Arc_8.13 Romeo

8K 1K 9
                                    

Chapter (13) မာနႀကီးသည့္ သခင္ေလးနွင့္ ခ်စ္စိတ္ျပင္းျပသည့္ အေစခံ (Zawgyi+Unicode)

တစ္ေယာက္နဲ႔တစ္ေယာက္ရင္းႏွီးဖို႔  Gustav က မိတ္ဆက္တာကို  အဓိကထားတာျဖစ္မည္ဟု ထင္လိုက္ၿပီးက်ိဳးယြင္ရွန႔္ ေလွ်ာက္မေတြးပဲ အဝတ္အစား ကိုယ္စီကို လဲၿပီးေနာက္ တဖက္လူကို ၾကည့္လိုက္ၾကသည္။ 

က်ိဳးယြင္ရွန႔္ က သူ႔ အတြက္ အထက္တန္းစားလႊာ အဂၤလိပ္လူမ်ိဳးမ်ားဝတ္ေလ့ရွိသည့္ နံနက္ခင္းဝတ္စုံကို ေ႐ြးခ်ယ္ထားသည္။ မီးခိုးေရာင္ဘက္ကဲသည့္ ေငြေရာင္ အေပၚဝတ္အက်ႌႏွင့္ အစင္းေဖ်ာ့ေဖ်ာ့ ႏွင့္ ေဘာင္းဘီရွည္၊ ခဲေရာင္ ကုတ္ေအာက္ခံကို ရွပ္အျဖဴႏွင့္ တြဲဝတ္ထားၿပီး ခဲရင့္ေရာင္ မာဖလာကို လည္ပင္းတြင္ ပတ္ထားသည္။ ဒါေၾကာင့္ သူ႔ပုံစံက ဂုဏ္သေရရွိ အထက္တန္းလႊာသခင္ေလးေပါက္ေနၿပီး သူ႔ကိုယ္ဟန္အမူယာက သိမ္ေမြ႕ကာ လူေတြအၾကည့္မလြဲႏိုင္ေအာင္ က်က္သေရရွိလို႔ေနသည္။

Gustav က ေကာင္ေလးကို အေတာ္ၾကာေငးၾကည့္ေနၿပီး သူ႔ဝတ္စုံကို ငုံ႔ၾကည့္လိုက္သည္။ သူဝတ္ထားတာလည္း သခင္ငယ္ေလးကဲ့သို႔ ရွပ္၊ ကုတ္ေအာက္ခံလက္ျပတ္ႏွင့္ အေပၚထပ္ ကုတ္အၤက်ီျဖစ္ေပမယ့္    ေၾကာင္ေပါက္ဝတ္ထားသလို မဟုတ္ပဲ သူရဲ႕ပုံစံက အေစခံ တစ္ေယာက္ပုံစံျဖစ္ေနေလသည္။

က်ိဳးယြင္ရွန႔္ က မ်က္ႏွာေလးရဲေနၿပီး ရွင္းျပသည္။

"  ကြၽန္ေတာ္က ၁၈ရာစုႏွစ္ေလာက္က အဂၤလိပ္အထက္တန္းလႊာေတြရဲ႕ လူေနမႈပုံစံကို သ႐ုပ္ေဖာ္ခ်င္လို႔ ဒီလိုဝတ္ခိုင္းရတာပါ။ ဒါေၾကာင့္ အဝတ္စားေတြကို မာနႀကီးၿပီး ၿငီးေငြ႕စရာေပမယ့္သြက္လက္တဲ့ ေရွးက်တဲ့ပုံစံ ကို ဝတ္ဆင္ခိုင္းထားတာပါ။ဒါေၾကာင့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က သခင္ေလးနဲ႔ အေစခံပုံစံ ဝတ္ဆင္ထားတာပါ။ အခု ကြၽန္ေတာ္က Mr. Acheson ရဲ႕သခင္ေလးျဖစ္ေနပါၿပီ။  Mr. Acheson လက္ခံႏိုင္ရဲ႕လား။ "

က်ိဳးယြင္ရွန႔္ က တဖက္လူကို သူ႔မ်က္ဝန္းလွလွေလးႏွင့္ ေမာ့ၾကည့္လိုက္သည္။ က်ိဳးယြင္ရွန႔္  သူ႔ခႏၶာကိုယ္ရဲ႕  ဆြဲေဆာင္မႈနဲ႔ တဖက္သားကို ဘယ္လို ဆြဲေဆာင္ရမည္ဆိုတာကို ေကာင္းေကာင္းသိၿပီး သူ႔အလုပ္ အဆင္ေျပဖို႔ ဒါကို တြန႔္ဆုတ္ျခင္းမရွိ အသုံးျပဳလိုက္သည္။  သူ႔ေရွ႕မွာရွိတဲ့ Gustavက  စိတ္ဆိုးျခင္း မရွိပဲ သိမ္ေမြ႕စြာၿပဳံးၿပီး ေျပာလိုက္သည္။

" ကြၽန္ေတာ္ အလုပ္အေကြၽးျပဳဖို႔ အသင့္ပါပဲ သခင္ေလး "

 သူရဲ႕ လုံးဝစိတ္မဆိုးပဲ ခ်က္ခ်င္း လိုက္ေလ်ာညီေထြ တုန႔္ျပန္တိုင္စြမ္းကို   က်ိဳးယြင္ရွန႔္  အရမ္းေက်နပ္သြားမိသည္။ က်ိဳးယြင္ရွန႔္ လည္း သူ႔ကို ေက်းဇူးတင္ေၾကာင္း ျပန္ျပသလိုက္သည္။

့ႏွစ္ေယာက္လုံးက ႐ုပ္ေခ်ာၿပီးသား ျဖစ္တဲ့အတြက္ သိပ္ျပင္စရာ မလိုပဲ ဓါတ္ပုံ႐ိုက္ရမည့္ ေရွးေခတ္စတိုင္ ဧည့္ခန္းကဲ့သို႔ျပင္ဆင္ထားသည့္ ေနရာကို ေလွ်ာက္လာခဲ့သည္။ 

" ဘယ္လို ပုံစံနဲ႔မ်ား ဓာတ္ပုံ႐ိုက္ခ်င္ပါသလဲ သခင္ေလး "

Gustav က ေလးစား႐ိုက်ိဳးစြာ ေမးလိုက္သည္။ လုပ္လို႔ရမယ္ဆိုရင္     သူ႔ေၾကာင္ေပါက္ေလး လက္ကို ကိုင္ကာ နမ္းၿပီး ေမးလိုက္ခ်င္သည္။

သူရဲ႕ ဂုဏ္သေရရွိသည့္ တဖက္သားအေပၚ စဥ္းစားေပးတတ္သည့္ သိမ္ေမြ႕သည့္ အမူရာမ်ားက   မိန္းကေလး ၿပိဳင္ပြဲဝင္ အားလုံးကို စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လာေစသည္။


" ကြၽန္ေတာ္က ထိုင္ခုံမွာထိုင္မယ္။ ခင္ဗ်ားက ကြၽန္ေတာ့္ေဘးမွာ ရပ္ေပးပါ။ ဓါတ္ပုံကာလာ ဘဘယ္လိုရွိလဲ သိရေအာင္ ဒီအတိုင္းပဲ အရင္႐ိုက္ၾကည့္မယ္။ တကူးတက ကိုယ္အမူယာလုပ္ဖို႔မလိုဘူး။    ဒီတိုင္း ခင္ဗ်ားရဲ႕ ေနရာကေန သ႐ုပ္ေဆာင္ေပး႐ုံပဲ။ ဒါေပမယ့္ တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ၾကားက အေနထားကို ခ်က္ခ်င္းတန္းသိေအာင္ေတာ့ လုပ္ေပးပါ။ "

" ေကာင္းပါၿပီ သခင္ေလး။  ေက်းဇူးျပဳၿပီး ထိုင္လိုက္ပါ။ "

Gustavက ခ်က္ခ်င္း ထည္ဝါခမ္းနားတဲ့ ေနာက္မွီ ထိုင္ခုံျမင့္ကို သန႔္ရွင္းေအာင္ လုပ္လိုက္ၿပီး သူ႔ ေၾကာင္ေပါက္ေလးရဲ႕ လက္ကို အသာေလး ဆုပ္ကိုင္ၿပီး  ထိုင္ေစခဲ့သည္။

သူက   ဒီကမာၻရဲ႕ ေဈးအႀကီးဆုံး Modelလို႔ ေခၚရေလာက္ေအာင္ကို အေျခအေနကို လိုက္ေလ်ာညီေထြ လက္ခံႏိုင္စြမ္းက  ျမန္လြန္းသည္။
က်ိဳးယြင္ရွန႔္  က သူ႔သ႐ုပ္ေဆာင္ပုံကို အရမ္းေတြ သေဘာက်ေပမယ့္    သူက ေၾကာက္႐ြံၿပီး  မလုပ္ဖို႔ တားျမစ္ခ်င္ ဟန္ေဆာင္လိုက္သည္။

"  အခုခ်ိန္ကစၿပီး ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ သခင္ေလး ျဖစ္ၿပီးေတာ့ ခင္ဗ်ားက ကြၽန္ေတာ့္ရဲ႕ အေစခံျဖစ္တယ္။ ကြၽန္ေတာ္က Camera ေရွ႕ေရာက္ရင္  သ႐ုပ္ေဆာင္မႈထဲ  စိတ္ပါသြားၿပီး ႐ိုင္းျပတာေလးမ်ားလုပ္မိရင္ ခြင့္လႊတ္ေပးပါဗ်ာ"

" သခင္ေလး ကြၽန္ေတာ့္ကို ဘယ္လိုပဲ ဆက္ဆံပါေစ။ ကြၽန္ေတာ့္ရဲ႕  သစၥာရွိမႈနဲ႔ အခ်စ္ေတြက ေျပာင္းလဲမသြားပါဘူး။ သခင္ေလးသာ လိုအပ္မယ္ဆို ကြၽန္ေတာ္ သခင္ေလး မင္းေဘးမွာ အၿမဲရွိေနၿပီး သခင္ေလးရဲ႕ ျပႆနာအားလုံးကို ေျဖရွင္းေပးသြားမွာပါ။သခင္ေလးကို အေဖာ္ျပဳေနရတာ က ... ကြၽန္ေတာ့္ရဲ႕ အႀကီးမားဆုံးေပ်ာ္႐ႊင္မႈပါ။ "

