Arc_8.23 Romeo

8.1K 999 4
                                    

Chapter (23) - ငါ့ရဲ႕ေၾကာင္ေပါက္ေလး


Gustav ရဲ႕ fan မ်ားက သူတို႔ကိုးကြယ္သည့္ Idol နဲ႔ Romeo ၾကား ေထြေထြထူးထူး ဆက္ဆံေရးမရွိပါဘူးလို႔ အခိုင္အမာျငင္းဆိုေနတဲ့အခ်ိန္ ထိုးႏွက္ခ်က္ႀကီးတစ္ခု ႀကဳံလိုက္ရသည္။ Gustav က သူ႔ကိုယ္ပိုင္အင္တာနက္ စာမ်က္ႏွာေပၚမွာ 'ငါ့ရဲ႕ေၾကာင္ေလး' ဆိုတဲ့ folder မွာ ဓာတ္ပုံေတြတင္ခဲ့သည္။

တကယ္လို႔ ဒီပုံေတြက Ronny ရဲ႕ပုံေတြလို႔ထင္ခဲ့မယ္ဆိုရင္ မင္းက တကယ္ကို ႏုံအတာပဲ။ ဒီအစီအစဥ္က ထုတ္လႊင့္ၿပီးသားပုံမ်ားႏွင့္ မထုတ္လႊင့္ရေသးသည့္ပုံမ်ား၊ Video ႐ိုက္ကူးထားသမွ်အားလုံးကို ဒီမွာစုစည္းတင္ျပထားသည္။

Romeo က ၾကမ္းျပင္ေပၚမွာ တင္ပ်ဥ္ေခြထိုင္ေနသည့္ပုံ

Romeo အသားညႇပ္ေပါင္မုန႔္ စားေနသည့္ပုံ

Romeo က ေအာက္ႏႈတ္ခမ္းေလးကို ကိုက္ထားသည့္ပုံ

Romeo က Stylist တခ်ိဳ႕ဝန္းရံၿပီး ခုံမွာထိုင္ေနသည့္ပုံ

Romeo က ခုံတန္းရွည္ေလးေပၚမွာ အိပ္ေပ်ာ္ေနသည့္ပုံ

Romeo က အ႐ုပ္ေလးကို ဖက္ထားသည့္ပုံ

ဒီပုံေတြအားလုံးက Romeo ၿပိဳင္ပြဲမွာ ပါဝင္လုပ္ေဆာင္သမွ် မွတ္တမ္းတင္ထားတာျဖစ္သည္။ တကယ္လို႔ Gustav သာ ဒီေကာင္ေလးအေၾကာင္း ရင္ထဲမွာမရွိဘူးဆိုရင္ ဘာေၾကာင့္ Romeo ပုံမ်ားကို စုစည္းသိမ္းဆည္းထားမွာလဲ။ သူက Romeo ေပၚ ခံစားခ်က္မရွိရင္ 'ေၾကာင္ေပါက္ေလး' လို႔ ဘာေၾကာင့္ေခၚတာလဲ။ သူသာ Romeo ေပၚ စိတ္မဝင္စားရင္ ဘာေၾကာင့္ Romeo ကို သူ႔ဘဝႀကီးလို ဖန္တီးထားရတာလဲ။

Gustav က တကယ္ႀကီးကို Romeo အေပၚ ခံစားခ်က္ရွိေနတာပဲ။ ဒီပုံေတြက ဘယ္လိုျဖစ္ကုန္တာလဲ။ ဒါေတြက တကယ္ႀကီးလား..?

Gustav ရဲ႕ fan ေတြၾကား ဝုန္းဒိုင္းႀကဲသြားၿပီး အျဖစ္မွန္ကိုသိရဖို႔ Gustav ရဲ႕ ကိုယ္ပိုင္ အင္တာနက္စာမ်က္ႏွာေပၚမွာ စာေတြခ်န္ထားခဲ့ၾကသည္။

"တစ္ေယာက္ေယာက္ ဒီဟာက အေကာင့္ဟက္ခံရတာပါ..၊ ဒီပုံေတြက သူတင္တာမဟုတ္ဘူးလို႔ ေျပာၾကစမ္းပါ.. တစ္စုံတစ္ေယာက္က တမင္သက္သက္ နာမည္ဖ်က္ခ်င္လို႔ လုပ္ေနတာပါ.."

Gustav က ဒီလိုအေျခအေနျဖစ္ၿပီး နာရီဝက္အထိ ဘာမွမတုံ႔ျပန္ခဲ့ေပမယ့္ အခုမွေတာ့ ဒီပုံေတြကိုဖ်က္ပစ္ဖို႔ ေနာက္က်သြားခဲ့ေလၿပီ။ သူက ဒီပုံေတြကိုအတုခိုးၿပီး Ronny နဲ႔ တုပ႐ိုက္ကူးဖို႔ႀကံလိုက္သည္။ သူ႔လက္ေထာက္ကို အမိန႔္ေပးလိုက္ၿပီး Ronny ကို Romeo လိုမ်ိဳးပို႔စ္ေပးတတ္ေအာင္ သင္ၾကားခိုင္းလိုက္သည္။ သူက ဒီပို႔စ္ေတြကို Ronny Version နဲ႔႐ိုက္ကူးၿပီး တင္ဖို႔ႀကံလိုက္တာျဖစ္သည္။

ေၾကာင္က လူတစ္ေယာက္ပုံစံမ်ိဳး တုပၿပီး လုပ္ႏိုင္မယ္တဲ့လား။

ရလဒ္ေတြထြက္လာေတာ့ Ronny က အံ့အားသင့္စရာေကာင္းေအာင္ Romeo ရဲ႕ပို႔စ္အတိုင္း လိုက္လုပ္ႏိုင္တာေတြ႕လိုက္ရသည္။ လူနဲ႔ေၾကာင္ေလးၾကားမွာ မ်က္ဝန္းျပာေလးပိုင္ဆိုင္တာခ်င္း၊ ျဖဴစင္႐ိုးသားၿပီး ခ်စ္စရာေကာင္းတာခ်င္း တူညီေနသည္။ အထူးသျဖင့္ ကင္မရာကိုေစ့ေစ့ၾကည့္တဲ့ မ်က္ဝန္းေလးမ်ားအရ ေၾကာင္နဲ႔လူပုံက စိတ္မကူးမိေလာက္ေအာင္ တစ္ထပ္တည္းက်လို႔ေနသည္။

ဓာတ္ပုံ႐ိုက္ကူးၿပီးေတာ့ Ronny က ငါးေျခာက္ႏွစ္အိတ္ ဆုခ်ခံလိုက္ရၿပီးေနာက္ Gustav က "ငါ့ရဲ႕ေၾကာင္ေလး 2" ဆိုၿပီး Ronny ပုံေတြကို အြန္လိုင္းေပၚတင္လိုက္သည္။ ဒီဟာေတြက မၿပီးေသးဘဲ ဆက္လာဦးမည္ဆိုသည့္အဓိပၸါယ္ေၾကာင့္ fan မ်ား စိတ္လႈပ္ရွားကုန္ၾကသည္။

Fan ေတြက မ်က္လုံးျပဴးသြားၾကၿပီး သူတို႔ရဲ႕စိတ္လႈပ္ရွားမႈေတြ၊ ေဒါသေတြ ေပ်ာက္သြားၿပီး ရယ္ရမလို ငိုရမလို ျဖစ္သြားၾကသည္။ သူတို႔ရဲ႕ Idol က အေမြးပြပြတိရိစာၦန္ေလးကို ခ်စ္တယ္ဆိုတာ သိထားၿပီးျဖစ္ေပမယ့္ ခုလို Romeo ကိုအတုခိုးၿပီး Ronny ကို ထူးျခားတဲ့ပုံ႐ိုက္ေပးမည္ဟု မေမွ်ာ္လင့္ထားၾကေပ။

ဒါေပမယ့္ fan ေတြက သံသယမဝင္ၾကေပ။ သူတို႔ Idol က တစ္ကန႔္လြတ္ေနတယ္ဆိုတာ ဒီပုံက မီးေမာင္းထိုးျပေနသည္။ Ronny နဲ႔ Romeo က ေၾကာင္နဲ႔လူျဖစ္ေပမယ့္ ၾကည့္ရႈသူမ်က္လုံးထဲမွာ တူညီတဲ့မ်က္ဝန္းျပာေလးေတြေၾကာင့္ သူတို႔ကို ခြဲျမင္ဖို႔ခက္ခဲေနသည္။
ဓာတ္ပုံထဲတြင္ Ronny ကို အျပာေရာင္စကတ္ေလး ဝတ္ဆင္ေပးထားၿပီး သူ႔လက္ဖဝါးေလးေတြက အ႐ုပ္၏ပုခုံးေပၚတင္ထားကာ လုံးဝန္းေသာသူ႔မ်က္ႏွာကို အ႐ုပ္မ်က္ႏွာနားကပ္ထားၿပီး မ်က္ဝန္းျပာေလးေတြက ကင္မရာကို စိုက္ၾကည့္ေနသည္။

