ဘာလို့ Hayden ကို  ကြိုက်ရတာလဲဟာ။ အဲ့ဒီအစား သူက  Mr. Achesonကို ကြိုက်လို့ရတဲ့ဟာကိုကွာ။ ဒါပေမယ့် Romeo က Mr.Achesonကို ရအောင် လုပ်နိုင်မယ် မထင်ဘူး။ ဒါပေမယ့်  Mr.Acheson ကတော့ သူ့ကို နာကျင်အောင် မလုပ်လောက်ဘူး။ "

 Ivanaက တစ်ယောက်တည်းပြောရင်း သူမရဲ့ အနီရောင် ဆံပင်တိုလေးကို ဖွကာ   စိတ်ဖိစီးနေသည့် ပုံဖြင့် ထိုင်နေသည်။

ဒီအဖြစ်ပျက်ကို မော်နီတာမှတဆင့် Gustav ထိုင်ကြည့်နေရင်း    ပြုံးနေသည့်မျက်နှာက မျက်မှောင်ကြုတ်သွားတော့ကာ တီးတိုးရေရွတ်လိုသည်။

" Romeoက Mr.Achesonကို ရအောင် လုပ်နိုင်မယ် မထင်ဘူး ဟုတ်လား။  သူ မကြိုးစားပဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ။  ကိုယ့်အနားကို တိုး ခဲ့စမ်းပါ Romeo လေးရေ။ အဲ့ဒီအချိန်ဆို ငါ့အသည်းနှလုံးတစ်ခုလုံး မင်း ပိုင်နေပြီဆိုတာ အလိုလိုသိလာလိမ့်မယ်။"
 

အဖွဲ့ခေါင်းဆောင်က သူ့ကို တွေ့ဖို့ လာတဲ့အချိန် Screenရှေ့မှာ  တီးတိုးရေရွတ်နေတဲ့ သူ့ပုံကို မြင်လိုက်ရတော့ နှစ်ယောက်လုံး  ကြောင်သွားပြီးတော့မှ Gustavက သူ့ရဲ့   ယဉ်ကျေး တဲ့ ပုံစံပေါ်လာပြီး မေးလိုက်သည်။

 " အားလုံး ပြင်ပြီးသွားပြီလား။ "

" ဟုတ်ကဲ့။ ကွဲသွားတဲ့ မီးသီးတွေနဲ့ ပြင်ဆင်ဖို့ လိုတဲ့ဟာတွေ အားလုံး ပြင်ပြီးသွားပါပြီ။ ကုန်ကျစရိတ်ကိုလည်း  Mr. Brown ဆီကို ပို့ပေးလိုက်ပါပြီ။ Bonnieက အခု Hayden ဆီသွားပြီး သူ့ခံစားချက်ကို ထိန်းချုပ်ဖို့ အကြံပေးနေပါတယ်။ သူဌေး ကျွန်တော်တို့ ရိုက်မိထားတဲ့ အပိုင်းကို ဘယ်လိုလုပ်လိုက်ရမလဲ။ "

Haydenရဲ့ မိသားစု နောက်ခံက အရမ်းကို တောင့်တင်းလွန်းတော့  Mr.Acheson က ဒီဟာကို ဘယ်လို ကိုင်တွယ်မည်ကို ဝန်ထမ်းခေါင်းဆောင်က မသေချာသဖြင့် မေးလိုက်သည်။

" ဒါကို ဘာမှ ဂရုစိုက်မနေနဲ့။ ဘာမှ မဖြတ်တောက်ပဲ ဒီအတိုင်း ပြလိုက် "

Gastav က  Brown မိသားစုကို   အခွင့်အရေး ပေးခဲ့ပြီးပြီ။ နောက်ထပ် ဒုတိယ အခွင့်အရေး ထပ်မပေးနိုင်တော့ဘူး။ ဘယ်သူမှ   မတွန်းချတောင်  Hayden က သူ့ဘာသာ ဖျက်ဆီးသွားမယ့် လူမျိုး ဖြစ်သည်။

အပိုင်း (၄)ကို နောက်တနေ့  အဓိက အချိန်မှာ ထုတ်လွှင့်ပြသပြီးနောက်   ကြည့်ရှုသူနှုန်းဟာ အရင် တစ်ပတ်ထက် 2 % တိုးနေလေသည်။ ချက်ချင်း ထောင်တက်လာတဲ့ Voteတွေကြောင့် ဒီသန်းပေါင်းများစွာသော လူတွေက Romeo အတွက် ဒီအစီစဉ်ကို ကြည့်နေကြတယ်ဆိုတာ ပိုသေချာသွားသည်။