လူအားလုံးက Acheson သ႐ုပ္ေဆာင္ေနတာလို႔ ထင္ေပမယ့္  ဒီစကားလုံးေတြက သူ႔ရင္ထဲမွာေန သူခ်စ္ေနသည့္ ေကာင္ေလးကို လူသိရွင္ၾကား ဟိုးအရင္ကတည္းက ေျပာခ်င္ေနသည့္ စကားလုံးေတြ ဆိုတာ သူသာ အသိဆုံးျဖစ္သည္။ အခုေျပာလိုက္ရလို႔ သူ႔ႏွလုံးသားထဲ ေက်နပ္မႈေတြနဲ႔ ျပည့္ႏွက္သြားခဲ့ၿပီး  သူက ေလးစားစြာ ေခါင္းၫြတ္ကာ ေနာက္ကို တလွမ္းဆုတ္လိုက္သည္။

က်ိဳးယြင္ရွန႔္  က  ေျခေထာက္ ခ်ိတ္ထိုင္ကာ သူ႔ရဲ႕လက္ေတြကို ဒူးေ ပၚမွာ တင္ထားလိုက္သည္။  ထက္ျမက္ မ်က္ႏွာအမူအရာကို ရဖို႔   သူ႔ေငြေရာင္ ဆံပင္ေလးေတြကို Gel နဲ႔ အေနာက္ကို သပ္တင္ထားၿပီး သူရဲ႕ ေမးကို အနည္းငယ္ ျမႇင့္ကာ  မ်က္လုံးေတြကို အနည္းငယ္ ေမွးထားလိုက္သည္။ ဒါေၾကာင့္ သူ႔ရဲ႕ မ်က္ႏွာအမူအရာက ေမာက္မာသည့္ပုံစံ ေပၚလာသည္။

 သူက အထက္တန္းလႊာ မိသားစုက ဂုဏ္သေရရွိသည့္ သားတစ္ေယာက္အျဖစ္  သ႐ုပ္ေဆာင္ထားၿပီး သူ႔အေနာက္တြင္  ႐ုပ္ေခ်ာခန႔္ညားသည့္ အေစခံတစ္ေယာက္က သူ႔ကို တဖက္သတ္ အရမ္းခ်စ္ရသည့္ ပုံစံျဖင့္ တိတ္ဆိတ္စြာ ေငးၾကည့္ေနသည္။

ဒါက ဓါတ္ပုံ တစ္ပုံသာျဖစ္ေပမယ့္ သူတို႔ႏွစ္ေယာက္ၾကားထဲမွာ ဖုံးကြယ္ထားတဲ့ ဇာတ္လမ္းေတြ ရွိေနမယ္လို႔ ထင္ရေစသည္။ ခပ္မွိန္မွိန္ျဖစ္ေနသည့္   အလင္းေရာင္ေၾကာင့္ ခါးသီးမႈႏွင့္ ခ်ိဳၿမိန္မႈေတြေရာေထြးေနတာကို ထုတ္ေဖာ္ျပလို႔မရသလို ထင္ရသည္။  ။

" အံ့ၾသစရာပဲ...ကြၽန္ေတာ္  ဒီစိတ္ကူးကို ႀကိဳက္တယ္။"

ဓာတ္ပုံဆရာက အခုမွ တစ္ပုံပဲ ႐ိုက္ရေသးေပမယ့္ သူ သေဘာက် ေၾကာင္းကို ေျပာေနၿပီ ျဖစ္သည္။

 Romeo က အေကာင္းဆုံး ဓာတ္ပုံရေအာင္ အခ်ိန္တိုအတြင္း ထပ္႐ိုက္သြားႏိုင္ေလၿပီ။ စိတ္အေႏွာက္ယွက္ျဖစ္လိုက္တာ....။

ၿပိဳင္ပြဲဝင္အားလုံး မနာလိုမႈေၾကာင့္ ေဒါသထြက္ေနၾကၿပီး အထူးသျဖင့္ Emily က  Romeoကို သူမရဲ႕ အဓိက ၿပိဳင္ဘက္အျဖစ္ သတ္မွတ္ထားလိုက္သည္။

" အခု ကြၽန္ေတာ္တို႔  ထမင္းစားခန္းမွာ ႐ိုက္ၾကမယ္။ ဓာတ္ပုံပညာက အႏုပညာတစ္ခု ဆိုေပမယ့္  ကြၽန္ေတာ္က ပရိတ္သတ္ကို ေႏြးေထြးၿပီး  အသက္ဝင္ေနတဲ့ သဘာဝဆန္တဲ့ ခံစားခ်က္မ်ိဳး ေပးခ်င္တယ္။ ဒီ idea ကို ဘယ္လိုထင္လဲဟင္ "

က်ိဳးယြင္ရွန႔္  က သူ႔ကို ေမာ့ၾကည့္ကာေမးလိုက္သည္။

" သခင္ေလးရဲ႕ အေတြးက ေကာင္းပါတယ္။ ဒီအေစခံက ဘယ္လိုမ်ား လုပ္ေပးဖို႔ လိုမလဲ မသိဘူး။ "

Gustav က ထပ္ၿပီးေတာ့ ဦးၫႊတ္လိုက္ျပန္ေလသည္။ ဒီလိုလုပ္ရတာကို Gustav  သေဘာက်ေနသည့္ပုံေပၚသည္။  ေၾကာင္ေပါက္ေလးကသာ သူ႔ႏွလုံးသားကို   ေပးခဲ့မယ္ဆို သူ႔တစ္ဘဝလုံးစာ ေၾကာင္ေပါက္ေလး  အေစခံအျဖစ္ ေနခ်င္သြားေတာ့သည္။

" ကြၽန္ေတာ့္ကို ဝိုင္ ဒါမွမဟုတ္ တစ္ခုခု ေပးပါ။ "

က်ိဳးယြင္ရွန႔္  က မေရမရာေျပာလိုက္သည္။  သူက ဓာတ္ပုံ႐ိုက္ေနတဲ့အခ်ိန္အတြင္း ခံစားခ်က္ ရွာေဖြေလ့ရွိၿပီး ခုလို  ထူးျခားတဲ့ ႐ိုက္ကူးေရးအတြက္ ဘယ္လိုလုပ္ရမွန္း နည္းနည္းမွ မသိေပ။

သူတို႔က ႀကီးမားတဲ့ ထမင္းစားပြဲဆီ လာခဲ့ၾကသည္။ ဝန္ထမ္းေတြက စားပြဲေပၚတြင္  ပန္းကန္ေတြ၊ ဓားႏွင့္ ခက္ရင္း၊ ေပါင္မုန႔္၊ေထာပတ္ႏွင့္ အသီးအ႐ြက္သုပ္မ်ားအျပင္   ဝိုင္နီပုလင္း အခ်ိဳ႕ႏွင့္ ႏြားႏို႔ ကရားမ်ားပင္  ထားေပးထားသည္။ တကယ္လို႔ ၿပိဳင္ပြဲဝင္ေတြက  စားေနတဲ့ ပုံေတြ႐ိုက္ခ်င္ရင္ အဆင္သင့္ ယူငင္သုံးလိုက္ရန္ အားလုံးအဆင္သင့္ျပဳလုပ္ေပးထားသည္။

က်ိဳးယြင္ရွန႔္  က ထိပ္ဆုံး ထိုင္ခုံမွာ ထိုင္လိုက္ၿပီး  ဝိုင္ခြက္ကို သူ႔ရဲ႕အေစခံဆီ ေျမႇာက္ေပးလိုက္သည္။ Gustav က ခ်က္ခ်င္း  ဝိုင္ကို  ထည့္ေပးေပမယ့္ ႐ုတ္တရက္ သူ ရပ္သြားခဲ့သည္။

က်ိဳးယြင္ရွန႔္  က   မ်က္ခုံးကို ပင့္ကာ  သူ႔ရဲ႕ အေစခံဆီကို   မေက်မနပ္ၾကည္လိုက္ၿပီး  ဒီအေစခံ ဘာေၾကာင့္ ယီးတီးေယာင္ေတာင္နဲ႔ အခ်ိန္ဆြဲေနတာလဲ ဆိုၿပီး အျပစ္တင္ဟန္ျဖင့္ စူးရွစြာ ၾကည့္လိုက္သည္။

သစၥာရွိသည့္ အေစခံသည္ ေခါင္းကို အနည္းငယ္ ၫြတ္ကိုင္းလိုက္ၿပီး ၿပဳံးကာ ျငင္သာစြာေျပာလိုက္သည္။

" သခင္ေလး က ခုမွ အ႐ြယ္ေရာက္ၿပီးတာ ေလးလပဲ ရွိေသးတယ္။ အဲ့ဒါေၾကာင့္  အရက္ေသာက္လို႔ မရေသးပါဘူး။ ကြၽန္ေတာ္ သခင္ေလးကို ႏြားႏို႔  ထည့္ေပးပါ့မယ္။ ႏြားႏို႔က သခင္ေလး ကို အရပ္ပိုရွည္ေအာင္ ကူညီေပးလိမ့္မယ္။ "

သခင္ေလးရဲ႕ အၾကည့္စူးစူးေတြကို လ်စ္လ်ဴရႈရင္း အေစခံက  ႏြားႏို႔ တစ္ခြက္ ထည့္ကာ ကမ္းေပးလိုက္သည္။

သူတို႔ႏွစ္ေယာက္ အျပန္လွန္ေျပာဆိုကာ စတင္လုပ္ေဆာင္ေနကတည္းက ကင္မရာသမားက တျဖတ္ျဖတ္႐ိုက္ကူးေနေတာ့သည္။ လူႏွစ္ေယာက္ၾကားတြင္ တစ္ဦးက ကိုယ္ကို အသာေလး ငုံ႔ကိုင္းၾကည့္ေနၿပီး တစ္ဦးက မ်က္ႏွာကို ေမာ့ခ်ီထားသည္။ တစ္ဦးက ႏူးညံ့ ရင့္က်က္ၿပီး နာခံသည့္ပုံေပၚကာ တစ္ဦးက ငယ္႐ြယ္ ေမာက္မာၿပီး လႊမ္းမိုးခ်င္ပုံရသည္။ အသက္ႀကီးသူႏွင့္ အသက္ငယ္သူ ဆန႔္က်င္ဘက္ ႏွစ္ေယာက္ အၾကည့္ခ်င္းဆုံသြားခ်ိန္တြင္ သူတို႔ ပတ္ဝန္းက်င္က လုံးဝကိုထူးျခားသြားသလိုပင္။  မတူညီတဲ့ ႐ုပ္ရည္ေခ်ာေမာမႈေတြ၊ စကားတစ္လုံးမွ ေျပာစရာ မလိုပဲ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈရွိျခင္းက  ထူးျခားဆန္းက်ယ္တဲ့ ဘာရယ္လို႔ေျပာမရတဲ့ ခံစားခ်က္ကိုေပးစြမ္းႏိုင္တဲ့ ဓာတ္ပုံေတြ ထြက္လာေစသည္။

