Arc_ 10.5 _ Joshua

5.4K 697 5
                                    

 Arc_ 10.5 _ Joshua

ကျိုးယွင်ရှန့်က နှစ်နှစ်လုံးလုံး ဆုတောင်းတာကို အာရုံစိုက်နေရင်း တဖက်ကလည်း အဓိက ဇာတ်ဆောင်အကြောင်းကို လျှို့ဝှက်စုံစမ်းခဲ့တယ်။ ဒီနေရာကို သူ စတင်ရောက်ပြီး မကြာခင် ခရီးလှည့်လှည်သွားခဲ့တဲ့ ဒုတိယမင်းသားနဲ့ ဘိုးလ်က စတင်တွေ့ပြီးသွားခဲ့ပြီ။ ဘိုးလ်က တောအုပ်ကြီးထဲမှာ နတ်ဆိုးမြူတွေကြားကနေ သားရဲမင်းသားကို ကယ်တင်ပေးခဲ့ရာကနေ သားရဲမင်းသားက ဘိုးလ်ကို မြင်မြင်ချင်း  ချစ်သွားခဲ့တယ်။ ဒါ့အပြင် ဘိုးလ်က နတ်သူငယ်တွေရဲ့ အထွတ်မြတ် မိခင်သစ်ပင်ကို ပထမအကြိမ်ထိတွေ့လိုက်တာနဲ့ သေလုမျောပါးအခြေနေကနေ အဖူး အရွက်တွေ ပြန်ထွက်အောင် လုပ်ပေးခဲ့လို့ နတ်သူငယ် မိသားစုက ဘိုးလ်ကို ကိုးကွယ်မတတ်ဖြစ်ခဲ့တယ်။

တကယ်တော့ ဘိုးလ်က နဝမကောင်းကင်ဘုံမှာ နေထိုင်ခဲ့တာဖြစ်လို့ သူစားသမျှ၊ သောက်သမျှ အားလုံးထဲ အလင်းစွမ်းအင်တွေပါဝင်နေပြီး ပတ်ဝန်းကျင်ကလည်း အလင်းစွမ်းအင်တွေ ပြည့်လို့နေတယ်။ သူ ဘာမှ မလုပ်ရင်တောင် သူ့ကိုယ်ထဲ သန့်စင်တဲ့ အလင်းစွမ်းအားတွေပြည့်နေတယ်။ နဝမမြောက်ဘုံမှာ သူက ဘာမှ မဟုတ်ပေမယ့် လူ့ပြည်မှာတော့ သူ့ကိုယ်ထဲက အလင်းစွမ်းအားတွေက ဘယ်နိုင်ငံက အလင်းဘုန်းကြီးတွေထက် မဆို သန့်စင်ပြီး ပိုများတယ်။ ဒါကြောင့် ဒီက နတ်ဆိုးမြူတွေကို သူ အလွယ်တကူ ဖယ်ရှားလိုက်နိုင်တာဖြစ်တယ်။ ဒီသေမျိုးလောကမှာ သူ့ကိုယ်ထဲ့ အလင်းစွမ်းအင်တွေက သူတော်စင် အဆင့်ကို ရောက်လို့နေတယ်။

သူ့မှာ အနက်ရောင် မျက်ဝန်းလှလှကိုပိုင်ဆိုင်ထားပြီး ရုပ်ရည်လည်း ချောမောလှပတယ်။ သူက နတ်သူငယ် ဘုရင်ရဲ့သီချင်းသံကို ကြားခဲ့ပေမယ့် ဘယ်လိုမှ ကြွေဆင်းမသွားပေမယ့် သူ သီချင်းစဆိုလိုက်တာနဲ့ အရိုင်းအစိုင်းသားရဲတွေက ချက်ချင်းကို ယဉ်ပါးသွားတယ်။ ဒါကြောင့် နတ်သူငယ်ဘုရင်က သူနဲ့ခင်မင်သွားပြီး မိခင်သစ်ပင်အောက်မှာ သုံးရက်သုံညတိတိ သီချင်းသီဆိုကြတယ်။ နတ်သူငယ်မိသားစုကလည်း သူ့ကိုအ ရမ်းကို ခင်မင်သွားခဲ့တယ်။

ဘိုးလ်က အမှောင်တောအုပ်ထဲမှာ ဒုတိယမင်းသားနဲ့တွေ့ပြီး အတူလိုက်ခဲ့ တယ်  ။ နိုင်ငံပေါင်းချုပ်ရဲ့ ပုပ်ရဟန်းမင်းကြီးနေတဲ့ ဘုရားကျောင်းကို ရောက်တော့ ပုပ်ရဟန်းမင်းကြီးက နွေးထွေးပျူဌာစွာကြိုဆိုခဲ့တယ်။

ဘိုးလ်ရဲ့ အမြော်အမြင်နှင့် ထူးကဲတဲ့ စကားလက်ဆုံပြောဆိုမှုက ပုပ်ရဟန်းမင်းကြီးကို အရမ်းပျာ်ရွင်စေပြီး ဘိုးဘ်အပေါ် တန်ဖိုးထားမြတ်နိုးခဲ့တယ်။ ဘိုးလ်ကို ပုပ်ရဟန်းမင်းကြီးက သူ့သူငယ်ချင်းတစ်ယောက်အဖြစ် ဆက်ဆံခဲ့တယ်။ ဘိုးလ်က ခရီးဆက်ချင်တာကို သိတော့ သူလုပ်ရမယ့် အလုပ်တွေကို ဘေးချိတ်ထားပြီး ဆာဂါတိုင်းပြည်ကို အတူလိုက်လာပေးခဲ့တယ်။

ဘိုးလ်ရဲ့ ပြိုင်ဖက်ကင်း ရုပ်ရည်က မြင်သူတိုင်းကို သူ့နားက မခွာနိုင်အောင် ဆွဲဆောင်ထားနိုင်တယ်။ ဒီကုန်းမကြီးမှာ နှစ်နှစ်တိတိ လှည့်လည်ပြီး တေးသီချင်းဆိုလိုက်၊ ကဗျာစပ်လိုက်နဲ့ လူသူပရိတ်သတ် စုဆောင်းထားပြီးဖြစ်တယ်။ အခုဆိုရင် ဒီကုန်းမြေကြီးပေါ်မှာ သူက စွမ်းအားအကြီးဆုံး အလင်းနတ်ဘုရားရဲ့ စကားကို သယ်ဆောင်ပေးနိုင်တဲ့ တမန်တော်လို့ လူတွေက လက်ခံယုံကြည်လာကြပြီဖြစ်တယ်။ သူက အခု ဒုတိယမင်းသားနဲ့ပုပ်ရဟန်းမင်းကို ခြံရံပြီး ဆာဂါပြည်ကို လာခဲ့တယ်။ သူက နှစ်ငါးဆယ်အတွင်း စွမ်းအားအကြီးဆုံး အလင်းဘုန်းကြီးပဲလို့ ယုံကြည်ထားခဲ့တယ်။


" ဆာဂါတိုင်းပြည်ရဲ့ အလင်းဘုရားကျောင်းမှာ အလင်းဘုန်းကြီးနှစ်ပါးပဲ ရှိတယ်လို့ ငါကြားဖူးတယ်။ "

သူက သက်ကြီးရွယ်အို ပုပ်ရဟန်းမင်းဆရာတော်ကိုပြုံးပြပြီး ပြောလိုက်တယ်။

" ဟုတ်ပါတယ်။ ကျုပ်နဲ့ ကျုပ်ရဲ့မွေးစားသားလေး ဂျိုရှုဝါပါ။ သူက အရမ်းချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ပါ "

