Arc_8.20 Romeo

8.1K 1K 0
                                    

Chapter (20) - ညှို့ယူဖမ်းစားနိုင်သူလေး


Stylist နှစ်ယောက်က ကျိုးယွင်ရှန့်နှင့် Ivana ကို စက်ဝိုင်းလို ပတ်လျှောက်ကြည့်လိုက်၊ နှစ်ယောက်သား တီးတိုးတိုင်ပင်လိုက် လုပ်နေကြသည်။ ၁၅ မိနစ်ခန့်ကြာသောအခါမှ နှစ်ဦးသဘောတူညီမှုရခဲ့ပြီး စားပွဲပေါ်သို့ makeup ပစ္စည်းများ ခင်းကျင်းလိုက်ကြသည်။

"ယောက်ျားလေးပုံစံကိုဖုံးကွယ်ဖို့ 17 ရာစုကအဝတ်အစားပုံစံ ဆင်ပေးရမယ်.. စကတ်ဖားဖားကြီးတွေနဲ့ လက်ဖောင်းအင်္ကျီတွေက မင်းရဲ့ကြွက်သားတွေကို ကောင်းကောင်းဖုံးကွယ်ပေးသွားနိုင်လိမ့်မယ်.. မိန်းကလေးပြိုင်ပွဲဝင်က အခက်အခဲမရှိဘူး.. သူကို ဘောင်းဘီရှည် အကျပ်ဝတ်ပေးလိုက်ရင် အရမ်းကြည့်ကောင်းသွားပြီ.."

Stylist က ဆယ်ကျော်သက်လေး၂ယောက်ကို မိတ်ကပ်လိမ်းပေးရင်း စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ သူက အချောလေးများကို စိတ်ရှည်တတ်သူဖြစ်သည်။

"ဒါပေမယ့် ကျွန်တော့်ရင်ဘတ်နဲ့ သူ့ရင်ဘတ်ကို ဘယ်လိုလုပ်မလဲ.."

ကျိုးယွင်ရှန့် စိတ်ပူစွာမေးလိုက်သည်။

Stylist က တိတ်ဆိတ်သွားသည်။ Bonnie နှင့် Jeffery က စိတ်ရှုပ်ရှုပ်နှင့် ရယ်မောလိုက်ကြသည်။

"မိန်းကလေးတွေက အတွင်းဝတ်စုံဝတ်ရတယ်လေ.. မင်းလည်း ဒီဟာဝတ်ဖို့လိုတယ်.."

Jeffery သည် မိန်းကလေးဝတ် ဘရာစီယာတစ်ခုနှင့် နူးညံ့အိစက်သည့် ရင်သားတုကို ယူလာပြီး ဝံပုလွေအိုကြီးကဲ့သို့ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။

"Oh My God.."

ဆယ်ကျော်သက်ကောင်လေး၏ 'ဘုရားတ' ပြီး အလန့်တကြားပြောလိုက်ပုံက လူတိုင်းကို ရယ်မောသွားစေသည်။

နာရီဝက်ကြာပြီးနောက် stylist များသည် အဝတ်အစားအပြည့်အစုံ ဝတ်ဆင်ပြီးသွားသော လူနှစ်ဦးကို အခန်းပြင်သို့ တွန်းလွှတ်လိုက်သည်။ Ivana သည် ခန့်ညားသော နှစ်ထပ်ကတ္တီပါကုတ် အနီရောင်ကို အဖြူရောင်ကိုယ်ကျပ်ဘောင်းဘီနှင့် တွဲဝတ်ထားပြီး နူးညံ့သည့်သားရေဖိနပ်ကို ဆင်ယင်ထားသည်။ သူမ၏မျက်နှာကျပုံစံက ခပ်ကြမ်းကြမ်းနှင့် ယောက်ျားပီသချောမောသည့်ဟန် ပေါက်နေပြီး လက်ထဲတွင် ငွေတုတ်ကောက်ကိုကိုင်ထားသည်။ သူမက ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး ကိုယ်ကိုညွတ်ကိုင်းကာ Bonnie ၏လက်လေးကို အသာနမ်းပြီး ယောက်ျားသံဖြင့် ပြောလိုက်သည်။

"မိန်းမချောလေး.. ကိုယ်နဲ့တွဲကဖို့ ဖိတ်ကြားပါရစေ.."