ေကာင္ေလးက့ႏြားႏို႔  ေသာက္ၿပီးခ်ိန္မွာ လူႀကီးက လက္ကိုင္ပုဝါကို  ထုတ္လိုက္ၿပီး ေကာင္ေလးရဲ႕ ပါးစပ္ကို သုတ္ေပး လိုက္သည္။ ေကာင္ေလးက မ်က္ေမွာင္ၾကဳတ္ကာ  စိတ္ရႈပ္ဖို႔ ေကာင္းလိုက္တာ ဆိုသည့္ ပုံစံကို ေဖာ္ျပလိုက္ေသာ္လည္း  ျငင္းဆန္ျခင္း မရွိပဲ မ်က္ႏွာကို ေမာ့ကာ ထိုလူ၏ ဂ႐ုတစိုက္ သုတ္ေပးတာကို ခံေနသည္။  လူႀကီး၏ မ်က္ဝန္းမ်ားက နက္ရႈိင္းစြာေတာက္ပလို႔ေနၿပီး   သူ႔ခံစားခ်က္ကို မဖုံးကြယ္ႏိုင္ေအာင္ျဖစ္ေနသည္။  သူတို႔ ႏွစ္ေယာက္၏ မ်က္ႏွာ အေနအထားႏွင့္ ပုံစံေတြက ဓါတ္ပုံထဲမွာျဖစ္ေပမယ့္ ၾကည့္ရႈသူတိုင္းကို ဆြဲေဆာင္ေနသည္။

ဓာတ္ပုံဆရာက အေနထားတိုင္းကို အမိအရ ႐ိုက္ကူးထားၿပီး    တစ္ပုံခ်င္းစီကိုခ်ဲ႕ၾကည့္ၿပီး ေလ့လာေနသည္။  ျပည့္စုံတဲ့ အလင္း အေမွာင္ခ်ိန္ၿငိမႈ၊ ေကာင္းမြန္တဲ့ Style ႏွင့္ အမူအရာေတြ၊ သူတို႔ ႏွစ္ဦး၏ မ်က္လုံးထဲက စကားေတြနဲ႔ ခံစားခ်က္ေၾကာင့္ ဓါတ္ပုံက ပိုႂကြ လာေတာ့ သည္။   ဒီဓါတ္ပုံထဲမွာ စိတ္ခံစား ရသေတြနဲ႔ ျပည့္ေနၿပီး ပရိတ္သတ္ တိုင္း၏ ႏွလုံးသားကို အလြယ္တကူ သိမ္းပိုက္သြားမွာ ေသခ်ာသည္။ 

ဓာတ္ပုံဆရာက ဒီလိုပုံေတြ ေရာင္းဖို႔ စိတ္မကူးေပမယ့္ အတိုင္းထက္အလြန္ ေကာင္းလြန္းသည့္ပုံမ်ားက Yaoi couple ေတြကို သေဘာက်ႏွစ္သက္သည့္ Fujoshi မမ မ်ားကို ေသလုေအာင္ ဆြဲေဆာင္ႏိုင္မည္ကို သူ ေသခ်ာသိလိုက္သည္။

ဓာတ္ပုံဆရာက Camera မွန္ဘီလူးကို ခ်ိန္ညႇိလိုက္ခ်ိန္   လူႏွစ္ေယာက္က ထမင္းစားခန္းမွာ မရွိေတာ့ပဲ အဝတ္အစားထားတဲ့ အခန္းဆီကို ေလွ်ာက္သြားသည္ကို ေတြ႕လိုက္ရသည္။

" သခင္ေလး နက္ခ္တိုင္က ေျပေနၿပီ။ "

Gustavက ကိုယ္ကို အနည္းငယ္ကိုင္းၫြတ္ကာ   ဆယ္ေက်ာ္သက္ေကာင္ေလးရဲ႕ နက္ခ္တိုင္ကို ျပင္ေပးလိုက္ရင္း သူ႔ လက္ေခ်ာင္းေတြက ေကာင္ေလးရဲ႕ စလုတ္ေလးကို သြားထိလိုက္မိသည္။

ဒီစလုတ္က ဒီေယာက်္ားတစ္ေယာက္ရဲ႕ အထိမခံႏိုင္တဲံ အားနည္းခ်က္ထဲမွာ ပါသည္။ တကယ္လို႔ သူသာ ဓါတ္ပုံ႐ိုက္ဖို႔ မလိုအပ္လွ်င္ က်ိဳးယြင္ရွန႔္က သူ႔အထိမခံႏိုင္သည့္ ဒီေနရာကို ျမင္ေအာင္ လည္ပင္းကို ေမာ့ျပမည္မဟုတ္ေပ။ အခုေတာ့ ဒီလူက တမင္သက္သက္လား၊ မရည္႐ြယ္ပဲလား မသိေပမယ့္ မသိေပမယ့္ သူ႔လည္စလုတ္ေလးကို ထိလိုက္သည့္စကၠန႔္ပိုင္းေလးအတြင္းမွာ  သူ သည္းမခံႏိုင္ေတာ့ပဲ တဖက္လူရဲ႕ လက္ကို ပုတ္ခ်လိုက္ၿပီး တဖက္လူရဲ႕  Necktieကို ဆြဲၿပီး သူ႔ကို ေအာက္ကို ဆြဲခ်ကိုင္းၫြတ္လာေစသည္။ ပထမဆုံးအႀကိမ္အျဖစ္ သူ႔ရဲ႕ ပင္လယ္ျပာေရာင္ မ်က္ဝန္းေလးမ်ားထဲ ခါတိုင္းလို ႐ိုးသားျဖဴစင္မႈေတြ ေပ်ာက္သြားၿပီး အႏၲရာယ္ရွိတဲ့ အၾကည့္ေတြ ေပၚလာၿပီး သူ႔ေရွ႕က လူကို လည္ပင္းကို ထပ္မထိဖို႔ အၾကည့္ျဖင့္ တိတ္ဆိတ္စြာ သတိေပးလိုက္သည္။ ဒါက သူ သည္းမခံ ႏိုင္သည့္ ေနရာျဖစ္သည္။

Gustav ရဲ႕ အံ့ဩမႈက တခဏတြင္းေပ်ာက္သြားၿပီး  စိတ္လႈပ္ရွား လာသည္။ သူ႔ေၾကာင္ေပါက္ေလးက ခ်စ္ဖို႔ေကာင္း သည့္အျပင္ ခြၽန္ထက္တဲ့ လက္သည္းေတြ ဝွက္ထားပုံ ရသည္။ တကယ္လို႔ တစ္ေယာက္ေယာက္က သူ႔ေဒါသသြားစမိရင္ ခ်က္ခ်င္းလက္တုန႔္ျပန္ မယ့္ပုံေလးက တကယ့္ကို စိတ္လႈပ္ရွားဖို႔ ေကာင္းလွသည္။

  ဒီကမာၻေပၚမွာ ဒီေလာက္ထူးျခား၊လွပၿပီး ကိုယ္ရည္ကိုယ္ေသြး  အမ်ိဳးမ်ိဳးနဲ႔ ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးမ်ိဳးရွိေနရတာလဲ။ သူက ငါ့အႀကိဳက္နဲ႔လုံးကြ ကြက္တိက်တဲ့သူေလးပဲ။ 

Gustav က ေလးနက္စြာ ၿပဳံးလိုက္ၿပီး သူ႔ရဲ႕ Necktieကို ႐ုတ္တရက္ ဆြဲလိုက္လို႔ ေၾကာင္သြားတဲ့ အျပဳအမူကို ထိန္းထားရင္းနဲ႔ သူ႔ရဲ႕ လက္ေမာင္းေတြကို ဆန႔္ထုတ္ၿပီး အေနာက္နံရံနဲ႔ သူ႔ရင္ခြင္ၾကားထဲ သခင္ငယ္ေလးကို ပိတ္ထားလိုက္သည္။ သူ႔  လည္ပင္းကို ဆုပ္ကိုင္ ညစ္ထားရင္ေတာင္ သူက ပိုသန္မာတဲ့ အေနထားမွာ ရွိတယ္ဆိုတာ ျပသလိုက္သည္။  

သခင္ငယ္ေလးက အေၾကာက္လန႔္မရွိပဲ ေမာက္မာစြာနဲ႔ သူ႔ေမးကို ေျမႇာက္လိုက္ၿပီး မ်က္လုံးမ်ားကို ေမွးစင္းကာ သူ႔အေစခံကို ၾကည့္လိုက္သည္။ ဒီအေနထားက သူတို႔ၾကားထဲက အကြာအေဝးကို ပိုနီးကပ္သြားေစၿပီး တစ္ေယာက္အသက္႐ူထုတ္လိုက္သည့္ ေလက တေယာက္ကို သြား႐ိုက္ခတ္မိသြားသည္။

Gustav က သူ႔လက္ကို နံရံမွာ အားျပဳကာ ေထာက္ထားေပမယ့္   သူရဲ႕ ေသြးေၾကာတိုင္းက ေတာင္က်ေခ်ာင္းေရလို ခုန္ေနၿပီး သူ႔ေၾကာင္ေပါက္ေလးကို လက္ေမာင္းထဲထည့္ကာ ဖက္လိုက္ခ်င္စိတ္ ခ်စ္ပစ္ခ်င္ စိတ္ကို အနည္းေတာင့္ခံထားရသျဖင့္   သူ႔ခႏၶာကိုယ္ တစ္ခုလုံး  ေတာင့္တင္းလို႔ေနသည္။ သူက အရပ္ရွည္ရွည္နဲ႔ ေကာင္ေလး ကိုယ္ေပၚကေန စီးမိုးထားေပမယ့္  သခင္ငယ္ေလးက အားနည္းျခင္း ေပ်ာ့ညံ့ျခင္းမရွိပဲ သူ႔ရဲ႕ေတာက္ပေနတဲ့ ဆန႔္က်င္ေနတဲ့ မ်က္ဝန္း ရိပ္ေတြက Gustav ကို ေမွာင္မိုက္တဲ့ အေတြးေတြနဲ႔ မလုပ္သင့္တာကို လုပ္ဖို႔ တြန္းအားေပးေနသလိုပဲ။