ပရိသတ်တွေက Romeoရဲ့ ငယ်စဉ်ကလေးဘဝက ဘယ်လောက်တောင် ကြမ်းတမ်းခက်ခဲခဲ့မလဲဆိုတာ  ပုံဖော်ကြည့်လို့မရအောင် ဖြစ်နေကြသည်။ အခြား ပြိုင်ပွဲဝင်များက ပရိတ်သတ်၏ စာနာသနားမှုကို ရဖို့ ကင်မရာရှေ့မှာ သူတို့ကလေးဘဝက နာကျင်မှုကို ဖွင့်ပြောပြလေ့ရှိပေမယ့် ဒီကောင်လေးက စကားလုံး အနည်းငယ်သာ ဖော်ပြပြီး အမြဲတမ်းနူတ်ဆိတ်နေလေ့ရှိသည်။

အဲ့ဒီ့အပိုင်းက အသက်ကြီးတဲ့ ပရိသတ်တွေကို မျက်ရည်စမ်းစမ်းနဲ့ဖြစ်စေပြီး   ထိုကောင်လေးနဲ့ Ivanaတို့ရဲ့ နင်သာ မိန်းကလေးဖြစ်ခဲ့ရင်  နင်သာ ယောကျ်ားလေး ဖြစ်ခဲ့ရင် ဆိုတဲ့ အပိုင်းကိုကြည့်ပြီး  ပရိတ်သတ်တွေ လှိုက်လှိုက်လှဲလှဲ ရယ်မောခဲ့ရသည်။
သူတို့အားလုံးက ဒီကောင်လေးကိုလုံးဝစွဲလမ်းနေကြပြီ ဖြစ်သည်။

ကြောင်ချစ်သူတွေကတော့ သူရဲ့ နားရွက်ကုပ် ကြောင်အဖြစ် သရုပ်ဆောင်တာကို ကြည့်ပြီး လည်ချောင်းကွဲမတတ် အော်ဟစ်အားပေးလိုက်ကြပြီး ကောင်လေးကို ပြန်ပေးဆွဲပြီး သူတို့ ကိုယ်ပိုင်အဖြစ်ခေါ်ထားချင်စိတ်တွေ ပေါ်လာစေသည်။  Romeoနဲ့ ကျားသစ်ပေါက်လေးရဲ့ ဓာတ်ပုံလေးက သူတို့ကို နင့်ခနဲနေအောင် ခံစားသွားရစေသည်။

ဒီအကောင်ပေါက်လေး နှစ်ကောင်ရဲ့ သနားစဖွယ် မျက်လုံး တွေက မရေမတွက်နိုင်လောက်တဲ့ ပရိတ်သတ်တွေကို  ရင်ကွဲပက်လက်ဖြစ်သွားစေသည်။


" Oh .. ငါ   မခံစားနိုင်ဘူး။ ငါ့ကို အဲ့ဒီမျက်လုံးနဲ့  မကြည့်ကြပါနဲ့။ "

 ပရိတ်သတ်တော်တော်များများ ဒီပုံလေးကိုကြည့်ပြီး တစ်ပုံစံတည်းနီးပါး  ဒီလိုတွေးလိုက်မိကြသည်။ ဆယ်ကျော်သက် ကောင်လေးရဲ့ ဓာတ်ပုံက တီဗွီ Screen  မှာပေါ်လာတဲ့အခါ ပရိတ်သတ် အများစုက  သူတို့မျက်နှာအုပ်ပြီးညည်းတွားလိုက်မိကြသည်။

ဒီကောင်လေးဟာ ထိခိုက်လွယ်တယ် ထင်ရပေမယ့် သန်မာသည်။ ဒီကောင်လေးက ဖြူစင်လွန်းပြီး တစ်ခါတစ်ရံ စိတ်အားငယ်တတ်ပေမယ့် တစ်ခါတစ်ရံ အရမ်း တတ်ကြွနေသည်။ တစ်ခါတစ်ရံ  ခပ်တုံးတုံးဖြစ်နေပြီး တခါတရံတော့  စဉ်းစားတတ်တဲ့ ကောင်လေး ဖြစ်နေပြန်တယ်။ သူကဆန့်ကျင်ဘက်တွေ တစ်ပြိုင်တည်း ပိုင်ဆိုင်ထားသည့် ထူးခြားသည့် ကောင်လေး ဖြစ်သည်။