God!.. သူတို႔တစ္ထပ္တည္းကို တူလွခ်ည္လား။ ၾကည့္ရတာ Romeo က Ronny ရဲ႕ Idol မ်ား ျဖစ္ေနသလားလို႔ေတာင္ သံသယျဖစ္မိလာၾကသည္။

Ronny က တကယ္ေတာ့ လူသားေလးမဟုတ္လား၊ သူက နတ္သားေလးျဖစ္ၿပီး လူပုံစံေျပာင္းႏိုင္တယ္မဟုတ္လား။

အြန္လိုင္းသုံးစြဲသူတစ္ေယာက္က ဒီလိုမ်ိဳးေျပာလိုက္တာနဲ႔ လူေထာင္ေပါင္းမ်ားစြာက သူ႔စကားေနာက္ သံေယာင္လိုက္ေျပာၿပီး ဒီပုံကိုဝိုင္း share ၾကေတာ့သည္။

အေမႊးစုတ္ဖြားတိရိစာၦန္ခ်စ္သူမ်ားက ဒီပုံကို ခ်က္ခ်င္းတုံ႔ျပန္ၾကၿပီး သူတို႔ရင္ထဲ ယားက်ိက်ိျဖစ္လာၾကသည္။ ဒီေနာက္ Romeo ရဲ႕ပုံလိုမ်ိဳး သူတို႔ေၾကာင္ေတြကို ဂါဝန္ဝတ္၊ ဓာတ္ပုံ႐ိုက္ေပးၿပီး လိုင္းေပၚ အလုအယက္တင္ၾကေတာ့သည္။ မ်က္ဝန္းျပာျပာနဲ႔ တိရိစာၦန္ေလးေတြက အဝတ္ဝတ္ေပးခံရၿပီး ပို႔စ္မ်ိဳးစုံနဲ႔တင္ခဲ့သမွ် ပုံတိုင္းက Romeo နဲ႔ အၿမဲတမ္းတူေနေလ့ရွိသည္။ ခပ္အအ အေကာင္ေလးေတြေတာင္ Romeo လိုမ်ိဳး အနီးစပ္ဆုံးတူညီၾကၿပီး တစ္ပုံစံတည္းအျပစ္ကင္းကာ ခ်စ္စရာေကာင္းလြန္းလွသည္။ သူတို႔ေလးေတြေၾကာင့္ Romeo ကိုႏွစ္သက္သူေတြ ပိုတိုးလာၾကေတာ့သည္။

Gustav က ဒုတိယတင္လိုက္တဲ့ file နဲ႔ပတ္သက္ၿပီး အထူးတလည္ ရွင္းျပမထားေပ။ တစ္ခါတစ္ေလ ပိုပိုရွင္းျပေလ ကိုယ့္ဘက္က မလုံဘူးဟု ပိုထင္ရေလျဖစ္သည္။ သူတင္လိုက္တဲ့ file နဲ႔ပတ္သက္ၿပီး ဘာမွမွတ္ခ်က္မေရးဘဲ ထားတာက ပရိသတ္ေတြ သူတို႔ဘာသာေကာက္ခ်က္ခ်ၿပီး နားလည္ခ်င္သလို နားလည္လိုက္ေစသည္။ Gustav ကိုကိုးကြယ္ၾကသည့္ fan မ်ားက သူတို႔ယုံၾကည္ခ်င္တာကို ဇြတ္ဆြဲၿပီး ယုံလိုက္ၾကသည္။

ဒီအေျခအေနေၾကာင့္ သူ႔မွာ ထူးျခားတဲ့ဝါသနာရွိတယ္လို႔ ပရိသတ္က ယုံၾကည္သြားၾကၿပီး သူတို႔ကိုယ္ပိုင္အခ်စ္ေတာ္ အိမ္ေမြးတိရိစာၦန္ေလးေတြပုံကို ႐ိုက္ၿပီး စု႐ုံးလာေရာက္ပို႔ေဆာင္ၾကေတာ့သည္။ သူ႔ရဲ႕ေဒါသထြက္ေနတဲ့ fan ေတြ ၿငိမ္သက္သြားေပမယ့္ Gustav ရဲ႕ရင္ထဲေတာ့ မတည္ၿငိမ္ႏိုင္ေသးေပ။ အနာဂတ္မွာ သူ႔ေၾကာင္ေပါက္ေလးနဲ႔ အတူေနရဖို႔ အခက္အခဲႀကီးေတြရွိေနတာကို သူႀကိဳျမင္လိုက္ရေလၿပီ။

စိတ္ဓာတ္က်စရာ အေျခအေနနဲ႔အတူ အြန္လိုင္းေပၚကလူတခ်ိဳ႕က စတင္ျပႆနာရွာလာၾကသည္။

Gustav က Romeo ကိုဒီေလာက္သေဘာက်ေနတာ က်န္တဲ့ၿပိဳင္ပြဲဝင္ေတြအတြက္ မတရားဘူးဟု စတင္ေျပာဆိုလာၾကသည္။ Gustav က ဒီအစီအစဥ္ရဲ႕ ထုတ္လုပ္သူျဖစ္ေသာေၾကာင့္ သူႏွစ္သက္တဲ့ Romeo ကို ဘက္လိုက္ၿပီး အႏိုင္မေပးဘူးလို႔ ေျပာလို႔မရေပ။ Romeo ရဲ႕ၿပိဳင္ပြဲေတြက ထူးျခားစြာလုပ္ေဆာင္ႏိုင္လို႔ အမွတ္မ်ားမ်ားရခဲ့တာေတြက Gustav က ႀကိဳတင္ၿပီးေျပာျပထားလို႔လည္း ျဖစ္ႏိုင္သည္။ ဒါက လိမ္လည္တာျဖစ္ႏိုင္တယ္ဆိုၿပီး ဆူပြက္လာၾကသည္။

တရားမွ်တမႈရွိဖို႔ Gustav က producer ေနရာက ႏႈတ္ထြက္ၿပီး Romeo က ဒီၿပိဳင္ပြဲကို သူ႔ဘာသာၿပီးစီးေအာင္ ယွဥ္ၿပိဳင္ဖို႔လိုလာၿပီဟု ေျပာဆိုလာၾကသည္။ ဒီမွတ္ခ်က္ေၾကာင့္ Romeo ရဲ႕ fan ေတြနဲ႔ တိုက္ခိုက္ခဲ့ၾကေပမယ့္ Gustav ရဲ႕ fan ေတြက ခ်က္ခ်င္းလက္ခံလိုက္ၾကသည္။ မနာလိုဝန္တိုမႈေၾကာင့္ သူတို႔က Program အဖြဲ႕ဆီကို Romeo ကိုထုတ္ပစ္ဖို႔ စာပို႔ေတာင္းဆိုၾကသည္။ သူတို႔က သူတို႔ Idol ပုံရိပ္ကို ထိပါးသူတိုင္းကို ေစာ္ကားတိုက္ခိုက္ၾကၿပီး သူတို႔ Idol ရဲ႕တက္လမ္း တားဆီးပိတ္ပင္မႈ လုံးဝမရွိေအာင္ ကာကြယ္ေပးခ်င္ၾကသည္။ အေျခအေနေတြက ေနာက္တစ္ဖန္ ျပန္လည္တင္းမာလာေတာ့သည္။

တစ္စုံတစ္ဦးက ဒီ program က လူႀကိဳက္မ်ားတာကို အခြင့္ေကာင္းယူၿပီး Gustav ကို တစ္ခါတည္းတြန္းထုတ္ဖို႔ ႀကံစည္ေနတယ္ဆိုတာ ထင္ရွားပါသည္။ ဒီ 'Next Super Model' အစီအစဥ္က အရမ္းေပါက္ၿပီး ထိပ္ဆုံးကိုေရာက္ရွိသြားႏိုင္မည္ဟု Gustav က ယုံၾကည္သည္။ ဒါဆိုရင္ ဒီ program ကို ရင္းႏွီးျမႇဳပ္ႏွံထားသူမ်ားက အျမတ္အစြန္းမ်ားစြာ ရရွိလာမွာျဖစ္သည္။ Gustav က အဓိကရင္းႏွီးျမႇဳပ္ႏွံသူျဖစ္ေသာေၾကာင့္ Gustav မွာ အျမတ္မ်ားစြာရရွိမွာသိလို႔ တစ္စုံတစ္ေယာက္က ရည္႐ြယ္ခ်က္ရွိရွိ ဒီလိုျပႆနာကို ဖန္တီးေနေၾကာင္းသိရွိရၿပီး ထိုလူကိုလက္တုံ႔ျပန္ဖို႔ Gustav မွာ အႀကံအစည္တစ္ခု ရွိထားသည္။

အခုခ်ိန္မွာ ၿပိဳင္ပြဲဝင္ 6 ဦးသာက်န္ရွိခဲ့ၿပီး ေနာက္ထပ္ႏွစ္ဦးဖယ္ရွားခံရၿပီးေနာက္ ခ်န္ပီယံၿပိဳင္ပြဲကို ေရာက္ရွိလာေတာ့မည္ျဖစ္သည္။ ေနာက္ ၃ပတ္ၾကာလွ်င္ ဒီ game က အဆုံးသတ္ေတာ့မည္ျဖစ္သည္။

