Arc_ 10.7 _ Joshua

6.1K 741 0
                                    

 Arc_ 10.7 _ Joshua

ကျိုးယွင်ရှန့်က အိပ်ယာထက်မှာ လဲလျောင်းပြီး လက်ထဲမှာ ရုပ်သေးနှစ်ရုပ်ကို ကိုင်ပြီး အသံအမျိုးမျိုးလုပ်ပြီး တစ်ယောက်တည်း စကားပြောနေတယ်။

" အနားကို လာခဲ့ သားတော် "
" ခမည်းတော် သားတော်ကို ခေါ်တာလား... "

ချစ်မြတ်နိုးစွာ ရယ်မောသံကို ပြုလိုက်ပြီး
" မင်းကို မခေါ်လို့ ဘယ်သူ့ကိုခေါ်ရမလဲ၊ နေ့တိုင်း ခမည်းတော်ရဲ့ရုပ်တုရှေ့မှာ ဒူးထောက်ဆုတောင်းတာ ဘယ်သူလဲ။ နေ့တိုင်း ခမည်းတော်ကို ချစ်ကြောင်း ဖွင့်ဟပြောတာ ဘယ်သူလဲ။ နေ့တိုင်း ခမည်းတော်နဲ့ မခွဲပါဘူးလို့ ကျိန်တွယ်ပြောတာ ဘယ်သူလဲ။ အခြားလူတကာထက် ခမည်းတော်ကို ပိုချစ်ပါ့မယ်လို့ ပြောတာ ဘယ်သူလဲ... "

"  သားတော်ပါ။ အဲ့ဒါ သားတော်ပါ... ခမည်းတော် သားတော်ပြောသမျှကို ကြားနိုင်တယ်ပေါ့..."
" ကြားနိုင်တာပေါ့ ငါ့သား...လာ ခမည်းတော်ရဲ့ ရင်ခွင်ထဲကို လာပါ။ ခမည်းတော် မင်းကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားချင်တယ်။ "

အရုပ်အသေးလေးက အရုပ်အကြီးရဲ့လက်မောင်းတွေကြားတိုးဝင်ပြီး ဖက်ထားလိုက်တယ်။

ဒီမြင်ကွင်းကို နဝမကောင်းကင်ဘုံကနေ အလင်းနတ်ဘုရားက ကြေးမုံထဲကနေ စိုက်ကြည့်ပြီး ပျော်ရွှင်လွန်းလို့ အော်ဟစ်ရယ်မောလိုက်မိတာ လက်ထဲကိုင်ထားတဲ့ ဝိုင်ခွက်စောင်းပြီး ဝိုင်တွေဖိတ်ကျလာတယ်။ နတ်ဘုရားတစ်ပါးက ဒူးထောက်ပြီး ဝိုင်တွေကို သုတ်ပေးမလို့လုပ်ပေမယ့် လက်ဝေ့ယမ်းပြီး မောင်းထုတ်ခံလိုက်ရတယ်။ သူ အရမ်းပျော်နေချိန် အခြားသူ အနားမှာနှောက်ယှက်တာကို အလင်းနတ်ဘုရားက မနှစ်သက်ဘူး။

ကျိုးယွင်ရှန့်က အရုပ်လေးနှစ်ရုပ်နဲ့ ပျော်ရွှင်စွာဆော့ကစားနေပြီးနောက် ရှက်ရွံ့တဲ့အမူယာက လေးနက်အေးစက်သွားပြီး အရုပ်နှစ်ခုကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့ မှန်ရှေ့မှာသွားရပ်လိုက်ပြီး အထဲက ပုံရိပ်ကို အပြစ်တင်ဟန်စိုက်ကြည့်ပြီးပြောလိုက်တယ်။