 ဂိုဏ်းအုပ်ဘုန်းတော်ကြီးက လေးစားစွာဖြင့်ခေါင်းညိတ်ပြလိုက်သည်။ သူက နိဒါန်း ပျိုးပေးတာတောင် ဆရာတော်က ဆက်ပြောခွင့်မပြုခဲ့ဘူး။ ဒီနှစ်တစ်လျှောက် သူ့အပေါ်ကို အလင်းနတ်ဘုရား တားမြစ်တဲ့ စကားတွေက ပိုပိုများလာခဲ့တယ်။ သူက ဘယ်သူ့ကိုမဆို ဂျိုရှုဝါနဲ့ ပတ်သတ်ပြီး တခွန်းမှ ဖွင့်ပြောခွင့်မရှိဘူး။

ဒီအကာအကွယ်က အရမ်းအစွန်းရောက်တယ်မဟုတ်လား။ ဒီနှစ်နှစ်လုံးလုံး ဂျိုရှုဝါ ကြီးထွားမလား တန်းခိုး ပိုကြီးလာသလား ဆိုတာမသိသေးပါဘူး။ သူက မျက်နှာကို ငုံ့ပြီး ဆိတ်ဆိတ်နေလိုက်တယ်။
ဇာတ်လိုက်ဘိုးလ်က ဆက်မေးလိုက်တယ်။

" သူ အခုနှစ်ဆိုရင် အသက်ဘယ်လောက်ရှိပြီလဲ။ သူ့စိတ်နေစိတ်ထားက ဘယ်လိုလဲ။ ကျွန်တော်က အလင်းဘုရားကျောင်းမှာ ခဏနေဦးမှာဆိုတော့သူနဲ့ သူငယ်ချင်းဖြစ်ချင်တယ် "
 
ဒုတိယမင်းသားလေးက ကောင်လေးလက်ချောင်းကို ထိတွေ့လိုက်ပြီး အပြုံးနဲ့ပြောလိုက်တယ်။

"ဂျိုရှုဝါ ဟာနူးညံ့သိမ်မွေ့တယ်။ သူနဲ့မင်းက သူငယ်ချင်းကောင်းဖြစ်လာမှာပါ"

ဂျိုရှုဝါအပေါ်သူရဲ့ ထင်မြင်ချက်အရ သူက ချစ်ခြင်းမေတ္တာ နည်းနည်းငယ်ရှိနေဆဲဖြပမယ့်လည်း ယခုသူရဲ့ စိတ်နှလုံး ထဲ ရှိနေတဲ့သူက ဘိုးလ်ဖြစ်တယ်။  ဘိုးလ်က မြင့်မြတ်စွာမွေးဖွားလာပြီး အလင်းစွမ်းအင်လည်း ရှိလို့ ဆာဂါပြည် အလင်းဘုရားကျောင်းကို သိမ်းပိုက်ဖို့ ပုပ်ရဟန်းချုပ်က သူ့ကို အရိပ်မြွက်ပြောထားပြီးဖြစ်တယ်။ ဒါကြောင့် သူက ဂျိုရှုဝါကို ရှင်းပစ်ဖို့ အချိန်နည်းနည်းလိုနေတယ်။
တကယ်လို့ အတိတ်တုန်းကဆိုရင် ဒီလိုလုပ်တာ မှားတယ်လို့သူထင်ချင် ထင်နေမယ်။ ဒါပေမယ့် အခု ပုပ်ရဟန်းမင်းချုပ်ရဲ့ထောက်ခံချက်ရထားလို့ ဘာမှ စိုးရိမ်စရာမရှိဘူး။


ယောရှုအတွက် ကောင်းသောစကားလုံးထည့်ပြောလိုက်လို့ ဆာဂါပြည်ရဲ့ ပုပ်ရဟန်းမင်းက ဝမ်းသာနေတယ်။ သူ့အမြင်အရ ဘိုးလ်က ခမည်းတော်ရဲ့တမန်တော်၊ ဂျိုရှုဝါက ခမည်းတော်မြတ်နိုးရတဲ့ကလေး။ နောင်မှာ သူတို့နှစ်ယောက်က နဝမမြောက်ကောင်းကင်မှာ အတူတူ နေထိုင်ခွင့်ရလိမ့်မယ်။

ပုပ်ရဟန်းမင်းကြီးချုပ်က ချစ်စရာကောင်းတဲ့ ဂျိုရှုဝါလို့ ပြောလိုက်သံကို ကြားပေမယ့် သိပ်အာရုံမစိုက်ဘူး။ သူ့မျက်လုံးတွေက အနက်ရောင်မျက်လုံးနဲ့ ချစ်စရာ အသွင်ပြင်ရှိတဲ့ ဘိုးလ်ကိုပဲ စိုက်ကြည့်နေတယ်။ ဘိုးဘ်က ကောင်းကင်ဘုံမှာနေခဲ့တာဖြစ်လို့ တကယ်ဆိုရင် အသက်ရာကျော်ရှိနေလောက်ပြီ။ ဒါပေမယ့်သူ့အသွင်ပြင်က ခုထိ ဆယ်ကျောက်သက်လို နုဖတ်နေပြီး ဖြူစင်သန့်ရှင်းနေတုန်းပဲ။ ဒါကြောင့် ဘိုးလ်ကို ထိန်းချုပ်ရတာ အရမ်းကို လွယ်ကူလွန်းလှတယ်။

ပုပ်ရဟန်းမင်းကြီးချုပ်က အင်အားအကြီးဆုံးနိုင်ငံကဖြစ်ပြီး အလင်းဘုန်းကြီးတိုင်းထက် သူ့စွမ်းအင်က ပိုပေမယ့် ဆုတောင်းလို့ရတဲ့ စွမ်းအင်နဲ့ ခမည်တော်ဆီက တိုက်ရိုက်ရတဲ့ စွမ်းအင်က မတူဘူး။ တိုက်ရိုက်ပေးသနားခံရတဲ့စွမ်းအင်က ပိုသန့်စင်ပြီး ပိုအားပြင်းတယ်။ သူက နှစ်ပေါင်းများစွာဆုတောင်းခဲ့ပေမယ့် သူ့စွမ်းအားက သူတော်စင်အဆင့်ထက်ပိုတက်မလာတော့တာ နှစ်ပေါင်းနှစ်ရာ ရှီနေပြီ။ သူ့မှာ အလင်းစွမ်းအင်လုံလောက်စွာရှိခဲ့ရင် အလင်းနတ်ဘုရားလို နတ်ဘုရားတပါးအထိ ဖြစ်လာရင် သူ ဒီတိုက်မကြီးကို ဖျက်ဆီးပစ်မှာသေချာတယ်။ အခုတော့ သူ့အလင်းစွမ်းအားက ဘယ်လိုမှ ရှေ့ဆက်လို့မရတော့ဘူး။

သူစိတ်ပျက်နေတုန်း ဘိုးလ်ပေါ်လာတာဖြစ်တယ်။ ဘိုးလ်က နဝမမြောက်ကောင်းကင်ဘုံမှာ နေခဲ့ပြီး ခမည်းတော်ရဲ့အချစ်ရဆုံးသူဖြစ်တယ်။ ဘိုးလ်က ပျင်းလာလို့ လူ့ပြည်ကို လာခွင့်တောင်းတော့ ခမည်းတော်က အဆင့်အမြင့်ဆုံး အလင်းစွမ်းအင်ရှိတဲ့ ကျောက်တုံးနဲ့ လက်စွပ်လုပ်ပေးပြီး အမှောင်စွမ်းအင်အားလုံးကို တိုက်ဖျက်နိုင်အောင် ပေးသနားခဲ့တယ်လို့ ကြားသိရတယ်။ ဒါကြောင့် သူက ဘိုးလ်နဲ့ ဆက်ဆံရေးကောင်းအောင်ကြိုးစားနေတာဖြစ်တယ်။ တကယ်လို့ ဘိုးလ် နတ်ပြည်ကို ပြန်တက်သွားတဲ့အခါ ခမည်းတော်ဆီမှာ သူ့အကြောင်း ပြောပေးရင် အလင်းစွမ်းအင် ချီးမြှင့်ပေးနိုင်အောင်ဖြစ်တယ်။