တောရိုင်းသတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး အဖွဲ့အစည်းက ဒီကောင်လေးရဲ့ ဓာတ်ပုံကို တင်ပြီးတဲ့ ညမှာပဲ ရုတ်တရက်   ရန်ပုံငွေတွေထိုးတက်သွားတာကြောင့် ကြောင်အသွားကြသည်။  သူတို့တွေ အတွေးထဲ အလှူငွေ  ဒေါ်လာ 70,000 အထိ ရတာအရမ်းကောင်းလွန်းနေပြီ။ ဒါပေမယ့်  Mr.Achesonက  သူ့နာမည်နဲ့  ဒေါ်လာ တစ်သန်းအထိ လှူမယ်လို့ မထင်ထားခဲ့မိကြပေ။ ဒါကြောင့် သူတို့အားလုံး  အတော်လေး ကျေနပ်သွားကြသည်။

Romeoနဲ့  ပရိတ်တွေ အရူးအမူးဖြစ်နေကြသလို တဖက်က   Aerial နဲ့ Haydenကို ရှုံ့ချပြောဆိုကြသည်။ ဒီအစီအစဉ်က  Aerial ဘာကြောင့် ထွက်သွားသည်ကို  မရှင်းပြခဲ့ပေမယ့် ပရိတ်သတ် အတော်တော် များများက အကြောင်းအရင်းကို ခန့်မှန်းနိုင်ခဲ့သည်။  Aerial က Brown မိသားစု ဖက်ရှင်လုပ်ငန်းရဲ့ ပင်တိုင် Modelဖြစ်ပြီး သူ့နေရာ တည်မြဲဖို့ သူက  Haydenအတွက် ကျန်တဲ့ ပြိုင်ပွဲဝင်တွေကို ဖယ်ရှားတာဖြစ်ရမည်။ သူမက Romeoရဲ့ နူးညံ့တဲ့ ဆံပင်ကို ကတုံးတုံးပစ်စေချင်ခဲ့သည်။ ဒီအချက်က  ပရိတ်သတ်တွေကို ေ ဒါသထွက်စေခဲ့ပြီး   Romeo ပြောတဲ့ လူမျက်နှာနဲ့  ကြက်ဥဖြူဖြူဆိုတဲ့   ပြန်ပုံလေးက ပရိတ်သတ်တွေကို ရယ်ရမလို ရယ်ရမလို ဖြစ်သွားစေသည်။ ဒီကောင်လေးက အရမ်း ရိုးသားလွန်းလို့ သူ့ကို ဘယ်လိုလုပ်ပေးရမလဲ ဆိုတာ မသိတော့ပေ။

Valentine Brown ရဲ့ Personal Website မှာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဝေဖန်စာတွေ ထောင်ချီပို့ခံလိုက်ရပြီး   သံသယတွေကို ဖြေရှင်းဖို့   သူတို့က Aerialကို အလုပ်မှ ထုတ်ပစ်လိုက်သည်။ Brown မိသားစုက Fashion လောကမှာ သြဇာလွှမ်းမိုးသောကြောင့်  Aerial အတွက် အခြား Company မှာ အလုပ်သစ်ရဖို့ အရမ်းခက်ခဲသွားစေသည်။ 

ပိုဆိုးသွားတာက  ့ Romeoကို ပြောခဲ့တဲ့ သူမရဲ့ ဖက်ရှင် အမြင်ကို ယုံကြည်ပါ ဆိုပြီး ထပ်တလဲလဲပြောရင်း    Romeoရဲ့  ဆံပင်ကို ကတုံးတုံးလိုက်ဖို့ ပြောလိုက်တာဖြစ်ပြီး သူမလုပ်ရပ်နဲ့ ဖက်ရှင်အမြင်က ဆန့်ကျင်ဘက်ဖြစ်နေသည်။