ဒီလို ျပင္းထန္တဲ့ ခံစားခ်က္ေတြ အခ်င္းခ်င္း ထိေတြ႕မိျခင္းနဲ႔ စိတ္ဓါတ္က်ျခင္းတို႔က အခ်စ္မွာ႐ူးသြပ္ေအာင္ ဆြဲေဆာင္ႏိုင္တဲ့ အဓိက အခ်က္ေတြပဲ ျဖစ္သည္။ ဒီဟာက အထက္တန္းလႊာသခင္ေလးနဲ႔ နာခံတတ္တဲ့ အေစခံၾကား၊ သစၥာရွိမႈနဲ႔ သစၥာေဖာက္မႈ၊ သူတို႔ႏွစ္ေယာက္ရဲ႕ဇာတ္ေကာင္ေတြၾကား အားၿပိဳင္မႈက ၿပိဳင္ဖက္ကင္းဓါတ္ပုံေတြကို ထြက္ေပၚလာေစသည္။

"အေကာင္းဆုံးပဲ... အရမ္းလွတယ္။   ပုံ ၃၀လုံး  တစ္ပုံမွ အလဟႆမျဖစ္ဘူး။  မင္းတို႔ႏွစ္ေယာက္ရဲ႕ အမူယာက တကယ္ေကာင္းလြန္းတယ္။ "

ဓာတ္ပုံဆရာက စိတ္လႈပ္ရွားစြာ ေအာ္ေျပာလိုက္သည္။ ဒါက  သူတို႔ႏွစ္ေယာက္ ပထမဆုံး တြဲၿပီး ဓါတ္ပုံ႐ိုက္ဖူးတာျဖစ္ေပမယ့္ သူတို႔ၾကားက နားလည္မႈနဲ႔ ပူးေပါင္းလုပ္ေဆာင္ႏိုင္မႈက မသိရင္ ႏွစ္ေပါင္း မ်ားစြာသိလာခဲ့သလိုပဲ။  သူတို႔ႏွစ္ေယာက္ အတူ ရပ္ေနတဲ့အခါ သူတို႔ေဘးနားက အရာမွန္သမွ် ေမွးမွိန္သြားၿပီး သူတို႔ကို ဘယ္သူမွ ခြဲျခားလို႔မရပဲ ႏွစ္ေယာက္တည္းပဲ ဒီကမာၻေပၚမွာ ရွိေနသလို ျဖစ္သြားေစသည္။ သူတို႔သာ ခ်စ္သူျဖစ္သြားမယ္ဆိုရင္ ဓာတ္ပုံဆရာက နည္းနည္းေလးေတာင္ အံ့ဩမိမယ္ မထင္ဘူး။

က်ိဳးယြင္ရွန႔္  က အေရွ႕က လူကို အျမန္တြန္းထုတ္လိုက္ၿပီး မ်က္ႏွာနီနီေလးႏွင့္ ေတာင္းပန္လိုက္သည္။

" ကြၽန္ေတာ့္ အျပဳအမူကို ခြင့္လႊတ္ေပးပါ Mr Acheson ။ ကြၽန္ေတာ့္ လည္ပင္းကို အထိမခံႏိုင္လို႔ပါ။ "

" ရပါတယ္။ ကိုယ္က အရမ္း ရဲတင္းသြားမိတာပါ။ ဒါနဲ႔ မင္းလည္ပင္းကို ဘယ္သူမွ မထိဖူးဘူးေပါ့ "

Gustavက အံ့ဩကာ ေမွ်ာ္လင့္ခ်က္ႀကီးစြာႏွင့္ေမးလိုက္သည္။

" ဟုတ္ကဲ့။ ေတာင္းပန္ပါတယ္။ "

က်ိဳးယြင္ရွန႔္  မညာေပ။ Romeoက တကယ့္ကို ဘယ္သူ႔အထိေတြ႕ကိုမွ မခံဖူးသည့္ လူပ်ိဳေလးစစ္စစ္သာ ျဖစ္သည္။

Gustavရဲ႕  မ်က္ဝန္းညိဳေတြက ေတာက္ပသြားၿပီး ေၾကာင္ေပါက္ရဲ႕ ဆံပင္ေတြကို ဖြလိုက္ၿပီးႏူးညံ့စြာ ေျပာလိုက္သည္။

" ရပါတယ္။ ဒါ ကိုယ့္အမွားပါ။ မင္းခြင့္ျပဳခ်က္ မရပဲ မင္းရဲ႕ အထိမခံႏိုင္တဲ့ ေနရာကို ထိခဲ့မိတာပါ။ ကိုယ္ကပဲ မင္းကို ေတာင္းပန္ရမွာပါ။ "

သူတို႔ႏွစ္ေယာက္  တစ္ေယာက္ကို တစ္ေယာက္ ၿပဳံးၾကည့္လိုက္ၿပီး ေနရခက္သည့္ အေျခေနကို ေလ်ာ့ပါးေစသည့္အခ်ိန္  Emily က  ဝတ္စုံရွည္ကို ဝတ္ကာ ကပ္လာရင္း အၿပဳံးေလးႏွင့္ေျပာလိုက္သည္။

" စကားေျပာေနတာကို ေႏွာင့္ယွက္ရတဲ့အတြက္ အားနာပါတယ္ Mr Acheson ။ အခု ကြၽန္မ ႐ိုက္ဖို႔ အခ်ိန္ေရာက္ပါၿပီ။ "

သူမရဲ႕ ဝတ္စုံက ထိုးေဖာက္ျမင္ေနရသည့္အနက္ေရာင္ ဝတ္စုံျဖစ္ၿပီး ေနေရာင္ျခည္ေအာက္တြင္  သူမရဲ႕ ဆြဲေဆာင္မႈ ရွိတဲ့ ခႏၶာကိုယ္အလုံးစုံကို ေဖာ္ျပေနသည္။ သူမ ေျခလွမ္းတိုင္း တစ္ဝက္ေဖာ္ထားသည့္ ေ႐ႊရင္ အစုံက တုန္ခါေနၿပီး အရင္တခါ ေရကူးဝတ္စုံဝတ္ထားသည္ ထက္ပင္ တဖက္သားကို ႏႈိးဆြေနသလိုပင္။

စိတ္လႈပ္ရွားျခင္းတစ္စက္မွမရွိသည့္ Gustavမွ လြဲ၍ အခန္းထဲမွ ေယာက်္ားေလးတိုင္းက  ပိုင္ဆိုင္လိုစိတ္မ်ားျဖင့္ သူမအား ေငးေနၾကသည္။

"ေကာင္းၿပီ။  ခဏေရင္ ကိုယ္လာခဲ့မယ္။ "

Gustavက   ၿပဳံးကာယဥ္ေက်းစြာေျပလိုက္ၿပီး သူမနဲ႔ၾကားထဲ ပိုေဝးေအာင္ နည္းနည္းခြာလိုက္ၿပီး    Romeoကို ႏႈတ္ဆက္စကား ေျပာေနသည့္အခ်ိန္  သူ႔မ်က္လုံးလုံးထဲ့ ႏူးညံ့တဲ့ ခ်စ္ျခင္းေတြနဲ႔ ျပည့္ေနသည္။ ဒီျမင္ကြင္းက Emilyကို မနာလိုစိတ္ေၾကာင့္ ေဒါသတႀကီးျဖစ္သြားေစသည္။  သူတို႔ႏွစ္ေယာက္ၾကားထဲ  အခ်စ္ဇာတ္လမ္းေတြမ်ား ရွိေနႏိုင္မလားလို  သံသယဝင္သြားေပမယ့္ သူမက ခ်က္ခ်င္း ဒီအေၾကာင္းကို ေခါင္းထဲက ထုတ္လိုက္သည္။  ဒီေလာက္  ဆြဲေဆာင္မႈ ရွိတဲ့ Mr. Achesonက ဘယ္လိုလုပ္ၿပီး ေယာက်္ားျခင္း စိတ္ဝင္စားမွာတဲ့လဲ။

Emilyရဲ႕ Partnerအတြက္ ဝတ္စုံက အထက္တန္းလႊာ ဝတ္စုံျဖစ္ၿပီး အနက္ေရာင္ ကုတ္အက်ႌႏွင့္ အနက္ေရာင္ Shirt နဲ႔ တကိုယ္လုံးအနက္ေတြ ဆင္ျမန္းထားၿပီး နက္ခ္တိုင္စည္းထားျခင္းမရွိေပ။

Mr.Acheson အဝတ္အစားလဲခန္းမွ ထြက္လာေသာအခါ သူမ  သေဘာက်စြာ ေငးေမာမိသြားၿပီး သူ႔ရဲ႕ Shirtအက်ႌမွ ၾကယ္သီးအခ်ိဳ႕ကို ျဖဳတ္ေပးရန္ သူမ လက္လွမ္းလိုက္ေပမယ့္ Gustav က ခ်က္ခ်င္း ေနာက္ကို ဆုတ္လိုက္ၿပီး ကိုယ့္ဘာသာ ၾကယ္သီးကို ျဖဳတ္လိုက္သည္။

 ဒီမိန္းမ ဘာေသာက္လုပ္ေတြ လုပ္ခ်င္ေနတာလဲ။

 သူ တစ္ခ်က္ၾကည့္လိုက္တာနဲ႔ သူမ ရည္႐ြယ္ခ်က္ေတြကို သိသြားၿပီျဖစ္သည္။ ဒီေကာင္မေလးက Haydenရဲ႕ ရည္းစား လုိ႕ သူ သိထားသည္။

သူရဲ႕အမူအရာေတြက ျငင္သာသိမ္ေမြ႕ေပမယ့္  သူ႔မ်က္လုံးေတြက  စိတ္မရွည္မႈေတြ ယွက္သန္းေနသည္ကို ေတြ႕ႏိုင္သည္။ Emily က လမ္းေပၚမွာ ႀကီးျပင္းလာသူ ျဖစ္လို႕ တဖက္လူရဲ႕မ်က္ဝန္းထဲကတဆင့္ ခံစားခ်က္ကို ခ်က္ခ်င္းသိလိုက္ျပီး အျမန္ေတာင္းပန္ကာ  တရင္းတႏွီး  ထိျခင္းကို ေရွာင္လိုက္သည္။