ဘိုးလ်က သားရဲမင်းသား၊ နတ်သူငယ်ဘုရင်၊ ဒုတိယမင်းသားတို့နဲ့ မရှင်းလင်းတဲ့ ဆက်ဆံရေးရှိလို့ လူပျိုစင်ဘဝကို မထိန်းထားနိုင်ပဲ လူပျိုရည်ပျက်တာ ကြာပြီဆိုတာ သိပေမယ့် သူ့ရည်ရွယ်ပြည့်ဖို့ ဒါတွေကို လျစ်လျူရှုထားလိုက်တယ်။

ဘိုးလ်ပါတဲ့လူအုပ်က အလင်းဘုရားကျောင်းနားကို ရောက်လာချိန်မှာ ကျိုးယွင်ရှန့်က ကတ်ကြေးတစ်လက်ကိုင်ပြီး ခမည်းတော်ကိုဆက်ကပ်ဖို့ အလှဆုံးနှင်းဆီပွင့်ကို ဖြတ်မလို့လုပ်နေတယ်။ ကျိုးယွင်ရှန့်က ဘယ်ညာပတ်ကြည့်ပေမယ့် တစ်ပွင့်မှ စိတ်တိုင်းမကျဘူး။ ပန်းဖူးတွေရှိနေပေမယ့် ဘယ်တစ်ပွင့်မှ အလှဆုံးအထိ ပွင့်အာလာခြင်း မရှိသေးဘူး။

"သခင်လေး.. ရက်နည်းနည်းစောင့်ပြီးမှ ခူးပါလား.."

ကျိုးယွင်ရှန့်ရဲ့အနောက်မှာရပ်နေတဲ့ အစေခံက အကြံပေးလိုက်တယ်။ အခြားတစ်ယောက်ကလည်း ချက်ချင်း သံယောင်လိုက်ပြီး ပြောလိုက်တယ်။

"ဟုတ်တယ်.. အခုက ကောင်းကောင်းမပွင့်သေးဘူးဆိုတော့ ခူးလိုက်ရင် နှမြောစရာကြီး.. ပြီးတော့ လှလည်းမလှဘူး.. ကျွန်တော်တို့ နေကြာပန်းကိုသွားခူးရင် မကောင်းဘူးလား.. ခမည်းတော်က နေကြာပန်းကိုလည်း သဘောကျမှာပါ.."

ကျိုးယွင်ရှန့်က ကတ်ကြေးကို ခြင်းထဲပြန်ထည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။

"ဟုတ်တယ်.. နေကြာပန်းပဲ သွားခူးကြတာပေါ့.. ဒီနှစ် နှင်းဆီတွေက အများကြီးဖူးနေတာပဲ.. သူတို့တွေ တစ်ပြိုင်တည်းပွင့်ရင် သိပ်လှမှာပဲ.. ကောင်းကင်မှာ ကြယ်တွေစုံနေသလိုမျိုး နှင်းဆီပွင့်တွေ တစ်ပြိုင်တည်းပွင့်တဲ့မြင်ကွင်းက အရမ်းကို ရင်သပ်ရှုမောဖွယ်ကောင်းမှာပဲ.. ဒါပေမယ့် တချို့ပန်းတွေက တစ်ညတည်းနဲ့ တစ်ပြိုင်တည်းပွင့်ပါ့မလား.. အဲ့လိုပွင့်လာတယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ.. ကျွန်တော့်မျက်လုံးတွေနဲ့ မြင်ချင်လိုက်တာ.."

နဝမကောင်းကင်ဘုံမှာ ကလေးလေးကို မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ အလင်းနတ်ဘုရားက ဒီစကားကိုလည်းကြားရော လက်ညှိုးနဲ့ ကြေးမုံကိုညွှန်ပြီး အလင်းတန်းကို စေလွှတ်လိုက်တယ်။ သူက သူချစ်တဲ့ကလေးလေး လိုချင်တာမှန်သမျှကို ဖြည့်ဆည်းပေးချင်မိတယ်။ တကယ်လို့ ကလေးလေးက ကောင်းကင်ကကြယ်တွေ လိုချင်တယ်ဆိုရင် ချက်ချင်းဆွတ်ပြီး လည်ဆွဲလုပ်လို့ ပေးလိုက်မှာပဲ။

ကျိုးယွင်ရှန့်က ဒီကနေခွာမလို့လုပ်တုန်း နှင်းဆီပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လာတာတွေ့လို့ အံ့အားသင့်ပြီး ကြည့်နေမိတယ်။ နှင်းဆီတွေက အကုန်ဖူးပွင့်လာရုံတင်မကဘူး၊ အဖြူရောင်ကနေ ရဲရဲနီတဲ့နှင်းဆီအဖြစ် ပြောင်းသွားပြီး နီရဲတောက်ပစိုစွတ်တဲ့ အရောင်တွေက မျက်စိအမြင်ကို ဖမ်းစားလို့နေတယ်။ သူက ဒီမြင်ကွင်းကို စကားမဆိုနိုင်ဘဲ ငေးမောကြည့်နေမိသလို အစေခံနှစ်ယောက်လည်း ဆွံ့အသွားတော့တယ်။

"ဘုရားသခင်.. ဒီလိုအံ့သြဖွယ်ရာက အလင်းနတ်ဘုရားခမည်းတော် ပြုလုပ်ဖန်ဆင်းပေးတာ ဖြစ်ရမယ်.."

အစေခံက တအံ့တသြနဲ့ ထုတ်ပြောလိုက်ပေမယ့် ကျယ်လောင်လှတဲ့ စကားသံတစ်ခုက ဖုံးလွှမ်းသွားတော့တယ်။

"အိုး.. ဘုရားသခင်.. ဘိုးလ်.. မင်းက ဘုရားကျောင်းထဲ ခြေချရုံရှိသေးတယ် ပန်းတွေအားလုံး တစ်ပြိုင်တည်း ဖူးပွင့်လာကြတာပဲ.. ဒါက အလင်းနတ်ဘုရားက မင်းကိုပေးတဲ့ လက်ဆောင်ပဲဖြစ်ရမယ်.. သူက မင်းကို နဝမကောင်းကင်ဘုံကနေ စောင့်ကြည့်နေတာပဲ.."

ဒုတိယမင်းသားလည်း စိတ်လှုပ်ရှားလို့ မျက်နှာကြီးတောင် နီရဲလာတယ်။ ဘိုးလ်နဲ့ပတ်သက်ပြီး ဒီလိုကောက်ချက်ချတာကို သူ မအံ့သြမိဘူး။ ဘာကြောင့်လဲဆိုတော့ သူ ဘိုးလ်နဲ့စတွေ့ချိန်က ဘိုးလ်က လေထဲကနေ ဆင်းသက်လာတာဖြစ်ပြီး ခမည်းတော်ရဲ့အလင်းစွမ်းအင်တွေနဲ့ တောက်ပနေတဲ့ဝတ်ရုံကို ဆင်မြန်းထားပြီး လက်မှာလည်း ကြီးမားတဲ့ အလင်းကျောက်လက်စွပ်ကို ဝတ်ဆင်ထားတယ်။ ဒါ့အပြင် ဘိုးလ်ရဲ့လည်ပင်း၊ လက်နဲ့ခြေတွေမှာလည်း ရွှေရောင်အလင်းတွေ တောက်ပလို့နေတယ်။ သူက ဘိုးလ်ရဲ့မူလဇာတ်မြစ်ကို သံသယဝင်ခဲ့ပေမယ့် King Level နတ်ဆိုးသားရဲကို အလင်းစွမ်းအင်နဲ့ တစ်ချက်တည်း သတ်ပစ်လိုက်ကတည်းက ဘိုးလ်က အလင်းနတ်ဘုရားရဲ့ တမန်တော်ဖြစ်ပြီး အလင်းနတ်ဘုရား မြတ်နိုးရသူဆိုတာ ခြွင်းချက်မရှိ ယုံကြည်သွားခဲ့တယ်။