Bonnie က သူမပါးစပ်ကို လက်လေးနှင့်ကာပြီး ရယ်မောလိုက်သည်။ သူမက Ivana ဆွဲခေါ်သည့်အတိုင်း လှည့်ပတ်ကနေသည်။ တကယ်လို့ အတွင်းကျကျမသိလျှင် ဘယ်သူမှ Ivana ၏လိင်နဲ့ပတ်သက်ပြီး သံသယဝင်မည်မဟုတ်ပေ။ သူမပုံစံက အခုမှ ဆီဆေးပန်းချီကားထဲမှ ခုန်ထွက်လာသည့် 17 ရာစုမှ ရှေးခေတ်လူချောလေးပုံစံနှင့် တူလှသည်။

ထိုအချိန် အဝတ်လဲခန်းတံခါး ပွင့်လာပြီး လှပသည့်အပြာဖျော့ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားသည့် မမလေးတစ်ဦး ဖြည်းညင်းစွာ လျှောက်ပြီးထွက်လာခဲ့သည်။ စိတ်လှုပ်ရှားခြင်းနှင့် ရှက်ရွံ့ခြင်းကြောင့် သူ၏မျက်ဝန်းပြာလေးများက စိုလဲ့တောက်ပနေသည်။ သူက ပန်းပွင့်လေးလိုလှပသည့် စကတ်ကိုဆင်ယင်ထားပြီး တစ်လှမ်းချင်း သိုးငယ်လေးကဲ့သို့ ခပ်ရွရွလေး လျှောက်လာခဲ့သည်။ သူမ၏ လက်ရာမြောက်လှသည့် မျက်နှာပုံပန်းသွင်ပြင်နှင့် ပြင်ဆင်ထားသည့်မိတ်ကပ်က အံ့အားသင့်ဖွယ်ကောင်းလွန်းလှသည်။

Stylist နှင့် ကင်မရာသမား၊ အသံဖမ်းအင်ဂျင်နီယာ၊ Ivana တို့မပြောနှင့် Bonnie နှင့် Jeffery တို့လို အချောအလှပေါင်းများစွာကို မြင်ဖူးထားသည့် ဒိုင်နှစ်ဦးပင် မင်သက်သွားကြသည်။

Romeo ၏ပုံစံလေးက အရမ်းကိုသိမ်မွေ့ပြီး သူ့တွင် ရင်သားနှင့်သေးကျင်သောခါး၊ နတ်သားကဲ့သို့ ချောမွေ့လှပသော မျက်နှာလေးရှိနေသည်။ သူ့ကိုဘယ်လိုကြည့်ကြည့် လူမက နတ်တမျှ ချောမောလွန်းသည်ဟု ခံစားရမှာသေချာသည်။ Gustav က လိင်တူချစ်သူဖြစ်ပြီး မိန်းကလေးများကို ဘယ်လိုမှ စိတ်ဝင်စားလို့မရပေ။ မိန်းကလေးပုံစံဝတ်ဆင်ထားသော Romeo ကိုကြည့်ပြီး သူ စိတ်မသက်မသာဖြစ်ရမည်ဟု ထင်ထားခဲ့သည်။ ဒါပေမယ့် သူမှားသွားသည်။ Romeo က ဘယ်လိုလိင်နှင့်ဖြစ်ပါစေ.. ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ Romeo က ဘယ်လိုပုံစံမျိုးဖြစ်ပါစေ၊ သူ့ကိုချစ်နေဆဲဖြစ်သည်။ Romeo ကိုချစ်သည့်စိတ်ကို Gustav ဘယ်လိုမှ မရပ်တန့်ပစ်နိုင်ခဲ့ပေ။ Gustav က လူတစ်ယောက်ကို ဒီလောက်နက်ရှိုင်းစွာ မချစ်ခဲ့ဖူးပေ။ တစ်ကမ္ဘာလုံးကလူတွေ မှေးမှိန်သွားပြီး Romeo တစ်ယောက်သာ သူ့မျက်လုံးထဲ တောက်ပလို့နေသည်။