" ကောင်းပြီ။ ကနေ့အတွက် ဒီလောက် ပျော်ရရင် ကျေနပ်တော့။ ငါလုပ်မယ့် အလုပ်ကို လာမနှောက်ယှက်ပဲ အေးဆေး တစ်နေရာမှာ ထိုင်နေ... "

မှန်ထဲက အချစ်ရူးရှန့်က ဝမ်းနည်းစွာငိုင်တွေသွားတယ်။ သူ့မှာ ခမည်းတော်အကြောင်းကို တွေးပြီး အရုပ်လေးနဲ့ စိတ်ကူးယဉ်ရတဲ့ ဘဝနဲ့ကျေနပ်နေရရှာတယ်။ ဒါက အရမ်းဝမ်းနည်းဖို့ကောင်းလှတယ်။ အချစ်ရူးရှန့်က မသိစိတ်ထဲမှာ ဝမ်းနည်းပမ်းနည်းငိုကြွေးလို့နေတယ်။

ကနေ့က ဘိုးလ်နဲ့ ဒုတိယမင်းသားတို့ အတိအလင်း သူတို့ရာထူးကို ဆက်ခံတဲ့ပွဲဖြစ်တယ်။ ကျိုးယွင်ရှန့်က ဒီပွဲကိုတက်ရမှာဖြစ်လို့ အချစ်ရူးရှန့် ဝင်မနှောက်ယှက်စေဖို့ သူ့ကိုအလိုလိုက်ပြီး စိတ်ကျေနပ်အောင် ဆော့နေခိုင်းရတာဖြစ်တယ်။ ဒီပွဲက ဂါရာမြို့တော်က ပြည်သူတွေရှေ့မှာ ပြုလုပ်မှာဖြစ်လို့ ပြည်သူတွေရဲ့မျက်လုံးထဲ သူ့ကို မကောင်းမြင်သွားရင် ဂျိုရှုဝါရဲ့ဇာတ်သိမ်းက အရင်ဘဝဇာတ်လမ်းကထက် ဆိုးဝါးသွားလိမ့်မယ်။ ဘိုးလ်က သူ့ကိုတိုက်ခိုက်လာမယ့် အချက်ကို သူရှောင်ရှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်။ တကယ်လို့ A-Class ကမ္ဘာမှာ သူ့တာဝန်ကို ပြီးဆုံးအောင် မလုပ်နိုင်ရင် ကျိုးယွင်ရှန့်ရဲ့ ဝိဉာဉ်က ဒဏ်ရာကို ပျောက်အောင် ကုနိုင်တဲ့ စွမ်းအင်ကို ရမှာမဟုတ်ဘူး။

အလင်းနတ်ဘုရားက ကောင်းကင်ဘုံကနေ ဒီမြင်ကွင်းကို ကြည့်ပြီး စိတ်မကောင်းစွာနဲ့သက်ပြင်းချလိုက်မိတယ်။ သူ့ကို ကိုးကွယ်ယုံကြည်သူလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အရမ်းနည်းတယ်။ သူလေးက ခုရက် စိတ်ကယောက်ကယက်ဖြစ်နေပြီး သူ့ကိုချစ်ကြောင်း တမ်းတကြောင်းတွေ ခဏပြောဆို ရယ်မောနေပေမယ့် တခဏကြာရင် မှန်ရှေ့မှာ ရပ်ပြီး  ကိုယ့်ဖာသာ ဆူနေတယ်။

အလင်းနတ်ဘုရားက မင်းလို သေးငယ်တဲ့ ဘာမှမဟုတ်တဲ့သူကို မချစ်ဘူး။ ဘယ်တော့မှချစ်ခြင်းမေတ္တာမရှိကြောင်း၊ အိပ်မက်မမက်ပါနှင့် အလင်းနတ်ဘုရားက မင်းကို ဘယ်တုန်းကမှ သိတာ မဟုတ်ဘူးရယ်လို့ပြောဆိုနေတဲ့မြင်ကွင်းက သူ့ရင်ကို အရမ်းနာကျင်စေတယ်။ ဒါတွေအားလုံးက သူ့အပြစ်တွေချည်းပဲ။ သူသာ ကလေးလေး ဘေးကို စောစောသွားလိုက်ရင် ကလေးလေးက သူ့ကိုယ်သူ ခုလောက် အထင်မြင်သေးပြီး ဝမ်းနည်းနေရမှာမ ဟုတ်ဘူး။