 ေဘဘီ ကိုယ္မင္းေဘးမွာ ရွိတယ္


Gustav ႏူတ္ထြက္လိုက္တာက  Romeo နဲ႔အနည္းဆုံးသုံးပတ္ေလာက္ နီးနီးကပ္ကပ္ေနလို႔မရဘူးဆိုတဲ့သေဘာပဲ။ ဒါေၾကာင့္ Gustav တစ္ေယာက္ အရမ္းစိတ္တိုေနခဲ့သည္။ ငါးကေရကို လိုအပ္သလို၊ သက္ရွိေတြ ေလကို လိုအပ္သလို သူလည္း Romeo ကိုလိုအပ္သည္။ Romeo မရွိပဲ ဒီ သုံးပတ္ကို သူ ဘယ္လို ျဖတ္သန္းရမယ္ဆိုတာ လုံးဝ မေတြးရဲေတာ့ေပ။ ႐ြန္နီရဲ႕ေသးငယ္တဲ့ ကိုယ္ထည္ေလးကို ေပြ႕ဖက္လိုက္ရင္ေတာင္ သူ႔အတြက္ ႏွစ္သိမ့္မႈအနည္းငယ္မွ ျဖစ္ႏိုင္မည္ မဟုတ္ေပ။

သူ ဘယ္ေတာ့မွႏုတ္ထြက္မွာမဟုတ္သလို Romeo ကိုလည္း ကန္ထုတ္ခြင့္ မေပးႏိုင္ဘူး။ ဤအခ်က္ကိုစဥ္းစားၿပီး Gustav သည္ ဂ်ာကင္အက်ႌကိုဝတ္ဆင္ကာ  ABC သို႔ထြက္လာခဲ့သည္။ ႐ုံးခ်ဳပ္အေဆာက္အအုံ၏ေျမေအာက္ ကားရပ္နားရာ ေနရာသို႔ေရာက္ေသာအခါ  Bonnie က ကင္မရာသမားအဖြဲ႕တစ္ဖြဲ႕ကို ဦးေဆာင္ၿပီး ေမာ္ေတာ္ကားတစ္စီးစီ ဦးတည္ေခၚလာသည္ကို ေတြ႕လိုက္ရသည္။

"မင္းဘယ္သြားမလို႔လဲ။ ဘာေတြျဖစ္ေနတာလဲ?"

သူက ကားျပတင္းေပါက္မွန္ကို ခ်လိုက္ၿပီး ေအးစက္စြာ ေမးလိုက္သည္။

 ABC ၏ထိပ္တန္းစီမံခန႔္ခြဲမႈအဖြဲ႕က  ကုမၸဏီ၏အစစ္အမွန္ပိုင္ရွင္က ဘယ္သူလဲဆိုတာ ေမ့သြားၿပီထင္သည္။   Acheson မိသားစုပိုင္ လုပ္ငန္းထဲမွ လုပ္ပိုင္ခြင့္ကို ဘယ္သူမွ ဝင္စြတ္ဖက္ခြင့္မရွိေပ။

"Mr. Acheson,ရွင္ ေရာက္လာတာ အခ်ိန္ကိုက္ပဲ။ ကြၽန္မတို႔ ဆုံးျဖတ္ခ်က္တစ္ခုကို ေၾကျငာဖို႔  villa ကိုသြားေတာ့မယ္"

သူမသည္ သူမ သူေဌး၏ကားဆီကို ခပ္သြက္သြက္ လမ္းေလွ်ာက္လာစဥ္ Bonnie  ရယ္ေမာခ်င္စိတ္ေပၚမိေပမယ့္ မရယ္ဝံံ့ေပ။ သူမက Acheson ၏အေတြးမ်ား အခုခ်ိန္ အထိမခံႏိုင္ေအာင္ ျဖစ္ေနလိမ့္မည္ဟု ထင္ေနသည္။

"ဘယ္သူ ဆုံးျဖတ္တာလဲ။ ဘာကို ဆုံးျဖတ္လိုက္တာလဲ။ ဒီဆုံးျဖတ္ခ်က္ကို ငါ ခ်တာ မဟုတ္ဘူးဆိုရင္ ဒီအတြက္ ျပန္ေပးဆပ္ရလိမ့္မယ္ "

 Gustav က သူ၏လည္စည္းကို ဆြဲခြၽတ္လိုက္ၿပီး  မ်က္လုံးမ်ားက ရန္ၿငိဳးမ်ားႏွင့္ျပည့္ေနသည္။

"ဒီဆုံးျဖတ္ခ်က္ကို  ထိပ္ဆုံးပိုင္းကေန ကြၽန္မကို ေပးလိုက္တာပါ။ "

 Bonnie က ေအးခဲသြားမတတ္ လန႔္သြားၿပီး  Acheson  ႐ူးသြပ္မသြားခင္ အျမန္ ရွင္းျပလိုက္သည္။

"ထိပ္ဆုံးက ဘုတ္အဖြဲ႕ ဝင္ေတြက ရွင့္ကို ဖယ္ရွားပစ္ဖို႔ တကူးတက လုပ္မွာမဟုတ္ဘူး။ ရွင့္ကို ဖယ္ပစ္လိုက္တာက သူတို႔ ေခါင္းေတြကို ထုပ္ပိုးၿပီး အိမ္ျပန္ယူတာနဲ႔ အတူတူပဲဆိုတာ သိထားၾကတယ္။ ရွင္သာ မရွိေတာ့ရင္ သူတို႔ပိုင္ဆိုင္မႈေတြလည္း ပ်က္စီးမွာစိုးလို႔ ရွင့္အစား   Romeo ကို စြန႔္ပစ္ဖို႔ ဆုံးျဖတ္ခဲ့တယ္။ ဒါေပမယ့္ ကြၽန္မက  Romeo ကို အခြင့္အေရးတစ္ခုေပးဖို႔ သူတို႔ကို ေဖ်ာင္းဖ်ႏိုင္ခဲ့တယ္။ သူတို႔က  ဓာတ္ပုံ႐ိုက္ကူးဖို႔အတြက္ Romeo ၏ပုံကို ပုံ ၃၀ ကေန  ၅ ပုံအထိ့ေလွ်ာ့ခ်သြားမည္ျဖစ္တယ္။ ဒီနည္းနဲ႔   သူ ရဲ႕ ၅ ပုံက  အျခားၿပိဳင္ပြဲဝင္ေတြ႐ိုက္သးတဲ့  ဓာတ္ပုံ ၁၅၀ ၿပိဳင္ရမယ္။ ဒီလိုမဟုတ္ရင္ သူ ဖယ္ရွားခံရလိမ့္မယ္။ "

"ရွင္ ဘယ္လိုထင္လဲ ေဘာ့စ္။  ဒါကအရမ္းစိတ္လႈပ္ရွားစရာေကာင္းတဲ့ စိတ္ေခၚမႈႀကီး မဟုတ္ဘူးလား။ ဒီမွာ မွ်မွ်တတ လုပ္လို႔ရတယ္မလား။ ဒီမွာ ၿပိဳင္ပြဲဝင္ 6 ဦးက်န္ေသးတဲ့အတြက္ တပိုင္းတပိုင္းကို ႐ိုက္ကူးတဲ့အခ်ိန္မွာ မိနစ္ 50 စာ ႐ိုက္ဖို႔လိုတယ္။ ကြၽန္မတို႔က ဒီဟာကို အခြင့္ေကာင္းယူၿပီး  အသံလႊင့္တာကို တိုက္႐ိုက္ထုတ္လႊင့္မႈ အျဖစ္ေျပာင္းလဲၿပီး Romeo ကို အခြင့္ေကာင္းတစ္ခုေပးမယ္ဆိုရင္ေကာ။ ပရိသတ္ကို သူတို႔ကိုယ္တိုင္ျမင္ေအာင္ လုပ္ေပးႏိုင္တယ္မဟုတ္လား။ "

ဒီေနရာမွာ သူမ စကားေျပာတာ ခဏေခတၱရပ္ၿပီး ဆက္လက္ဆြဲေဆာင္လိုက္သည္။

"အဆိုျပဳခ်က္ကို ရွင္ ဘယ္လိုထင္သလဲ ရွင့္ ဆႏၵအေလ်ာက္ ရာထူးက ႏူတ္ထြက္မွာ မဟုတ္ဘူး မလား။ ရွင္ ရာထူးက ႏုတ္ထြက္လိုက္ရင္ Dave Acheson  က ရွင့္ရာထူးကို ယူၿပီးေနာက္ ရွင္က ဒီေကာင္ေလးကို ကာကြယ္ေပးဖို႔ ဒီလိုလုပ္ခဲ့တယ္၊ ရွင္က ဒီကေလးေပၚ ခံစားခ်က္ ရွိတယ္ဆိုတာ သိသြားရင္ သူ႔ကို အလြတ္ေပးမွာ မဟုတ္ဘူး။ ဒါဆို ကြၽန္မတို႔လည္း သူ႔ကို ကာကြယ္ႏိုင္မွာ မဟုတ္သလို   Romeo လည္း တိုက္ခိုက္ခံရဦး မွာျဖစ္တယ္။"