သူက ကင်မရာကိုမြှောက်ပြီး ကောင်လေးပုံကို မြောက်မြားစွာ ရိုက်ယူလိုက်သည်။ ကောင်လေးက ကိုယ်အမူအယာ နည်းနည်းတောင့်တင်းနေသည်ကို သတိထားမိသောကြောင့် အရုပ်လေးတစ်ခုကိုယူကာ ကောင်လေးလက်မောင်းကြား ထိုးထည့်ပေးပြီး ပြောလိုက်သည်။

"ကိုယ် အစမ်းဓာတ်ပုံတချို့ ရိုက်ကြည့်ဦးမယ်.. မင်း ကိုယ့်ကို ပို့စ်နည်းနည်းလောက် လုပ်ပေးပါလား.. မင်းက အခု ဂုဏ်သရေရှိ အထက်တန်းလွှာက မမလေးဖြစ်တယ်ဆိုတာ မမေ့နဲ့.. ဒါကြောင့် မင်းရဲ့အမူအယာလှုပ်ရှားပုံတွေက နည်းနည်းလေးမှ ကြမ်းလို့မရဘူး.."

ကျိုးယွင်ရှန့်သည် သရုပ်ဆောင်နှင့် ဖက်ရှင်လောကနှစ်ခုလုံးတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသည်။ ဒါကြောင့် ပြည်သူလူထု၏ နှစ်သက်လိုလားခြင်းနှင့် ချစ်ခင်လေးစားမှုကို ရရှိအောင် သရုပ်ဆောင်တစ်ယောက်က ဘယ်လိုသည်းခံပြီး နေထိုင်ရမည်ကို ကောင်းကောင်းသဘောပေါက်ထားသည်။ အေးတိအေးစက်နှင့် ဖာသိဖာသာနေတတ်သည့် စရိုက်ရှိသည့် နာမည်ကြီး Idol တစ်ယောက်ပင် ပရိသတ်၏စိတ်ဝင်စားမှုကို ထိန်းသိမ်းနိုင်ဖို့ ပရိသတ်ရှေ့ရောက်ပါက တက်ကြွပြီး ဖော်ရွေသည့်ပုံစံသို့ ပြောင်းလဲရသည်။

'မီးတောက်ဆိုတာ ထင်းတွေပေါ် မှီခိုနေရသလို နာမည်ကြီး Idol ဆိုတာလည်း ပရိသတ်ပေါ် မှီခိုနေရသည်'

ပရိသတ်ကို ပျော်စရာလေးဖြစ်အောင် ဆွဲဆောင်မှုရှိသည့် လှည့်ကွက်လေးများ ထည့်သွင်းထားသောကြောင့် ဒီတစ်ပိုင်းကိုကြည့်ပြီးသည်နှင့် ပရိသတ်များ အရမ်းသဘောကျသွားမည်ကို ကျိုးယွင်ရှန့် ကောင်းကောင်းသိသည်။ သူ့ပုံစံလေးက အားသာချက်ရှိပြီးသား ဖြစ်သောကြောင့် သင့်တင့်လျှောက်ပတ်သည့် အပြုအမူလေးကို လုပ်ဆောင်လိုက်သည်နှင့် ပရိသတ်များ၏ အသိအမှတ်ပြုမှုနှင့် အချစ်များ ထပ်ရမည်ကို ကျိုးယွင်ရှန့်သိသည်။ Romeo ၏ဆန္ဒပြည့်စေရန် ကျိုးယွင်ရှန့် အားကုန်စိုက်ထုတ်မှဖြစ်မည်။ မိန်းကလေးတစ်ယောက်ကဲ့သို့ ပြုမူပြရမှာ သူ့အတွက် ပြဿနာမဟုတ်ပါ။ သူက ပညာရှင်ပီသစွာ စိတ်အာရုံနှစ်ကာ သရုပ်ဆောင်တတ်သည့်သူဖြစ်သည်။