ဟုတ်ပြီ။ ကလေးလေးကို သူ့ကိုယ်သူ ယုံကြည်လာအောင် လုပ်ပေး ရမယ်။ သူ့အချစ်တွေကြားထွေးပွေ့ထားပြီး ငြိမ်သက်အေးချမ်း မှုနှင့် ထာဝရပျော်ရွှင်မှုတွင် အမြဲနေထိုင်နိုင်လိမ့်မယ်လို့ တွေးပြီး အလင်းနတ်ဘုရားရဲ့နုတ်ခမ်းက အပြုံးလေးထင်သွားတယ်။

ကျိုးယွင်ရှန့်က ခမ်းနားထည်ဝါတဲ့ ဘုန်းကြီးဝတ်ရုံကို ဝတ်လိုက်တယ်။ ရှည်လျားတဲ့ ဆံပင်ကို ရွှေရောင်ဖဲကြိုးနဲ့စည်းနှောင်ထားလိုက်တယ်။ သူ့ပုံရိပ်က ဘိုးလ်ထက် နည်းနည်းလေးမှ မလျော့ပဲ မြင်သူကို လေးစားချစ်ခင်လာစေတယ်။ ဒီလိုသွင်ပြင်ကို အချစ်ရူးရှန့်က ဂရုမစိုက်ပေမယ့် ကျိုးယွင်ရှန့်က ဂရုစိုက်ရတယ်။ ဒါမှ ဘိုးလ်ဘက်က တိုက်ခိုက်လာမှာကို ကာကွယ်နိုင်မှာဖြစ်တယ်။

ကျိုးယွင်ရှန့်က မှန်ထဲက သူ့ပုံရိပ်ကို သေချာကြည့်ပြီး အခန်းတံခါးကိုပိတ်လို့ အပြင်ကို ထွက်လိုက်တယ်။ ဒါပေမယ့် ခဏရပ်နေပြီး အခန်းထဲ ပြန်ဝင်လို့ လွင့်ပစ်လိုက်တဲ့ အရုပ်လေး နှစ်ရုပ်ကို ပြန်ကောက် ဖုန်သုတ်ပြီး အရင်နေရာကို တယုတယပြန်ထားလိုက်တယ်။

ဘိုးလ်က ရိုးရှင်းတဲ့ အဖြူရောင်ဝတ်ရုံကို ရောင်စုံခါးပတ်ကြိုးပတ်ပြီး ဝတ်ထားတယ်။ တကယ်တော့သူ့ကိုယ်ပေါ်မှာ ရွှေနီရောင် ဝတ်ရုံကြီး ခြုံထားဖို့ မလိုပေမယ့် ပုပ်ရဟန်းမင်းက ဘိုးလ်ကိုယ်ပေါ်ကို ရွှေရောင်ဝတ်ရုံခြုံပေးပြီး ဘုရင်က လေးလံတဲ့ ရွှေသရဖူဆောင်းပေးလိုက်တယ်။ သူက ဂါယာမြို့တော်ကြီး ပြည်သူတွေရဲ့ကောင်းချီးပေးမှုကို ဂုဏ်ယူစွာ မတ်တပ်ရပ်ရင်း ခံယူနေတယ်။