သူမက  Romeoနဲ႔ သူမၾကား Achesonရဲ႕ဆက္ဆံပုံ ကြာျခားတာကို သတိထားမိျပီး စိုးရိမ္ေသာကေရာက္ေနလို႕ သူမ ဓာတ္ပုံ႐ိုက္တဲ့အခါ  သူမရဲ႕ ဆြဲေဆာင္မႈရွိတဲ့ အစိတ္အပိုင္းေတြကို အသုံးျပဳျပီး တဖက္လူကို   မေတာ္တဆသြားသြားထိျပီး စိတ္ပါလာေအာင္ ဆြဲေဆာင္ခဲ့သည္။

  Acheson ဘက္က ဘယ္လုိမွ ထူးျခားမလာလို႕  Emily  စိတ္ပ်က္ သြားခဲ့သည္။ ဓာတ္ပုံ႐ိုက္ၿပီးတဲ့အခါ   Acheson က သူမကို  ေအးစက္စက္စိုက္ၾကည့္ၿပီး ထြက္သြားခဲ့သျဖင့္ Emily  ဆံပင္ေမြးေတြ ေထာင္လာျပီး ဒီလိုအျဖစ္မ်ိဳး ေနာက္တခါ ဘယ္ေတာ့မွ ထပ္မႀကံဳခ်င္ေတာ့တဲ့အထိ ေၾကာက္သြားခဲ့သည္။

ငါ အရမ္းကပ္သြားမိလို႕  Mr.Acheson က ရွက္သြားတာလား။ ဒီမွာ Cameraေတြ အမ်ားႀကီးရွိေနတာ သူ ငါ့ကို သေဘာက်ျပီး ေဖာ္ျပလိုက္ရင္ ဘက္လိုက္ရာက်သြားမွာစိုးလို႕ထင္တယ္။  ငါက Bonnieထက္ လွတာပဲ။ သူ ငါ့ကို သေဘာမက်စရာ အေၾကာင္း မရွိပါဘူးေလ။ 

Emily က သူရဲေကာင္းဆန္ဆန္ ဇြဲလံု႕လေတြရွိျပီး ခ်က္ခ်င္းပဲ စိတ္ဓါတ္က်တာကို ဖယ္ရွားလိုက္နုိင္ျပီး သူမရဲ႕ ႀကိဳးစားအားထုတ္မႈကို နွစ္ဆတုိးျမွင့္လိုက္နုိင္ခဲ့သည္။
======================

Chapter (13) မာနကြီးသည့် သခင်လေးနှင့် ချစ်စိတ်ပြင်းပြသည့် အစေခံ (Zawgyi+Unicode)

တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးဖို့  Gustav က မိတ်ဆက်တာကို  အဓိကထားတာဖြစ်မည်ဟု ထင်လိုက်ပြီးကျိုးယွင်ရှန့် လျှောက်မတွေးပဲ အဝတ်အစား ကိုယ်စီကို လဲပြီးနောက် တဖက်လူကို ကြည့်လိုက်ကြသည်။ 

ကျိုးယွင်ရှန့် က သူ့ အတွက် အထက်တန်းစားလွှာ အင်္ဂလိပ်လူမျိုးများဝတ်လေ့ရှိသည့် နံနက်ခင်းဝတ်စုံကို ရွေးချယ်ထားသည်။ မီးခိုးရောင်ဘက်ကဲသည့် ငွေရောင် အပေါ်ဝတ်အင်္ကျီနှင့် အစင်းဖျော့ဖျော့ နှင့် ဘောင်းဘီရှည်၊ ခဲရောင် ကုတ်အောက်ခံကို ရှပ်အဖြူနှင့် တွဲဝတ်ထားပြီး ခဲရင့်ရောင် မာဖလာကို လည်ပင်းတွင် ပတ်ထားသည်။ ဒါကြောင့် သူ့ပုံစံက ဂုဏ်သရေရှိ အထက်တန်းလွှာသခင်လေးပေါက်နေပြီး သူ့ကိုယ်ဟန်အမူယာက သိမ်မွေ့ကာ လူတွေအကြည့်မလွဲနိုင်အောင် ကျက်သရေရှိလို့နေသည်။

Gustav က ကောင်လေးကို အတော်ကြာငေးကြည့်နေပြီး သူ့ဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ သူဝတ်ထားတာလည်း သခင်ငယ်လေးကဲ့သို့ ရှပ်၊ ကုတ်အောက်ခံလက်ပြတ်နှင့် အပေါ်ထပ် ကုတ်င်္အကျီဖြစ်ပေမယ့်    ကြောင်ပေါက်ဝတ်ထားသလို မဟုတ်ပဲ သူရဲ့ပုံစံက အစေခံ တစ်ယောက်ပုံစံဖြစ်နေလေသည်။

ကျိုးယွင်ရှန့် က မျက်နှာလေးရဲနေပြီး ရှင်းပြသည်။

"  ကျွန်တော်က ၁၈ရာစုနှစ်လောက်က အင်္ဂလိပ်အထက်တန်းလွှာတွေရဲ့ လူနေမှုပုံစံကို သရုပ်ဖော်ချင်လို့ ဒီလိုဝတ်ခိုင်းရတာပါ။ ဒါကြောင့် အဝတ်စားတွေကို မာနကြီးပြီး ငြီးငွေ့စရာပေမယ့်သွက်လက်တဲ့ ရှေးကျတဲ့ပုံစံ ကို ဝတ်ဆင်ခိုင်းထားတာပါ။ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်က သခင်လေးနဲ့ အစေခံပုံစံ ဝတ်ဆင်ထားတာပါ။ အခု ကျွန်တော်က Mr. Acheson ရဲ့သခင်လေးဖြစ်နေပါပြီ။  Mr. Acheson လက်ခံနိုင်ရဲ့လား။ "

ကျိုးယွင်ရှန့် က တဖက်လူကို သူ့မျက်ဝန်းလှလှလေးနှင့် မော့ကြည့်လိုက်သည်။ ကျိုးယွင်ရှန့်  သူ့ခန္ဓာကိုယ်ရဲ့  ဆွဲဆောင်မှုနဲ့ တဖက်သားကို ဘယ်လို ဆွဲဆောင်ရမည်ဆိုတာကို ကောင်းကောင်းသိပြီး သူ့အလုပ် အဆင်ပြေဖို့ ဒါကို တွန့်ဆုတ်ခြင်းမရှိ အသုံးပြုလိုက်သည်။  သူ့ရှေ့မှာရှိတဲ့ Gustavက  စိတ်ဆိုးခြင်း မရှိပဲ သိမ်မွေ့စွာပြုံးပြီး ပြောလိုက်သည်။

" ကျွန်တော် အလုပ်အကျွေးပြုဖို့ အသင့်ပါပဲ သခင်လေး "

 သူရဲ့ လုံးဝစိတ်မဆိုးပဲ ချက်ချင်း လိုက်လျောညီထွေ တုန့်ပြန်တိုင်စွမ်းကို   ကျိုးယွင်ရှန့်  အရမ်းကျေနပ်သွားမိသည်။ ကျိုးယွင်ရှန့် လည်း သူ့ကို ကျေးဇူးတင်ကြောင်း ပြန်ပြသလိုက်သည်။

့နှစ်ယောက်လုံးက ရုပ်ချောပြီးသား ဖြစ်တဲ့အတွက် သိပ်ပြင်စရာ မလိုပဲ ဓါတ်ပုံရိုက်ရမည့် ရှေးခေတ်စတိုင် ဧည့်ခန်းကဲ့သို့ပြင်ဆင်ထားသည့် နေရာကို လျှောက်လာခဲ့သည်။ 

" ဘယ်လို ပုံစံနဲ့များ ဓာတ်ပုံရိုက်ချင်ပါသလဲ သခင်လေး "

Gustav က လေးစားရိုကျိုးစွာ မေးလိုက်သည်။ လုပ်လို့ရမယ်ဆိုရင်     သူ့ကြောင်ပေါက်လေး လက်ကို ကိုင်ကာ နမ်းပြီး မေးလိုက်ချင်သည်။

သူရဲ့ ဂုဏ်သရေရှိသည့် တဖက်သားအပေါ် စဉ်းစားပေးတတ်သည့် သိမ်မွေ့သည့် အမူရာများက   မိန်းကလေး ပြိုင်ပွဲဝင် အားလုံးကို စိတ်လှုပ်ရှားစွာ အော်ဟစ်လာစေသည်။


" ကျွန်တော်က ထိုင်ခုံမှာထိုင်မယ်။ ခင်ဗျားက ကျွန်တော့်ဘေးမှာ ရပ်ပေးပါ။ ဓါတ်ပုံကာလာ ဘဘယ်လိုရှိလဲ သိရအောင် ဒီအတိုင်းပဲ အရင်ရိုက်ကြည့်မယ်။ တကူးတက ကိုယ်အမူယာလုပ်ဖို့မလိုဘူး။    ဒီတိုင်း ခင်ဗျားရဲ့ နေရာကနေ သရုပ်ဆောင်ပေးရုံပဲ။ ဒါပေမယ့် တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျွန်တော်တို့ နှစ်ယောက်ကြားက အနေထားကို ချက်ချင်းတန်းသိအောင်တော့ လုပ်ပေးပါ။ "

" ကောင်းပါပြီ သခင်လေး။  ကျေးဇူးပြုပြီး ထိုင်လိုက်ပါ။ "

Gustavက ချက်ချင်း ထည်ဝါခမ်းနားတဲ့ နောက်မှီ ထိုင်ခုံမြင့်ကို သန့်ရှင်းအောင် လုပ်လိုက်ပြီး သူ့ ကြောင်ပေါက်လေးရဲ့ လက်ကို အသာလေး ဆုပ်ကိုင်ပြီး  ထိုင်စေခဲ့သည်။