ကျိုးယွင်ရှန့်က လက်ထဲတွင်ပွေ့ထားသည့် အရုပ်ဆီ မျက်နှာအနည်းငယ်ငုံ့လိုက်ပြီး Gustav ရှိရာကို ခေါင်းလေးလှည့်ကာ ကြည့်လိုက်သည်။ သူ့ရဲ့ကြည်လင်လွန်းသည့် မျက်ဝန်းလေးများက သန့်ရှင်းစင်ကြယ်သည်။ ရေအိုင်လေးကဲ့သို့ တောက်ပနေပြီး မြင်ရသူကို ကြွေဆင်းသွားစေသည်။

သူက ဒီအနေအထားမှာ စက္ကန့်အနည်းငယ် ကိုယ်ဟန်ပြပြီးနောက် အရုပ်လေးရဲ့ခါးကို လက်နှင့်ရစ်ဖက်ကာ ရင်ဘတ်နားကပ်လာပြီး ညာဘက်လက်ညှိုးထိပ်လေးကို နှုတ်ခမ်းနှင့်အသာကပ်ကာ မျက်လုံးလေးကို အံ့အားသင့်ဟန်လုပ်လိုက်သည်။

အရမ်းကို ဆွဲဆောင်နိုင်တာပဲ။

ဆိုးလိုက်တဲ့ဘေဘီလေး.. ဒါကတော့ တော်တော်လေးလွန်သွားပြီ။

Gustav က တစ်ပုံမှမလွတ်အောင် ကင်မရာခလုတ်ကို ဆက်တိုက်နှိပ်ရင်း ရင်ထဲမှာအော်ဟစ်နေတော့သည်။
သူ ကြောင်ပေါက်လေးပုံအားလုံးကို စုစည်းပြီး သိမ်းထားချင်သည်။ သူတို့အသက်တွေကြီးပြီး ဘယ်မှ မသွားနိုင်တော့တဲ့အချိန် မီးလင်းဖိုဘေးက ခုံတွေမှာထိုင်ပြီး ဒီပုံလေးတွေကိုပြန်ကြည့်လို့ အတိတ်ကမှတ်ဉာဏ်တွေ၊ အမှတ်တရတွေကို သေချာပြန်တွေးချင်သည်။

Gustav ဓာတ်ပုံရိုက်နေချိန်မှာ Bonnie နဲ့အခြားလူတွေလည်း ဖုန်းကိုယ်စီထုတ်ကာ ဒီအချိန်ကာလလေးကို အမိအရဖမ်းယူလိုက်ကြသည်။ Live လွှင့်နေသည့်ကာလအတွင်း ရုံးဝန်ထမ်းများက သူတို့ဖုန်းကို အသုံးပြုခွင့်မရှိပေ။ တကယ်လို့ ဒီအလုပ်ကို စဝင်လာကတည်းက အလုပ်စည်းကမ်းစာချုပ်မှာ လက်မှတ်မထိုးထားရပါက ဒီလိုသေလုအောင် ချစ်စရာကောင်းသည့်ပုံများကို ရိုက်ယူပြီး Social Media ပေါ် share လိုက်မှာသေချာသည်။

