၂၁။ ကိုယ့်ရဲ့ မင်္ဂလာဦး....အနမ်းလေးရော ..?

5.8K 615 10
                                    

ွ့'' ရပြီ...''
လုချင်းယီ အတွက် အသားညှပ်ပေါင်မုန့် နှစ်ခုထည့်ထားတဲ့ ပန်းကန်ပြားကို.... ရှန်းရီ ချပေးလိုက်သည်။

လုချင်းယီ..သူမရဲ့ ဘေဘီလေးတွေနဲ့ ကစားတာကို ရပ်လိုက်ပြီး မတ်တပ်ရပ်လိုက်၏။
ပြီးနောက် လက်ကို မြန်မြန်သွားဆေးလိုက်ပြီး
စားပွဲမှာ ထိုင်နေတဲ့ သူမရဲ့ ယောင်္ကျားဆီကို သွားလိုက်သည်။
သူပြင်ပေးထား တဲ့စားချင်စဖွယ် အသားညှပ်ပေါင်မုန့်ကိုကြည့်လိုက်တော့ သူမရဲ့ အစာအိမ်လေးက ပိုပို သောင်းကျန်းလာလေ၏။

ထို့နောက် သူမ....တိတ်တဆိတ်နဲ့ အရသာခံပြီး
စားနေချေသည်။ သူမ...ဗိုက်ဆာနေလို့ ဖြစ်ရမည်....အသားညှပ်ပေါင်မုန့်က အရင်က စားဖူးတာထက် ပိုကောင်းနေသလိုပင်။

သူပြင်ပေးထားတာကို...သူမက နှစ်နှစ်ခြိုက်ခြိုက်ကြီး စားနေတော့ ရှန်းရီ...ကျေနပ်နေမိသည်။

" ဒါနဲ့လေ...၊ ကျွန်မတစ်ခုလောက်မေးပါရစေ..
ရှင်..ဘာလို့ ဒီခွေးလေးတွေနဲ့ တစ်ယောက်ထဲ နေရတာလဲ?''
လုချင်းရီ...စားနေရင်း မေးလိုက်သည်။

" ကျွန်မက... ရှင်..ဇိမ်ခံအိမ်ကြီးလို နေရာမျိုးမှာ နေမယ် ထင်ထားတာ....''

လုချင်းရီ..စားနေတာကို မြင်နေကတည်းက
သူ..ဗိုက်ပြည့်သွားသလိုပင်။
သူရဲ့ မေးကို လက်နဲ့ပွတ်လိုက်ပြီး...ထိုင်နေရာက ရှေ့တိုးကာ.....

" ဘာဖြစ်လို့လဲ?....မင်း...ဇိမ်ခံအိမ်ကြီးမှာ နေချင်လို့လား.. ?''
သူမ..ချက်ချင်း ခေါင်းခါမိသည်။
သူ.....ဘယ်မှာနေနေ သူမက ဂရုမစိုက်ပါဘူး။

" မဟုတ်ပါဘူး..! ရှင်က ကိုယ်ရေးကိုယ်တာတွေကို လျှို့ ဝှက်ထားရတာကို ကြိုက်တယ်မလား၊
အာ့ကြောင့် သီးသန့် ဇိမ်ခံတိုက်ခန်းမှာ မနေပဲ ဒီလို ပတ်ဝန်းကျင်မှာ နေလဲဆိုပြီး စဉ်းစားမိလို့ပါ "

" မင်းသဘောပဲ..!"

" ဟမ်..!"

" ဒါပေမယ့်..မင်း ဇိမ်ခံအိမ်မှာ နေရင်တော့
မင်းရဲ့ ဘေ ဘီလေးတွေကို ကိုယ်တို့နဲ့ ခေါ်ခွင့်မပြုနိုင်ဘူး... "

" ဘာ? ကိစ္စမရှိဘူး..!
ကျွန်မရဲ့ ဘေ ဘီလေးတွေနဲ့ မခွဲနိုင်ဘူး..
ရှန်းရီ...ဒီမှာပဲနေရအောင်...နော်လို့.."
လုချင်းယီ...ကလေးလို တောင်းဆိုလာသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now