အခုလို ရာသီမဟုတ်ဘဲ ပန်းတွေတစ်ပြိုင်တည်းပွင့်တာကို မြင်ရကတည်းက ဘိုးလ်အပေါ် အရင်ကသံသယဝင်ဖူးတာအားလုံး ပျောက်ကွယ်သွားတော့တယ်။ နှင်းဆီပန်းက အလင်းနတ်ဘုရား သဘောကျတဲ့ပန်းဆိုတာ တစ်ကမ္ဘာလုံးသိကြတယ်။ ဘိုးလ်ရောက်တာနဲ့ နှင်းဆီတွေ တစ်ပြိုင်တည်းပွင့်ပြီး ကြိုဆိုတယ်ဆိုကတည်းက ခမည်းတော်ဆီက မြတ်နိုးခြင်းတစ်ခုပဲဖြစ်တယ်လို့ ယူဆလိုက်တယ်။

ဘိုးလ်က ပွင့်နေတဲ့နှင်းဆီတွေကို တအံ့တသြကြည့်နေတုန်း ဒုတိယမင်းသားရဲ့ စကားသံကိုကြားတော့ ကြောက်ရွံ့သွားခဲ့တယ်။ သူက နဝမကောင်းကင်ဘုံမှာ ခမည်းတော်ကိုခစားရတဲ့ အစေခံသက်သက်ပဲဖြစ်ပြီး ခမည်းတော် ချစ်ခင်မျက်နှာသာပေးခြင်းခံရတဲ့ တမန်တော် လုံးဝမဟုတ်ဘူး။ နဝမကောင်းကင်ဘုံမှာ သူရဲ့အဆင့်အတန်းကို ဒီလူ့ပြည်ကလူတွေက ဘယ်လိုမှ တွေးမိမှာတောင်မဟုတ်ဘူး။

အခု ပန်းတွေပွင့်နေတာက ခမည်းတော်က သူ့အရေးပါမှုကိုသိသွားပြီး သူကျူးလွန်ခဲ့တဲ့အပြစ်ကို ခွင့်လွှတ်ကြောင်းပြတာရော မဖြစ်နိုင်ဘူးလား။ ဟင့်အင်း.. ဒါလည်း မဖြစ်နိုင်ဘူး။

ဘိုးလ်က ဒီလိုတွေးမိတော့ ရှေ့ကိုနှစ်လှမ်းတိုးပြီး တံတိုင်းတလျှောက်မှာ ပွင့်နေတဲ့ နှင်းဆီကို ခူးဖို့ လက်လှမ်းလိုက်ချိန် ရုတ်တရက် စကားသံတစ်ခုက ရေလိုမျိုး သူ့နားစည်ထဲကို စီးဝင်လာတော့တယ်။

"ဒီလှပတဲ့ပန်းတွေနဲ့ ကြိုဆိုရအောင် မင်းက မထိုက်တန်ဘူး.."

ဒီစကားသံက လူတိုင်းရဲ့ရင်ထဲကို တုန်ခါသွားစေတဲ့ အသံတစ်ခုဖြစ်တယ်။ ဘိုးလ်က နှစ်နှစ်တာကာလပတ်လုံး သူ့ကို ဝိုင်းဝန်းချီးမွမ်းသူတွေနဲ့ချည်း နေလာရာကနေ ခုလို မထီမဲ့မြင်ပြောခံလိုက်ရတာ မခံနိုင်အောင်ဖြစ်သွားတယ်။ သူက အသံလာရာကိုကြည့်လိုက်တော့ အသံရှင်ကောင်လေးကိုတွေ့ချိန် မျက်လုံးအဝိုင်းသားဖြစ်သွားတယ်။

သူ့ကိုယ်သူ အရမ်းကို ချောမောလှပတဲ့သူဖြစ်ပြီး နဝမကောင်းကင်ဘုံမှာ သူ့ထက် ခမည်းတော် မျက်နှာသာပေးခံရတဲ့သူ သိပ်မရှိဘူးလို့ ယုံကြည်ထားခဲ့တယ်။ အခု သူ့ရှေ့မှာမြင်ရတဲ့ ကောင်လေးရဲ့ရုပ်သွင်ကို မြင်လိုက်ရတော့မှ ဒီကောင်လေးရဲ့ လှပတင့်တယ်မှုကို ဖော်ပြနိုင်တဲ့ စကားလုံး ရှာမရဘူးဆိုတာ သိလိုက်တယ်။ သူရဲ့လှပမှုက ရောင်စဉ်တန်းတွေလို ဘေးပတ်ဝန်းကျင်တစ်ခုလုံးက လူတွေအပေါ်ကို လွှမ်းမိုးလို့နေတယ်။ မကြာခဏ ချီးမွမ်းခံရတဲ့ဘိုးလ်တောင် ဒီလူငယ်လေးရဲ့အလှတရားအောက်ကို ကျရှုံးသွားတော့တယ်။ ဒီလူငယ်လေးရဲ့ကျက်သရေက လူနဲ့မတန်ဘဲ နတ်ကျက်သရေလိုမျိုး တောက်ပလှတယ်။ ဒီကောင်လေးသာ နဝမကောင်းကင်ဘုံကိုတက်သွားရင် သွေးအေးရက်စက်တဲ့ ခမည်းတော်တောင် သူ့ကို ချက်ချင်းသတိပြုမိနိုင်တယ်။ ကံမကောင်းတာက ဒီလူငယ်လေးက ဘယ်လောက်လှလှ သေမျိုးဖြစ်လို့ ခမည်းတော်နဲ့ ဘယ်တော့မှ တွေ့ခွင့်ရမှာမဟုတ်ဘူး။

ဘိုးလ်ရဲ့စိတ်နှလုံးက မာန်မာနနဲ့ပြည့်နေပြီး သူ့စကားတွေက အထက်စီးဆန်တယ်။ ဒါပေမယ့် သူရဲ့လှပတဲ့ပုံရိပ်လေးကို ချစ်ခင်စဖွယ်ထိန်းထားပြီး ပြောလိုက်တယ်။

"ဒီဟာတွေက ခမည်းတော် ငါ့ကိုပေးတဲ့လက်ဆောင်တွေဖြစ်လို့ ဘာကြောင့် ငါမခူးရမှာလဲ.. ငါ့နာမည်က ဘိုးလ်ဘရစ်.. ငါက အလင်းနတ်ဘုရားရဲ့ချစ်သူ.. ဒါကြောင့် မင်း ငါ့ကိုကြိုဆိုပြီး ငါ့အမိန့်ကိုနာခံသင့်တယ်.."