Ivana ၏ဖုန်းကို ဝန်ထမ်းများက သိမ်းဆည်းထားသောကြောင့် သူမက Bonnie ဆီကပုံကို တောင်းခံရုံသာရှိတော့သည်။ သူမက မိန်းကလေးကိုသာ စိတ်ဝင်စားသူဖြစ်သောကြောင့် Romeo ခုလိုဝတ်စားထားတော့ သူမကိုယ်သူမ ယောက်ျားစစ်လို အနည်းငယ်ခံစားလိုက်ရသည်။ တကယ်လို့ Romeo သာ နေ့တိုင်းဒီလိုဝတ်စားထားမည်ဆိုပါက ပင်လယ်ကြီးခြောက်ခန်းသွားသည်အထိ သူမ မီးကုန်ယမ်းကုန် ချစ်ပစ်နိုင်ပါသည်။

မဲအများဆုံးရဖို့ ကျိုးယွင်ရှန့် ဒီနေ့တစ်နေကုန် ချစ်စဖွယ်ဟန်ပန်လေးနှင့်သာ နေထိုင်နေရသည်။ သူက Romeo ၏ ချစ်စရာကောင်းမှုကို 200% ထိတက်အောင် လုပ်လိုက်နိုင်ပြီး နောက်ဆုံး Gustav ၏ကင်မရာဆီကို သူ့နှုတ်ခမ်းတွေစူပြီး အနမ်းတစ်ပွင့်ပေးလိုက်ဟန်ပင် လုပ်လိုက်သေးသည်။

Gustav ၏ပါးပြင်နှစ်ဖက် ရဲရဲနီသွားပြီး ရှက်တတ်သည့် ဆယ်ကျော်သက်ကောင်လေးလို ဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ကင်မရာကကွယ်ထားသောကြောင့် သူ့မျက်နှာအမူအယာကို ဘယ်သူမှသတိမထားလိုက်မိကြပေ။ သူ့ပါးပြင်က တရှိန်ရှိန်ပူနေတာ လျော့သွားသည်အထိ ဓာတ်ပုံကို ဆက်တိုက်ရိုက်နေမိသည်။ သူ့အမူအယာကို ထိန်းနိုင်တော့မှ Romeo ကိုလက်ပြပြီး ပြောလိုက်သည်။

Gustav ရဲ့လေသံက ယဉ်ကျေးပြီး သာမန်ကဲ့သို့ပြောနေပေမယ့် သူ့လက်ဖဝါးမှာ စိတ်လှုပ်ရှားမှုကြောင့် ချွေးတွေစိုလို့နေသည်။ ကြောင်ပေါက်လေးက သူ့ကင်မရာကိုစိုက်ကြည့်ပြီး အနမ်းပေးလိုက်သည့်မြင်ကွင်းကို သူအရမ်းချစ်သည်။ တကယ်လို့ ဒီနေရာမှာ Bonnie နှင့် Jeffery သာဆို ပြေးပြီး ကြောင်ပေါက်လေးကို ဖက်နမ်းပြီးနေလောက်ပြီ။

"ကိစ္စမရှိပါဘူး.. Mr. Acheson သဘောကျတယ်ဆိုရင် သိမ်းထားလို့ရပါတယ်.. ဒီပြိုင်ပွဲပြီးသွားရင်တော့ ကျွန်တော့်ကို တစ်စုံလောက်ပေးလို့ရမလား.. ဒီဟာက ကျွန်တော် မိန်းကလေးလိုဝတ်တာ ပထမဆုံးဖြစ်လို့ အမှတ်တရသိမ်းထားချင်လို့ပါ.."