ဘိုးလ်က ကြက်ဥအရွယ် စွမ်းအင်စမ်းသပ်ကျောက်တုံးပေါ်မှာ လက်စွပ်ဝတ်ထားတဲ့ လက်ကို တင်လိုက်ပြီး အလင်းရောင်ဖြာကျလာစေတယ်။ ခမည်းတော် အလင်းနတ်ဘုရားရဲ့စွမ်းအင်နဲ့ ဆာဂါပြည်သူတွေကို ကာကွယ်ပေးမယ့်ပုံ ပေါ်လွင်စေတယ်။

သူက ဒီတိုက်မကြီးမှာ စွမ်းအင်အကြီးဆုံးအလင်းဘုန်းကြီးဖြစ်လာပြီး ပုပ်ရဟန်းမင်းကြီးထက် သာလွန်လာလိမ့်မယ်။ လူတိုင်းက သူ့နာမည်ကို မှတ်မိနေလိမ့်မယ်။ ခမည်းတော်လည်း သူ့အပြစ်ကို ခွင့်လွှတ်ပြီး ကောင်းကင်ဘုံကို ပြန်ခေါ်ထားပြီး နတ်ဘုရားတွေသာ ပိုင်ဆိုင်တဲ့ အလင်းစွမ်းအင်ကို ပေးလိမ့်မယ်။

ဘိုးဘ်က ဒီအတွေးတွေနဲ့ စိတ်လှုပ်ရှားလာပြီး ဟန်ဆောင်ပန်ဆောင် မျက်ရည်စီးကျလာတယ်။ ပြီးတော့ မျက်နှာပြင်က နီမြန်းနေချိန်မှာ ဂျိုရှုဝါကိုတွေ့လိုက်ချိန် သူ့မျက်လုံးတွေက မှောင်မိုက်သွားတော့တယ်။

သူတင်မကဘူး။ ပွဲတက်လာတဲ့ လူတွေအားလုံး ဂျိုရှုဝါကို တွေ့လိုက်တယ်။ ဂျိုရှုဝါရဲ့ အသရေက တင့်တယ်လှပလွန်းပြီး သူ့ပတ်လည်မှာ ရွှေရောင်အလင်းတွေ ဝန်းရံနေပုံက ခုလေးတင် ကောင်းကင်ဘုံက နတ်ဘုရားက လူ့လောကကို ဆင်းသက်လာသလို ခံစားရစေတယ်။ သူ့ကိုယ်မှာ ဝန်းရံထားတဲ့ အလင်းစွမ်းအင်က ဘိုးလ်ဘေးက အလင်းတွေထက်ပိုတောက်ပပြီး ပိုသန့်စင်လှတယ်။

သူ့ရဲ့နူးညံ့တဲ့ မျက်ဝန်းလေးတွေနဲ့ ဆုံမိတဲ့လူတိုင်းက ဂျိုရှုဝါက ကြင်နာသနားတတ်ပြီး မြင့်မြတ်တဲ့သူဆိုတာ အကြွင်းမဲ့ယုံကြည်သွားကြတယ်။ လူတိုင်းက သူ့ကို လေးစားကြတယ်။ သူ့နားကို တိုးကပ်ပြီး သူ့ကို ထိတွေ့ကိုင်ထားချင်စိတ်ပေါ်လာမိတယ်။
ဒါပေမယ့် ဂျိုရှုဝါရဲ့ကိုယ်မှာထူးခြားတဲ့ အငွေ့သက်တစ်ခု ဝန်းရံနေပြီး တကယ်တမ်း ထိတွေ့ဖို့ မဝံ့မရဲဖြစ်နေကြတယ်။

