Arc_8.16 Romeo

7.8K 971 1
                                    

Chapter (16) - ပက္စက္လွသည့္ အႀကံစည္


Romeo သည္ အေကာင္းဆုံးဓာတ္ပုံဆုကို ႏွစ္ႀကိမ္တိတိ ရရွိၿပီးေနာက္ အျခားၿပိဳင္ပြဲဝင္မ်ားက သူ႔ကို အာ႐ုံစိုက္လာၾကသည္။ ၿပိဳင္ပြဲဝင္မ်ားက Romeo ကို တမင္တကာ မခံခ်င္ေအာင္ ထိုးႏွက္ေျပာဆိုခဲ့ေပမယ့္ Romeo က နည္းနည္းမွ မတုံ႔ျပန္ခဲ့ေပ။ ဒီလိုမတုံ႔ျပန္တာက တမင္ သူတို႔ကို လ်စ္လွ်ဴရႈတာမဟုတ္ဘဲ သူတို႔ေတြကိုအာ႐ုံစိုက္ဖို႔ ပ်င္းရိလြန္းလို႔ဆိုတာ က်ိဳးယြင္ရွန႔္သာ အသိဆုံးျဖစ္သည္။ က်ိဳးယြင္ရွန႔္သည္ ခ်ာတိတ္ေတြတိုက္ခိုက္တာ လ်စ္လွ်ဴရႈၿပီး စားသည္၊ အိပ္သည္၊ အာ႐ုံစိုက္ၿပီး ေလ့က်င့္မႈေတြသာလုပ္ေနသည္။

လ်စ္လွ်ဴရႈခံရတာက တကယ္ကိုခံရခက္ၿပီး ၿပိဳင္ပြဲဝင္မ်ားက ေနာက္ဆုံး Romeo ကို မတိုက္ခိုက္ေတာ့ဘဲ သူတို႔ေလ့က်င့္မႈကိုသာ ျပန္ၿပီးအာ႐ုံစိုက္လိုက္ၾကသည္။

တစ္မနက္မွာ သူတို႔အေဆာင္က TV screen ေပၚမွာ စာတန္းတစ္ခုေပၚလာသည္။

"ေျပးလမ္းေပၚေျခခ်ဖို႔ သတၱိအမ်ားႀကီးလိုအပ္တယ္.. မင္းမွာေရာ သတၱိရွိရဲ႕လား.."

ဒါ ဘာကိုဆိုလိုတာလဲ..။ ဒီဟာက ၿပိဳင္ပြဲဝင္ေတြရဲ႕ ရဲစြမ္းသတၱိကို စမ္းသပ္တဲ့ game ထဲက ၿပိဳင္ပြဲတစ္ခုျဖစ္ရမယ္။ ကစားသမားေတြရင္ထဲ ေလးလံသြားခဲ့သည္။
က်ိဳးယြင္ရွန႔္က အသားညႇပ္ေပါင္မုန္း၂ခုလုပ္ၿပီး ႏို႔၂ပုလင္းနဲ႔အတူ Bus ကားဆီထြက္လာၿပီး Ivana နဲ႔အတူ ေစာင့္ဆိုင္းေနၾကသည္။

လူတိုင္း ကားေပၚေရာက္လာၾကၿပီး ထြက္ခြာခ်ိန္နီးလာၿပီျဖစ္ေသာေၾကာင့္ Driver က ေမးလိုက္သည္။

"လူစုံၿပီလား.."

လူတိုင္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီးေနာက္ Emily နဲ႔ Hayden တို႔မပါေသးတာ သိလိုက္ေပမယ့္ ဘယ္သူမွမေျပာခ်င္ၾကဘူး။ ဒီႏွစ္ေယာက္က ညတိုင္း ျပင္းထန္တဲ့လႈပ္ရွားမႈေတြ လုပ္ထားၾကလို႔ မနက္မထႏိုင္ၾကတာျဖစ္သည္။ သူတို႔က ေခါင္းညိတ္ၿပီး "စုံၿပီ" ဟုေျပာလိုက္ၾကသည္။

လူတိုင္းက Hayden နဲ႔ Emily မပါတာသိေပမယ့္ ယွဥ္ၿပိဳင္မႈျပင္းထန္သည့္ၿပိဳင္ပြဲတြင္ ဘယ္သူမွ အျခားလူကို မကူညီခ်င္ၾကသျဖင့္ "ကြၽန္ေတာ္တို႔အားလုံး ကားထဲပါတယ္" လို႔ ေျပာလိုက္ၾကသည္။

ဒီေနရာတြင္ ဖုန္းႏွင့္ internet ကို သုံးလို႔မရေပ။ ၿပိဳင္ပြဲက ဘယ္ေနရာမွာၿပိဳင္ရမည္ကို Driver တစ္ေယာက္တည္းကသာ သိေသာေၾကာင့္ Emily နဲ႔ Hayden သာ ဒီကားထဲမပါႏိုင္ရင္ သူတို႔ ၿပိဳင္ပြဲကို ပ်က္ကြက္ၿပီး အမွတ္ေလွ်ာ့ခံရမည္ျဖစ္သည္။

က်ိဳးယြင္ရွန႔္က Hayden မပါတာကို သတိမေပးခ်င္ေပမယ့္ အခု သူက Hayden ကို တစ္ဖက္သတ္ခ်စ္ေနသည့္ ဇာတ္႐ုပ္တြင္ သ႐ုပ္ေဆာင္ေနေသာေၾကာင့္ Hayden ထိခိုက္နစ္နာတာကို မျမင္ရက္သည့္ပုံ ျဖစ္ေနရမည္။ ဒါေၾကာင့္ က်ိဳးယြင္ရွန႔္က ေျပာမလိုလုပ္ေတာ့ Ivana က သူ႔ပါးစပ္ကိုပိတ္ထားလိုက္သည္။ သူတို႔ႏွစ္ေယာက္ ခဏ႐ုန္းကန္ေနၿပီးေနာက္ က်ိဳးယြင္ရွန႔္က သူ႔ပါးစပ္ပိတ္ထားသည့္ Ivana လက္ကို ဖယ္ကာ ေအာ္ေျပာလိုက္သည္။

"ကားဆရာႀကီး.. ခဏေစာင့္ပါဦး.. Hayden နဲ႔ Emily တို႔ မပါေသးဘူး.. ကြၽန္ေတာ္ သူတို႔ကို သြားေခၚလိုက္ပါ့မယ္.."

ကားဆရာႀကီးက နာရီကိုတစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။

"10 မိနစ္.. 10 မိနစ္ပဲ အခ်ိန္ရမယ္.. ျမန္ျမန္လုပ္.. မဟုတ္ရင္ မင္းပါ ဒီၿပိဳင္ပြဲကိုလြဲသြားၿပီး ၿပိဳင္ခြင့္မရဘဲေနမယ္.."

ဒီအစီစဥ္တင္ဆက္သူေတြက ေနာက္က်သူကိုခ်န္ထားဖို႔ ႀကိဳေျပာထားၿပီးျဖစ္သည္။ ဒါက ဒီၿပိဳင္ပြဲ၏တင္းက်ပ္မႈႏွင့္ တရားမွ်တမႈကို ျပသႏိုင္ဖို႔ျဖစ္သည္။

"ဟုတ္ကဲ့.. ေက်းဇူးပါပဲ ခင္ဗ်ာ.."

က်ိဳးယြင္ရွန႔္က ေျပာၿပီး သူတို႔ေနတဲ့အေဆာင္ကို တက္သုတ္ႏွင္ေတာ့သည္။

ၿပိဳင္ပြဲဝင္ေတြက Romeo ရဲ႕႐ူးမိုက္မႈကို ဝိုင္းေျပာၾကသည္။ Ivana က Romeo ကိုစိတ္ဆိုးေနေပမယ့္ သူမသူငယ္ခ်င္းဘက္က ခုခံေျပာလိုက္သည္။

"ဟုတ္တယ္.. Romeo က လူမိုက္ပဲ.. ဒါေပမယ့္ ငါက ဒီလိုလူမိုက္ကို သူငယ္ခ်င္းအျဖစ္ ပိုလိုခ်င္တယ္.. အနည္းဆုံးေတာ့ ငါဒုကၡေရာက္ခ်ိန္ ငါ့သူငယ္ခ်င္းက ငါ့ကိုမေစာ္ကားဘူး.. သူ႔ရန္သူျဖစ္ေနရင္ေတာင္ သူက ႐ိုးသားေျဖာင့္မတ္စြာ ဆက္ဆံတတ္တယ္.. Romeo လိုလူမိုက္သာ အမ်ားႀကီးရွိရင္ ဒီကမာၻႀကီးက ပိုၿငိမ္းခ်မ္းၿပီး ပိုေကာင္းမြန္လာမွာပဲ.."