ကျိုးယွင်ရှန့်က ဘိုးလ်ရဲ့စကားနောက်ကွယ်က အဓိပ္ပါယ်ကို သေချာသိလိုက်တယ်။ တကယ်လို့ သူက အခုချိန်မှာ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ရှန့် ဖြစ်နေရင် ဒီဇာတ်လိုက်ပြောတာကို စိတ်ထဲမထားဘဲ ဖာသိဖာသာ နေလိုက်မှာဖြစ်ပေမယ့် အချစ်ရူးရှန့်ကတော့ ခမည်းတော်ရဲ့ကိစ္စ ကောင်းဆိုးဟူသမျှကို သူ့ကိစ္စလို သဘောထားသူဖြစ်တယ်။ ခုလို ဘိုးလ်ဆိုတဲ့ကောင်က အရှက်မရှိ ခမည်းတော်ကို သစ္စာဖောက်ရုံသာမက အရှက်မဲ့လိမ်ညာနေလို့ ဒေါသထွက်ပြီး မျက်ရည်တောင်လည်လာတယ်။

007 က သူ့ကို ခုလေးတင် data တွေပို့ပေးထားလို့ ဒီကောင်လေးလုပ်သမျှ အရာအားလုံးကို သိနေတယ်။ ဒီကောင်လေးက သူ့ကိုချစ်တဲ့သူအားလုံးကို ကြိုဆိုပြီး သစ်ပင်အောက်မှာ၊ ခြုံပုတ်ထဲမှာ၊ ရထားလုံးထဲမှာ၊ ရေပူစမ်းထဲမှာ လူတကာနဲ့ တွေ့မရှောင်ချစ်တင်းနှောပြီး သူ့ကိုယ်ထဲမှာ အဲ့ဒီလူတွေရဲ့သုတ်ရည်တွေကို အဆက်မပြတ် စီးဆင်းနေစေတယ်။ ခမည်းတော်က ဒီလောက်အရှက်တရားကင်းမဲ့တဲ့ လူသားကို ချစ်ခင်နေမလားလို့တွေးပြီး စိတ်ပျက်လက်ပျက် ခံစားလိုက်ရတယ်။ ဒီစိတ်ကြောင့် ကျိုးယွင်ရှန့်က ဒီကမ္ဘာကြီးကို ဖောက်ခွဲဖျက်ဆီးချင်စိတ် ပေါက်လာတယ်။

"မင်းက ဘိုးလ်ဘရစ် ဟုတ်လား.. အဲ့တော့ ဘာဖြစ်လဲ.. မင်းက သာမန်လူတစ်ယောက်ပဲ.."

ကျိုးယွင်ရှန့်က ဘိုးလ်ရဲ့လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး လက်ထဲမှာ အလင်းစွမ်းအင်ကိုစုစည်းလို့ ပွင့်နေတဲ့နှင်းဆီအားလုံးကို ဖုန်မှုန့်တွေဖြစ်အောင် ဖျက်ဆီးပစ်လိုက်တယ်။

သူသာမပိုင်ဆိုင်ရရင် ဘယ်သူမှမပိုင်ဆိုင်ရဘူး ဆိုတဲ့စိတ်က ခမည်းတော်ကို အရူးအမူးစွဲလမ်းနေတဲ့ ကောင်လေးရဲ့ စရိုက်ပဲဖြစ်တယ်။

သူတော်စင်အဆင့် အလင်းဘုန်းကြီးမဟုတ်ရင် ဘယ်သူမှ အလင်းစွမ်းအင်ကို ခုလိုထုတ်မသုံးနိုင်ဘူး။ ဒီကောင်လေးက ၁၆ နှစ်ပဲရှိသေးတယ် မဟုတ်လား..။ ဘယ်လိုလုပ်ပြီး ၁၆ နှစ်နဲ့ အလင်းစွမ်းအင်ကို ဒီလောက်ကြီးကြီးမားမား ပိုင်ဆိုင်ထားရတာလဲ။ တကယ်တော့ ဘိုးလ်က ဆယ်ကျော်သက်ပုံလေးဖြစ်ပေမယ့် သူ့အသက်က နှစ် ၅၀၀၊ ၆၀၀ လောက်ရှိနေပြီ။ သူက နဝမကောင်းကင်ဘုံက ခမည်းတော်ဘေးမှာနေပြီး အလင်းစွမ်းအင်တွေရရှိထားပေမယ့် သူ့စွမ်းအင်က ဂျိုရှုဝါထက် တစ်စက်မှပိုမသာဘူး။
တကယ်လို့ ဒီကောင်လေးသာ အရွယ်ရောက်လာရင် သူ့အလင်းစွမ်းအင်က ဘယ်လောက်တောင် ထက်မြက်လိုက်မလဲ။ ပြီးတော့ သူသုံးလိုက်တဲ့အလင်းစွမ်းအင်က အင်မတန်ကိုသန့်စင်ပြီး တောက်ပအားပြင်းလွန်းလှတယ်။ ခမည်းတော်က သူ့ကို တိုက်ရိုက်ချီးမြှင့်ထားလိုက်တာများလား။ သူက ခမည်းတော်ချစ်တဲ့ ဒီကုန်းမြေပေါ်က အချစ်တော်ကောင်လေးလား..။

ပုပ်ရဟန်းမင်းကြီးချုပ်က နောက်ဆုံး ကောင်လေးရဲ့ ပလက်တီနမ်ရောင်ဆံပင်က ပိုးသားလို နေရောင်ထဲမှာတောက်ပနေတာကို တွေ့သွားပြီး မူးဝေသွားသလို ခံစားလိုက်ရတယ်။ ဘိုးလ်က တကယ်ကိုကန်းနေတာပဲ။ သူ့ကို သနားစရာပုံစံနဲ့ ပုပ်ရဟန်းမင်းကြီးက လှမ်းကြည့်လိုက်တာကို ဘိုးလ်တစ်ယောက် သတိမထားမိလိုက်ဘူး။ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခံရလို့ ဒေါသပဲထွက်နေတယ်။

ဘိုးလ်က မျက်လုံးပေကလပ် ပေကလပ်နဲ့ ပုပ်ရဟန်းမင်းချုပ်ကို သနားစဖွယ်ကြည့်လိုက်တယ်။ သူ့ဘဝမှာ ခုလို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမခံရတာကြာပြီ။ ပုပ်ရဟန်းမင်းချုပ်က ဘိုးလ်ရဲ့ခေါင်းကို အသာလေးပုတ်ပေးပြီး ပြောလိုက်တယ်။

"ဝမ်းမနည်းပါနဲ့.. ကျုပ် ဂျိုရှုဝါကို မင်းက ဆာဂါပြည်ရဲ့ အနာဂတ်ပုပ်ရဟန်းမင်းဆိုတာ ပြောလိုက်ရင် သူ့ဘာသာအသိဝင်ပြီး လာတောင်းပန်ပါလိမ့်မယ်.."

ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ တမန်တော်လေးနဲ့ သာမန်ကောင်လေး၊ ပုန်ကန်တတ်တဲ့ကောင်လေးနဲ့ နူးညံ့သိမ်မွေ့တဲ့ကောင်လေး။ ဒီနှစ်ယောက်ထဲမှာ ဘိုးလ်က ထိန်းချုပ်ရတာ ပိုလွယ်ကူမယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းချုပ်က ဘိုးလ်ကိုကူညီပြီး ဂျိုရှုဝါကို ဖိနှိပ်ဖို့ဆုံးဖြတ်လိုက်တယ်။ ၁၈နှစ်သားအရွယ် ကောင်လေးတစ်ယောက်က ဒီတိုက်မကြီးအနှံ့ ခရီးလှည့်လည်သွားရတာ ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ။ ကိုယ့်တိုင်းပြည်ကို အသက်နဲ့ကိုယ်မြဲပြီးတောင် ပြန်လာနိုင်ပါ့မလားဆိုတာ ဘယ်သူမှမသိနိုင်ဘူး။