Dave Acheson သည္ Acheson ၏တရားမဝင္ကေလးတစ္ ဦး ျဖစ္ၿပီး သူသည္ Acheson မိသားစု၏ မိသားစုလုပ္ငန္းကိုၾကာျမင့္စြာကတည္းက စိတ္ဝင္စားခဲ့သည္။ သူ႔မွာအရည္အခ်င္းမရွိေပမယ့္ သူက ႐ူးသြပ္တဲ့ေခြးတစ္ေကာင္လို သြားတဲ့လမ္းတေလွ်ာက္ ျမင္တဲ့လူတိုင္းကို တိုက္ခိုက္ရတာကို ႏွစ္သက္သူ ျဖစ္သည္။


Gustav က Dave Acheson ကို ေအာင္ျမင္ေအာင္လုပ္ခြင့္ေပးမည္ မဟုတ္ေပ။  သူ ခဏစဥ္းစားၿပီးေနာက္ Bonnie ၏အဆိုျပဳခ်က္ကို သေဘာတူခဲ့သည္။ သူက Romeo အတြက္ ရာထူးမွႏုတ္ထြက္လိုက္တာနဲ႔ Romeo ရဲ႕စြမ္းေဆာင္ရည္ကထူးျခားေနရင္ေတာင္ Dave က သူ႔ကို လ်စ္လ်ဴရႈမွာ မဟုတ္ဘူးဆိုတာ သူေသခ်ာသိသည္။  Gustave ျမတ္ႏိုးသည့္ အရာအားလုံးကိုဖ်က္ဆီးရန္ Dave က အၿမဲတမ္း ႐ြံရွာ စက္ဆုပ္ဖြယ္ေကာင္းေသာနည္းလမ္းမ်ားကို အၿမဲအသုံးျပဳေလ့ရွိသည္။


"ဒါက အဆင္ေျပပါတယ္။ Romeo လုပ္ႏိုင္ပါတယ္။ သူ႔ရဲ႕ပထမဆုံး ဓါတ္ပုံ႐ိုက္ခ်က္က အၿမဲတမ္း ကြၽန္မကို အံ့ၾသစရာ  ျဖစ္ေစခဲ့စၿမဲပဲ။ ကြၽန္မ အပါအဝင္ တကယ့္ စူပါေမာ္ဒယ္အေၾကာင္းကို နားလည္တဲ့ ဘယ္သူကမွ သူ႔ကို ဆြဲခ်မသြားႏိုင္ပါဘူး။ "

သူေဌးက ေရထဲက ေက်ာက္တုံးႀကီးကဲ့သို႔ မတုန္မလႈပ္ၿငိမ္ေနသည္ကို ေတြ႕ေတာ့ Bonnie ကသူ၏ပခုံးကို ပုတ္ကာ ႏွစ္သိမ့္အားေပးလိုက္သည္။

Gustav က သူမကို ေအးတိေအးစက္ သာ တုန႔္ျပန္လိုက္သည္။  သူဟာ ေၾကာင္ေပါက္ေလးကို ဘယ္သူမွ မဖယ္ရွား၊  အႏိုင္မရႏိုင္ဘူးဆိုတာကို သူ ေသခ်ာသိသည္။ Romeo ရဲ႕ထူးခြၽန္မႈက လူတိုင္း စိတ္ကူးေတြထက္ ေက်ာ္လြန္ေနသည္။ အခု ျဖစ္ပ်က္သမွ်အားလုံး   သူ႔အျပစ္ေၾကာင့္ဆိုတာ   ေၾကာင္ေပါက္ေလးသိသြားရင္ ေဒါသထြက္ေနမွာကို စိုးရိမ္ေနခဲ့သည္။

သူတကယ္ ေဒါသထြက္မွာလား။ သူက ငါ့ကို ေနာက္ဘယ္ေတာ့မွ စကားေျပာခ်င္ေတာ့မွာ မဟုတ္ေတာ့ဘူး။  ဒီအေၾကာင္းေတြးမိလိုက္တာနဲ႔ သူ႔အစာအိမ္က ေသြးစိမ္းရွင္ရွင္ ယိုစီးက်လာသလို နာက်င္ေနသည္ကို ဘုရားသခင္ အသိဆုံးျဖစ္သည္။


Gustav စိတ္ရႈပ္ေထြးေနစဥ္ ကားသည္ villa သို႔ေရာက္ရွိလာသည္။ Bonnie သည္ အျခားၿပိဳင္ပြဲဝင္မ်ားကို အားလုံးသိေစရန္ မရည္႐ြယ္ခဲ့ေပ ဒါေၾကာင့္ သူမသည္ ဆယ္ေက်ာ္သက္ကေလးမ်ားကို သီးျခားစီ အခန္းတစ္ခုထဲသို႔ေခၚေဆာင္သြားကာ ရွင္းျပၿပီး ကင္မရာ႐ိုက္သူအား မွတ္တမ္းတင္ေစၿပီး  အတိုခ်ဳပ္ရွင္းျပခဲ့သည္။ ၿပီးေတာ့မွ ဒီပုံေတြကို ႏွစ္ပိုင္းခြဲၿပီး လူမႈကြန္ယက္ေပၚတင္လိုက္သည္။

Gustav သည္သူ၏မ်က္ႏွာကို ဖုံးအုပ္ၿပီး ေၾကာက္႐ြံ႕ေနသည့္ မ်က္ႏွာကို လက္ႏွင့္အုပ္ထားခဲ့သည္။

ဂြၽန္က အရမ္းေဒါသထြက္ၿပီး သူ႔ကိုနား႐ြက္နီရဲေနသည္ကို ိုအာ႐ုံစိုက္ရင္း အနီးကပ္႐ိုက္ကူးလိုက္သည္။

ဒီလို နီေနတာက ခင္ဗ်ားက ရွက္ေနတာလား။ ဒီအေၾကာင္းကိုေတြးၿပီး ဂြၽန္ အရမ္းေဒါသထြက္ေနသည္။ ခင္ဗ်ားရဲ႕ ထူးဆန္းတဲ့ ဝါသနာေၾကာင့္ ကြၽန္ေတာ့္  idol ဖယ္ရွားခံရေတာ့မယ္ဗ်။

ဒါေပမယ့္  က်ိဳးယြင္ရွန႔္က ေဒါသမထြက္သလို လန႔္လည္းမလန႔္သြားခဲ့ေပ။ တကယ္တမ္းေျပာရလွ်င္ သူက စိတ္လႈပ္ရွားေနခဲ့သည္။ ေရွ႕ဘဝမ်ားတြင္ သူက ေအာင္ျမင္သည့္ စူပါေမာ္ဒယ္အျဖစ္ ႏွစ္ေပါင္းမ်ားစြာက်င္လည္လာခဲ့ေသာေၾကာင့္ အခုခ်ိန္ ဒီၿပိဳင္ပြဲမွာ ေအာင္ျမင္မႈခ်ည္း သိမ္းက်ဳံးယူရတာ သူ႔အတြက္ ပ်င္းစရာေကာင္းလို႔ေနသည္။ ဒါ့အျပင္ သူ႔ရဲ႕ ဝါသနာနဲ႔ စ႐ိုက္က ခက္ခဲမႈကို စိန္ေခၚၿပီး ေအာင္ျမင္ေအာင္လုပ္ရတာကို ႏွစ္သက္သူျဖစ္သည္။ Bonnie က သူ႔ကို ဓါတ္ပုံ႐ိုက္ခြင့္ 3 ပုံအထိ ေလွ်ာ့လိုက္လို႔ရတယ္လို႔ ေတာင္ သူ ခံစားရသည္။

႐ြန္နီ၏ဓါတ္ပုံမ်ားကို တျဖည္းျဖည္းခ်င္း မိနစ္အနည္းငယ္ ၾကာၾကည့္ခဲ့ၿပီး ေမးလိုက္သည္။

"သူက အရမ္းခ်စ္ဖို႔ေကာင္းတယ္။ သူ႔နာမည္ဘယ္လိုေခၚသလဲ "

"သူက ႐ြန္နီလို႔ေခၚတယ္။ မင္းက သူ႔ထက္ပိုခ်စ္စရာေကာင္းတယ္။"

Gustav သည္ သူခ်စ္ရတဲ့သူေလးကို ခ်ီးမြမ္းဖို႔ အခြင့္အေရးကို ဘယ္ေသာအခါမွ လ်စ္လ်ဴမရႈခဲ့သည္။

Bonnie က သူ႔ကိုျပင္းျပင္းထန္ထန္ၾကည့္ေနတာကိုေတြ႕ေတာ့ သူက သူ႔သေဘာထားကိုျမန္ျမန္ဆန္ဆန္ျပင္လိုက္သည္။