ၿပိဳင္ပြဲဝင္မ်ားက 'သူငယ္ခ်င္း' ဆိုသည့္စကားကိုၾကားေတာ့ ၿငိမ္က်သြားၾကသည္။ သူတို႔အခ်င္းခ်င္းၾကားမွာ ႏွိမ္ခ်ျခင္း၊ တိုက္ခိုက္ျခင္းသာ ရွိေနၾကသျဖင့္ Ivana ကို ႐ုတ္တရက္ မနာလိုျဖစ္လာၾကသည္။

Romeo က သူမကိုလမ္းၫႊန္တာ၊ ကူညီတာ လုပ္ေပးသည့္အျပင္ အစစအရာရာ ဂ႐ုစိုက္ေပးမွေတာ့ သူမကလည္း Romeoကို ျပန္ၿပီးမကာကြယ္ေပးစရာ အေၾကာင္းမရွိေပ။ သူတို႔ႏွစ္ေယာက္ၾကားက ခင္မင္မႈက ၿပိဳင္ပြဲဝင္မ်ားအတြက္ တကယ့္ကို မနာလိုခ်င္စရာေကာင္းလွသည္။

က်န္ရစ္ခဲ့သည့္လူ ၁၁ ေယာက္ထဲမွာ Romeo တစ္ေယာက္သာ အျဖဴစင္ဆုံးျဖစ္သည္။ သူ႔ဆီမွာ ထက္ျမက္တဲ့အေျပာေလးရွိေပမယ့္ သူက ဘယ္သူ႔ကိုမွ အက်ိဳးယုတ္ေအာင္မလုပ္ဖူးေပ။ သူက ခုေနာက္ပိုင္း ပိုမိုတိတ္ဆိတ္လာၿပီး Ivana ကလြဲၿပီး ဘယ္သူ႔ကိုမွ မယုံၾကည္ေပ။ Bus ကားထဲ အားလုံးတိတ္ဆိတ္ေနၾကသည္။

က်ိဳးယြင္ရွန႔္က အေဆာင္ရွိရာ အားကုန္ေျပးထြက္သြားေတာ့ သူ႔ကင္မရာမန္း ဂြၽန္က ေနာက္မွာက်န္ရစ္ခဲ့သည္။

"Romeo က ေပ်ာ့ညံ့တဲ့ပုံေပါက္ေပမယ့္ သူ႔ကိုယ္ခႏၶာက အားကစားသမားတစ္ေယာက္မွာရွိရမယ့္ ႀကံ့ခိုင္မႈနဲ႔ ခံႏိုင္ရည္ေတြရွိတယ္.. အရည္အခ်င္းျပည့္ဝသူျဖစ္ဖို႔ဆိုရင္ အက်င့္စာရိတၱေကာင္းတဲ့အျပင္ ကိုယ္ခႏၶာႀကံ့ခိုင္သူျဖစ္ရမယ္.. သူက တကယ့္ကို လုံးဝျပည့္စုံလွတဲ့ ငါ့ Idol ပဲ.. သူက အေကာင္းဆုံးပဲ.."

ဂြၽန္က စိတ္ထဲကေန ဂုဏ္ယူစြာေတြးေနမိသည္။

"Emily.. Hayden.. ထၾကေတာ့.. မင္းတို႔မွာ အခ်ိန္ 10 မိနစ္ပဲရွိေတာ့တယ္.. 10 မိနစ္အတြင္း Bus ကားကိုမမွီရင္ ဒီေန႔ၿပိဳင္ပြဲမွာ ပ်က္ကြက္လို႔ အမွတ္ႏႈတ္ခံရၿပီး ၿပိဳင္ပြဲဝင္အားလုံးေအာက္ကို ေရာက္သြားလိမ့္မယ္.. ဒါဆို မင္းတို႔ ၿပိဳင္ပြဲကေန ထုတ္ခံရလိမ့္မယ္.."

က်ိဳးယြင္ရွန႔္က အေရးႀကီးေနလို႔ တံခါးကိုတဒုန္းဒုန္းထုၿပီး ေျပာလိုက္သည္။

Emily နဲ႔ Hayden က အိပ္ယာေပၚက လူးလဲထၿပီး ေရခ်ိဳးခန္းထဲေျပးဝင္ရင္း သြားတိုက္လိုက္ၾကသည္။ Emily က အဝတ္အစားလဲရင္း စားပြဲေပၚက Hayden ရဲ႕ပစၥည္းေတြကိုေတြ႕ေတာ့ သူမေခါင္းထဲ ႐ူးေၾကာင္ေၾကာင္အေတြးမ်ား ႐ုတ္တရက္ဝင္လာခဲ့သည္။ ကင္မရာမန္းက Hayden ႏွင့္ Romeo ေနာက္ကိုသာ လိုက္႐ိုက္ေနေသာေၾကာင့္ သူမကို ဘယ္သူမွ ဂ႐ုမစိုက္မိၾကေပ။ ဗီ႐ိုႏွင့္စားပြဲက CCTV ကင္မရာ၏ ညာဘက္ေထာင့္တြင္ရွိေနေသာေၾကာင့္ ထိုေနရာက ကင္မရာရဲ႕မ်က္ကြယ္ရာကို ေရာက္ေနသည္။

လုပ္လိုက္စမ္း.. မင္းရဲ႕ၿပိဳင္ဖက္၂ေယာက္ကို ဖယ္ရွားႏိုင္လိမ့္မယ္။

No.. အခ်ိန္မရွိေတာ့ဘူး။ အျမန္လုပ္ေတာ့.. မဟုတ္ရင္ ၃ေယာက္လုံး ၿပိဳင္ပြဲက ထုတ္ပယ္ခံရလိမ့္မယ္။

သူမရဲ႕မေကာင္းစိတ္က အႏိုင္ရသြားေသာေၾကာင့္ Emily က အံႀကိတ္လိုက္ၿပီး စားပြဲေပၚကလက္ဝါးကပ္တိုင္ပုံ စိန္စီထားသည့္ ဆြဲႀကိဳးကိုယူကာ Hayden ၏ေဘာင္းဘီအိတ္ထဲ ထိုးထည့္လိုက္ေတာ့သည္။

"Romeo.. Hayden ရဲ႕ေက်ာပိုးအိတ္ မထည့္ရေသးဘူး.. နင္ ကူထည့္ေပးထားပါလား.."

Emily က စိတ္လႈပ္ရွားစြာေအာ္ၿပီး Romeo ကို အကူအညီေတာင္းလိုက္သည္။

က်ိဳးယြင္ရွန႔္ အခန္းထဲဝင္သြားၿပီး Hayden ရဲ႕ပစၥည္းေတြကို တစ္ခ်က္ၾကည့္လိုက္ေတာ့ သူ႔အဖြားေပးခဲ့သည့္ ေဒၚလာ 500,000 တန္သည့္ လက္ဝါးကပ္ပုံ စိန္စီထားသည့္ေလာ့ကတ္ႏွင့္ ဆြဲႀကိဳးေပ်ာက္ေနသည္ကို ေတြ႕လိုက္ရသည္။

ၿပိဳင္ပြဲမစခင္တိုင္း Hayden က ကံေကာင္းေစဖို႔ ဒီစိန္လက္ဝါးကပ္တိုင္ကို နမ္းရႈပ္ေလ့ရွိတာကို သိေတာ့ အခုကိစၥကို မသကၤာသျဖင့္ က်ိဳးယြင္ရွန႔္ AI ကိုဖြင့္ၿပီး လက္ဝါးကပ္တိုင္ကို ရွာလိုက္သည္။ စိန္လက္ဝါးကပ္တိုင္က ဒီအခန္းထဲမွာရွိေနသည္ကို သိလိုက္ရေတာ့ ဒီဟာက Emily ရဲ႕အစီစဥ္ျဖစ္မည္ကို သိလိုက္သည္။

007 က သူ႔သခင္သာၾကားႏိုင္သည့္ အသံတစ္ခ်က္ျမည္လာၿပီး စိန္လက္ဝါးကပ္တိုင္ ရွိမည့္ေနရာကို ျပသလိုက္သည္။