ဆာဂါပြည်ရဲ့ဂိုဏ်ချုပ်ဘုန်းကြီးက ပုပ်ရဟန်းမင်းကြီးက သိသိသာသာ ဘိုးလ်ကို ဘက်လိုက်တာသိလိုက်တော့ ဂျိုရှုဝါကိုယ်စား တောင်းပန်စကားပြောလိုက်တယ်။ လူတိုင်းက ဒီနှင်းဆီက ဘိုးလ်အတွက် ခမည်းတော်ရဲ့လက်ဆောင်လို့ ထင်ကြပေမယ့် သူကတော့မထင်ပါဘူး။ ဘိုးလ်က သူ့ချစ်ဖော်၊ အိပ်ဖော်တွေနဲ့ တိတ်တဆိတ်တွေ့ပြီး ချစ်တင်းနှောတာကို တွေ့ရတဲ့အပြင် တစ်ခါတွေ့ရင် သူ့အဖော်က တစ်ယောက်ပြောင်းသွားတယ်။ ဒီဟာကိုမြင်ပြီးကတည်းက ဘိုးလ်လို ကာမတဏှာကြီးပြီး သန့်စင်မှုမရှိတဲ့ကောင်လေးကို ခမည်းတော် ဘယ်လိုမှမချစ်နိုင်ဘူးလို့ တွက်ထားပြီးဖြစ်တယ်။ တကယ်လို့ ဘိုးလ်သာ စမ်းသပ်ကန်ထဲဆင်းလိုက်ရင် ချက်ချင်း အရည်ပျော်ကျသွားမှာ သေချာတယ်။

ဂျိုရှုဝါနဲ့ ခမည်းတော်ကြားကဆက်နွယ်မှုကို သူဖွင့်ပြောပြလို့မရတော့ နှုတ်ဆိတ်နေရုံပဲရှိတော့တယ်။ တကယ်လို့ မင်းကြီးနဲ့ပုပ်ရဟန်းမင်းချုပ်က ပြဿနာရှာဖို့ကြိုးစားတယ်ဆိုရင် ခမည်းတော်က ဂျိုရှုဝါကို မထိခိုက်အောင် ကာကွယ်ပေးမှာသေချာတယ်။ ဂိုဏ်းချုပ်ဘုန်းကြီးက သူ့လက်ထောက်အကြောင်းတွေးမိပြီး သက်ပြင်းသာ ရှိုက်လိုက်တော့တယ်။ ဂျိုရှုဝါကို ထိခိုက်အောင်ကြံတဲ့သူတိုင်း ဇာတ်သိမ်းမကောင်းမှာ ကြိုသိလို့နေတယ်။

နဝမကောင်းကင်ဘုံမှာ အလင်းနတ်ဘုရားက မျက်မှောင်ကုတ်ပြီး မပျော်မရွှင်ဖြစ်နေတယ်။ ဘိုးလ်ဆိုတဲ့ကောင်လေးကို သူ သေချာတောင်မသိဘူး။ သူ့ဆီမှာရှိတဲ့ အခြားကောင်လေးတွေလိုမျိုးပဲ။ အားလုံးက သူ့မျက်လုံးထဲမှာ ဖုန်မှုန့်တွေလိုပဲ။ ဒါတောင် သူချစ်တဲ့ကလေးလေးအပေါ် ရိုးသားစွာနဲ့ သူ့ခံစားချက်ကို ဖွင့်ဟလိုက်တဲ့ကိစ္စကို သူ့အတွက်လို့များ ထင်ရဲသေးတယ်။ ညစ်ပတ်တဲ့သေမျိုးလောကမှာ မဟုတ်မမှန်ကြွားဝါနေတာ ရယ်ချင်လို့သေတော့မယ်။ ဒီနှင်းဆီပန်းတွေရဲ့အဓိပ္ပါယ်က 'ငါမင်းကိုချစ်တယ်' ဆိုတာပဲ။ ဒီစကားက သူချစ်တဲ့ ဂျိုရှုဝါဆိုတဲ့ကလေးကို သီးသန့်ပြောတာဖြစ်ပြီး ဘိုးလ်ဆိုတဲ့ကောင်က သူ့အတွက်ဆိုပြီး သူချစ်တဲ့ကလေးကို ပြောရဲတယ်။ ဒီကောင်လေးက ဘာကောင်လဲ။ ကလိမ်ကကျစ်ပြောတဲ့ လျှာနှစ်ခွလိုကောင်ပဲ။

အလင်းနတ်ဘုရားက ကြေးမုံပြင်ကို လက်ညှိုးညွှန်လိုက်ပြီး ဘိုးလ်ရဲ့ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို အငွေ့ဖြစ်သွားအောင် အလင်းစွမ်းအား ထုတ်လွှတ်ခါနီး သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာတယ်။

ဂျိုရှုဝါက ဘိုးလ်ကို မနာလိုဖြစ်နေတာလား။ ဒီဟာက ကိုးကွယ်ယုံကြည်တဲ့အချစ်ကနေ နွေးထွေးတဲ့ချစ်ခြင်းကို ပြောင်းလဲလာတာလား။ ဒီနှစ်နှစ်တာ ကာလအတွင်း သူနဲ့ဒီကလေးလေးကြားက ဆက်ဆံရေးကို မကျေမလည်ဖြစ်နေခဲ့တာ။ သူက ဂျိုရှုဝါကို သူ့အပေါ် ဘုရားသခင်၊ နတ်ဒေဝါတစ်ပါးဆိုတာထက် ချစ်သူတစ်ယောက်လို သဘောထားစေချင်ခဲ့တာ။ အခုတော့ ဘိုးလ်ဆိုတဲ့ကောင်လေးကြောင့် သူချစ်တဲ့ကလေးရင်ထဲက ချစ်စိတ်တွေ မြန်မြန်နိုးထလာပြီလား။

ဒီလိုတွေးမိတော့ အလင်းနတ်ဘုရားက လက်ညှိုးကိုချလိုက်ပြီး ဘိုးလ်ရဲ့ဘဝဖြစ်စဉ်ကို ကြေးမုံပြင်မှာကြည့်လိုက်တယ်။ ဒီကောင်လေးက ယောက်ျားများစွာနဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးရှိတာကို သိလိုက်ရတယ်။

အလင်းနတ်ဘုရားက အေးစက်စက် ရယ်မောလိုက်တယ်။ အညစ်အကြေးလို ရွံစရာကောင်က သူ့ကိုယ်သူ အလင်းနတ်ဘုရားရဲ့ ချစ်ခြင်းကိုခံရတဲ့သူလို့ ပြောရဲသေးတယ်။ သူထွက်ပြေးသွားတာကိုတောင် အရေးတယူမလုပ်တဲ့အထိ သူ့ရဲ့ဖြစ်တည်မှုက နဝမကောင်းကင်ဘုံမှာ ဘာမှမဟုတ်တာတောင် မျက်နှာပြောင်တိုက်ပြီး လိမ်ညာရဲတယ်။ ဒီလိုထွက်ပြေးလာတဲ့ အစေခံက ဒီကုန်းမကြီးပေါ်မှာ အလင်းစွမ်းအင် အထက်မြက်ဆုံး အလင်းဘုန်းကြီးတစ်ပါး ဖြစ်လာလောက်အောင် ဒီကုန်းမကြီးရဲ့အရည်အသွေးက အတော်ကို ကျဆင်းသွားပြီပဲ။ ဒီကုန်းမကြီးကို မြန်နိုင်သမျှမြန်မြန် ဖျက်ဆီးပစ်လိုက်မှပဲ။

ကျိုးယွင်ရှန့်က သူ့အိပ်ခန်းရှိရာကိုပြန်လာရင်း စဉ်းစားလိုက်တယ်။ အခု သူ့ရင်ထဲကဒေါသထက် ခမည်းတော်ကို ချစ်ဖို့၊ ကိုးကွယ်ဖို့ ပိုလိုအပ်တယ်။ ဒါကြောင့် သူက ဥယျာဉ်ထဲပြန်ဆင်းပြီး နေကြာပန်းကိုခူးလို့ ဆုတောင်းခန်းမဆီ ပြန်လာခဲ့တယ်။ အစေခံနှစ်ယောက်က လတ်လတ်ဆတ်ဆတ်ဖုတ်ပြီးတဲ့ မုန့်တွေနဲ့ စားဖွယ်တွေကို စားပွဲပေါ် ခင်းကျင်းလိုက်တယ်။ သူတို့က ကျိုးယွင်ရှန့်ဒေါသထွက်တာကို မြင်ခဲတယ်။ ဒါကြောင့် ကျိုးယွင်ရှန့်ကို တစ်ချိန်လုံးခိုးကြည့်နေပြီး သူ့အရိပ်အခြေကို အကဲခတ်နေကြတယ်။

"ပြောရမယ်ဆိုရင် သခင်ဘိုးလ်ရဲ့ရုပ်ဆင်းသွင်ပြင်နဲ့ စွမ်းအားဘယ်လောက်ရှိရှိ သခင်လေးထက် မသာနိုင်ပါဘူး.. သူက သခင်လေးထက် အားနည်းပါတယ်.. အခုချိန်မှာ သခင်လေးမသိသေးပေမယ့် အနှေးနဲ့အမြန် ဒီတိုက်မကြီးမှာ သခင်လေးက စွမ်းအားအကြီးဆုံး အလင်းဘုန်းကြီးဖြစ်လာပြီး သခင်လေးအစွမ်းကို အားလုံးသိလာကြမှာပါ.."