ကျိုးယွင်ရှန့်က သိမ်မွေ့စွာပြုံးရင်း လိုက်လိုက်လျောလျော ပြောလိုက်သည်။

Jeffery နှင့် Bonnie တို့လည်း အရမ်းပျော်သွားကြသည်။ ဒီချစ်စရာပုံစံလေးနှင့် ရိုက်ချက်တွေက social media ပေါ်မှာ သေချာပေါက် လူကြိုက်များ နာမည်ကျော်ပြီး လူတွေကို အရူးအမူးဖြစ်လာစေမှာ သေချာသည်။

Ivana နှင့် Romeo တို့ အဝတ်လဲခန်းထဲကိုဝင်သွားတော့ ကျန်ပြိုင်ပွဲဝင်များက တစ်ယောက်ပုံစံကိုတစ်ယောက်ကြည့်ကာ စနောက်နေကြသည်။

"အား.. ကြည့်လိုက်စမ်း.. ဒါ ဘယ်သူလဲ.."

မိန်းကလေးပြိုင်ပွဲဝင်တစ်ယောက်က စူးခနဲအော်လိုက်သည်။

လူတိုင်းလှည့်ကြည့်လိုက်ပြီး မိန်းကလေးတွေက Ivana ရဲ့ခန့်ညားမှုကို သဘောကျပြီး ယောက်ျားလေးတွေက Romeo ရဲ့ လုံးဝပြီးပြည့်စုံစွာ လှပလွန်းသည့် မိန်းကလေးပုံကို တအံ့တသြဖြစ်ကြသည်။

Romeo က ကြွက်သားနဲ့ အရပ်ရှည်ရှည်ဖြစ်ပေမယ့် သူ့ရဲ့ကိုယ်နေဟန်ထားက အရမ်းကို နူးညံ့သိမ်မွေ့ပြီး ကျစ်လစ်လို့နေသည်။ သူဝတ်ထားသည့်အဝတ်နှင့် လိုက်ဖက်ကာ ကျက်သရေရှိစွာ နူးညံ့ပျော့ပျောင်းသည့်အသွင် ပေါက်နေသည်။

အခု သူက မိုးပြာဖျော့ဖျော့ ညနေခင်းဂါဝန်ရှည်ကို ဝတ်ဆင်ထားသောကြောင့် သူ့ပုံစံလေးက ခုမှပွင့်လန်းလာသည့် Iris ပန်းလေးလို လန်းဆန်းကာ ပင်လယ်ပြာရောင် မျက်ဝန်းတောက်လေးတွေကြောင့် သူ့တစ်ကိုယ်လုံးက လှပလန်းဆန်းသည့် ပန်းကလေးလို ချစ်စရာကောင်းလို့နေသည်။

Romeo နဲ့အနီးဆုံးမှာရှိသည့် ကောင်လေးက မျက်နှာမှာ ရှက်သွေးဖြန်းလာပြီး ထစ်အစွာမေးလိုက်သည်။

"မင်း.. မင်းက.. Romeo လား.."

သူတို့လည်း လေးလံသည့် မိန်းကလေးအဝတ်အစား အထပ်ထပ်ကို ဝတ်ဆင်ထားပေမယ့် နည်းနည်းလေးမှ ချစ်စရာမကောင်းဘဲ တုတ်တုတ်ခိုင်ခိုင် တောင့်တောင့်တင်းတင်းကြီး ဖြစ်လို့နေသည်။ ဒါကြောင့် သူတို့ပုံက ရယ်စရာထူးထူးဆန်းဆန်းကြီး ဖြစ်နေသည်။

ဒါကြောင့် သူတို့ စုရုံးရပ်နေကြပြီး တစ်ယောက်ပုံကိုတစ်ယောက် ဟားတိုက်ကာ ရယ်မောနေကြပေမယ့် Romeo သူတို့ရှေ့မှာ လာရပ်သည့်အခါ ရယ်သံတွေတိတ်သွားပြီး အခြေအနေက ချက်ချင်းပြောင်းသွားတော့သည်။

"ကာတွန်းထဲကဇာတ်ကောင်နဲ့ ချစ်စရာ manga ဇာတ်လမ်းထဲက ပုံစံလေးတွေကို ရောထားသလိုဖြစ်ပြီး သဘောကျစရာ မြူးမြူးကြွကြွလေး ဖြစ်လာတယ်.. ဒီလိုမျိုးလေး တကယ်ဖြစ်လာမယ်လို့ တစ်ခါမှထင်မထားမိဘူး.. ဟား.. စတောင်မစရသေးဘူး.. ကိုယ့်မှာ အရယ်မရပ်နိုင်တော့ဘူး.."