Emily က တကယ့္ကို သူရဲေကာင္းပီသၿပီး သူမရဲ႕အစီအစဥ္က တကယ့္ကို လက္ဖ်ားခါေလာက္ေပသည္။ က်ိဳးယြင္ရွန႔္က စိတ္ထဲမွ သက္ျပင္းရႈိက္လိုက္ေပမယ့္ အျပင္ပိုင္းမွာ စိတ္ပူပန္ဟန္ေဆာင္ထားၿပီး Hayden ရဲ႕ေက်ာပိုးအိတ္ထဲကို စားပြဲေပၚကပစၥည္းအကုန္ ႀကဳံးထည့္လိုက္သည္။

Hayden က မ်က္ႏွာသစ္ၿပီး အခန္းထဲဝင္လာေတာ့ ဒီျမင္ကြင္းကိုၾကည့္ၿပီး သူ႔မ်က္ႏွာခက္ထန္သြားသည္။ သူက ေက်ာပိုးအိတ္ကို ခပ္ၾကမ္းၾကမ္းလွမ္းဆြဲၿပီး Emily ကိုသိုင္းဖက္ကာ ေအာက္ထပ္ကိုဆင္းလာခဲ့သည္။

"မင္းက တကယ္ကို မိုက္မဲတဲ့ေကာင္ေလးပဲ.."

ဂြၽန္က သစၥာရွိစြာ ဒီျမင္ကြင္းကိုမွတ္တမ္းတင္ရင္း ပါးစပ္က ေရ႐ြတ္လိုက္မိသည္။ ဒီေကာင္ေတာ့ သြားၿပီဟု ေတြးေနသည္။

ေနာက္က်ေသာသူမ်ားက ေနာက္ဆုံးအခ်ိန္မွာ Bus ေပၚကိုေရာက္ရွိလာၾကသည္။ ျပတင္းေပါက္ကေန လည္တဆန႔္ဆန႔္ႏွင့္ ေမွ်ာ္ေနသည့္ Ivana က ေနာက္ဆုံးေကာင္ေလးကို ဝမ္းသာအားရ ဆြဲဖက္ထားေတာ့သည္။

ရင္ထိတ္သည္းဖို ၿပိဳင္ပြဲ

နာရီဝက္ၾကာေတာ့ Bus ကားႀကီးက ၿပိဳင္ပြဲဝင္မ်ားကို တိုင္းျပည္ A မွ အျမင့္ဆုံးအေဆာက္အအုံႀကီးရွိရာကို ေခၚေဆာင္လာခဲ့သည္။ Miss Jeffery က ၿပိဳင္ပြဲဝင္အားလုံးကို ထူးထူးဆန္းဆန္းၿပဳံးကာ အေဆာက္အဦထဲကို ေခၚလာခဲ့သည္။ ဓာတ္ေလွကားက အေပၚကိုတက္သြားၿပီးေနာက္ ရပ္သြားေတာ့ Acheson နဲ႔ Bonnie က ဓာတ္ေလွကားအျပင္ဘက္ ဖန္မ်ားျဖင့္သာကာရံထားသည့္ ေပါင္းကူးတံတားတြင္ ေဘးခ်င္းယွဥ္ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။

"Hello အခ်စ္ေလးတို႔.. ဒီေန႔စိန္ေခၚပြဲက အခက္အခဲတခ်ိဳ႕ ရွိႏိုင္တယ္.."

Bonnie က ကင္မရာကိုခ်ိန္ညႇိရင္း ေျပာလိုက္သည္။ Acheson ၏လည္ပင္းတြင္လည္း ကင္မရာတစ္လုံးကို ခ်ိတ္ဆြဲထားသျဖင့္ ကေန႔ၿပိဳင္ပြဲမွာ သူတို႔ႏွစ္ေယာက္က ဓာတ္ပုံဆရာအျဖစ္ တာဝန္ယူထားပုံရသည္။

လူတိုင္း Jeffery ရဲ႕ေနာက္ကေန ခန္းမက်ယ္ႀကီးထဲဝင္သြားၿပီး လိုက္ခဲ့ေပမယ့္ ေျခလွမ္းတခ်ိဳ႕လွမ္းၿပီးတာနဲ႔ အမ်ိဳးသမီးၿပိဳင္ပြဲဝင္တခ်ိဳ႕ ေၾကာက္လန႔္တၾကား ေအာ္ဟစ္လိုက္ၾကေတာ့သည္။ သူတို႔ေရာက္ေနသည့္ေနရာက ေခါင္မိုးကိုသာမက ၾကမ္းျပင္ႏွင့္နံရံကိုလည္း မွန္မ်ားျဖင့္ကာရံထားေသာေၾကာင့္ ဟိုးေအာက္မီတာရာေက်ာ္သည့္ ေျမျပင္ေပၚက ႐ိုက္ကူးေရးဝန္ထမ္းမ်ားႏွင့္ လူမ်ားကို ပု႐ြက္ဆိတ္အ႐ြယ္ေလာက္သာ ျမင္ေနရသည္။ ေအာက္ကို တိုးလွ်ိဳေပါက္ျမင္ေနရသည့္ျမင္ကြင္းက ၿပိဳင္ပြဲဝင္တခ်ိဳ႕၏ ဦးေရျပားကို က်ိန္းစပ္သြားေစသည္။

Hayden က ေပ်ာ့ေခြသြားၿပီး မတ္တပ္ေတာင္မရပ္ႏိုင္ေတာ့ေပ။ Emily က ရွက္႐ြံ႕သြားၿပီး သူၾကား႐ုံေလာက္ သြားေစ့ကာ တီးတိုးေျပာလိုက္သည္။

"Bonnie က ရွင့္ကို ႀကံ့ခိုင္တဲ့လူလို႔ ထင္ထားတာ.. ရွင္အခု Bonnie ရဲ႕မ်က္လုံးထဲမွာ ဟာသတစ္ခုလို ျဖစ္ေစခ်င္တာလား.. ရွင့္ကို သူမရဲ႕ပုံထဲမွာ သူရဲေဘာေၾကာင္တဲ့သူဆိုၿပီး ထင္သြားေစခ်င္တာလား.. ဒီလိုမျဖစ္ေစခ်င္ရင္ ျမန္ျမန္မတ္တပ္ရပ္လိုက္... ေအာက္ကိုငုံ႔မၾကည့္နဲ႔.."

Hayden က မနည္း႐ုန္းထၿပီး ယိုင္နဲ႔စြာ မတ္တပ္ရပ္ရင္း မ်က္ႏွာကို အားနည္းစြာေမာ့ထားလိုက္သည္။ သူ႔မွာ ထိပ္ေရာက္ေအာင္လုပ္ဖို႔ အစီစဥ္ရွိေနေပမယ့္ ကေန႔ၿပိဳင္ပြဲက သူ႔အတြက္ ခက္လြန္းလွသည္။

ေသလိုက္စမ္း.. ဘာေၾကာင့္ ဒီေလာက္ျမင့္တဲ့ေနရာမွာ ၿပိဳင္ပြဲလုပ္ရတာလဲ..။ ငါ့ကို target ထားၿပီး တမင္လုပ္ေနတာမ်ားလား..။

တကယ္ကို ဒီၿပိဳင္ပြဲက Hayden အတြက္ Gustav သီးသန႔္လုပ္ထားတဲ့ အစီစဥ္ျဖစ္သည္။ Hayden ကိုၾကည့္ၿပီး စိတ္မသက္မသာနဲ႔ မ်က္ေမွာင္ၾကဳတ္ေနတဲ့ သူ႔ေၾကာင္ေပါက္ကိုၾကည့္ၿပီး Gustav ေက်နပ္ေနမိသည္။

ၾကည့္လိုက္စမ္းပါ ေဘဘီ.. ဒီလိုသူရဲေဘာေၾကာင္တဲ့ ေကာင္မ်ိဳးက မင္းရဲ႕အခ်စ္နဲ႔ ထိုက္တန္ရဲ႕လား..။

Ivana ရဲ႕စကားအတိုင္းေျပာရရင္ မင္းေလးရဲ႕မ်က္လုံးကို ပြတ္သပ္ၿပီး ေသခ်ာၾကည့္လိုက္စမ္းပါကြာ..။