ဂျိုရှုဝါရဲ့ သွင်ပြင်က အလင်းဘုန်းကြီးတစ်ပါးမှာရှိရမယ့် အချက်တွှေအားလုံးပြည့်စုံပြီး  စံပြလို့ပြောလို့ရတယ်။ သူက ဘိုးလ်ထက် ကြင်အင်ပိုမိုပြည့်စုံလှတယ်။ မင်းမျိုးမင်းနွယ်အားလုံးက ဂျိုရှုဝါကို အရိုသေပေးဖို့ အလုယက်တိုးလာကြတယ်။ လူတွေက ပုပ်ရဟန်းမင်း ရာထူး၊ ဂိုဏ်းချုပ်ရာထူးဆုံးရှုံးရုံနဲ့ သူ့ကို မလေးမစားမလုပ်ကြတဲ့အပြင် ပိုလို့တောင် ရိုသေကိုင်းရှိုင်းနေကြတယ်။

" ဂျိုရှုဝါ မင်း ကနေ့ ကြည့်လို့အရမ်းကောင်းတယ်။ မင်းရဲ့ အသားရေနဲ့ဆိုရင် ဒီ ဝတ်ရုံနီနဲ့ အရမ်းလိုက်ဖက်မှာပဲ။ ဒါပေမယ့် ကံမကောင်းတော့.....  "

ဘိုးလ်ဆိုလိုချင်တာက ဂျိုရှုဝါ ဘယ်လောက်ကြည့်ကောင်းကောင်း သူသာ ဒီဝတ်ရုံကို ဝတ်ဆင်ခွင့်ရှိသူဆိုပြီး တိုက်ခိုက်လိုက်တာဖြစ်တယ်။ ကျိုးယွင်ရှန့်က တိတ်တိတ်လေးပြုံးပြီး ဘာမှ မတုန့်ပြန်လိုက်ဘူး။ ဆတ်ဆတ်ထိမခံရန်ဖြစ်တတ်တာက သူမဟုတ်ဘူး။ ဂျိုရှုဝါပဲဖြစ်တယ်။
ဂျိုရှုဝါရဲ့  18နှစ်ပြည့်မွေးနေ့က ခု အခမ်းနားပွဲပြီး နောက် သုံးရက်ဖြစ်တယ်။

ကျိုးယွင်ရှန့်က နှစ်ခြင်းမင်္ဂလာပြီးတာနဲ့ ဒီ ဆာဂါပြည်ကနေ ထွက်သွားတော့မှာဖြစ်တယ်။ ဒါမှ ဇာတ်လိုက်ဘိုးလ်နဲ့ သူ့အချစ်တော် တစ်စု ဝိုင်းတိုက်ခိုက်တာကို ရှောင်နိုင်မှာဖြစ်တယ်။ ကျိုးယွင်ရှန့်က ဒီစော်ကားမှုကြောင့် ဂျိုရှုဝါ ထွက်မလာအောင် ဖိနှိပ်ထားပြီး ဂိုဏ်းချုပ်ဘုန်းကြီးဆီကို လျှောက်လာလိုက်တယ်။


"ငါ့သား...ဒီနေရာက မင်းပိုင်တဲ့နေရာဖြစ်တယ်။ ဘယ်သူမှ မင်းပိုင်တဲ့ နေရာကို လုယူလို့မရဘူး....  "

ဂိုဏ်းချုပ်ကြီးက ကျိုးယွင်ရှန့်ကို နှစ်သိမ့်လိုက်တယ်။ သူက အသံနှိမ့်ပြောတာ မဟုတ်လို့ အနားက လူတွေအားလုံးကြားလိုက်ရတယ်။ ပုပ်ရဟန်းမင်းနဲ့ ဘိုးလ်က ဒီစကားကြားတော့ မျက်နှာပျက်သွားတယ်။

" မိတ်ဆွေကြီး...ဂျိုရှုဝါက ခင်ဗျားပျိုးထောင်ခဲ့တဲ့ကလေးဖြစ်လို့ သူ့ကို ပိုရစေချင်တာ သိပါတယ်။ ဒါပေမယ့် ဘိုးလ်ကို ခမည်းတော်နဲ့ ပုပ်ရဟန်းမင်းကြီးရွေးထားတာ။ ခင်ဗျားလေးစားမှုရှိသင့်တယ်။  ဒီအချက်ကို နာခံသင့်ပါတယ်"