Jeffery က သူ့ handphone ကိုကိုင်ပြီး သဘောကျစွာ အကျယ်ကြီးရယ်မောရင်း ပြောနေသည်။ သူ ဒီ show ကို အရမ်းသဘောကျသည်။

Bonnie လည်း နောက်ကျမကျန်ရစ်ခဲ့ပါ။ သူမက မုတ်ဆိတ်၊ ပါးသိုင်းတပ်ထားသည့် မိန်းကလေးပြိုင်ပွဲဝင်တစ်ယောက်ကို ရိုက်ယူရင်း သူမပါးစပ်ကိုအုပ်ကာ ရယ်မောလို့နေသည်။

ကျိုးယွင်ရှန့်က စတူဒီယိုတစ်ခုလုံး ဗရမ်းဗတာဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ နေရာတိုင်းတွင် ကျောက်တုံးတွေလို ခပ်ကြမ်းကြမ်းအသားအရေ၊ စည်ပိုင်းထက်တုတ်တဲ့ခါးတွေ၊ ခပ်မြင့်မြင့်ပင့်ထားတဲ့ ဆီလီကွန်ရင်သားကြီးကြီးနှင့် အထက်တန်းလွှာအမျိုးသမီးများနှင့် အသံစူးစူး၊ ကိုယ်ထည်သေးသေးသွယ်သွယ်နှင့် ကြွကြွရွရွလမ်းလျှောက်နေသည့် အထက်တန်းလွှာအမျိုးသားများကို တွေ့နေရသည်။

ဒီမြင်ကွင်းက တကယ့်ကို မခံမရပ်နိုင်အောင် နာကျင်စရာကောင်းလှသည်။ သူ့ကိုယ်သူနှင့် Ivana ကို ခဏကြည့်လိုက်ပြီး သူမြင်လိုက်ရသည့်မြင်ကွင်းကို ဦးနှောက်ထဲက ဆေးပစ်ဖို့ ကြိုးစားလိုက်ရသည်။ ထိုတုတ်ခိုင်ကြမ်းတမ်းသည့် အထက်တန်းလွှာမမလေးများ သူ့ဆီကိုလျှောက်လာသည်ကိုတွေ့တော့ သူ့နှုတ်ခမ်းတွန့်သွားပြီး နောက်ဆုံး ပြန်ဖြေလိုက်ရတော့သည်။

"ဟုတ်တယ်.. ငါ.. ပါ.."

"ဘုရားရေ.. တကယ်ကြီး မင်းလား.."

အမျိုးသားပြိုင်ပွဲဝင်လေးက ကျိုးယွင်ရှန့်ကို စိုက်ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ အော်ဟစ်လိုက်သည်။

ကျိုးယွင်ရှန့် Diary ခန်းလေးထဲက ဖွင့်ဟဝန်ခံသည့် မြင်မြင်ချင်းအချစ်ဆိုတာကို ထုတ်လွှင့်ပြီး နောက်တစ်ရက် ဒီကောင်လေးက ဒိုင်ခံထိုင်ဟားခဲ့သူဖြစ်သည်။ ဒါပေမယ့် သူ့ရဲ့အချစ်နတ်သမီးလေးက ကောင်လေးတစ်ယောက်ဖြစ်ရမယ်လို့ သူမမျှော်လင့်ခဲ့မိသဖြင့် သူ့အသည်းတွေ ကွဲကြေသွားရတော့သည်။

"သူ ဘာဖြစ်သွားတာလဲ.."