သူက   ဒီကမ္ဘာရဲ့ ဈေးအကြီးဆုံး Modelလို့ ခေါ်ရလောက်အောင်ကို အခြေအနေကို လိုက်လျောညီထွေ လက်ခံနိုင်စွမ်းက  မြန်လွန်းသည်။
ကျိုးယွင်ရှန့်  က သူ့သရုပ်ဆောင်ပုံကို အရမ်းတွေ သဘောကျပေမယ့်    သူက ကြောက်ရွံပြီး  မလုပ်ဖို့ တားမြစ်ချင် ဟန်ဆောင်လိုက်သည်။

"  အခုချိန်ကစပြီး ကျွန်တော်က ခင်ဗျားရဲ့ သခင်လေး ဖြစ်ပြီးတော့ ခင်ဗျားက ကျွန်တော့်ရဲ့ အစေခံဖြစ်တယ်။ ကျွန်တော်က Camera ရှေ့ရောက်ရင်  သရုပ်ဆောင်မှုထဲ  စိတ်ပါသွားပြီး ရိုင်းပြတာလေးများလုပ်မိရင် ခွင့်လွှတ်ပေးပါဗျာ"

" သခင်လေး ကျွန်တော့်ကို ဘယ်လိုပဲ ဆက်ဆံပါစေ။ ကျွန်တော့်ရဲ့  သစ္စာရှိမှုနဲ့ အချစ်တွေက ပြောင်းလဲမသွားပါဘူး။ သခင်လေးသာ လိုအပ်မယ်ဆို ကျွန်တော် သခင်လေး မင်းဘေးမှာ အမြဲရှိနေပြီး သခင်လေးရဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးသွားမှာပါ။သခင်လေးကို အဖော်ပြုနေရတာ က ... ကျွန်တော့်ရဲ့ အကြီးမားဆုံးပျော်ရွှင်မှုပါ။ "

လူအားလုံးက Acheson သရုပ်ဆောင်နေတာလို့ ထင်ပေမယ့်  ဒီစကားလုံးတွေက သူ့ရင်ထဲမှာနေ သူချစ်နေသည့် ကောင်လေးကို လူသိရှင်ကြား ဟိုးအရင်ကတည်းက ပြောချင်နေသည့် စကားလုံးတွေ ဆိုတာ သူသာ အသိဆုံးဖြစ်သည်။ အခုပြောလိုက်ရလို့ သူ့နှလုံးသားထဲ ကျေနပ်မှုတွေနဲ့ ပြည့်နှက်သွားခဲ့ပြီး  သူက လေးစားစွာ ခေါင်းညွတ်ကာ နောက်ကို တလှမ်းဆုတ်လိုက်သည်။

ကျိုးယွင်ရှန့်  က  ခြေထောက် ချိတ်ထိုင်ကာ သူ့ရဲ့လက်တွေကို ဒူးေ ပါ်မှာ တင်ထားလိုက်သည်။  ထက်မြက် မျက်နှာအမူအရာကို ရဖို့   သူ့ငွေရောင် ဆံပင်လေးတွေကို Gel နဲ့ အနောက်ကို သပ်တင်ထားပြီး သူရဲ့ မေးကို အနည်းငယ် မြှင့်ကာ  မျက်လုံးတွေကို အနည်းငယ် မှေးထားလိုက်သည်။ ဒါကြောင့် သူ့ရဲ့ မျက်နှာအမူအရာက မောက်မာသည့်ပုံစံ ပေါ်လာသည်။

 သူက အထက်တန်းလွှာ မိသားစုက ဂုဏ်သရေရှိသည့် သားတစ်ယောက်အဖြစ်  သရုပ်ဆောင်ထားပြီး သူ့အနောက်တွင်  ရုပ်ချောခန့်ညားသည့် အစေခံတစ်ယောက်က သူ့ကို တဖက်သတ် အရမ်းချစ်ရသည့် ပုံစံဖြင့် တိတ်ဆိတ်စွာ ငေးကြည့်နေသည်။

ဒါက ဓါတ်ပုံ တစ်ပုံသာဖြစ်ပေမယ့် သူတို့နှစ်ယောက်ကြားထဲမှာ ဖုံးကွယ်ထားတဲ့ ဇာတ်လမ်းတွေ ရှိနေမယ်လို့ ထင်ရစေသည်။ ခပ်မှိန်မှိန်ဖြစ်နေသည့်   အလင်းရောင်ကြောင့် ခါးသီးမှုနှင့် ချိုမြိန်မှုတွေရောထွေးနေတာကို ထုတ်ဖော်ပြလို့မရသလို ထင်ရသည်။  ။

" အံ့သြစရာပဲ...ကျွန်တော်  ဒီစိတ်ကူးကို ကြိုက်တယ်။"

ဓာတ်ပုံဆရာက အခုမှ တစ်ပုံပဲ ရိုက်ရသေးပေမယ့် သူ သဘောကျ ကြောင်းကို ပြောနေပြီ ဖြစ်သည်။

 Romeo က အကောင်းဆုံး ဓာတ်ပုံရအောင် အချိန်တိုအတွင်း ထပ်ရိုက်သွားနိုင်လေပြီ။ စိတ်အနှောက်ယှက်ဖြစ်လိုက်တာ....။

ပြိုင်ပွဲဝင်အားလုံး မနာလိုမှုကြောင့် ဒေါသထွက်နေကြပြီး အထူးသဖြင့် Emily က  Romeoကို သူမရဲ့ အဓိက ပြိုင်ဘက်အဖြစ် သတ်မှတ်ထားလိုက်သည်။

" အခု ကျွန်တော်တို့  ထမင်းစားခန်းမှာ ရိုက်ကြမယ်။ ဓာတ်ပုံပညာက အနုပညာတစ်ခု ဆိုပေမယ့်  ကျွန်တော်က ပရိတ်သတ်ကို နွေးထွေးပြီး  အသက်ဝင်နေတဲ့ သဘာဝဆန်တဲ့ ခံစားချက်မျိုး ပေးချင်တယ်။ ဒီ idea ကို ဘယ်လိုထင်လဲဟင် "

ကျိုးယွင်ရှန့်  က သူ့ကို မော့ကြည့်ကာမေးလိုက်သည်။

" သခင်လေးရဲ့ အတွေးက ကောင်းပါတယ်။ ဒီအစေခံက ဘယ်လိုများ လုပ်ပေးဖို့ လိုမလဲ မသိဘူး။ "

Gustav က ထပ်ပြီးတော့ ဦးညွှတ်လိုက်ပြန်လေသည်။ ဒီလိုလုပ်ရတာကို Gustav  သဘောကျနေသည့်ပုံပေါ်သည်။  ကြောင်ပေါက်လေးကသာ သူ့နှလုံးသားကို   ပေးခဲ့မယ်ဆို သူ့တစ်ဘဝလုံးစာ ကြောင်ပေါက်လေး  အစေခံအဖြစ် နေချင်သွားတော့သည်။

" ကျွန်တော့်ကို ဝိုင် ဒါမှမဟုတ် တစ်ခုခု ပေးပါ။ "

ကျိုးယွင်ရှန့်  က မရေမရာပြောလိုက်သည်။  သူက ဓာတ်ပုံရိုက်နေတဲ့အချိန်အတွင်း ခံစားချက် ရှာဖွေလေ့ရှိပြီး ခုလို  ထူးခြားတဲ့ ရိုက်ကူးရေးအတွက် ဘယ်လိုလုပ်ရမှန်း နည်းနည်းမှ မသိပေ။

သူတို့က ကြီးမားတဲ့ ထမင်းစားပွဲဆီ လာခဲ့ကြသည်။ ဝန်ထမ်းတွေက စားပွဲပေါ်တွင်  ပန်းကန်တွေ၊ ဓားနှင့် ခက်ရင်း၊ ပေါင်မုန့်၊ထောပတ်နှင့် အသီးအရွက်သုပ်များအပြင်   ဝိုင်နီပုလင်း အချို့နှင့် နွားနို့ ကရားများပင်  ထားပေးထားသည်။ တကယ်လို့ ပြိုင်ပွဲဝင်တွေက  စားနေတဲ့ ပုံတွေရိုက်ချင်ရင် အဆင်သင့် ယူငင်သုံးလိုက်ရန် အားလုံးအဆင်သင့်ပြုလုပ်ပေးထားသည်။

ကျိုးယွင်ရှန့်  က ထိပ်ဆုံး ထိုင်ခုံမှာ ထိုင်လိုက်ပြီး  ဝိုင်ခွက်ကို သူ့ရဲ့အစေခံဆီ မြှောက်ပေးလိုက်သည်။ Gustav က ချက်ချင်း  ဝိုင်ကို  ထည့်ပေးပေမယ့် ရုတ်တရက် သူ ရပ်သွားခဲ့သည်။

ကျိုးယွင်ရှန့်  က   မျက်ခုံးကို ပင့်ကာ  သူ့ရဲ့ အစေခံဆီကို   မကျေမနပ်ကြည်လိုက်ပြီး  ဒီအစေခံ ဘာကြောင့် ယီးတီးယောင်တောင်နဲ့ အချိန်ဆွဲနေတာလဲ ဆိုပြီး အပြစ်တင်ဟန်ဖြင့် စူးရှစွာ ကြည့်လိုက်သည်။

သစ္စာရှိသည့် အစေခံသည် ခေါင်းကို အနည်းငယ် ညွတ်ကိုင်းလိုက်ပြီး ပြုံးကာ ငြင်သာစွာပြောလိုက်သည်။

" သခင်လေး က ခုမှ အရွယ်ရောက်ပြီးတာ လေးလပဲ ရှိသေးတယ်။ အဲ့ဒါကြောင့်  အရက်သောက်လို့ မရသေးပါဘူး။ ကျွန်တော် သခင်လေးကို နွားနို့  ထည့်ပေးပါ့မယ်။ နွားနို့က သခင်လေး ကို အရပ်ပိုရှည်အောင် ကူညီပေးလိမ့်မယ်။ "

သခင်လေးရဲ့ အကြည့်စူးစူးတွေကို လျစ်လျူရှုရင်း အစေခံက  နွားနို့ တစ်ခွက် ထည့်ကာ ကမ်းပေးလိုက်သည်။

