FOD Extra_1_Chapter(2-2) (Zawgyi+Unicode)

5.7K 830 1
                                    

FOD Extra_1_Chapter(2-2) (Zawgyi+Unicode)


ရွှယ်မိသားစုဝင်ဖြစ်အောင်လုပ်ရတာက ထင်သလောက်မလွယ်ပေ။ သူတို့က  သူ့အသက်ကို ယူချင်တယ်ဆိုရင်  သူ့အပေါ်မှာ ခံစားချက်တွေ ထားမှာမဟုတ်ပေ။ လက်ရှိအခြေအနေအရ သူတို့က သူ့ကို အချိုသတ် ထားကြပြီး ကောင်းကောင်းစားသောက်စေကာ အချိန်ရောက်သည်နှင့် အပြတ်ရှင်းခံရမည်ဖြစ်သည်။ ဒါပေမယ့် ရွှယ်ကျင်းရီရဲ့သဘောထားက သူ့ကို နားလည်ရခက်စေသည်။

ရွှယ်မိသားစုက သူ့ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ယူမည့်အကြောင်း သူမကို မပြောပြလောက်ပေ။

" သမီးက မကြာခင်မှာ သေရတော့မယ်။ ဒါကြောင့် မေမေတို့ သမီးရဲ့အမြွှာအကိုကိုပြန်ခေါ်လာပြီး သမီးအတွက် သူ့ ကိုယ်တွင်း အင်္ဂါကို ယူပေးမယ်။ သမီးအသက်နဲ့ သူ့အသက်ကို လဲပေးမယ်။ သမီးလေးလျှောက်မတွေးရလိုဘူးနော်"

ဆိုပြီး ဘယ်မိဘတွေက  သူတို့ရဲ့ကလေးကို ဒီလိုတွေပြောမှာလဲ။ 

ရွှယ်ကျင်းရီက အခုမှ အသက်၁၆နှစ်ပဲဖြစ်ပြီး သူမရဲ့ ကျန်းမာရေးရေ  ဒီလိုအခြေအနေမျိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူမကို ဒီအကြောင်း ပြောပြလိုက်တာက သူမကိုစိတ်ဒဏ်ရာရသွားနိုင်သည့်အပြင် သူမရဲ့ ကျန်းမာရေးကိုပါ  ထိခိုက်သွားနိုင်သည်။ ဒါပေမယ့် အမှန်တရားကို မသိတဲ့သူမအတွက် သူ့အပေါ် ဘာကြောင့် မုန်းတီးနေရတာလဲ။ ကျိုးယွင်ရှန့်  စဉ်းစားကြည့်လိုက်ပြီးနောက် သူ့တည်ရှိမှုက ရွှယ်ကျင်းရီ အတွက် အမည်းစက်ဖြစ်ပြီး သူမက ရွှယ်မိသားစုရဲ့  သမီးအရင်းမဟုတ်ဘူးဆိုတာ  သတိပေးသလိုဖြစ်နေသည်။

"ဒီအမြွှာညီမက ကောင်းမယ့်ပုံမပေါ်ဘူး။ အတွေးတိမ်ပြီး ရွှယ်မိသားစုက ငါ့ကို ခေါ်လာတဲ့အကြောင်းရင်းကို နားမလည်ဘူး။ သူတို့က ငါ့ကို ခွဲစိတ်မယ့်နေ့အထိ လူမသိအောင် ဝှက်ထားကြပြီး ဆေးရုံခေါ်သွားဖို့ကြံထားကြတာဖြစ်မယ်။ ဒါက သူတို့အတွက်  စိတ်ပူပန်ရမယ့် အချက်တွေ၊ ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေ မနည်းလောက်ဘူး"