က်ိဳးယြင္ရွန႔္က သူ႔ေရွ႕ျမင္ကြင္းကိုၾကည့္ၿပီး ရင္ထဲမွာရယ္ေမာေနေပမယ့္ အျပင္ပိုင္းမွာ စိုးရိမ္ျခင္းႏွင့္ စိတ္ပ်က္ျခင္းပုံစံ သ႐ုပ္ေဆာင္ထားသည္။ ဒီၿပိဳင္ပြဲကေတာ့ သူ႔သ႐ုပ္ေဆာင္စြမ္းရည္ကို တိုးတက္ေအာင္ လုပ္ေပးေနသလိုပါပဲ။

ၿပိဳင္ပြဲဝင္မ်ားက တိုးလွ်ိဳေပါက္ျမင္ရသည့္ ၾကမ္းျပင္ေပၚမွာ ေကာင္းေကာင္းေျခခ်ႏိုင္ၿပီဆိုေတာ့မွ Bonnie က ရွင္းျပလိုက္သည္။

"ဒီေန႔စိန္ေခၚမႈက ဓာတ္ပုံ႐ိုက္ရမွာျဖစ္တယ္.. ကိုယ္၊ Mr.Acheson, Mr.Cerall နဲ႔ Mr.Baket က မင္းတို႔ရဲ႕ ဓာတ္ပုံဆရာေတြလုပ္ၾကမယ္.. မင္းတို႔ဘာဝတ္ရမယ္၊ ဘာလုပ္ရမယ္၊ ဘယ္မွာ႐ိုက္ရမယ္ဆိုတာက လွ်ိဳ႕ဝွက္ထားတယ္.. မင္းတို႔က အျပင္ဘက္မွာ ေထာက္တိုင္နဲ႔ထုတ္တန္းေတြမွာ တိပ္နဲ႔ကပ္ထားတဲ့စာ႐ြက္ ၃႐ြက္ကို လိုက္ရွာၿပီး တိက်တဲ့လမ္းၫႊန္ခ်က္ကို ရွာရမယ္.. ေမာ္ဒယ္တစ္ေယာက္ရဲ႕လမ္းေၾကာင္းေပၚ ေလွ်ာက္ႏိုင္ဖို႔ ေသေသခ်ာခ်ာ လုပ္ၾကပါ.. ကဲ.. ဘယ္သူစမလဲ.."

ၿပိဳင္ပြဲဝင္မ်ားက သူတို႔ေဘးပတ္လည္ကလူေတြကို ထိတ္လန႔္စြာ လွည့္ၾကည့္လိုက္ၾကသည္။ ဒီအထပ္က မွန္ေတြနဲ႔ကာရံထားသည့္အျပင္ အေစာင့္မ်ားလည္းမရွိၾကေပ။ ေလကျပင္းလြန္းလို႔ သူတို႔ကို ေအာက္က်ေအာင္တိုက္သြားႏိုင္သည္။ တကယ္လို႔ တစ္ေယာက္ေယာက္သာ ေအာက္ျပဳတ္က်သြားရင္ ဒီေလာက္အျမင့္ကက်လို႔ အ႐ိုးအသားရွာမရဘဲ တစ္စစီျဖစ္သြားမွာ ေသခ်ာသည္။

Oh My God.. ဒီအစီစဥ္တင္ဆက္တဲ့အုပ္စုက ငါတို႔ကို သတ္ဖို႔ႀကံထားတာလား..။

အျမင့္ကိုမေၾကာက္သည့္ ၿပိဳင္ပြဲဝင္မ်ားပင္ ေၾကာက္လန႔္စြာ ေအာ္ဟစ္လိုက္ၾကသည္။

"အိုး.. လုပ္ၾကစမ္းပါ.. ကိုယ္တို႔က အဲ့ဒီေလာက္မရက္စက္ပါဘူး.."

ၿပိဳင္ပြဲဝင္မ်ား၏ ႐ုပ္ပ်က္ဆင္းပ်က္ပုံႏွင့္ စကားမ်ားကိုၾကားေတာ့ Bonnie က ရွင္းျပလိုက္သည္။

"ကိုယ္တို႔ဝန္ထမ္းေတြက မင္းတို႔ကိုေစာင့္ၾကည့္ေနမွာပါ.. မင္းတို႔ကို လုံၿခဳံေရးခါးပတ္နဲ႔ ႀကိဳးေတြ ခ်ိတ္ထားေပးၾကမွာမို႔ မင္းတို႔ျပဳတ္က်သြားတယ္ဆိုလည္း အခ်ိန္မွီျပန္ဆြဲတင္ေပးၾကမွာပါ.. မင္းတို႔ အျမင့္ခုန္ၿပိဳင္ပြဲလုပ္ေနတယ္လို႔ သေဘာထားလိုက္စမ္းပါ.."

ဘယ္ေသာက္ေကာင္က အျမင့္ခုန္ခ်င္လို႔လဲ.. ခင္ဗ်ားတို႔ေရာ လုပ္ႏိုင္လို႔လား..။

Romeo နဲ႔ Ivana ကလြဲၿပီး က်န္ၿပိဳင္ပြဲဝင္အားလုံးရဲ႕စိတ္ထဲ တုန္လႈပ္သြားၾကၿပီး ေနာက္ကို ေျခတစ္လွမ္းစီ ဆုတ္သြားၾကသည္။

"ေကာင္းၿပီ.. သတၱိရွိတဲ့သူေပၚလာၿပီ.. Romeo, Ivana.. မင္းတို႔ထဲ ဘယ္သူအရင္လုပ္မလဲ.."

"ကြၽန္ေတာ္.."

က်ိဳးယြင္ရွန႔္နဲ႔ Ivana က တစ္ၿပိဳင္တည္းလက္ေျမႇာက္ၿပီး ေျပာလိုက္ၾကသည္။

"Okay.. ဒီတစ္ခါေတာ့ အမ်ိဳးသမီးကို ဦးစားေပးရမယ္ဆိုတာ ကိုယ္လ်စ္လွ်ဴရႈလိုက္မယ္.. Romeo.. မင္း အရင္သြားလိုက္ပါ.."

Bonnie ကေျပာၿပီး ေကာင္ေလးရဲ႕ပုခုံးကိုပုတ္ကာ ေျပာလိုက္သည္။ သူမတို႔ Boss က အျပင္ဘက္ပတ္လမ္းဘက္ ထြက္သြားၿပီး ဝန္ထမ္းေတြနဲ႔ တစ္ခုခုေဆြးေႏြးေနသည္။

Gustav က သူ႔ရဲ႕ေၾကာင္ေပါက္ေလးကို မခ်ည္ေပးခင္ လုံၿခဳံေရးႀကိဳးက စိတ္ခ်ရရဲ႕လားဆိုတာ အထပ္ထပ္စစ္ေဆးလိုက္သည္။ ၿပီးမွ ေၾကာင္ေပါက္ေလးကို ခ်ည္ခြင့္ျပဳၿပီး ႏူးညံ့စြာေမးလိုက္သည္။

"မင္း အျမင့္ကိုေၾကာက္သလား.."

"ကြၽန္ေတာ္ မေၾကာက္ပါဘူး.."

က်ိဳးယြင္ရွန႔္က ေခါင္းယမ္းၿပီးေျပာလိုက္သည္။

"ဒါဆို မင္း ဘာကိုေၾကာက္တာလဲ.."

"ကြၽန္ေတာ္ အထီးက်န္မွာကို ေၾကာက္တယ္.."

ေလျပင္းေၾကာင့္ ဒီစကားကို မၾကားရသေလာက္ျဖစ္ေပမယ့္ Gustav က ေကာင္းေကာင္းၾကားလိုက္ရၿပီး သူ႔ႏွလုံးသားက ခါးသက္စြာခံစားလိုက္ရသည္။

"သြားေတာ့.."