သူတို့နှစ်ယောက် အပြန်လှန်ပြောဆိုကာ စတင်လုပ်ဆောင်နေကတည်းက ကင်မရာသမားက တဖြတ်ဖြတ်ရိုက်ကူးနေတော့သည်။ လူနှစ်ယောက်ကြားတွင် တစ်ဦးက ကိုယ်ကို အသာလေး ငုံ့ကိုင်းကြည့်နေပြီး တစ်ဦးက မျက်နှာကို မော့ချီထားသည်။ တစ်ဦးက နူးညံ့ ရင့်ကျက်ပြီး နာခံသည့်ပုံပေါ်ကာ တစ်ဦးက ငယ်ရွယ် မောက်မာပြီး လွှမ်းမိုးချင်ပုံရသည်။ အသက်ကြီးသူနှင့် အသက်ငယ်သူ ဆန့်ကျင်ဘက် နှစ်ယောက် အကြည့်ချင်းဆုံသွားချိန်တွင် သူတို့ ပတ်ဝန်းကျင်က လုံးဝကိုထူးခြားသွားသလိုပင်။  မတူညီတဲ့ ရုပ်ရည်ချောမောမှုတွေ၊ စကားတစ်လုံးမှ ပြောစရာ မလိုပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိခြင်းက  ထူးခြားဆန်းကျယ်တဲ့ ဘာရယ်လို့ပြောမရတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်တဲ့ ဓာတ်ပုံတွေ ထွက်လာစေသည်။

ကောင်လေးက့နွားနို့  သောက်ပြီးချိန်မှာ လူကြီးက လက်ကိုင်ပုဝါကို  ထုတ်လိုက်ပြီး ကောင်လေးရဲ့ ပါးစပ်ကို သုတ်ပေး လိုက်သည်။ ကောင်လေးက မျက်မှောင်ကြုတ်ကာ  စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ ဆိုသည့် ပုံစံကို ဖော်ပြလိုက်သော်လည်း  ငြင်းဆန်ခြင်း မရှိပဲ မျက်နှာကို မော့ကာ ထိုလူ၏ ဂရုတစိုက် သုတ်ပေးတာကို ခံနေသည်။  လူကြီး၏ မျက်ဝန်းများက နက်ရှိုင်းစွာတောက်ပလို့နေပြီး   သူ့ခံစားချက်ကို မဖုံးကွယ်နိုင်အောင်ဖြစ်နေသည်။  သူတို့ နှစ်ယောက်၏ မျက်နှာ အနေအထားနှင့် ပုံစံတွေက ဓါတ်ပုံထဲမှာဖြစ်ပေမယ့် ကြည့်ရှုသူတိုင်းကို ဆွဲဆောင်နေသည်။

ဓာတ်ပုံဆရာက အနေထားတိုင်းကို အမိအရ ရိုက်ကူးထားပြီး    တစ်ပုံချင်းစီကိုချဲ့ကြည့်ပြီး လေ့လာနေသည်။  ပြည့်စုံတဲ့ အလင်း အမှောင်ချိန်ငြိမှု၊ ကောင်းမွန်တဲ့ Style နှင့် အမူအရာတွေ၊ သူတို့ နှစ်ဦး၏ မျက်လုံးထဲက စကားတွေနဲ့ ခံစားချက်ကြောင့် ဓါတ်ပုံက ပိုကြွ လာတော့ သည်။   ဒီဓါတ်ပုံထဲမှာ စိတ်ခံစား ရသတွေနဲ့ ပြည့်နေပြီး ပရိတ်သတ် တိုင်း၏ နှလုံးသားကို အလွယ်တကူ သိမ်းပိုက်သွားမှာ သေချာသည်။ 

ဓာတ်ပုံဆရာက ဒီလိုပုံတွေ ရောင်းဖို့ စိတ်မကူးပေမယ့် အတိုင်းထက်အလွန် ကောင်းလွန်းသည့်ပုံများက Yaoi couple တွေကို သဘောကျနှစ်သက်သည့် Fujoshi မမ များကို သေလုအောင် ဆွဲဆောင်နိုင်မည်ကို သူ သေချာသိလိုက်သည်။

ဓာတ်ပုံဆရာက Camera မှန်ဘီလူးကို ချိန်ညှိလိုက်ချိန်   လူနှစ်ယောက်က ထမင်းစားခန်းမှာ မရှိတော့ပဲ အဝတ်အစားထားတဲ့ အခန်းဆီကို လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

" သခင်လေး နက်ခ်တိုင်က ပြေနေပြီ။ "

Gustavက ကိုယ်ကို အနည်းငယ်ကိုင်းညွတ်ကာ   ဆယ်ကျော်သက်ကောင်လေးရဲ့ နက်ခ်တိုင်ကို ပြင်ပေးလိုက်ရင်း သူ့ လက်ချောင်းတွေက ကောင်လေးရဲ့ စလုတ်လေးကို သွားထိလိုက်မိသည်။

ဒီစလုတ်က ဒီယောကျ်ားတစ်ယောက်ရဲ့ အထိမခံနိုင်တဲံ အားနည်းချက်ထဲမှာ ပါသည်။ တကယ်လို့ သူသာ ဓါတ်ပုံရိုက်ဖို့ မလိုအပ်လျှင် ကျိုးယွင်ရှန့်က သူ့အထိမခံနိုင်သည့် ဒီနေရာကို မြင်အောင် လည်ပင်းကို မော့ပြမည်မဟုတ်ပေ။ အခုတော့ ဒီလူက တမင်သက်သက်လား၊ မရည်ရွယ်ပဲလား မသိပေမယ့် မသိပေမယ့် သူ့လည်စလုတ်လေးကို ထိလိုက်သည့်စက္ကန့်ပိုင်းလေးအတွင်းမှာ  သူ သည်းမခံနိုင်တော့ပဲ တဖက်လူရဲ့ လက်ကို ပုတ်ချလိုက်ပြီး တဖက်လူရဲ့  Necktieကို ဆွဲပြီး သူ့ကို အောက်ကို ဆွဲချကိုင်းညွတ်လာစေသည်။ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ ပင်လယ်ပြာရောင် မျက်ဝန်းလေးများထဲ ခါတိုင်းလို ရိုးသားဖြူစင်မှုတွေ ပျောက်သွားပြီး အန္တရာယ်ရှိတဲ့ အကြည့်တွေ ပေါ်လာပြီး သူ့ရှေ့က လူကို လည်ပင်းကို ထပ်မထိဖို့ အကြည့်ဖြင့် တိတ်ဆိတ်စွာ သတိပေးလိုက်သည်။ ဒါက သူ သည်းမခံ နိုင်သည့် နေရာဖြစ်သည်။

Gustav ရဲ့ အံ့ဩမှုက တခဏတွင်းပျောက်သွားပြီး  စိတ်လှုပ်ရှား လာသည်။ သူ့ကြောင်ပေါက်လေးက ချစ်ဖို့ကောင်း သည့်အပြင် ချွန်ထက်တဲ့ လက်သည်းတွေ ဝှက်ထားပုံ ရသည်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ဒေါသသွားစမိရင် ချက်ချင်းလက်တုန့်ပြန် မယ့်ပုံလေးက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။

  ဒီကမ္ဘာပေါ်မှာ ဒီလောက်ထူးခြား၊လှပပြီး ကိုယ်ရည်ကိုယ်သွေး  အမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးမျိုးရှိနေရတာလဲ။ သူက ငါ့အကြိုက်နဲ့လုံးကွ ကွက်တိကျတဲ့သူလေးပဲ။ 

Gustav က လေးနက်စွာ ပြုံးလိုက်ပြီး သူ့ရဲ့ Necktieကို ရုတ်တရက် ဆွဲလိုက်လို့ ကြောင်သွားတဲ့ အပြုအမူကို ထိန်းထားရင်းနဲ့ သူ့ရဲ့ လက်မောင်းတွေကို ဆန့်ထုတ်ပြီး အနောက်နံရံနဲ့ သူ့ရင်ခွင်ကြားထဲ သခင်ငယ်လေးကို ပိတ်ထားလိုက်သည်။ သူ့  လည်ပင်းကို ဆုပ်ကိုင် ညစ်ထားရင်တောင် သူက ပိုသန်မာတဲ့ အနေထားမှာ ရှိတယ်ဆိုတာ ပြသလိုက်သည်။  

သခင်ငယ်လေးက အကြောက်လန့်မရှိပဲ မောက်မာစွာနဲ့ သူ့မေးကို မြှောက်လိုက်ပြီး မျက်လုံးများကို မှေးစင်းကာ သူ့အစေခံကို ကြည့်လိုက်သည်။ ဒီအနေထားက သူတို့ကြားထဲက အကွာအဝေးကို ပိုနီးကပ်သွားစေပြီး တစ်ယောက်အသက်ရူထုတ်လိုက်သည့် လေက တယောက်ကို သွားရိုက်ခတ်မိသွားသည်။

Gustav က သူ့လက်ကို နံရံမှာ အားပြုကာ ထောက်ထားပေမယ့်   သူရဲ့ သွေးကြောတိုင်းက တောင်ကျချောင်းရေလို ခုန်နေပြီး သူ့ကြောင်ပေါက်လေးကို လက်မောင်းထဲထည့်ကာ ဖက်လိုက်ချင်စိတ် ချစ်ပစ်ချင် စိတ်ကို အနည်းတောင့်ခံထားရသဖြင့်   သူ့ခန္ဓာကိုယ် တစ်ခုလုံး  တောင့်တင်းလို့နေသည်။ သူက အရပ်ရှည်ရှည်နဲ့ ကောင်လေး ကိုယ်ပေါ်ကနေ စီးမိုးထားပေမယ့်  သခင်ငယ်လေးက အားနည်းခြင်း ပျော့ညံ့ခြင်းမရှိပဲ သူ့ရဲ့တောက်ပနေတဲ့ ဆန့်ကျင်နေတဲ့ မျက်ဝန်း ရိပ်တွေက Gustav ကို မှောင်မိုက်တဲ့ အတွေးတွေနဲ့ မလုပ်သင့်တာကို လုပ်ဖို့ တွန်းအားပေးနေသလိုပဲ။

ဒီလို ပြင်းထန်တဲ့ ခံစားချက်တွေ အချင်းချင်း ထိတွေ့မိခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတို့က အချစ်မှာရူးသွပ်အောင် ဆွဲဆောင်နိုင်တဲ့ အဓိက အချက်တွေပဲ ဖြစ်သည်။ ဒီဟာက အထက်တန်းလွှာသခင်လေးနဲ့ နာခံတတ်တဲ့ အစေခံကြား၊ သစ္စာရှိမှုနဲ့ သစ္စာဖောက်မှု၊ သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်တွေကြား အားပြိုင်မှုက ပြိုင်ဖက်ကင်းဓါတ်ပုံတွေကို ထွက်ပေါ်လာစေသည်။