ကျိုးယွင်ရှန့် ခေါင်းရမ်းလိုက်သော်လည်း အခုထိ အဓိကအချက်ကို သူ ဖမ်းဆုပ်လို့မရသေးပေ။ ရွှယ်မိသားစုဆီ ခေါ်ဆောင်ခံရပြီးနောက်   ဒုတိယတာဝန်ကို ပြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အရေးကြီးနေ သည်။ အဓိက သော့ချက်က ရွှယ်ကျင်းရီ ပဲ။ ဒါပေမယ့် သူမက သူ့ကို ရွံစရာကောင်းတဲ့ လူလို ဆက်ဆံနေပြီး သူမနားကို ကပ်သွားတိုင်း ခြေလှမ်း ၃ လှမ်း နောက်ဆုတ်သွားလေ့ရှိသည်။။ ရွှယ်မိသားစုမှာ နေရတဲ့ နေ့ရက်တွေက သူ့အတွက်မလွယ်ကူလောက်ဘူးဆိုတာ မှန်းဆလိုက် မိသည်။  ဗီလိန်စနစ်ရဲ့ထိန်းချုပ်မှုအောက်မှာ သူ့တာဝန်ကို ကျိုးယွင်ရှန့်  မရှောင်လွဲရဲပေ။  သူက သေလူဖြစ်နေလို့  သူသာ ရွှယ်ကျင်းရီ ရဲ့စိတ်ကို ဆွပေးနိုင်ရင် ရွှယ်မိသားစုအတွက် ခေါင်းကိုက်စရာဖြစ်လာနိုင်သည်။

ဖူဘိုက ကောင်လေးရဲ့လှုပ်ရှားမှုကို တားလိုက်ကာ သူ့ကို အခန်းထောင့်ဆီ ဆွဲခေါ်သွားပြီး သတိပေးလိုက်သည်။

"Mr.Haung..သခင်မလေးက ကျန်းမာရေးမကောင်းလို့ အေးဆေးနားဖို့ လိုတယ်။ မင်းမှာ ဘာမှလုပ်စရာမရှိဘူးဆိုရင်  စာအုပ်တွေ ဖတ်ပါ။ သူမကို မနှောင့်ယှက်ပါနဲ့"

ကျိုးယွင်ရှန့် နောင်တရသွားသလိုမျိုး အမူအရာဟန်ဆောင်လိုက်ပြီး မေးလိုက်သည်။

"ကျင်းရီက ဘာဖြစ်လို့လဲ။ နေမကောင်းတာလား"

"မဟုတ်ပါဘူး။ သူမ မွေးကတည်းက ကိုယ်ခံအားနည်းနေလို့ပါ"

ဖူဘိုက ဆက်မပြောတော့ဘဲ ကောင်လေးကို   စာလုပ်ဖို့ တိုက်တွန်း လိုက် သည်။ ကျိုးယွင်ရှန့် က အခွင့်အရေးကို  ဆုပ်ကိုင်ပြီး ရှက်ရွံ့စွာ မေးလိုက်သည်။

"ဖူဘို..ကျွန်တော် ကွန်ပျူတာ တစ်လုံးလောက်လိုချင်တယ်။ ကျွန်တော်အားနေရင် လိုင်းတက်လို့ရတယ်။ ဒါဆို ညီမလေးကိုလည်း မနှောင့်ယှက်မိတော့ဘူး"

ဒီဟာက ဖူဘိုလိုချင်နေတဲ့အချက်ပဲ။ တောသားတစ်ယောက်အတွက် game ဆော့ဖို့ကလွဲပြီး ဘာမှမလုပ်တတ်မှာဖြစ်လို့ laptop တစ်လုံး ယူခဲ့ဖို့ လက်ထောက်ကို ချက်ချင်း  ခိုင်းလိုက်သည်။

Laptop က ပလပ်ပေါက်ထိုးပြီး အသင့်သုံးရုံးဖြစ်သည်။ လက်ထောက်က ကောင်လေးကို laptopသုံးနည်း အခြေခံ သင်ပေးပြီး game ပါ ဆော့ပြလိုက်သည်။  ကောင်လေးက ချက်ချင်း game ကစားရတာကို စွဲလန်းသွားတာမြင်တော့ ဘာ သံသယမမှ မဝင်ပဲ အခန်းပြင်ကို ထွက်သွား တော့သည်။ ဖူဘိုက ချောင်းကြည့်လိုက်တိုင်း ကောင်လေးက ကုတင်ပေါ်လှဲပြီး game ဆော့ကာ အရမ်းပျော်နေတာကို တွေ့ရလို့ ကျေနပ်သွားသည်။ တောသားတစ်ယောက်ကို ထိန်းချုပ်ရတာ အရမ်းလွယ်သည်ဟု ယုံကြည်သွားပြီး ထပ်လာမကြည့်တော့ပေ။