မင္းဘယ္ေတာ့မွ အထီးမက်န္ေစရေတာ့ဘူး.. ကိုယ္ မင္းရဲ႕ေဘးမွာ အၿမဲရွိေနမယ္..။

ကင္မရာ႐ိုက္ခ်က္ေအာက္မွာ Gustav က သူ႔ရင္တြင္းစကားမ်ားကို ဖြင့္ဟေျပာဆိုႏိုင္ျခင္း မရွိေသာေၾကာင့္ ေကာင္ေလးကို အားေပးေၾကာင္း တစ္ခ်က္ေပြ႕ဖက္လိုက္သည္။

က်ိဳးယြင္ရွန႔္က သူ႔ကိုၿပဳံးျပၿပီး ခိုင္မာသည့္ေျခလွမ္းမ်ားျဖင့္ ထြက္လာခဲ့သည္။ သူ႔ေျခေထာက္ေအာက္က ျမင္ေနရသည့္ျမင္ကြင္းကို ဂ႐ုမစိုက္ဘဲ ထုတ္တန္းေပၚကိုသာ အာ႐ုံစိုက္လိုက္သည္။ စတီးေဘာင္တစ္ခုတြင္ တိပ္ႏွင့္ကပ္ထားသည့္ စကၠဴေလးကိုေတြ႕ေတာ့ ထိုေနရာကိုေလွ်ာက္လာခဲ့သည္။ ထိုေနရာကိုေရာက္ေတာ့ သူ႔အရပ္က မမွီေသာေၾကာင့္ က်ိဳးယြင္ရွန႔္က ခုန္ၿပီး စကၠဴကိုလွမ္းဆြဲ႐ုံသာ ရွိေတာ့သည္။

ျပင္းထန္သည့္ေလမ်ားက သူ႔ကိုယ္ေလးကို ျဖတ္တိုက္သြားသျဖင့္ သူခုန္လိုက္တိုင္း ကိုယ္ေလးယိုင္ယိုင္သြားေစသည္။

ၿပိဳင္ပြဲဝင္မ်ားက ဒီျမင္ကြင္းေၾကာင့္ ပါးစပ္ကို လက္ႏွင့္အုပ္ကာ ေၾကာက္လန႔္တၾကား ေအာ္ဟစ္လိုက္ၾကသည္။ Hayden က လူအုပ္ၾကားက တျဖည္းျဖည္းဆုတ္လိုက္ၿပီး ဓာတ္ေလွကားနံရံနားက နံရံကို ဖက္ထားလိုက္မိသည္။ ဓာတ္ေလွကားပတ္လည္ရွိ ၾကမ္းျပင္တြင္ စက်င္ေက်ာက္ႏွင့္ခင္ထားေသာေၾကာင့္ ထိုေနရာမွရပ္ၿပီး ျမင့္မားသည့္ေနရာမွ ရႈခင္းကို ၾကည့္ေနတာက သူ႔ကို လုံၿခဳံစိတ္နည္းနည္းေတာ့ ျဖစ္လာေစသည္။


===========================


Chapter (16) - ပက်စက်လှသည့် အကြံစည်


Romeo သည် အကောင်းဆုံးဓာတ်ပုံဆုကို နှစ်ကြိမ်တိတိ ရရှိပြီးနောက် အခြားပြိုင်ပွဲဝင်များက သူ့ကို အာရုံစိုက်လာကြသည်။ ပြိုင်ပွဲဝင်များက Romeo ကို တမင်တကာ မခံချင်အောင် ထိုးနှက်ပြောဆိုခဲ့ပေမယ့် Romeo က နည်းနည်းမှ မတုံ့ပြန်ခဲ့ပေ။ ဒီလိုမတုံ့ပြန်တာက တမင် သူတို့ကို လျစ်လျှူရှုတာမဟုတ်ဘဲ သူတို့တွေကိုအာရုံစိုက်ဖို့ ပျင်းရိလွန်းလို့ဆိုတာ ကျိုးယွင်ရှန့်သာ အသိဆုံးဖြစ်သည်။ ကျိုးယွင်ရှန့်သည် ချာတိတ်တွေတိုက်ခိုက်တာ လျစ်လျှူရှုပြီး စားသည်၊ အိပ်သည်၊ အာရုံစိုက်ပြီး လေ့ကျင့်မှုတွေသာလုပ်နေသည်။

လျစ်လျှူရှုခံရတာက တကယ်ကိုခံရခက်ပြီး ပြိုင်ပွဲဝင်များက နောက်ဆုံး Romeo ကို မတိုက်ခိုက်တော့ဘဲ သူတို့လေ့ကျင့်မှုကိုသာ ပြန်ပြီးအာရုံစိုက်လိုက်ကြသည်။

တစ်မနက်မှာ သူတို့အဆောင်က TV screen ပေါ်မှာ စာတန်းတစ်ခုပေါ်လာသည်။

"ပြေးလမ်းပေါ်ခြေချဖို့ သတ္တိအများကြီးလိုအပ်တယ်.. မင်းမှာရော သတ္တိရှိရဲ့လား.."

ဒါ ဘာကိုဆိုလိုတာလဲ..။ ဒီဟာက ပြိုင်ပွဲဝင်တွေရဲ့ ရဲစွမ်းသတ္တိကို စမ်းသပ်တဲ့ game ထဲက ပြိုင်ပွဲတစ်ခုဖြစ်ရမယ်။ ကစားသမားတွေရင်ထဲ လေးလံသွားခဲ့သည်။
ကျိုးယွင်ရှန့်က အသားညှပ်ပေါင်မုန်း၂ခုလုပ်ပြီး နို့၂ပုလင်းနဲ့အတူ Bus ကားဆီထွက်လာပြီး Ivana နဲ့အတူ စောင့်ဆိုင်းနေကြသည်။

လူတိုင်း ကားပေါ်ရောက်လာကြပြီး ထွက်ခွာချိန်နီးလာပြီဖြစ်သောကြောင့် Driver က မေးလိုက်သည်။

"လူစုံပြီလား.."

လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် Emily နဲ့ Hayden တို့မပါသေးတာ သိလိုက်ပေမယ့် ဘယ်သူမှမပြောချင်ကြဘူး။ ဒီနှစ်ယောက်က ညတိုင်း ပြင်းထန်တဲ့လှုပ်ရှားမှုတွေ လုပ်ထားကြလို့ မနက်မထနိုင်ကြတာဖြစ်သည်။ သူတို့က ခေါင်းညိတ်ပြီး "စုံပြီ" ဟုပြောလိုက်ကြသည်။

လူတိုင်းက Hayden နဲ့ Emily မပါတာသိပေမယ့် ယှဉ်ပြိုင်မှုပြင်းထန်သည့်ပြိုင်ပွဲတွင် ဘယ်သူမှ အခြားလူကို မကူညီချင်ကြသဖြင့် "ကျွန်တော်တို့အားလုံး ကားထဲပါတယ်" လို့ ပြောလိုက်ကြသည်။

ဒီနေရာတွင် ဖုန်းနှင့် internet ကို သုံးလို့မရပေ။ ပြိုင်ပွဲက ဘယ်နေရာမှာပြိုင်ရမည်ကို Driver တစ်ယောက်တည်းကသာ သိသောကြောင့် Emily နဲ့ Hayden သာ ဒီကားထဲမပါနိုင်ရင် သူတို့ ပြိုင်ပွဲကို ပျက်ကွက်ပြီး အမှတ်လျှော့ခံရမည်ဖြစ်သည်။

ကျိုးယွင်ရှန့်က Hayden မပါတာကို သတိမပေးချင်ပေမယ့် အခု သူက Hayden ကို တစ်ဖက်သတ်ချစ်နေသည့် ဇာတ်ရုပ်တွင် သရုပ်ဆောင်နေသောကြောင့် Hayden ထိခိုက်နစ်နာတာကို မမြင်ရက်သည့်ပုံ ဖြစ်နေရမည်။ ဒါကြောင့် ကျိုးယွင်ရှန့်က ပြောမလိုလုပ်တော့ Ivana က သူ့ပါးစပ်ကိုပိတ်ထားလိုက်သည်။ သူတို့နှစ်ယောက် ခဏရုန်းကန်နေပြီးနောက် ကျိုးယွင်ရှန့်က သူ့ပါးစပ်ပိတ်ထားသည့် Ivana လက်ကို ဖယ်ကာ အော်ပြောလိုက်သည်။

"ကားဆရာကြီး.. ခဏစောင့်ပါဦး.. Hayden နဲ့ Emily တို့ မပါသေးဘူး.. ကျွန်တော် သူတို့ကို သွားခေါ်လိုက်ပါ့မယ်.."

ကားဆရာကြီးက နာရီကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"10 မိနစ်.. 10 မိနစ်ပဲ အချိန်ရမယ်.. မြန်မြန်လုပ်.. မဟုတ်ရင် မင်းပါ ဒီပြိုင်ပွဲကိုလွဲသွားပြီး ပြိုင်ခွင့်မရဘဲနေမယ်.."

ဒီအစီစဉ်တင်ဆက်သူတွေက နောက်ကျသူကိုချန်ထားဖို့ ကြိုပြောထားပြီးဖြစ်သည်။ ဒါက ဒီပြိုင်ပွဲ၏တင်းကျပ်မှုနှင့် တရားမျှတမှုကို ပြသနိုင်ဖို့ဖြစ်သည်။

"ဟုတ်ကဲ့.. ကျေးဇူးပါပဲ ခင်ဗျာ.."