"မင္းအတြက္ ဒီလိုႀကီးမားတဲ့ျပသနာျဖစ္ေစတဲ့အတြက္ ကိုယ္ စိတ္မေကာင္းပါဘူး။ ဒါေပမယ့္ မင္းဒါကို ေက်ာ္လႊားႏိုင္မယ္ဆိုတာ ကိုယ္ေသခ်ာယုံၾကည္တယ္။ "

က်ိဳးယြင္ရွန႔္က ခါးသီးသည့္အၿပဳံးေလးႏွင့္ ဟန္ေဆာင္ေျပာလိုက္သည္။

"ကြၽန္ေတာ္ သေဘာမတူလို႔ မရဘူး မဟုတ္လား။ ဒီနည္းနဲ႔ပဲ ကြၽန္ေတာ့္ရဲ႕ ပင္ကိုယ္အစြမ္းကိုသက္ေသျပႏိုင္ၿပီး Mr. Acheson ရဲ႕ ဂုဏ္သတင္းကို အဖတ္ျပန္ဆယ္ေပးႏိုင္မွာပါ။ ၿပီးေတာ့ ကြၽန္ေတာ့္ကို ယုံၾကည္ၿပီး ေထာက္ခံေပးတဲ့ ပရိတ္သတ္အားလုံးအတြက္ ဒီဆုံးျဖတ္ခ်က္ကို  ကြၽန္ေတာ္ လက္ခံပါတယ္။"


"ဒီလိုစဥ္းစားတာ မင္းအတြက္ေကာင္းပါတယ္။ "

Bonnie က မတ္တပ္ရပ္ၿပီး ေကာင္ေလးကို ေပြ႕ဖက္လိုက္သည္။

Gustav  လည္း သူ႔ကိုေပြ႕ဖက္ၿပီး သူ႔နား႐ြက္ နား ကပ္ကာ တိုးတိုးေျပာလိုက္သည္။

"ကိုယ္ ေတာင္းပန္ပါတယ္၊ ကိုယ္ မင္းကို ခ်စ္တယ္ "

က်ိဳးယြင္ရွန႔္၏ႏွလုံးသားေအာက္ဆုံးနားက  ညင္ညင္သာသာ လႈပ္ခါသြားသလို ခံစားလိုက္ရသည္။

======================

Chapter (23) - ငါ့ရဲ့ကြောင်ပေါက်လေး


Gustav ရဲ့ fan များက သူတို့ကိုးကွယ်သည့် Idol နဲ့ Romeo ကြား ထွေထွေထူးထူး ဆက်ဆံရေးမရှိပါဘူးလို့ အခိုင်အမာငြင်းဆိုနေတဲ့အချိန် ထိုးနှက်ချက်ကြီးတစ်ခု ကြုံလိုက်ရသည်။ Gustav က သူ့ကိုယ်ပိုင်အင်တာနက် စာမျက်နှာပေါ်မှာ 'ငါ့ရဲ့ကြောင်လေး' ဆိုတဲ့ folder မှာ ဓာတ်ပုံတွေတင်ခဲ့သည်။

တကယ်လို့ ဒီပုံတွေက Ronny ရဲ့ပုံတွေလို့ထင်ခဲ့မယ်ဆိုရင် မင်းက တကယ်ကို နုံအတာပဲ။ ဒီအစီအစဉ်က ထုတ်လွှင့်ပြီးသားပုံများနှင့် မထုတ်လွှင့်ရသေးသည့်ပုံများ၊ Video ရိုက်ကူးထားသမျှအားလုံးကို ဒီမှာစုစည်းတင်ပြထားသည်။

Romeo က ကြမ်းပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည့်ပုံ

Romeo အသားညှပ်ပေါင်မုန့် စားနေသည့်ပုံ

Romeo က အောက်နှုတ်ခမ်းလေးကို ကိုက်ထားသည့်ပုံ

Romeo က Stylist တချို့ဝန်းရံပြီး ခုံမှာထိုင်နေသည့်ပုံ

Romeo က ခုံတန်းရှည်လေးပေါ်မှာ အိပ်ပျော်နေသည့်ပုံ

Romeo က အရုပ်လေးကို ဖက်ထားသည့်ပုံ

ဒီပုံတွေအားလုံးက Romeo ပြိုင်ပွဲမှာ ပါဝင်လုပ်ဆောင်သမျှ မှတ်တမ်းတင်ထားတာဖြစ်သည်။ တကယ်လို့ Gustav သာ ဒီကောင်လေးအကြောင်း ရင်ထဲမှာမရှိဘူးဆိုရင် ဘာကြောင့် Romeo ပုံများကို စုစည်းသိမ်းဆည်းထားမှာလဲ။ သူက Romeo ပေါ် ခံစားချက်မရှိရင် 'ကြောင်ပေါက်လေး' လို့ ဘာကြောင့်ခေါ်တာလဲ။ သူသာ Romeo ပေါ် စိတ်မဝင်စားရင် ဘာကြောင့် Romeo ကို သူ့ဘဝကြီးလို ဖန်တီးထားရတာလဲ။

Gustav က တကယ်ကြီးကို Romeo အပေါ် ခံစားချက်ရှိနေတာပဲ။ ဒီပုံတွေက ဘယ်လိုဖြစ်ကုန်တာလဲ။ ဒါတွေက တကယ်ကြီးလား..?

Gustav ရဲ့ fan တွေကြား ဝုန်းဒိုင်းကြဲသွားပြီး အဖြစ်မှန်ကိုသိရဖို့ Gustav ရဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာပေါ်မှာ စာတွေချန်ထားခဲ့ကြသည်။

"တစ်ယောက်ယောက် ဒီဟာက အကောင့်ဟက်ခံရတာပါ..၊ ဒီပုံတွေက သူတင်တာမဟုတ်ဘူးလို့ ပြောကြစမ်းပါ.. တစ်စုံတစ်ယောက်က တမင်သက်သက် နာမည်ဖျက်ချင်လို့ လုပ်နေတာပါ.."

Gustav က ဒီလိုအခြေအနေဖြစ်ပြီး နာရီဝက်အထိ ဘာမှမတုံ့ပြန်ခဲ့ပေမယ့် အခုမှတော့ ဒီပုံတွေကိုဖျက်ပစ်ဖို့ နောက်ကျသွားခဲ့လေပြီ။ သူက ဒီပုံတွေကိုအတုခိုးပြီး Ronny နဲ့ တုပရိုက်ကူးဖို့ကြံလိုက်သည်။ သူ့လက်ထောက်ကို အမိန့်ပေးလိုက်ပြီး Ronny ကို Romeo လိုမျိုးပို့စ်ပေးတတ်အောင် သင်ကြားခိုင်းလိုက်သည်။ သူက ဒီပို့စ်တွေကို Ronny Version နဲ့ရိုက်ကူးပြီး တင်ဖို့ကြံလိုက်တာဖြစ်သည်။

ကြောင်က လူတစ်ယောက်ပုံစံမျိုး တုပပြီး လုပ်နိုင်မယ်တဲ့လား။

ရလဒ်တွေထွက်လာတော့ Ronny က အံ့အားသင့်စရာကောင်းအောင် Romeo ရဲ့ပို့စ်အတိုင်း လိုက်လုပ်နိုင်တာတွေ့လိုက်ရသည်။ လူနဲ့ကြောင်လေးကြားမှာ မျက်ဝန်းပြာလေးပိုင်ဆိုင်တာချင်း၊ ဖြူစင်ရိုးသားပြီး ချစ်စရာကောင်းတာချင်း တူညီနေသည်။ အထူးသဖြင့် ကင်မရာကိုစေ့စေ့ကြည့်တဲ့ မျက်ဝန်းလေးများအရ ကြောင်နဲ့လူပုံက စိတ်မကူးမိလောက်အောင် တစ်ထပ်တည်းကျလို့နေသည်။

ဓာတ်ပုံရိုက်ကူးပြီးတော့ Ronny က ငါးခြောက်နှစ်အိတ် ဆုချခံလိုက်ရပြီးနောက် Gustav က "ငါ့ရဲ့ကြောင်လေး 2" ဆိုပြီး Ronny ပုံတွေကို အွန်လိုင်းပေါ်တင်လိုက်သည်။ ဒီဟာတွေက မပြီးသေးဘဲ ဆက်လာဦးမည်ဆိုသည့်အဓိပ္ပါယ်ကြောင့် fan များ စိတ်လှုပ်ရှားကုန်ကြသည်။

Fan တွေက မျက်လုံးပြူးသွားကြပြီး သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေ၊ ဒေါသတွေ ပျောက်သွားပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားကြသည်။ သူတို့ရဲ့ Idol က အမွေးပွပွတိရိစ္ဆာန်လေးကို ချစ်တယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် ခုလို Romeo ကိုအတုခိုးပြီး Ronny ကို ထူးခြားတဲ့ပုံရိုက်ပေးမည်ဟု မမျှော်လင့်ထားကြပေ။