ဘုရင်က ပုပ်ရဟန်းမင်းကြီးစိတ်ဆိုးမှာစိုးလို့ ဂိုဏ်းချုပ်ကြီးကို ပြောလိုက်တယ်။

" ဘိုးလ်ကို ရွေးတာ ခမည်းတော် မဟုတ်ပါဘူး။ ပုပ်ရဟန်းမင်းကြီးရွေးခဲ့တာပါ။ ပြီးတော့ ဂျိုရှုဝါက ကျုပ်ပျိုးထောင်ခဲ့တာ မဟုတ်ဘူး။ ခမည်းတော် ပျိုးထောင်ခဲ့တာပါ... တကယ်လို့ ခမည်းတော်ကိုယ်တိုင် ဒီမှာရှိရင် ဂျိုရှုဝါကလွဲပြီး ဘယ်သူ့ကိုမှရွေးမှာမဟုတ်ဘူး။  "


" ဟွန်း.... ဂိုဏ်းချုပ်ကြီး ခင်ဗျားရဲ့ စိတ်နှလုံးသားက ပိတ်ဆို့ထားပြီး ခမည်းတော်ရဲ့ အသံကို မကြားနိုင်လောက်အောင် ကို အိုမင်းနေပြီ။ အခုချိန်ကစပြီး ခင်ဗျားနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ ခမည်းတော်ရဲ့ရွေးချယ်မှုကို ဆန့်ကျင်ရင် မကြာခင် ခင်ဗျား အပြစ်ပေးခံရတော့မယ်... "

ပုပ်ရဟန်းမင်းကြီးက တင်းမာစွာပြောပြီး အေးစက်စက်နဲ့ ပတ်ပတ်လည်ကို မျက်လုံးဝေ့ကြည့်တော့ မင်းမျိုးနွယ်တွေက အကြည့်ချင်းမဆိုင်ရဲလို့ ခေါင်းငုံ့ထားကြတယ်။

ဂိုဏ်းချုပ်ဘုန်းတော်ကြီးရဲ့ချစ်ခြင်းမေတ္တာကို ကျိုးယွင်ရှန့် အလွန်ကျေးဇူးတင်လိုက်မိတယ်။ ဒါပေမယ့် အကျိုးမဲ့ အငြင်းပွားတာ မဖြစ်စေချင်လို့ ဂိုဏ်းချုပ်ဘုန်းကြီးလက်ကို ဆွဲပြီး အသာလေး ဟန့်လိုက်တယ်။

ဂိုဏ်းချုပ်ဘုန်းကြီးက ဘုရင်ကိုကြည့်ပြီးသက်ပြင်းချလိုက်တယ်။ တစ်နေ့မှာ ဆာဂါ နိုင်ငံတော်က ဂျိုရှုဝါကို စွန့်ပစ်တာ ဂိုဏ်းချုပ်ရာထူး မပေးတာက ပညာမဲ့ရာကျတယ်ဆိုတာ တနေ့ သူတို့ကောင်းကောင်း သိလာရမယ်ဆိုတာ တွေးနေမိတယ်။

ပြည်သူလူထုတွေက တိတ်ဆိတ်စွာနေခဲ့ကြပြီး အေးစက်စက် အမျိုးသမီးအသံတစ်သံထွက်ပေါ်လာတယ်။

" မြင့်မြတ်တဲ့ ပုပ်ရဟန်းမင်း ရောက်လာတော့ဆာဂါပြည်ကြီးက အပြောင်းလဲတွေဖြစ်လာတယ်။ အိမ်ရှေ့မင်းသား အသတ်ခံရပြီး အုပ်ချုပ်သူ အပြောင်းလဲဖြစ်တယ်။ ဂိုဏ်းချုပ်ရာထူးဆက်ခံမယ့်သူ အပြောင်းလဲဖြစ်တယ်။ တကယ်ဆိုရင် ပုပ်ရဟန်းမင်းက ကောင်းခြင်းကိုပဲ ယူဆောင်လာရမယ် မဟုတ်လား။ အခုတော့ ကံဆိုးခြင်းကို ယူဆောင်လာတယ်။  "