ကျိုးယွင်ရှန့်က ပြောပြီး သူတို့နေတဲ့အဆောင်ကို တက်သုတ်နှင်တော့သည်။

ပြိုင်ပွဲဝင်တွေက Romeo ရဲ့ရူးမိုက်မှုကို ဝိုင်းပြောကြသည်။ Ivana က Romeo ကိုစိတ်ဆိုးနေပေမယ့် သူမသူငယ်ချင်းဘက်က ခုခံပြောလိုက်သည်။

"ဟုတ်တယ်.. Romeo က လူမိုက်ပဲ.. ဒါပေမယ့် ငါက ဒီလိုလူမိုက်ကို သူငယ်ချင်းအဖြစ် ပိုလိုချင်တယ်.. အနည်းဆုံးတော့ ငါဒုက္ခရောက်ချိန် ငါ့သူငယ်ချင်းက ငါ့ကိုမစော်ကားဘူး.. သူ့ရန်သူဖြစ်နေရင်တောင် သူက ရိုးသားဖြောင့်မတ်စွာ ဆက်ဆံတတ်တယ်.. Romeo လိုလူမိုက်သာ အများကြီးရှိရင် ဒီကမ္ဘာကြီးက ပိုငြိမ်းချမ်းပြီး ပိုကောင်းမွန်လာမှာပဲ.."

ပြိုင်ပွဲဝင်များက 'သူငယ်ချင်း' ဆိုသည့်စကားကိုကြားတော့ ငြိမ်ကျသွားကြသည်။ သူတို့အချင်းချင်းကြားမှာ နှိမ်ချခြင်း၊ တိုက်ခိုက်ခြင်းသာ ရှိနေကြသဖြင့် Ivana ကို ရုတ်တရက် မနာလိုဖြစ်လာကြသည်။

Romeo က သူမကိုလမ်းညွှန်တာ၊ ကူညီတာ လုပ်ပေးသည့်အပြင် အစစအရာရာ ဂရုစိုက်ပေးမှတော့ သူမကလည်း Romeoကို ပြန်ပြီးမကာကွယ်ပေးစရာ အကြောင်းမရှိပေ။ သူတို့နှစ်ယောက်ကြားက ခင်မင်မှုက ပြိုင်ပွဲဝင်များအတွက် တကယ့်ကို မနာလိုချင်စရာကောင်းလှသည်။

ကျန်ရစ်ခဲ့သည့်လူ ၁၁ ယောက်ထဲမှာ Romeo တစ်ယောက်သာ အဖြူစင်ဆုံးဖြစ်သည်။ သူ့ဆီမှာ ထက်မြက်တဲ့အပြောလေးရှိပေမယ့် သူက ဘယ်သူ့ကိုမှ အကျိုးယုတ်အောင်မလုပ်ဖူးပေ။ သူက ခုနောက်ပိုင်း ပိုမိုတိတ်ဆိတ်လာပြီး Ivana ကလွဲပြီး ဘယ်သူ့ကိုမှ မယုံကြည်ပေ။ Bus ကားထဲ အားလုံးတိတ်ဆိတ်နေကြသည်။

ကျိုးယွင်ရှန့်က အဆောင်ရှိရာ အားကုန်ပြေးထွက်သွားတော့ သူ့ကင်မရာမန်း ဂျွန်က နောက်မှာကျန်ရစ်ခဲ့သည်။

"Romeo က ပျော့ညံ့တဲ့ပုံပေါက်ပေမယ့် သူ့ကိုယ်ခန္ဓာက အားကစားသမားတစ်ယောက်မှာရှိရမယ့် ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်တွေရှိတယ်.. အရည်အချင်းပြည့်ဝသူဖြစ်ဖို့ဆိုရင် အကျင့်စာရိတ္တကောင်းတဲ့အပြင် ကိုယ်ခန္ဓာကြံ့ခိုင်သူဖြစ်ရမယ်.. သူက တကယ့်ကို လုံးဝပြည့်စုံလှတဲ့ ငါ့ Idol ပဲ.. သူက အကောင်းဆုံးပဲ.."

ဂျွန်က စိတ်ထဲကနေ ဂုဏ်ယူစွာတွေးနေမိသည်။

"Emily.. Hayden.. ထကြတော့.. မင်းတို့မှာ အချိန် 10 မိနစ်ပဲရှိတော့တယ်.. 10 မိနစ်အတွင်း Bus ကားကိုမမှီရင် ဒီနေ့ပြိုင်ပွဲမှာ ပျက်ကွက်လို့ အမှတ်နှုတ်ခံရပြီး ပြိုင်ပွဲဝင်အားလုံးအောက်ကို ရောက်သွားလိမ့်မယ်.. ဒါဆို မင်းတို့ ပြိုင်ပွဲကနေ ထုတ်ခံရလိမ့်မယ်.."

ကျိုးယွင်ရှန့်က အရေးကြီးနေလို့ တံခါးကိုတဒုန်းဒုန်းထုပြီး ပြောလိုက်သည်။

Emily နဲ့ Hayden က အိပ်ယာပေါ်က လူးလဲထပြီး ရေချိုးခန်းထဲပြေးဝင်ရင်း သွားတိုက်လိုက်ကြသည်။ Emily က အဝတ်အစားလဲရင်း စားပွဲပေါ်က Hayden ရဲ့ပစ္စည်းတွေကိုတွေ့တော့ သူမခေါင်းထဲ ရူးကြောင်ကြောင်အတွေးများ ရုတ်တရက်ဝင်လာခဲ့သည်။ ကင်မရာမန်းက Hayden နှင့် Romeo နောက်ကိုသာ လိုက်ရိုက်နေသောကြောင့် သူမကို ဘယ်သူမှ ဂရုမစိုက်မိကြပေ။ ဗီရိုနှင့်စားပွဲက CCTV ကင်မရာ၏ ညာဘက်ထောင့်တွင်ရှိနေသောကြောင့် ထိုနေရာက ကင်မရာရဲ့မျက်ကွယ်ရာကို ရောက်နေသည်။

လုပ်လိုက်စမ်း.. မင်းရဲ့ပြိုင်ဖက်၂ယောက်ကို ဖယ်ရှားနိုင်လိမ့်မယ်။

No.. အချိန်မရှိတော့ဘူး။ အမြန်လုပ်တော့.. မဟုတ်ရင် ၃ယောက်လုံး ပြိုင်ပွဲက ထုတ်ပယ်ခံရလိမ့်မယ်။

သူမရဲ့မကောင်းစိတ်က အနိုင်ရသွားသောကြောင့် Emily က အံကြိတ်လိုက်ပြီး စားပွဲပေါ်ကလက်ဝါးကပ်တိုင်ပုံ စိန်စီထားသည့် ဆွဲကြိုးကိုယူကာ Hayden ၏ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တော့သည်။

"Romeo.. Hayden ရဲ့ကျောပိုးအိတ် မထည့်ရသေးဘူး.. နင် ကူထည့်ပေးထားပါလား.."

Emily က စိတ်လှုပ်ရှားစွာအော်ပြီး Romeo ကို အကူအညီတောင်းလိုက်သည်။

ကျိုးယွင်ရှန့် အခန်းထဲဝင်သွားပြီး Hayden ရဲ့ပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်တော့ သူ့အဖွားပေးခဲ့သည့် ဒေါ်လာ 500,000 တန်သည့် လက်ဝါးကပ်ပုံ စိန်စီထားသည့်လော့ကတ်နှင့် ဆွဲကြိုးပျောက်နေသည်ကို တွေ့လိုက်ရသည်။

ပြိုင်ပွဲမစခင်တိုင်း Hayden က ကံကောင်းစေဖို့ ဒီစိန်လက်ဝါးကပ်တိုင်ကို နမ်းရှုပ်လေ့ရှိတာကို သိတော့ အခုကိစ္စကို မသင်္ကာသဖြင့် ကျိုးယွင်ရှန့် AI ကိုဖွင့်ပြီး လက်ဝါးကပ်တိုင်ကို ရှာလိုက်သည်။ စိန်လက်ဝါးကပ်တိုင်က ဒီအခန်းထဲမှာရှိနေသည်ကို သိလိုက်ရတော့ ဒီဟာက Emily ရဲ့အစီစဉ်ဖြစ်မည်ကို သိလိုက်သည်။