ဖူဘို ထပ်မလာတော့ သေချာမှ ကျိုးယွင်ရှန့် တံခါးကို လော့ခ်ချလိုက်ပြီး  သူ့ရဲ့လက်ဆယ်ချောင်းစလုံးက ခလုတ်တွေပေါ်မှာ လှုပ်ရှားလိုက်သည်။
 လှုပ်ရှားတာ မြန်လွန်းလို့ အရိပ်ကိုပဲ တွေ့ရသည်။ ရွှယ်မိသားစုရဲ့  အသေးအမွှားမှ ကြီးမားတဲ့ ကိစ္စအဆုံး အင်တာနက်ပေါ် မှတ်တမ်းတင် ထားသမျှ အရာအားလုံး သူ့ကွန်ပြူတာပေါ်တွင် ပေါ်လာခဲ့သည်။

သူနေခဲ့တဲ့ရွာမှာ ရေဘုံဘိုင် မရှိ၊ အင်တာနက်မရှိ၊ အဝေးပြေး လမ်းမကြီး မရှိလို့ တော်တော်လေး ခေတ်နောက်ကျသည်ဟု ဆိုနိုင်သည်။ ရွာမှာနေတဲ့
လယ်သမားတွေက အလုပ်ကိုသိမ်းကြုံး လုပ်ရပြီး အပြင်လူ တွေနဲ့ အဆက်အသွယ်မလုပ်ကြပေ။ သူတို့အတွက် သတင်းသိရဖို့  TVကိုပဲ အားကိုးရသည်။  ဒိတ်အောက်နေတဲ့ TV က ဟွမ်မိသားစုရဲ့ တစ်ခုတည်း သော  ဇိမ်ခံပစ္စည်းဖြစ်ပြီး သူအသက်၁၀နှစ်ကတည်းက  သူ့အဒေါ်ရဲ့ မင်္ဂလာခန်းဝင်အဖြစ် ယူဆောင်သွားသောကြောင့် သူ TVကို မကြည့်ရ တော့ပေ။  ဖူဘိုထင်တာ မမှားပါ။ တကယ်တမ်း သူက ကမ္ဘာကြီး အကြောင်းကို သေချာမသိပေ။။ ရွှယ်မိသားစု ဘယ်လောက်ကြီး တယ်ဆို တာကိုလည်း  သူ မသိပေ။

"ချမ်းသာပြီး အာဏာရှိတဲ့မိသားစုပဲ။ တကယ် ချမ်းသာတဲ့မိသားစုပဲ။ သူက တကယ့်ကို ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ပဲ။ မိသားစုနောက်ခံက အရမ်းအင်အားကြီးတာပဲ။ "

ရွှယ်မိသားစုရဲ့ အချက်အလက်တွေ ကို မိနစ်အနည်းငယ်အတွင်း ဖတ်လိုက်ပြီး ကျိုးယွင်ရှန့် သက်ပြင်းချလိုက်သည်။ ရွှယ်မိသားစုက မြို့တော်မှာ ပထမတန်း မိသားစုအဖြစ် ကျော်ကြားပြီး စစ်တပ်၊ အစိုးရနဲ့  စီးပွားရေး လုပ်ငန်းတွေ ပူးပေါင်းလုပ်ကိုင်ထားပြီး စီးပွားရေးလောကို အတော်လေး  လွှမ်းမိုးထားနိုင်သည်။ ရွှယ်လွေ့က ရွှယ်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ အတော်ကွာဝေးပေမယ့် သူက တရားဝင်မယားကြီးက မွေးတဲ့သားဖြစ်သည်။ ရွှယ်မိသားစု ရဲ့  စီးပွားရေး လုပ်ငန်း အဖွဲ့အစည်းတွေက ခိုင်မာလွန်းသည်။