ကျိုးယွင်ရှန့်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"သူ Heart ထိသွားတာ.."

ကောင်လေးတစ်ယောက်က ရုတ်တရက်တိုးကပ်လာပြီး တီးတိုးပြောလိုက်သည်။

"Romeo.. မင်းတကယ် မိန်းကလေးတစ်ယောက် မဟုတ်လား.. မင်းရဲ့လိင်ကို အရင်ကတည်းက ဖုံးကွယ်ထားတာမဟုတ်လား.."

ကျိုးယွင်ရှန့်က သူ့မေးခွန်းကိုဖြေဖို့ အင်္ကျီကြယ်သီးကိုဖွင့်လိုက်ပြီး အထဲကရင်သားတုကို ပြလိုက်သည်။ ဒါတောင် ထိုကောင်လေးက မယုံသလိုဖြစ်နေသောကြောင့် ကူကယ်ရာမဲ့စွာ ပြောလိုက်တော့သည်။

"ငါ့ရဲ့စကတ်ကိုမပြီး မင်းကိုလှန်ပြရဦးမလား.. ငါ ရေကူးဝတ်စုံဝတ်တာကို မင်း မြင်ဖူးတယ်မဟုတ်လား.."

ကောင်လေးက စိတ်ပျက်လက်ပျက်နဲ့ မလိုအပ်ကြောင်း လက်ယမ်းပြပေမယ့် သူက ကျိုးယွင်ရှန့်နားက မခွာနိုင်ဘဲ မျက်နှာလေးကို သံမှိုစွဲသလို ငေးကြည့်နေမိသည်။ သူတို့ ဒီကောင်လေးကို အရင်ကမခင်ခဲ့ပေ။ ဒါပေမယ့် ဒီကောင်လေးက ဝတ်စားပုံနဲ့ စိတ်နေစိတ်ထား ပြောင်းသွားတာကြောင့် ကမ္ဘာကြီးက ဇောက်ထိုးဖြစ်သလို ပြောင်းပြန်ဖြစ်သွားတော့သည်။

'ဂီတက အတားအဆီးဘောင် ကန့်သတ်ချက်မရှိဘူး' ဆိုတဲ့ ဆိုရိုးရှိပေမယ့် နာမည်ကျော် Celestial Peking အော်ပရာ သံစုံတီးဝိုင်းကြီးတောင် နိုင်ငံခြားသားများကို ဂီတမှာ ကျရှုံးအောင် မဆွဲဆောင်နိုင်ခဲ့ပေ။ ဒါပေမယ့် အလှတရားက တကယ့်ကို ဘောင်ကန့်သတ်မှု ကင်းမဲ့ပါသည်။

ကျိုးယွင်ရှန့် သက်ပြင်းရှိုက်လိုက်သည်။ John က သူ့မျက်နှာကို အကြီးချဲ့ကာ အနီးကပ် Zoom ဆွဲပြီး ရိုက်ကူးနေစဉ် ဒီအဖြစ်ပျက်ကို  တွေ့လိုက်ရပြီး John မျက်ဝန်းတွေက တုန်လှုပ်ပြီး   စိုစွတ်လို့နေသည်။

John က ထိတ်လန့်တကြား သက်ပြင်းရှိုက်ကာ တန်ဖိုးကြီးမားလွန်းလှသည့် ကင်မရာကို လွှတ်ချမိလုနီးပါးဖြစ်သွားသည်။

သူ့ Idol လေးက ပိုပိုပြီး ညစ်ကျယ်ကျယ်ဖြစ်လာပါလား။

ဟိုပြိုင်ပွဲဝင်တွေကို ယုံကြည်ဖို့ အင်္ကျီဖွင့်ပြတာတွေလုပ်နေတာ... ဒါ.....ဘာကိုဆိုလိုတာပါလိမ့်။ John လည်း နားမလည်နိုင်တော့ပေ။
=======================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now