အစေခံတစ်ယောက်က ရင်ထဲကအတွေးကို ထုတ်ပြောလိုက်တယ်။ အခြားတစ်ယောက်ကလည်း သံယောင်လိုက်ပြီး ခေါင်းညိတ်ထောက်ခံလိုက်တယ်။

ကျိုးယွင်ရှန့်က သူတို့ကိုပြုံးပြလိုက်တယ်။ နေ့အချိန်မှာ သူ့ရဲ့စရိုက်က နူးညံ့သိမ်မွေ့ပြီး အကောင်းမြင်တတ်သူဖြစ်တယ်။ မကောင်းတာကိုဖယ်ခွာပြီး ကောင်းတာကိုပဲ ရွေးပြီးတွေးတတ်တယ်။ ဒါပေမယ့် ခမည်းတော်နဲ့ပတ်သက်လာရင်တော့ ဆတ်ဆတ်ထိမခံဖြစ်ပြီး ရန်လိုတတ်သူအဖြစ် ပြောင်းလဲသွားတော့တယ်။

ဘိုးလ် ခန်းမထဲဝင်လာချိန်မှာ ကျိုးယွင်ရှန့်က စိတ်ပြေနေပြီး ပြုံးပြုံးရွှင်ရွှင်ရှိနေတယ်။ ဒါကြောင့် ဘိုးလ်က စကားပြောဖို့ကြိုးစားလိုက်တယ်။

"ဂျိုရှုဝါ.. ငါတို့ စကားပြောရအောင်.. အခု မင်းသဘောမကျစရာ ငါဘာလုပ်လိုက်မိသလဲဆိုတာ ပြောပါ.. ငါက ဆာဂါပြည်ကဘုရားကျောင်းမှာ အချိန်အတော်ကြာနေဦးမှာဖြစ်လို့ မင်းနဲ့မိတ်ဆွေဖြစ်ဖို့ မျှော်လင့်မိပါတယ်.."

သူက ရောက်လေရာမှာ လူတကာဝိုင်းပြီးချစ်ခင်တာကိုပဲ ကြုံခဲ့ရတယ်။ သွားလေရာမှာ တွေ့တဲ့သူတိုင်းက သူ့ကိုဝိုင်းနေပြီး သူနဲ့ချစ်တင်းနှောဖို့တောင် ကြိုးစားနေကြတယ်။ အစေခံနှစ်ယောက်က နောက်ကိုဆုတ်ပြီး ထွက်သွားကြတယ်။

ကျိုးယွင်ရှန့်က နှုတ်ခမ်းကိုတွန့်ကွေးလိုက်ပြီး စကားပြောဖို့ငြင်းလိုက်တယ်။ သူက ဒီလိုကောင်နဲ့ မိတ်ဆွေမဖြစ်ချင်ဘူး။ တိတိကျကျပြောရရင် ဒီကောင့်ကို လက်သည်းနဲ့ကုတ်ခြစ်ပြီး ဆုတောင်းခန်းမကနေ မောင်းထုတ်ပစ်ချင်တယ်။

ဘိုးလ်က သနားစရာအမူအယာနဲ့ သူ့ကိုဆက်ပြောလိုက်တယ်။

"မင်း ဒီလိုဖြစ်နေတာ ဒုတိယမင်းသားကြောင့်လား.. ငါတို့က သာမန်မိတ်ဆွေတွေပါ.. ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့.."

ကျိုးယွင်ရှန့်က သူ့ကိုစိုက်ကြည့်ပြီး အလေးအနက်ပြောလိုက်တယ်။

"ခမည်းတော်တစ်ယောက်တည်းကိုပဲ ငါပိုင်ဆိုင်သမျှချစ်ခြင်းအားလုံးကို ပုံပေးထားပြီးသား.. ဒါကြောင့် ငါ့မျက်လုံးထဲမှာ ခမည်းတော်ထက် ဘယ်သူ့ကိုမှမမြင်သလို ချစ်လည်းမချစ်ဘူး.. ဒုတိယမင်းသား ဘယ်သူနဲ့ကြိုက်ကြိုက် ငါစိတ်မဝင်စားဘူး.."

ဒီစကားကိုပြောချိန် ဂျိုရှုဝါရဲ့မျက်လုံးထဲ ရွံရှာအထင်သေးခြင်းတွေနဲ့ ပြည့်လျှံနေလို့ ဒီဟာက လိမ်ညာတာမဟုတ်ဘူးဆိုတာ ဘိုးလ်သိလိုက်တယ်။

ကျိုးယွင်ရှန့်ရင်ထဲက ချစ်မိသူက အခြားတစ်ယောက်နဲ့နှိုင်းယှဉ်ပြောဖို့ မထိုက်တန်လောက်အောင် ကြီးကျယ်မြင့်မြတ်ပြီး ဒီလူကိုချစ်တဲ့အတွက် ဘယ်သူ့အကြောင်းမှ မတွေးမိလောက်အောင် ဖြစ်မိတယ်။

နဝမကောင်းကင်ဘုံက အလင်းနတ်ဘုရားက ဒီစကားကိုကြားမိတော့ ရင်ထဲဖိစီးလာခဲ့တယ်။ ဒီကလေးလေးကိုချစ်လွန်းလို့ သူ့ရဲ့နတ်ဘုရားဘဝကိုတောင် လွှဲပြောင်းပေးအပ်ဖို့ ဝန်မလေးဘူး။ ဒီကလေးက သူ့ကို ပြီးပြည့်စုံပြီး မြင့်မြတ်သူလို့ ထင်နေတယ်။ ဒါကြောင့် သူ့ချို့ယွင်းချက်နဲ့ အမှောင်ခြမ်းကိုတွေ့ပြီး စိတ်ပျက်သွားမှာကို သူကြောက်နေမိတယ်။

"မင်းကို ငါ ဘယ်လိုတောင်းပန်ရမှန်း မသိတော့ဘူး ကလေးလေး.."

အလင်းနတ်ဘုရားက သူ့မျက်နှာကိုလက်နဲ့အုပ်ပြီး ပထမဆုံးအကြိမ် ဆောက်တည်ရာမရ ရေရွတ်လိုက်မိတယ်။

ဆုတောင်းခန်းမထဲမှာ သူတို့နှစ်ယောက် စကားဆက်လိုက်ကြတယ်။ ဘိုးလ်က စိတ်ဝင်တစားနဲ့ နားထောင်နေပြီး ခဏတိတ်သွားပြီးမှ ပြောဖို့ကြိုးစားလိုက်တယ်။
"ဘာကြောင့် မင်းပြောချင်တဲ့စကားတွေ ငါ့ကိုမပြောပြတာလဲ.. ငါနဲ့ခမည်းတော် တွေ့ဆုံတဲ့အခါ မင်းရဲ့ချစ်ခြင်းကို ငါပြန်ပြောပြပေးနိုင်တာပေါ့.. ဒီဟာက ခမည်းတော်အမြန်ဆုံးသိအောင် လုပ်မပေးနိုင်ဘူးလား.. ငါ မင်းကို တကယ်သဘောကျလို့ ကူညီပေးချင်တာပါ.."