ဒါပေမယ့် fan တွေက သံသယမဝင်ကြပေ။ သူတို့ Idol က တစ်ကန့်လွတ်နေတယ်ဆိုတာ ဒီပုံက မီးမောင်းထိုးပြနေသည်။ Ronny နဲ့ Romeo က ကြောင်နဲ့လူဖြစ်ပေမယ့် ကြည့်ရှုသူမျက်လုံးထဲမှာ တူညီတဲ့မျက်ဝန်းပြာလေးတွေကြောင့် သူတို့ကို ခွဲမြင်ဖို့ခက်ခဲနေသည်။
ဓာတ်ပုံထဲတွင် Ronny ကို အပြာရောင်စကတ်လေး ဝတ်ဆင်ပေးထားပြီး သူ့လက်ဖဝါးလေးတွေက အရုပ်၏ပုခုံးပေါ်တင်ထားကာ လုံးဝန်းသောသူ့မျက်နှာကို အရုပ်မျက်နှာနားကပ်ထားပြီး မျက်ဝန်းပြာလေးတွေက ကင်မရာကို စိုက်ကြည့်နေသည်။

God!.. သူတို့တစ်ထပ်တည်းကို တူလှချည်လား။ ကြည့်ရတာ Romeo က Ronny ရဲ့ Idol များ ဖြစ်နေသလားလို့တောင် သံသယဖြစ်မိလာကြသည်။

Ronny က တကယ်တော့ လူသားလေးမဟုတ်လား၊ သူက နတ်သားလေးဖြစ်ပြီး လူပုံစံပြောင်းနိုင်တယ်မဟုတ်လား။

အွန်လိုင်းသုံးစွဲသူတစ်ယောက်က ဒီလိုမျိုးပြောလိုက်တာနဲ့ လူထောင်ပေါင်းများစွာက သူ့စကားနောက် သံယောင်လိုက်ပြောပြီး ဒီပုံကိုဝိုင်း share ကြတော့သည်။

အမွှေးစုတ်ဖွားတိရိစ္ဆာန်ချစ်သူများက ဒီပုံကို ချက်ချင်းတုံ့ပြန်ကြပြီး သူတို့ရင်ထဲ ယားကျိကျိဖြစ်လာကြသည်။ ဒီနောက် Romeo ရဲ့ပုံလိုမျိုး သူတို့ကြောင်တွေကို ဂါဝန်ဝတ်၊ ဓာတ်ပုံရိုက်ပေးပြီး လိုင်းပေါ် အလုအယက်တင်ကြတော့သည်။ မျက်ဝန်းပြာပြာနဲ့ တိရိစ္ဆာန်လေးတွေက အဝတ်ဝတ်ပေးခံရပြီး ပို့စ်မျိုးစုံနဲ့တင်ခဲ့သမျှ ပုံတိုင်းက Romeo နဲ့ အမြဲတမ်းတူနေလေ့ရှိသည်။ ခပ်အအ အကောင်လေးတွေတောင် Romeo လိုမျိုး အနီးစပ်ဆုံးတူညီကြပြီး တစ်ပုံစံတည်းအပြစ်ကင်းကာ ချစ်စရာကောင်းလွန်းလှသည်။ သူတို့လေးတွေကြောင့် Romeo ကိုနှစ်သက်သူတွေ ပိုတိုးလာကြတော့သည်။

Gustav က ဒုတိယတင်လိုက်တဲ့ file နဲ့ပတ်သက်ပြီး အထူးတလည် ရှင်းပြမထားပေ။ တစ်ခါတစ်လေ ပိုပိုရှင်းပြလေ ကိုယ့်ဘက်က မလုံဘူးဟု ပိုထင်ရလေဖြစ်သည်။ သူတင်လိုက်တဲ့ file နဲ့ပတ်သက်ပြီး ဘာမှမှတ်ချက်မရေးဘဲ ထားတာက ပရိသတ်တွေ သူတို့ဘာသာကောက်ချက်ချပြီး နားလည်ချင်သလို နားလည်လိုက်စေသည်။ Gustav ကိုကိုးကွယ်ကြသည့် fan များက သူတို့ယုံကြည်ချင်တာကို ဇွတ်ဆွဲပြီး ယုံလိုက်ကြသည်။

ဒီအခြေအနေကြောင့် သူ့မှာ ထူးခြားတဲ့ဝါသနာရှိတယ်လို့ ပရိသတ်က ယုံကြည်သွားကြပြီး သူတို့ကိုယ်ပိုင်အချစ်တော် အိမ်မွေးတိရိစ္ဆာန်လေးတွေပုံကို ရိုက်ပြီး စုရုံးလာရောက်ပို့ဆောင်ကြတော့သည်။ သူ့ရဲ့ဒေါသထွက်နေတဲ့ fan တွေ ငြိမ်သက်သွားပေမယ့် Gustav ရဲ့ရင်ထဲတော့ မတည်ငြိမ်နိုင်သေးပေ။ အနာဂတ်မှာ သူ့ကြောင်ပေါက်လေးနဲ့ အတူနေရဖို့ အခက်အခဲကြီးတွေရှိနေတာကို သူကြိုမြင်လိုက်ရလေပြီ။

စိတ်ဓာတ်ကျစရာ အခြေအနေနဲ့အတူ အွန်လိုင်းပေါ်ကလူတချို့က စတင်ပြဿနာရှာလာကြသည်။

Gustav က Romeo ကိုဒီလောက်သဘောကျနေတာ ကျန်တဲ့ပြိုင်ပွဲဝင်တွေအတွက် မတရားဘူးဟု စတင်ပြောဆိုလာကြသည်။ Gustav က ဒီအစီအစဉ်ရဲ့ ထုတ်လုပ်သူဖြစ်သောကြောင့် သူနှစ်သက်တဲ့ Romeo ကို ဘက်လိုက်ပြီး အနိုင်မပေးဘူးလို့ ပြောလို့မရပေ။ Romeo ရဲ့ပြိုင်ပွဲတွေက ထူးခြားစွာလုပ်ဆောင်နိုင်လို့ အမှတ်များများရခဲ့တာတွေက Gustav က ကြိုတင်ပြီးပြောပြထားလို့လည်း ဖြစ်နိုင်သည်။ ဒါက လိမ်လည်တာဖြစ်နိုင်တယ်ဆိုပြီး ဆူပွက်လာကြသည်။

တရားမျှတမှုရှိဖို့ Gustav က producer နေရာက နှုတ်ထွက်ပြီး Romeo က ဒီပြိုင်ပွဲကို သူ့ဘာသာပြီးစီးအောင် ယှဉ်ပြိုင်ဖို့လိုလာပြီဟု ပြောဆိုလာကြသည်။ ဒီမှတ်ချက်ကြောင့် Romeo ရဲ့ fan တွေနဲ့ တိုက်ခိုက်ခဲ့ကြပေမယ့် Gustav ရဲ့ fan တွေက ချက်ချင်းလက်ခံလိုက်ကြသည်။ မနာလိုဝန်တိုမှုကြောင့် သူတို့က Program အဖွဲ့ဆီကို Romeo ကိုထုတ်ပစ်ဖို့ စာပို့တောင်းဆိုကြသည်။ သူတို့က သူတို့ Idol ပုံရိပ်ကို ထိပါးသူတိုင်းကို စော်ကားတိုက်ခိုက်ကြပြီး သူတို့ Idol ရဲ့တက်လမ်း တားဆီးပိတ်ပင်မှု လုံးဝမရှိအောင် ကာကွယ်ပေးချင်ကြသည်။ အခြေအနေတွေက နောက်တစ်ဖန် ပြန်လည်တင်းမာလာတော့သည်။

တစ်စုံတစ်ဦးက ဒီ program က လူကြိုက်များတာကို အခွင့်ကောင်းယူပြီး Gustav ကို တစ်ခါတည်းတွန်းထုတ်ဖို့ ကြံစည်နေတယ်ဆိုတာ ထင်ရှားပါသည်။ ဒီ 'Next Super Model' အစီအစဉ်က အရမ်းပေါက်ပြီး ထိပ်ဆုံးကိုရောက်ရှိသွားနိုင်မည်ဟု Gustav က ယုံကြည်သည်။ ဒါဆိုရင် ဒီ program ကို ရင်းနှီးမြှုပ်နှံထားသူများက အမြတ်အစွန်းများစွာ ရရှိလာမှာဖြစ်သည်။ Gustav က အဓိကရင်းနှီးမြှုပ်နှံသူဖြစ်သောကြောင့် Gustav မှာ အမြတ်များစွာရရှိမှာသိလို့ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဒီလိုပြဿနာကို ဖန်တီးနေကြောင်းသိရှိရပြီး ထိုလူကိုလက်တုံ့ပြန်ဖို့ Gustav မှာ အကြံအစည်တစ်ခု ရှိထားသည်။