ဖက်ရှင်လောကတွင် ကျင်လည်နေသည်ဖြစ်စေ မကျင်လည်သည်ဖြစ်စေ လူတိုင်းတွင်  အမြင် ရှိကြသည်။ တကယ်လို့   မင်းမှာ ဖက်ရှင်နဲ့ ပတ်သတ်ပြီး အမြင်မရှိဘူးလို့ လူတွေက မြင်သွားမယ်ဆိုရင် ဖက်ရှင်လောကမှာ မင်း ဘယ်လိုမှ ကျင်လည်ဖို့ အခွင့်ရေးရှိတော့မည် မဟုတ်ပေ။ ဒါကြောင့်    Aerialကို ငှားရမ်းသည့်နှုန်း တဟုန်ထိုးကျသွားတော့သည်။ သူမရဲ့ ဖက်ရှင် အမြင်မရှိမှု သတင်းဟာ ဒီဇိုင်းနာတွေကြားမှာ ပျံ့နှံ့ပြီး အတင်းပြောစရာဖြစ်သွားသည်။ 

ဘယ်သူမှ ဖက်ရှင် အမြင်မရှိတဲ့ မော်ဒယ်ကို သူတို့ အင်္ကျီ ကြော်ငြာဖို့ မဌားချင်ကြပေ။ သူမက သူတို့ရဲ့ Brand ကို တန်ဖိုးကျသွားစေလိမ့်မည်ကို စိုးရိမ်ကြသည်။  Aerial သည်  အကျပ်အတည်းများစွာနှင့် ရင်ဆိုင်လိုက်ရပြီး တကယ်လို့သာ အချိန်ကို  နောက်ပြန်ဆုတ်ခွင့်ရရင် Hayden ရဲ့  ခိုင်းစေမှုတွေကို အတင်း ငြင်းဆန်မိမှာသေချာသည်။ အခုတော့ Hayden ကြောင့် သူ့အလုပ်က အဖတ်ဆည်မရအောင် ပျက်ဆီးသွားခဲ့လေပြီ။

Aerialနှင့် ဆန့်ကျင်ဖက်  ဒီအစီအစဉ်ကို ကြည့်တဲ့  ဒီဇိုင်းနာတိုင်းက Romeo ကို အရမ်း သဘောကျသွားသည်။ သူ့ရဲ့ ထူးခြားသည့်  ပုံစံလေး က ဒီဇိုင်နာတွေရဲ့ ခေါင်းထဲ ဒီဇိုင်းအသစ်တွေ တီထွင်ဖို့ နှိုးဆွပေးနေသလို ခံစားလိုက်ရသည်။ ဒီကောင်လေးက နာမည်ကြီးမော်ဒယ် မဖြစ်သေးခင်မှာပဲ နာမည်ကျော် ဒီဇိုင်နာများစွာ၏ စိတ်ကူးစိတ်သန်း အသစ်ကိုနှိုးဆွပေးနိုင်သည့် လူငယ်လေးတစ်ဦးဖြစ်နှင့်လို့နေလေပြီ။

 တစ်ချိန်တည်းမှာပဲ Haydenက ကားပေါ်တွင် သူ့ရဲ့ ကြွက်သားတွေကို ညစ်ပြတဲ့ ပုံကိုကြည့်မိတဲ့ ပရိတ်သတ်တွေကို ဟာသပဲလို့ ပြောဆိုခံရပြီး   Achesonကို စိန်ခေါ်နေတာကို မြင်ရတော့ မဖြစ်နိုင်တာကို လိုက်ပြိုင်သည့်   မောက်မာနေတဲ့  ကောင်လေးဆိုပြီး  ဝိုင်းဟားကြတော့သည်။ သူ့ရဲ့ ဆုက်ကိုင်မှုကြောင့် နာကျင်အော်ဟစ်နေတဲ့ မျောက်ကလေး  ပုံကို တွေ့လိုက်ရတော့ ပရိတ်သတ်တွေက  Hayden ကို စိတ်ပျက် သွား တော့သည်။   Romeoရဲ့ ပိုစတာကို  Hayden ဖျက်ဆီးလိုက်သည့် အချိန်တွင်   ကြည့်မိသူတိုင်း  ကြောက်လန့် ကြောင်အသွားပြီးနောက်   ဒေါသထွက်လာကြတော့သည်။ 

" Hayden က ရိုင်းစိုင်းကြမ်းတမ်းတဲ့ စိတ်သဘောထားတွေ ရှိနေတယ်။ ဒီအစီစဉ်တင်ဆက်သူတွေက သူ့ကို  ပွဲက အမြန်ထုတ်ပစ်လိုက်ပါ။ မဟုတ်ရင် သူ Romeo ကို ထိခိုက်အောင်လုပ်လိမ့်မယ်။ "