007 က သူ့သခင်သာကြားနိုင်သည့် အသံတစ်ချက်မြည်လာပြီး စိန်လက်ဝါးကပ်တိုင် ရှိမည့်နေရာကို ပြသလိုက်သည်။

Emily က တကယ့်ကို သူရဲကောင်းပီသပြီး သူမရဲ့အစီအစဉ်က တကယ့်ကို လက်ဖျားခါလောက်ပေသည်။ ကျိုးယွင်ရှန့်က စိတ်ထဲမှ သက်ပြင်းရှိုက်လိုက်ပေမယ့် အပြင်ပိုင်းမှာ စိတ်ပူပန်ဟန်ဆောင်ထားပြီး Hayden ရဲ့ကျောပိုးအိတ်ထဲကို စားပွဲပေါ်ကပစ္စည်းအကုန် ကြုံးထည့်လိုက်သည်။

Hayden က မျက်နှာသစ်ပြီး အခန်းထဲဝင်လာတော့ ဒီမြင်ကွင်းကိုကြည့်ပြီး သူ့မျက်နှာခက်ထန်သွားသည်။ သူက ကျောပိုးအိတ်ကို ခပ်ကြမ်းကြမ်းလှမ်းဆွဲပြီး Emily ကိုသိုင်းဖက်ကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။

"မင်းက တကယ်ကို မိုက်မဲတဲ့ကောင်လေးပဲ.."

ဂျွန်က သစ္စာရှိစွာ ဒီမြင်ကွင်းကိုမှတ်တမ်းတင်ရင်း ပါးစပ်က ရေရွတ်လိုက်မိသည်။ ဒီကောင်တော့ သွားပြီဟု တွေးနေသည်။

နောက်ကျသောသူများက နောက်ဆုံးအချိန်မှာ Bus ပေါ်ကိုရောက်ရှိလာကြသည်။ ပြတင်းပေါက်ကနေ လည်တဆန့်ဆန့်နှင့် မျှော်နေသည့် Ivana က နောက်ဆုံးကောင်လေးကို ဝမ်းသာအားရ ဆွဲဖက်ထားတော့သည်။

ရင်ထိတ်သည်းဖို ပြိုင်ပွဲ

နာရီဝက်ကြာတော့ Bus ကားကြီးက ပြိုင်ပွဲဝင်များကို တိုင်းပြည် A မှ အမြင့်ဆုံးအဆောက်အအုံကြီးရှိရာကို ခေါ်ဆောင်လာခဲ့သည်။ Miss Jeffery က ပြိုင်ပွဲဝင်အားလုံးကို ထူးထူးဆန်းဆန်းပြုံးကာ အဆောက်အဦထဲကို ခေါ်လာခဲ့သည်။ ဓာတ်လှေကားက အပေါ်ကိုတက်သွားပြီးနောက် ရပ်သွားတော့ Acheson နဲ့ Bonnie က ဓာတ်လှေကားအပြင်ဘက် ဖန်များဖြင့်သာကာရံထားသည့် ပေါင်းကူးတံတားတွင် ဘေးချင်းယှဉ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

"Hello အချစ်လေးတို့.. ဒီနေ့စိန်ခေါ်ပွဲက အခက်အခဲတချို့ ရှိနိုင်တယ်.."

Bonnie က ကင်မရာကိုချိန်ညှိရင်း ပြောလိုက်သည်။ Acheson ၏လည်ပင်းတွင်လည်း ကင်မရာတစ်လုံးကို ချိတ်ဆွဲထားသဖြင့် ကနေ့ပြိုင်ပွဲမှာ သူတို့နှစ်ယောက်က ဓာတ်ပုံဆရာအဖြစ် တာဝန်ယူထားပုံရသည်။

လူတိုင်း Jeffery ရဲ့နောက်ကနေ ခန်းမကျယ်ကြီးထဲဝင်သွားပြီး လိုက်ခဲ့ပေမယ့် ခြေလှမ်းတချို့လှမ်းပြီးတာနဲ့ အမျိုးသမီးပြိုင်ပွဲဝင်တချို့ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြတော့သည်။ သူတို့ရောက်နေသည့်နေရာက ခေါင်မိုးကိုသာမက ကြမ်းပြင်နှင့်နံရံကိုလည်း မှန်များဖြင့်ကာရံထားသောကြောင့် ဟိုးအောက်မီတာရာကျော်သည့် မြေပြင်ပေါ်က ရိုက်ကူးရေးဝန်ထမ်းများနှင့် လူများကို ပုရွက်ဆိတ်အရွယ်လောက်သာ မြင်နေရသည်။ အောက်ကို တိုးလျှိုပေါက်မြင်နေရသည့်မြင်ကွင်းက ပြိုင်ပွဲဝင်တချို့၏ ဦးရေပြားကို ကျိန်းစပ်သွားစေသည်။

Hayden က ပျော့ခွေသွားပြီး မတ်တပ်တောင်မရပ်နိုင်တော့ပေ။ Emily က ရှက်ရွံ့သွားပြီး သူကြားရုံလောက် သွားစေ့ကာ တီးတိုးပြောလိုက်သည်။

"Bonnie က ရှင့်ကို ကြံ့ခိုင်တဲ့လူလို့ ထင်ထားတာ.. ရှင်အခု Bonnie ရဲ့မျက်လုံးထဲမှာ ဟာသတစ်ခုလို ဖြစ်စေချင်တာလား.. ရှင့်ကို သူမရဲ့ပုံထဲမှာ သူရဲဘောကြောင်တဲ့သူဆိုပြီး ထင်သွားစေချင်တာလား.. ဒီလိုမဖြစ်စေချင်ရင် မြန်မြန်မတ်တပ်ရပ်လိုက်... အောက်ကိုငုံ့မကြည့်နဲ့.."

Hayden က မနည်းရုန်းထပြီး ယိုင်နဲ့စွာ မတ်တပ်ရပ်ရင်း မျက်နှာကို အားနည်းစွာမော့ထားလိုက်သည်။ သူ့မှာ ထိပ်ရောက်အောင်လုပ်ဖို့ အစီစဉ်ရှိနေပေမယ့် ကနေ့ပြိုင်ပွဲက သူ့အတွက် ခက်လွန်းလှသည်။

သေလိုက်စမ်း.. ဘာကြောင့် ဒီလောက်မြင့်တဲ့နေရာမှာ ပြိုင်ပွဲလုပ်ရတာလဲ..။ ငါ့ကို target ထားပြီး တမင်လုပ်နေတာများလား..။

တကယ်ကို ဒီပြိုင်ပွဲက Hayden အတွက် Gustav သီးသန့်လုပ်ထားတဲ့ အစီစဉ်ဖြစ်သည်။ Hayden ကိုကြည့်ပြီး စိတ်မသက်မသာနဲ့ မျက်မှောင်ကြုတ်နေတဲ့ သူ့ကြောင်ပေါက်ကိုကြည့်ပြီး Gustav ကျေနပ်နေမိသည်။

ကြည့်လိုက်စမ်းပါ ဘေဘီ.. ဒီလိုသူရဲဘောကြောင်တဲ့ ကောင်မျိုးက မင်းရဲ့အချစ်နဲ့ ထိုက်တန်ရဲ့လား..။

Ivana ရဲ့စကားအတိုင်းပြောရရင် မင်းလေးရဲ့မျက်လုံးကို ပွတ်သပ်ပြီး သေချာကြည့်လိုက်စမ်းပါကွာ..။

ကျိုးယွင်ရှန့်က သူ့ရှေ့မြင်ကွင်းကိုကြည့်ပြီး ရင်ထဲမှာရယ်မောနေပေမယ့် အပြင်ပိုင်းမှာ စိုးရိမ်ခြင်းနှင့် စိတ်ပျက်ခြင်းပုံစံ သရုပ်ဆောင်ထားသည်။ ဒီပြိုင်ပွဲကတော့ သူ့သရုပ်ဆောင်စွမ်းရည်ကို တိုးတက်အောင် လုပ်ပေးနေသလိုပါပဲ။

ပြိုင်ပွဲဝင်များက တိုးလျှိုပေါက်မြင်ရသည့် ကြမ်းပြင်ပေါ်မှာ ကောင်းကောင်းခြေချနိုင်ပြီဆိုတော့မှ Bonnie က ရှင်းပြလိုက်သည်။

"ဒီနေ့စိန်ခေါ်မှုက ဓာတ်ပုံရိုက်ရမှာဖြစ်တယ်.. ကိုယ်၊ Mr.Acheson, Mr.Cerall နဲ့ Mr.Baket က မင်းတို့ရဲ့ ဓာတ်ပုံဆရာတွေလုပ်ကြမယ်.. မင်းတို့ဘာဝတ်ရမယ်၊ ဘာလုပ်ရမယ်၊ ဘယ်မှာရိုက်ရမယ်ဆိုတာက လျှို့ဝှက်ထားတယ်.. မင်းတို့က အပြင်ဘက်မှာ ထောက်တိုင်နဲ့ထုတ်တန်းတွေမှာ တိပ်နဲ့ကပ်ထားတဲ့စာရွက် ၃ရွက်ကို လိုက်ရှာပြီး တိကျတဲ့လမ်းညွှန်ချက်ကို ရှာရမယ်.. မော်ဒယ်တစ်ယောက်ရဲ့လမ်းကြောင်းပေါ် လျှောက်နိုင်ဖို့ သေသေချာချာ လုပ်ကြပါ.. ကဲ.. ဘယ်သူစမလဲ.."