ကျိုးယွင်ရှန့်က ဘာမှပြန်မပြောဘဲ မကြားသလိုနဲ့ ဖုတ်ပြီးစမုန့်တွေကို စားပွဲပေါ်ခင်းကျင်းလိုက်တယ်။ ဘိုးလ်က မွှေးပျံ့တဲ့မုန့်နံ့ကိုရတော့ ကြည့်လိုက်ချိန် သူတစ်ခါမှမတွေ့ဖူးတဲ့ ထူးကဲတဲ့မုန့်တွေဆိုတာ မြင်လိုက်ရတယ်။ သူက သက်ပြင်းရှိုက်ပြီးပြောလိုက်တယ်။

"အနံ့လေးက အရမ်းမွှေးတာပဲ.. ခမည်းတော်က အစာစားဖို့ မလိုအပ်ဘူးဆိုရင်တောင် ဒီမုန့်ကိုမြင်ရင် မြည်းကြည့်ချင်မှာသေချာတယ်.. ခမည်းတော်အကြိုက်ဆုံးက သလွန်မှာလဲလျောင်းပြီး ဝိုင်သောက်ရတာဖြစ်ပြီး သူ့ကို လာနှောင့်ယှက်တာကို သဘောမကျဘူး.. ခမည်းတော်က ငါ့ကို သူ့နားမှာခေါ်ထားပြီး တစ်ချိန်လုံး သီချင်းဆိုပြခိုင်းပြီး တစ်ခါမှ ငါ့တေးသံကို မငြီးငွေ့ဖူးဘူး.. သူပျော်နေတဲ့အခါဆိုရင် ငါ့ခေါင်းကို ညင်ညင်သာသာ ထိတွေ့ပွတ်သပ်ပေးတယ်.. သူ့ရဲ့ကိုယ်က သေမျိုးတွေစိတ်ကူးထားသလို အေးစက်မနေဘူး.. အရမ်းနွေးထွေးပြီး သူ့ခြေအစုံကိုကိုင်ထားမိရင် စိတ်ထဲ အေးချမ်းသွားစေတယ်.."

ကျိုးယွင်ရှန့်က ဒီစကားကိုကြားတော့ ရင်ထဲ သွေးအန်မတတ် ခံစားလိုက်ရပြီး ဘိုးလ်ကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး မေးလိုက်တယ်။

"ခမည်းတော်ဘေးမှာနေရတာ အရမ်းနွေးထွေးပြီး အရမ်းအေးချမ်းရင် ဘာကြောင့် ဒီကုန်းမကြီးကို ထွက်ခွာလာချင်ရတာလဲ.."

ဘိုးလ်က ဂျိုရှုဝါဆီက မနာလိုမှုကိုတွေ့တော့ ဖော်မပြနိုင်အောင် ဝမ်းသာသွားပြီး ပြောလိုက်တယ်။

"ဘာကြောင့်လည်းဆိုတော့ ခမည်းတော်ရဲ့နန်းဆောင်က အရမ်းအထီးကျန်ပြီး ငြီးငွေ့စရာကောင်းလှတယ်.. ငါတို့က အတူနေဖို့ နှစ်ပေါင်းများစွာ အချိန်ပေးရတယ်လေ.. ငါတို့ကြားက ချစ်ခြင်းတွေက တောက်လောင်နေတာမျိုးက ရှားတယ်.. ခမည်းတော်က ငါမပျော်မရွှင်ဖြစ်နေတာတွေ့ရလို့ ဒီကုန်းမကြီးဆီကို စိတ်ပြေလက်ပျောက် ထွက်လာခွင့်ပြုခဲ့တာ.. အချိန်စေ့ရင် သူက ငါ့ကိုခေါ်ဖို့ နတ်ဘုရားတစ်ပါးကို စေလွှတ်လိမ့်မယ်.."

ဒီလိမ်ညာစကားကို ပြောလာတာ အကြိမ်ထောင်ချီနေပြီဖြစ်လို့ ဘိုးလ်ရဲ့စိတ်ထဲမှာ အမှန်လို့တောင်ထင်နေပြီ။ ပထမတော့ ဘိုးလ်က သူ့အကြောင်းပေါ်မှာစိုးလို့ ဒီလိုလုပ်ဇာတ်ခင်းပြီး လိမ်ညာနေတာဖြစ်ပြီး သူ့ကို ကောင်းကင်ဘုံကပြန်ခေါ်ဖို့ ဘယ်သူမှပေါ်မလာနိုင်ဘူးဆိုတာ ရိုးရိုးသားသားသိနေတယ်။ ဒါပေမယ့် သူတစ်ခါမှ မကြုံဖူးလောက်အောင် လူတွေက သူပြောတာယုံပြီး လေးစားသွားကြတော့ လိမ်ရင်းလိမ်ရင်း သူ့မူလဘဝမှန်က အလင်းနန်းတော်မှာ သူက အစေခံတစ်ယောက်ပဲဆိုတဲ့ မူလဘဝကို သူ့ဘာသာမေ့လျော့သွားပြီး တကယ်ပဲ သူက ခမည်းတော်ချစ်ရတဲ့သူလို့ ယုံကြည်သွားတော့တယ်။

ကျိုးယွင်ရှန့်ရဲ့မျက်လုံးတွေက ရဲရဲနီလာခဲ့တယ်။

"ခမည်းတော်ရဲ့ဘေးမှာနေဖို့ အခွင့်အရေးကောင်းရတာတောင် မင်းက ဘယ်လိုအထီးကျန်နိုင်ရတာလဲ.. ငါသာဆိုရင် ခမည်းတော်ဘေးကနေ တစ်ဖဝါးမှ ခွာနိုင်မှာမဟုတ်ဘူး.."

"ဒါပေမယ့် ကံမကောင်းစွာနဲ့ မင်းက ငါမဟုတ်ဘူးလေ.."

ဘိုးလ်က ပုခုံးတွန့်လိုက်ပြီး မုန့်တစ်ခုကိုကောက်လို့ ပါးစပ်ထဲထည့်ပြီး ဝါးစားလိုက်တယ်။ အဲ့ဒီနောက်မှာ သူက ကျိုးယွင်ရှန့်ကို ပြောင်ပြောင်တင်းတင်း လှောင်ပြုံးပြုံးလိုက်တယ်။

ကျိုးယွင်ရှန့်ရဲ့အသည်းတွေက တစ်စစီကျိုးပဲ့လို့ သွေးစမ်းရှင်ရှင်ထွက်လာသလို ခံစားလိုက်ရတယ်။ အလင်းနတ်ဘုရားကို အရူးအမူးကိုးကွယ်သူ၊ စွဲလန်းသူအနေနဲ့ သူချစ်တဲ့ခမည်းတော်ဘေး နေခွင့်ရဖို့က ကောင်းကင်ဘုံပေါ် တက်ရောက်ခွင့်ရဖို့ထက် အများကြီးပိုပျော်ဖို့ကောင်းပါတယ်။ အခုတော့ ဒီကောင်က ခမည်းတော်နဲ့ဝေးရာကို ထွက်ပြေးလာရုံတင်မကဘူး တွေ့သမျှလူတကာနဲ့ အိပ်ရဲတယ်။ ဒီကောင်က သူရှူနေတဲ့လေလောက်တောင် တန်ဖိုးမရှိတဲ့ကောင်ပဲ။

==================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now