အခုချိန်မှာ ပြိုင်ပွဲဝင် 6 ဦးသာကျန်ရှိခဲ့ပြီး နောက်ထပ်နှစ်ဦးဖယ်ရှားခံရပြီးနောက် ချန်ပီယံပြိုင်ပွဲကို ရောက်ရှိလာတော့မည်ဖြစ်သည်။ နောက် ၃ပတ်ကြာလျှင် ဒီ game က အဆုံးသတ်တော့မည်ဖြစ်သည်။

 ဘေဘီ ကိုယ်မင်းဘေးမှာ ရှိတယ်


Gustav နူတ်ထွက်လိုက်တာက  Romeo နဲ့အနည်းဆုံးသုံးပတ်လောက် နီးနီးကပ်ကပ်နေလို့မရဘူးဆိုတဲ့သဘောပဲ။ ဒါကြောင့် Gustav တစ်ယောက် အရမ်းစိတ်တိုနေခဲ့သည်။ ငါးကရေကို လိုအပ်သလို၊ သက်ရှိတွေ လေကို လိုအပ်သလို သူလည်း Romeo ကိုလိုအပ်သည်။ Romeo မရှိပဲ ဒီ သုံးပတ်ကို သူ ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ လုံးဝ မတွေးရဲတော့ပေ။ ရွန်နီရဲ့သေးငယ်တဲ့ ကိုယ်ထည်လေးကို ပွေ့ဖက်လိုက်ရင်တောင် သူ့အတွက် နှစ်သိမ့်မှုအနည်းငယ်မှ ဖြစ်နိုင်မည် မဟုတ်ပေ။

သူ ဘယ်တော့မှနုတ်ထွက်မှာမဟုတ်သလို Romeo ကိုလည်း ကန်ထုတ်ခွင့် မပေးနိုင်ဘူး။ ဤအချက်ကိုစဉ်းစားပြီး Gustav သည် ဂျာကင်အင်္ကျီကိုဝတ်ဆင်ကာ  ABC သို့ထွက်လာခဲ့သည်။ ရုံးချုပ်အဆောက်အအုံ၏မြေအောက် ကားရပ်နားရာ နေရာသို့ရောက်သောအခါ  Bonnie က ကင်မရာသမားအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး မော်တော်ကားတစ်စီးစီ ဦးတည်ခေါ်လာသည်ကို တွေ့လိုက်ရသည်။

"မင်းဘယ်သွားမလို့လဲ။ ဘာတွေဖြစ်နေတာလဲ?"

သူက ကားပြတင်းပေါက်မှန်ကို ချလိုက်ပြီး အေးစက်စွာ မေးလိုက်သည်။

 ABC ၏ထိပ်တန်းစီမံခန့်ခွဲမှုအဖွဲ့က  ကုမ္ပဏီ၏အစစ်အမှန်ပိုင်ရှင်က ဘယ်သူလဲဆိုတာ မေ့သွားပြီထင်သည်။   Acheson မိသားစုပိုင် လုပ်ငန်းထဲမှ လုပ်ပိုင်ခွင့်ကို ဘယ်သူမှ ဝင်စွတ်ဖက်ခွင့်မရှိပေ။

"Mr. Acheson,ရှင် ရောက်လာတာ အချိန်ကိုက်ပဲ။ ကျွန်မတို့ ဆုံးဖြတ်ချက်တစ်ခုကို ကြေငြာဖို့  villa ကိုသွားတော့မယ်"

သူမသည် သူမ သူဌေး၏ကားဆီကို ခပ်သွက်သွက် လမ်းလျှောက်လာစဉ် Bonnie  ရယ်မောချင်စိတ်ပေါ်မိပေမယ့် မရယ်ဝံံ့ပေ။ သူမက Acheson ၏အတွေးများ အခုချိန် အထိမခံနိုင်အောင် ဖြစ်နေလိမ့်မည်ဟု ထင်နေသည်။

"ဘယ်သူ ဆုံးဖြတ်တာလဲ။ ဘာကို ဆုံးဖြတ်လိုက်တာလဲ။ ဒီဆုံးဖြတ်ချက်ကို ငါ ချတာ မဟုတ်ဘူးဆိုရင် ဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ် "

 Gustav က သူ၏လည်စည်းကို ဆွဲချွတ်လိုက်ပြီး  မျက်လုံးများက ရန်ငြိုးများနှင့်ပြည့်နေသည်။

"ဒီဆုံးဖြတ်ချက်ကို  ထိပ်ဆုံးပိုင်းကနေ ကျွန်မကို ပေးလိုက်တာပါ။ "

 Bonnie က အေးခဲသွားမတတ် လန့်သွားပြီး  Acheson  ရူးသွပ်မသွားခင် အမြန် ရှင်းပြလိုက်သည်။

"ထိပ်ဆုံးက ဘုတ်အဖွဲ့ ဝင်တွေက ရှင့်ကို ဖယ်ရှားပစ်ဖို့ တကူးတက လုပ်မှာမဟုတ်ဘူး။ ရှင့်ကို ဖယ်ပစ်လိုက်တာက သူတို့ ခေါင်းတွေကို ထုပ်ပိုးပြီး အိမ်ပြန်ယူတာနဲ့ အတူတူပဲဆိုတာ သိထားကြတယ်။ ရှင်သာ မရှိတော့ရင် သူတို့ပိုင်ဆိုင်မှုတွေလည်း ပျက်စီးမှာစိုးလို့ ရှင့်အစား   Romeo ကို စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မက  Romeo ကို အခွင့်အရေးတစ်ခုပေးဖို့ သူတို့ကို ဖျောင်းဖျနိုင်ခဲ့တယ်။ သူတို့က  ဓာတ်ပုံရိုက်ကူးဖို့အတွက် Romeo ၏ပုံကို ပုံ ၃၀ ကနေ  ၅ ပုံအထိ့လျှော့ချသွားမည်ဖြစ်တယ်။ ဒီနည်းနဲ့   သူ ရဲ့ ၅ ပုံက  အခြားပြိုင်ပွဲဝင်တွေရိုက်သးတဲ့  ဓာတ်ပုံ ၁၅၀ ပြိုင်ရမယ်။ ဒီလိုမဟုတ်ရင် သူ ဖယ်ရှားခံရလိမ့်မယ်။ "

"ရှင် ဘယ်လိုထင်လဲ ဘော့စ်။  ဒါကအရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ စိတ်ခေါ်မှုကြီး မဟုတ်ဘူးလား။ ဒီမှာ မျှမျှတတ လုပ်လို့ရတယ်မလား။ ဒီမှာ ပြိုင်ပွဲဝင် 6 ဦးကျန်သေးတဲ့အတွက် တပိုင်းတပိုင်းကို ရိုက်ကူးတဲ့အချိန်မှာ မိနစ် 50 စာ ရိုက်ဖို့လိုတယ်။ ကျွန်မတို့က ဒီဟာကို အခွင့်ကောင်းယူပြီး  အသံလွှင့်တာကို တိုက်ရိုက်ထုတ်လွှင့်မှု အဖြစ်ပြောင်းလဲပြီး Romeo ကို အခွင့်ကောင်းတစ်ခုပေးမယ်ဆိုရင်ကော။ ပရိသတ်ကို သူတို့ကိုယ်တိုင်မြင်အောင် လုပ်ပေးနိုင်တယ်မဟုတ်လား။ "

ဒီနေရာမှာ သူမ စကားပြောတာ ခဏခေတ္တရပ်ပြီး ဆက်လက်ဆွဲဆောင်လိုက်သည်။

"အဆိုပြုချက်ကို ရှင် ဘယ်လိုထင်သလဲ ရှင့် ဆန္ဒအလျောက် ရာထူးက နူတ်ထွက်မှာ မဟုတ်ဘူး မလား။ ရှင် ရာထူးက နုတ်ထွက်လိုက်ရင် Dave Acheson  က ရှင့်ရာထူးကို ယူပြီးနောက် ရှင်က ဒီကောင်လေးကို ကာကွယ်ပေးဖို့ ဒီလိုလုပ်ခဲ့တယ်၊ ရှင်က ဒီကလေးပေါ် ခံစားချက် ရှိတယ်ဆိုတာ သိသွားရင် သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒါဆို ကျွန်မတို့လည်း သူ့ကို ကာကွယ်နိုင်မှာ မဟုတ်သလို   Romeo လည်း တိုက်ခိုက်ခံရဦး မှာဖြစ်တယ်။"

Dave Acheson သည် Acheson ၏တရားမဝင်ကလေးတစ် ဦး ဖြစ်ပြီး သူသည် Acheson မိသားစု၏ မိသားစုလုပ်ငန်းကိုကြာမြင့်စွာကတည်းက စိတ်ဝင်စားခဲ့သည်။ သူ့မှာအရည်အချင်းမရှိပေမယ့် သူက ရူးသွပ်တဲ့ခွေးတစ်ကောင်လို သွားတဲ့လမ်းတလျှောက် မြင်တဲ့လူတိုင်းကို တိုက်ခိုက်ရတာကို နှစ်သက်သူ ဖြစ်သည်။