ပြိုင်ပွဲဝင်များက သူတို့ဘေးပတ်လည်ကလူတွေကို ထိတ်လန့်စွာ လှည့်ကြည့်လိုက်ကြသည်။ ဒီအထပ်က မှန်တွေနဲ့ကာရံထားသည့်အပြင် အစောင့်များလည်းမရှိကြပေ။ လေကပြင်းလွန်းလို့ သူတို့ကို အောက်ကျအောင်တိုက်သွားနိုင်သည်။ တကယ်လို့ တစ်ယောက်ယောက်သာ အောက်ပြုတ်ကျသွားရင် ဒီလောက်အမြင့်ကကျလို့ အရိုးအသားရှာမရဘဲ တစ်စစီဖြစ်သွားမှာ သေချာသည်။

Oh My God.. ဒီအစီစဉ်တင်ဆက်တဲ့အုပ်စုက ငါတို့ကို သတ်ဖို့ကြံထားတာလား..။

အမြင့်ကိုမကြောက်သည့် ပြိုင်ပွဲဝင်များပင် ကြောက်လန့်စွာ အော်ဟစ်လိုက်ကြသည်။

"အိုး.. လုပ်ကြစမ်းပါ.. ကိုယ်တို့က အဲ့ဒီလောက်မရက်စက်ပါဘူး.."

ပြိုင်ပွဲဝင်များ၏ ရုပ်ပျက်ဆင်းပျက်ပုံနှင့် စကားများကိုကြားတော့ Bonnie က ရှင်းပြလိုက်သည်။

"ကိုယ်တို့ဝန်ထမ်းတွေက မင်းတို့ကိုစောင့်ကြည့်နေမှာပါ.. မင်းတို့ကို လုံခြုံရေးခါးပတ်နဲ့ ကြိုးတွေ ချိတ်ထားပေးကြမှာမို့ မင်းတို့ပြုတ်ကျသွားတယ်ဆိုလည်း အချိန်မှီပြန်ဆွဲတင်ပေးကြမှာပါ.. မင်းတို့ အမြင့်ခုန်ပြိုင်ပွဲလုပ်နေတယ်လို့ သဘောထားလိုက်စမ်းပါ.."

ဘယ်သောက်ကောင်က အမြင့်ခုန်ချင်လို့လဲ.. ခင်ဗျားတို့ရော လုပ်နိုင်လို့လား..။

Romeo နဲ့ Ivana ကလွဲပြီး ကျန်ပြိုင်ပွဲဝင်အားလုံးရဲ့စိတ်ထဲ တုန်လှုပ်သွားကြပြီး နောက်ကို ခြေတစ်လှမ်းစီ ဆုတ်သွားကြသည်။

"ကောင်းပြီ.. သတ္တိရှိတဲ့သူပေါ်လာပြီ.. Romeo, Ivana.. မင်းတို့ထဲ ဘယ်သူအရင်လုပ်မလဲ.."

"ကျွန်တော်.."

ကျိုးယွင်ရှန့်နဲ့ Ivana က တစ်ပြိုင်တည်းလက်မြှောက်ပြီး ပြောလိုက်ကြသည်။

"Okay.. ဒီတစ်ခါတော့ အမျိုးသမီးကို ဦးစားပေးရမယ်ဆိုတာ ကိုယ်လျစ်လျှူရှုလိုက်မယ်.. Romeo.. မင်း အရင်သွားလိုက်ပါ.."

Bonnie ကပြောပြီး ကောင်လေးရဲ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ သူမတို့ Boss က အပြင်ဘက်ပတ်လမ်းဘက် ထွက်သွားပြီး ဝန်ထမ်းတွေနဲ့ တစ်ခုခုဆွေးနွေးနေသည်။

Gustav က သူ့ရဲ့ကြောင်ပေါက်လေးကို မချည်ပေးခင် လုံခြုံရေးကြိုးက စိတ်ချရရဲ့လားဆိုတာ အထပ်ထပ်စစ်ဆေးလိုက်သည်။ ပြီးမှ ကြောင်ပေါက်လေးကို ချည်ခွင့်ပြုပြီး နူးညံ့စွာမေးလိုက်သည်။

"မင်း အမြင့်ကိုကြောက်သလား.."

"ကျွန်တော် မကြောက်ပါဘူး.."

ကျိုးယွင်ရှန့်က ခေါင်းယမ်းပြီးပြောလိုက်သည်။

"ဒါဆို မင်း ဘာကိုကြောက်တာလဲ.."

"ကျွန်တော် အထီးကျန်မှာကို ကြောက်တယ်.."

လေပြင်းကြောင့် ဒီစကားကို မကြားရသလောက်ဖြစ်ပေမယ့် Gustav က ကောင်းကောင်းကြားလိုက်ရပြီး သူ့နှလုံးသားက ခါးသက်စွာခံစားလိုက်ရသည်။

"သွားတော့.."

မင်းဘယ်တော့မှ အထီးမကျန်စေရတော့ဘူး.. ကိုယ် မင်းရဲ့ဘေးမှာ အမြဲရှိနေမယ်..။

ကင်မရာရိုက်ချက်အောက်မှာ Gustav က သူ့ရင်တွင်းစကားများကို ဖွင့်ဟပြောဆိုနိုင်ခြင်း မရှိသောကြောင့် ကောင်လေးကို အားပေးကြောင်း တစ်ချက်ပွေ့ဖက်လိုက်သည်။

ကျိုးယွင်ရှန့်က သူ့ကိုပြုံးပြပြီး ခိုင်မာသည့်ခြေလှမ်းများဖြင့် ထွက်လာခဲ့သည်။ သူ့ခြေထောက်အောက်က မြင်နေရသည့်မြင်ကွင်းကို ဂရုမစိုက်ဘဲ ထုတ်တန်းပေါ်ကိုသာ အာရုံစိုက်လိုက်သည်။ စတီးဘောင်တစ်ခုတွင် တိပ်နှင့်ကပ်ထားသည့် စက္ကူလေးကိုတွေ့တော့ ထိုနေရာကိုလျှောက်လာခဲ့သည်။ ထိုနေရာကိုရောက်တော့ သူ့အရပ်က မမှီသောကြောင့် ကျိုးယွင်ရှန့်က ခုန်ပြီး စက္ကူကိုလှမ်းဆွဲရုံသာ ရှိတော့သည်။

ပြင်းထန်သည့်လေများက သူ့ကိုယ်လေးကို ဖြတ်တိုက်သွားသဖြင့် သူခုန်လိုက်တိုင်း ကိုယ်လေးယိုင်ယိုင်သွားစေသည်။

ပြိုင်ပွဲဝင်များက ဒီမြင်ကွင်းကြောင့် ပါးစပ်ကို လက်နှင့်အုပ်ကာ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ Hayden က လူအုပ်ကြားက တဖြည်းဖြည်းဆုတ်လိုက်ပြီး ဓာတ်လှေကားနံရံနားက နံရံကို ဖက်ထားလိုက်မိသည်။ ဓာတ်လှေကားပတ်လည်ရှိ ကြမ်းပြင်တွင် စကျင်ကျောက်နှင့်ခင်ထားသောကြောင့် ထိုနေရာမှရပ်ပြီး မြင့်မားသည့်နေရာမှ ရှုခင်းကို ကြည့်နေတာက သူ့ကို လုံခြုံစိတ်နည်းနည်းတော့ ဖြစ်လာစေသည်။


===========================




ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now