" သူ့ကို ငါ့ရဲ့ အဖိုးတန်ကြောင်လေးနဲ့ ဝေးဝေး  ထားပေးစမ်းပါ ! "

" Romeo  ကိုယ့်ရဲ့အချစ်လေး  Romeo ရယ် .. သူ့အစားကိုယ့်ကိုသာ ချစ်လိုက်ပါလားကွာ "
[ ချောမောတဲ့ ယောကျ်ားတစ်ယောက်ပုံ တွဲထားလျက် ပရိတ်သတ်တစ်ဦးထံမှ ပေးစာ]

ပရိတ်သတ်ကြီးရဲ့ Romeo အပေါ်ကို ထားတဲ့ အချစ်က  များပြားလွန်းတာကြောင့် Hayden ကို လူတွေ  ပိုပြီး မုန်းလာကြသည်။  ပွဲစီစဉ်သည့်အဖွဲ့ကို တိုင်ကြားသည့် စာများက  မရေမတွက်နိုင်အောင် ရောက်လာတော့သည်။ Haydenရဲ့ မဲအရေအတွက်လည်း အောက်ဆုံးထိ ထိုးကျသွားပြီး စုစုပေါင်း ထောင်ဂဏာန်းလောက်ပဲ ကျန်သည်အထိ  အခြေအနေဆိုးသွားသည်။

  Gustavရဲ့ စားပွဲပေါ်မှာ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ စာရွက်တွေအပြင် တိုင်တန်းစာတွေပါ စုပြုံလျက် ရှိနေလေသည်။

Bonnie က စားပွဲပေါ်က တိုင်စာတွေကို  ကြည့်ပြေီး စိတ်ပျက်စွာ ဖွင့်ဖတ်လိုက်လေသည်။

 " Egou, Marcel, YSL ကမ္ဘာ့ နာမည်အကြီးဆုံး ကုမ္ပဏီ အကုန်လုံးက Romeo ကို သူတို့ရဲ့ Debut Model အဖြစ်နဲ့ ဝိုင်းပြီး  ဖိတ်ခေါ်နေကြတယ်။ ငါ အခုအချိန်မှာ   ပြိုင်ဘက်ကင်း အမျိုးသမီး Super Model ဖြစ်နေတာတောင်   တစ်ခါမှ အလုအယက် ဖိတ်ခေါ်မခံဖူးဘူး။ ကြည့်စမ်း   Valentineက အစ သူ့ကိုခေါ်နေတယ်။ ငါက Haydenကြောင့်  Romeo ကို မုန်းနေမယ် ထင်နေတာ "

ဒီကိစ္စကို ကြားလိုက်တော့ Gustav အတော်လေး စိတ်ပျက်သွားသည်။ သူက ခပ်လှောင်လှောင်ပြောလိုက်သည်။

  " သူက နည်းပေါင်းစုံနဲ့ ကြောင်ပေါက်လေးကို သူ့ဘက်ပါအောင် ဆွဲဆောင်မှာပဲ "

Bonnieက သူ ဘာပြောချင်သည်ကို အချိန်တိုအတွင်း နားလည်သွားသည်။ Valentineက Gayတစ်ယောက်ဖြစ်ပြီး  အတွင်းသတင်းတွေအရ Susan နဲ့ လက်ထပ် ထားတယ်ဆိုတာ  သူ့အဘိုးကို အရူးလုပ်ဖို့ သက်သက်ဖြစ်သည်။  "

"  Romeo က ဒီလောက် ချစ်ဖို့ကောင်းနေတာ   ဒီလူကြီးရဲ့ စိတ်ဝင်စားမှုကို မခံရပဲ ဘယ်နေမလဲ။ ကျွန်မ အထင် ရှင်တော့ ကံကောင်းဖို့လိုနေပြီထင်တယ်။ ရှင် လိုချင်နေတဲ့ကောင်လေးက တစ်ကမ္ဘာလုံး လိုချင်တဲ့ကောင်လေး တစ်ယောက် ဖြစ်နေပြီ။ "

 Bonnie က ကျေနပ်စွာ ပြုံးကာ ပြောလိုက်တော့ Gustavက သူမကို ကြောက်စရာကောင်းတဲ့ အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။   သူ အမြန် လှုပ်ရှားမှဖြစ်တော့မည်။  မဟုတ်လျှင် သူ့ကြောင်ပေါက်ကို အခြားလူက အလစ်သုတ်သွားတော့မည်။


======================





ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now