Gustav က Dave Acheson ကို အောင်မြင်အောင်လုပ်ခွင့်ပေးမည် မဟုတ်ပေ။  သူ ခဏစဉ်းစားပြီးနောက် Bonnie ၏အဆိုပြုချက်ကို သဘောတူခဲ့သည်။ သူက Romeo အတွက် ရာထူးမှနုတ်ထွက်လိုက်တာနဲ့ Romeo ရဲ့စွမ်းဆောင်ရည်ကထူးခြားနေရင်တောင် Dave က သူ့ကို လျစ်လျူရှုမှာ မဟုတ်ဘူးဆိုတာ သူသေချာသိသည်။  Gustave မြတ်နိုးသည့် အရာအားလုံးကိုဖျက်ဆီးရန် Dave က အမြဲတမ်း ရွံရှာ စက်ဆုပ်ဖွယ်ကောင်းသောနည်းလမ်းများကို အမြဲအသုံးပြုလေ့ရှိသည်။


"ဒါက အဆင်ပြေပါတယ်။ Romeo လုပ်နိုင်ပါတယ်။ သူ့ရဲ့ပထမဆုံး ဓါတ်ပုံရိုက်ချက်က အမြဲတမ်း ကျွန်မကို အံ့သြစရာ  ဖြစ်စေခဲ့စမြဲပဲ။ ကျွန်မ အပါအဝင် တကယ့် စူပါမော်ဒယ်အကြောင်းကို နားလည်တဲ့ ဘယ်သူကမှ သူ့ကို ဆွဲချမသွားနိုင်ပါဘူး။ "

သူဌေးက ရေထဲက ကျောက်တုံးကြီးကဲ့သို့ မတုန်မလှုပ်ငြိမ်နေသည်ကို တွေ့တော့ Bonnie ကသူ၏ပခုံးကို ပုတ်ကာ နှစ်သိမ့်အားပေးလိုက်သည်။

Gustav က သူမကို အေးတိအေးစက် သာ တုန့်ပြန်လိုက်သည်။  သူဟာ ကြောင်ပေါက်လေးကို ဘယ်သူမှ မဖယ်ရှား၊  အနိုင်မရနိုင်ဘူးဆိုတာကို သူ သေချာသိသည်။ Romeo ရဲ့ထူးချွန်မှုက လူတိုင်း စိတ်ကူးတွေထက် ကျော်လွန်နေသည်။ အခု ဖြစ်ပျက်သမျှအားလုံး   သူ့အပြစ်ကြောင့်ဆိုတာ   ကြောင်ပေါက်လေးသိသွားရင် ဒေါသထွက်နေမှာကို စိုးရိမ်နေခဲ့သည်။

သူတကယ် ဒေါသထွက်မှာလား။ သူက ငါ့ကို နောက်ဘယ်တော့မှ စကားပြောချင်တော့မှာ မဟုတ်တော့ဘူး။  ဒီအကြောင်းတွေးမိလိုက်တာနဲ့ သူ့အစာအိမ်က သွေးစိမ်းရှင်ရှင် ယိုစီးကျလာသလို နာကျင်နေသည်ကို ဘုရားသခင် အသိဆုံးဖြစ်သည်။


Gustav စိတ်ရှုပ်ထွေးနေစဉ် ကားသည် villa သို့ရောက်ရှိလာသည်။ Bonnie သည် အခြားပြိုင်ပွဲဝင်များကို အားလုံးသိစေရန် မရည်ရွယ်ခဲ့ပေ ဒါကြောင့် သူမသည် ဆယ်ကျော်သက်ကလေးများကို သီးခြားစီ အခန်းတစ်ခုထဲသို့ခေါ်ဆောင်သွားကာ ရှင်းပြပြီး ကင်မရာရိုက်သူအား မှတ်တမ်းတင်စေပြီး  အတိုချုပ်ရှင်းပြခဲ့သည်။ ပြီးတော့မှ ဒီပုံတွေကို နှစ်ပိုင်းခွဲပြီး လူမှုကွန်ယက်ပေါ်တင်လိုက်သည်။

Gustav သည်သူ၏မျက်နှာကို ဖုံးအုပ်ပြီး ကြောက်ရွံ့နေသည့် မျက်နှာကို လက်နှင့်အုပ်ထားခဲ့သည်။

ဂျွန်က အရမ်းဒေါသထွက်ပြီး သူ့ကိုနားရွက်နီရဲနေသည်ကို ိုအာရုံစိုက်ရင်း အနီးကပ်ရိုက်ကူးလိုက်သည်။

ဒီလို နီနေတာက ခင်ဗျားက ရှက်နေတာလား။ ဒီအကြောင်းကိုတွေးပြီး ဂျွန် အရမ်းဒေါသထွက်နေသည်။ ခင်ဗျားရဲ့ ထူးဆန်းတဲ့ ဝါသနာကြောင့် ကျွန်တော့်  idol ဖယ်ရှားခံရတော့မယ်ဗျ။

ဒါပေမယ့်  ကျိုးယွင်ရှန့်က ဒေါသမထွက်သလို လန့်လည်းမလန့်သွားခဲ့ပေ။ တကယ်တမ်းပြောရလျှင် သူက စိတ်လှုပ်ရှားနေခဲ့သည်။ ရှေ့ဘဝများတွင် သူက အောင်မြင်သည့် စူပါမော်ဒယ်အဖြစ် နှစ်ပေါင်းများစွာကျင်လည်လာခဲ့သောကြောင့် အခုချိန် ဒီပြိုင်ပွဲမှာ အောင်မြင်မှုချည်း သိမ်းကျုံးယူရတာ သူ့အတွက် ပျင်းစရာကောင်းလို့နေသည်။ ဒါ့အပြင် သူ့ရဲ့ ဝါသနာနဲ့ စရိုက်က ခက်ခဲမှုကို စိန်ခေါ်ပြီး အောင်မြင်အောင်လုပ်ရတာကို နှစ်သက်သူဖြစ်သည်။ Bonnie က သူ့ကို ဓါတ်ပုံရိုက်ခွင့် 3 ပုံအထိ လျှော့လိုက်လို့ရတယ်လို့ တောင် သူ ခံစားရသည်။

ရွန်နီ၏ဓါတ်ပုံများကို တဖြည်းဖြည်းချင်း မိနစ်အနည်းငယ် ကြာကြည့်ခဲ့ပြီး မေးလိုက်သည်။

"သူက အရမ်းချစ်ဖို့ကောင်းတယ်။ သူ့နာမည်ဘယ်လိုခေါ်သလဲ "

"သူက ရွန်နီလို့ခေါ်တယ်။ မင်းက သူ့ထက်ပိုချစ်စရာကောင်းတယ်။"

Gustav သည် သူချစ်ရတဲ့သူလေးကို ချီးမွမ်းဖို့ အခွင့်အရေးကို ဘယ်သောအခါမှ လျစ်လျူမရှုခဲ့သည်။

Bonnie က သူ့ကိုပြင်းပြင်းထန်ထန်ကြည့်နေတာကိုတွေ့တော့ သူက သူ့သဘောထားကိုမြန်မြန်ဆန်ဆန်ပြင်လိုက်သည်။

"မင်းအတွက် ဒီလိုကြီးမားတဲ့ပြသနာဖြစ်စေတဲ့အတွက် ကိုယ် စိတ်မကောင်းပါဘူး။ ဒါပေမယ့် မင်းဒါကို ကျော်လွှားနိုင်မယ်ဆိုတာ ကိုယ်သေချာယုံကြည်တယ်။ "

ကျိုးယွင်ရှန့်က ခါးသီးသည့်အပြုံးလေးနှင့် ဟန်ဆောင်ပြောလိုက်သည်။

"ကျွန်တော် သဘောမတူလို့ မရဘူး မဟုတ်လား။ ဒီနည်းနဲ့ပဲ ကျွန်တော့်ရဲ့ ပင်ကိုယ်အစွမ်းကိုသက်သေပြနိုင်ပြီး Mr. Acheson ရဲ့ ဂုဏ်သတင်းကို အဖတ်ပြန်ဆယ်ပေးနိုင်မှာပါ။ ပြီးတော့ ကျွန်တော့်ကို ယုံကြည်ပြီး ထောက်ခံပေးတဲ့ ပရိတ်သတ်အားလုံးအတွက် ဒီဆုံးဖြတ်ချက်ကို  ကျွန်တော် လက်ခံပါတယ်။"


"ဒီလိုစဉ်းစားတာ မင်းအတွက်ကောင်းပါတယ်။ "

Bonnie က မတ်တပ်ရပ်ပြီး ကောင်လေးကို ပွေ့ဖက်လိုက်သည်။

Gustav  လည်း သူ့ကိုပွေ့ဖက်ပြီး သူ့နားရွက် နား ကပ်ကာ တိုးတိုးပြောလိုက်သည်။

"ကိုယ် တောင်းပန်ပါတယ်၊ ကိုယ် မင်းကို ချစ်တယ် "

ကျိုးယွင်ရှန့်၏နှလုံးသားအောက်ဆုံးနားက  ညင်ညင်သာသာ လှုပ်ခါသွားသလို ခံစားလိုက်ရသည်။

======================


ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now