ရွှယ်လီဒန်နီ နဲ့ ရွှယ်ဇီရွှမ် က ကမ္ဘာကျော် ဂီတပညာရှင်တွေဖြစ်ပြီး အမေ ဖြစ်သူက တယောပညာရှင်ဖြစ်ပြီး သားဖြစ်သူက စန္ဒယား ပညာရှင် ဖြစ်သည်။ ရွှယ်ဇီရွှမ် အသက်၁၂နှစ်ကတည်းက ကျော်ကြား လာခဲ့ပြီး ဂီတနယ်ပယ်မှာ  စန္ဒယား ဘုရင်ဘွဲ့ကို ရရှိခဲ့သည်။  သူ့ရဲ့အနုပညာ လုပ်ငန်းမှ အောင်မြင်မှုက လွန်ခဲ့တဲ့နှစ်ပေါင်း များစွာက စန္ဒယားပညာရှင်
တွေ နဲ့ ယှဉ်လို့ရသည်။ ရွှယ်ကျင်းရီက သာမန်အဆင့်ပဲဖြစ်ပြီး အလယ်တန်း စန္ဒယားပြိုင်ပွဲတွေမှာဝင်ပြိုင်ပြီး အလယ်အဆင့်ပဲ ရခဲ့သဖြင့် သူမက အနုပညာဘက်မှ  မထူးချွန်ဘူးဆိုတာ ထင်ရှားသည်။

ကျိုးယွင်ရှန့်  အမြန်ဆက်ဖတ်နေလိုက်ပြီး သူ့အကြည့်က ဆေးမှတ်တမ်း တစ်ခုပေါ် အကြာကြီးရောက်သွားသည်။ မွေးရာပါနှလုံးရောဂါ နှလုံးအစားမထိုးဘဲ လူနာက အသက်၂၅နှစ်ထက် အသက်မရှင်နိုင်။ ဒါဆိုရင် သူတို့လိုချင်နေတာ သူ့နှလုံးပဲ။ သူ့ရင်ဘက်ကိုဖိလိုက်တော့ နှလုံးက တဒိန်းဒိန်း နဲ့ အားကောင်းစွာ ခုန်နေတာကို ခံစားမိသဖြင့်  သူ့နှုတ်ခမ်းထောင့်စွန်းမှာ အေးစက်တဲ့အပြုံးပေါ်လာခဲ့သည်။

 ငါက ရွှယ်မိသားစုထဲ ဝင်ပြီး ငါ့နှလုံးကို တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေ ကို   ပေးရမယ်ပေါ့ ဟုတ်လား။ လက်ကောက်ဝတ်က system ကို မနှစ်မြို့ စွာ  သူကြည့်လိုက်သည်။ သူက ဒီစနစ်ကို အကြိမ် ထောင်သောင်း မက ဖျက်ဆီးဖို့ သူကြိုးစားရမည်။

"Hostရဲ့ စိတ်ခံစားချက်က ထိန်းချုပ်မှု မရှိတော့ဘူးလို့ သတ်မှတ်လိုက်လို့ ပထမအဆင့်အပြစ်ပေးခြင်း စတင်ပါပြီ"

System က သူ့ရဲ့ စိတ်နဲ့ တိုက်ရိုက် ဆက်သွယ်ထားတာဖြစ်လို့ တခုခုမှားတယ်ဆိုရင် စနစ်က သူ့ကို ချက်ချင်းအပြစ်ပေးလေ့ရှိသည်။ အခု အခြေနေက ဘယ်လိုလုပ် ပထမအဆင့် အပြစ်ပေးတာဖြစ်နိုင်မှာလဲ။ အများအားဖြင့် အဆင့် ၁၀ အပြစ်ပေးတာလုပ်လေ့ရှိသည် မဟုတ်လား။  

သံသယနဲ့ ကျိုးယွင်ရှန့် ခေါင်းရှုပ်လာသည်။ သူက system ကို မကြာခဏ ဆွပေးပြီး system ရဲ့ အခြေခံလုပ်ဆောင်ချက်ကို သိအောင်စုံစမ်းပြီး တစ်ဖက်က အဆုံးမရှိ ဒီစနစ်က ဖန်တီးတဲ့ပုံရိပ်ယောင်လောကထဲ မကျရှူံးဖို့ သူ့ ရည်ရွယ်ချက်ကို မမေ့ဖို့ ပြင်းထန်တဲ့နာကျင်မှုကိုခံစားရင်း ကိုယ့်ကိုယ်ကို သတိပေးလေ့ရှိသည်။ သူ့မူလရည်ရွယ်ချက်က ကမ္ဘာအစစ်ဆီပြန်သွားဖို့မဟုတ်ဘဲ lord godကိုရှာပြီး ဖျက်စီးဖို့ဖြစ်သည်။

========================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now