"အကောင်းဆုံးပဲ... အရမ်းလှတယ်။   ပုံ ၃၀လုံး  တစ်ပုံမှ အလဟဿမဖြစ်ဘူး။  မင်းတို့နှစ်ယောက်ရဲ့ အမူယာက တကယ်ကောင်းလွန်းတယ်။ "

ဓာတ်ပုံဆရာက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ ဒါက  သူတို့နှစ်ယောက် ပထမဆုံး တွဲပြီး ဓါတ်ပုံရိုက်ဖူးတာဖြစ်ပေမယ့် သူတို့ကြားက နားလည်မှုနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုက မသိရင် နှစ်ပေါင်း များစွာသိလာခဲ့သလိုပဲ။  သူတို့နှစ်ယောက် အတူ ရပ်နေတဲ့အခါ သူတို့ဘေးနားက အရာမှန်သမျှ မှေးမှိန်သွားပြီး သူတို့ကို ဘယ်သူမှ ခွဲခြားလို့မရပဲ နှစ်ယောက်တည်းပဲ ဒီကမ္ဘာပေါ်မှာ ရှိနေသလို ဖြစ်သွားစေသည်။ သူတို့သာ ချစ်သူဖြစ်သွားမယ်ဆိုရင် ဓာတ်ပုံဆရာက နည်းနည်းလေးတောင် အံ့ဩမိမယ် မထင်ဘူး။

ကျိုးယွင်ရှန့်  က အရှေ့က လူကို အမြန်တွန်းထုတ်လိုက်ပြီး မျက်နှာနီနီလေးနှင့် တောင်းပန်လိုက်သည်။

" ကျွန်တော့် အပြုအမူကို ခွင့်လွှတ်ပေးပါ Mr Acheson ။ ကျွန်တော့် လည်ပင်းကို အထိမခံနိုင်လို့ပါ။ "

" ရပါတယ်။ ကိုယ်က အရမ်း ရဲတင်းသွားမိတာပါ။ ဒါနဲ့ မင်းလည်ပင်းကို ဘယ်သူမှ မထိဖူးဘူးပေါ့ "

Gustavက အံ့ဩကာ မျှော်လင့်ချက်ကြီးစွာနှင့်မေးလိုက်သည်။

" ဟုတ်ကဲ့။ တောင်းပန်ပါတယ်။ "

ကျိုးယွင်ရှန့်  မညာပေ။ Romeoက တကယ့်ကို ဘယ်သူ့အထိတွေ့ကိုမှ မခံဖူးသည့် လူပျိုလေးစစ်စစ်သာ ဖြစ်သည်။

Gustavရဲ့  မျက်ဝန်းညိုတွေက တောက်ပသွားပြီး ကြောင်ပေါက်ရဲ့ ဆံပင်တွေကို ဖွလိုက်ပြီးနူးညံ့စွာ ပြောလိုက်သည်။

" ရပါတယ်။ ဒါ ကိုယ့်အမှားပါ။ မင်းခွင့်ပြုချက် မရပဲ မင်းရဲ့ အထိမခံနိုင်တဲ့ နေရာကို ထိခဲ့မိတာပါ။ ကိုယ်ကပဲ မင်းကို တောင်းပန်ရမှာပါ။ "

သူတို့နှစ်ယောက်  တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်လိုက်ပြီး နေရခက်သည့် အခြေနေကို လျော့ပါးစေသည့်အချိန်  Emily က  ဝတ်စုံရှည်ကို ဝတ်ကာ ကပ်လာရင်း အပြုံးလေးနှင့်ပြောလိုက်သည်။

" စကားပြောနေတာကို နှောင့်ယှက်ရတဲ့အတွက် အားနာပါတယ် Mr Acheson ။ အခု ကျွန်မ ရိုက်ဖို့ အချိန်ရောက်ပါပြီ။ "

သူမရဲ့ ဝတ်စုံက ထိုးဖောက်မြင်နေရသည့်အနက်ရောင် ဝတ်စုံဖြစ်ပြီး နေရောင်ခြည်အောက်တွင်  သူမရဲ့ ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကိုယ်အလုံးစုံကို ဖော်ပြနေသည်။ သူမ ခြေလှမ်းတိုင်း တစ်ဝက်ဖော်ထားသည့် ရွှေရင် အစုံက တုန်ခါနေပြီး အရင်တခါ ရေကူးဝတ်စုံဝတ်ထားသည် ထက်ပင် တဖက်သားကို နှိုးဆွနေသလိုပင်။

စိတ်လှုပ်ရှားခြင်းတစ်စက်မှမရှိသည့် Gustavမှ လွဲ၍ အခန်းထဲမှ ယောကျ်ားလေးတိုင်းက  ပိုင်ဆိုင်လိုစိတ်များဖြင့် သူမအား ငေးနေကြသည်။

"ကောင်းပြီ။  ခဏရေင် ကိုယ်လာခဲ့မယ်။ "

Gustavက   ပြုံးကာယဉ်ကျေးစွာပြေလိုက်ပြီး သူမနဲ့ကြားထဲ ပိုဝေးအောင် နည်းနည်းခွာလိုက်ပြီး    Romeoကို နှုတ်ဆက်စကား ပြောနေသည့်အချိန်  သူ့မျက်လုံးလုံးထဲ့ နူးညံ့တဲ့ ချစ်ခြင်းတွေနဲ့ ပြည့်နေသည်။ ဒီမြင်ကွင်းက Emilyကို မနာလိုစိတ်ကြောင့် ဒေါသတကြီးဖြစ်သွားစေသည်။  သူတို့နှစ်ယောက်ကြားထဲ  အချစ်ဇာတ်လမ်းတွေများ ရှိနေနိုင်မလားလို  သံသယဝင်သွားပေမယ့် သူမက ချက်ချင်း ဒီအကြောင်းကို ခေါင်းထဲက ထုတ်လိုက်သည်။  ဒီလောက်  ဆွဲဆောင်မှု ရှိတဲ့ Mr. Achesonက ဘယ်လိုလုပ်ပြီး ယောကျ်ားခြင်း စိတ်ဝင်စားမှာတဲ့လဲ။

Emilyရဲ့ Partnerအတွက် ဝတ်စုံက အထက်တန်းလွှာ ဝတ်စုံဖြစ်ပြီး အနက်ရောင် ကုတ်အင်္ကျီနှင့် အနက်ရောင် Shirt နဲ့ တကိုယ်လုံးအနက်တွေ ဆင်မြန်းထားပြီး နက်ခ်တိုင်စည်းထားခြင်းမရှိပေ။

Mr.Acheson အဝတ်အစားလဲခန်းမှ ထွက်လာသောအခါ သူမ  သဘောကျစွာ ငေးမောမိသွားပြီး သူ့ရဲ့ Shirtအင်္ကျီမှ ကြယ်သီးအချို့ကို ဖြုတ်ပေးရန် သူမ လက်လှမ်းလိုက်ပေမယ့် Gustav က ချက်ချင်း နောက်ကို ဆုတ်လိုက်ပြီး ကိုယ့်ဘာသာ ကြယ်သီးကို ဖြုတ်လိုက်သည်။

 ဒီမိန်းမ ဘာသောက်လုပ်တွေ လုပ်ချင်နေတာလဲ။

 သူ တစ်ချက်ကြည့်လိုက်တာနဲ့ သူမ ရည်ရွယ်ချက်တွေကို သိသွားပြီဖြစ်သည်။ ဒီကောင်မလေးက Haydenရဲ့ ရည်းစား လို့ သူ သိထားသည်။

သူရဲ့အမူအရာတွေက ငြင်သာသိမ်မွေ့ပေမယ့်  သူ့မျက်လုံးတွေက  စိတ်မရှည်မှုတွေ ယှက်သန်းနေသည်ကို တွေ့နိုင်သည်။ Emily က လမ်းပေါ်မှာ ကြီးပြင်းလာသူ ဖြစ်လို့ တဖက်လူရဲ့မျက်ဝန်းထဲကတဆင့် ခံစားချက်ကို ချက်ချင်းသိလိုက်ပြီး အမြန်တောင်းပန်ကာ  တရင်းတနှီး  ထိခြင်းကို ရှောင်လိုက်သည်။

သူမက  Romeoနဲ့ သူမကြား Achesonရဲ့ဆက်ဆံပုံ ကွာခြားတာကို သတိထားမိပြီး စိုးရိမ်သောကရောက်နေလို့ သူမ ဓာတ်ပုံရိုက်တဲ့အခါ  သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး တဖက်လူကို   မတော်တဆသွားသွားထိပြီး စိတ်ပါလာအောင် ဆွဲဆောင်ခဲ့သည်။

  Acheson ဘက်က ဘယ်လိုမှ ထူးခြားမလာလို့  Emily  စိတ်ပျက် သွားခဲ့သည်။ ဓာတ်ပုံရိုက်ပြီးတဲ့အခါ   Acheson က သူမကို  အေးစက်စက်စိုက်ကြည့်ပြီး ထွက်သွားခဲ့သဖြင့် Emily  ဆံပင်မွေးတွေ ထောင်လာပြီး ဒီလိုအဖြစ်မျိုး နောက်တခါ ဘယ်တော့မှ ထပ်မကြုံချင်တော့တဲ့အထိ ကြောက်သွားခဲ့သည်။

ငါ အရမ်းကပ်သွားမိလို့  Mr.Acheson က ရှက်သွားတာလား။ ဒီမှာ Cameraတွေ အများကြီးရှိနေတာ သူ ငါ့ကို သဘောကျပြီး ဖော်ပြလိုက်ရင် ဘက်လိုက်ရာကျသွားမှာစိုးလို့ထင်တယ်။  ငါက Bonnieထက် လှတာပဲ။ သူ ငါ့ကို သဘောမကျစရာ အကြောင်း မရှိပါဘူးလေ။ 

Emily က သူရဲကောင်းဆန်ဆန် ဇွဲလုံ့လတွေရှိပြီး ချက်ချင်းပဲ စိတ်ဓါတ်ကျတာကို ဖယ်ရှားလိုက်နိုင်ပြီး သူမရဲ့ ကြိုးစားအားထုတ်မှုကို နှစ်ဆတိုးမြှင့်လိုက်နိုင်ခဲ့သည်။
======================












ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now