"အယ်လီနာ, ပါးစပ်ပိတ်လိုက်!" ဘုရင်ကအသံကျယ်ကျယ်နဲ့ဟောက်လိုက်တယ်။

ကျိုးယွင်ရှန့်နောက်ကို လှည့်ကြည့်လိုက်တော့ ကွယ်လွန်သွားတဲ့ ပထမမင်းသားရဲ့ဇနီးဖြစ်နေတာကို တွေ့ရတယ်။ ပုပ်ရဟန်းမင်းကြီးက ဒီမိန်းကလေးကို သေအောင် သတ်ပစ်ချင်နေပေမယ့် အပြင်ပန်းက ကြင်နာသနားတဲ့ပုံရိပ်ကို အပျက်မခံပဲ ထိန်းသိမ်းထားတယ်။

အယ်လီနာက သူ့ယောကျာ်းကို နတ်ဆိုးသားရဲတွေသတ်တာ ပုပ်ရဟန်းမင်းနဲ့ ဒုတိယမင်းသားလုပ်တာလို့ ယုံကြည်တယ်။ ဘုရားကျောင်းတွေမှာ နတ်ဆိုးသားရဲကို ထိန်းချုပ်နိုင်တဲ့ ဂါထာတွေရှိတယ်လို့ သူကြားဖူးတယ်။ အခု သူ့ယောကျာ်းလုပ်ကြံခံရပြီး ဒုတိယမင်းသားက အိမ်ရှေ့စံဖြစ်တယ်။ ပုပ်ရဟန်းမင်းရဲ့လူ ဘိုးလ်က ဂိုဏ်းချုပ်လောင်းဖြစ်တယ်။ တကယ်လို့မင်းကြီးနတ်ရွာစံရင် ဆာဂါပြည်က ပုပ်ရဟန်းမင်းကြီးရဲ့ အမာခံတပ်တွေဖြစ်တော့မယ်။

ပုပ်ရဟန်းမင်းက သနားသည်းခံဟန်နဲ့ လက်ဝေ့ယမ်းလိုက်ပြီး ပိုးစနီပေါ်မှာ စာရွက်စာတမ်းကို ရေးသားပြီး မင်းကြီးနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ တံဆိပ်ရိုက်နှိပ်ပြီး ရေစင်တော်နဲ့ နှစ်လိုက်တယ်။ ပြီးတော့ ဘိုးလ်နဲ့ ဒုတိယမင်းသားလက်ထဲကို အသီးသီးပေးလိုက်တယ်။ ဘုရင်က သူတို့နှစ်ယောက်ခေါင်းပေါ် သရဖူဆောင်းပေးတယ်။ သရဖူပေါ်မှာ ပဲပုပ်စေ့လောက်ရှိတဲ့ အဖြူရောင်ကျောက်ရှိတယ်။ ဒီကျောက်က မကောင်းဆိုးဝါးတစ်ကောင် အနားကပ်လာရင် အနီရောင်ပြောင်းသွားတယ်။ ဒီကျောက်ထဲ အလင်းစွမ်းအင်ထည့်လိုက်ရင် မကောင်းဆိုးဝါးကိုသတ်နိုင်တဲ့ လက်နက်တစ်ခုအဖြစ်ပြောင်းသွားတယ်။ ဒီကျောက်က အလင်းနတ်ဘုရားရဲ့ လက်ဆောင်ဖြစ်ပြီး ဆာဂါပြည်မှာပဲ ရှိတဲ့ ရတနာဖြစ်တယ်။ ဒီလိုကျောက်မျိုး ထပ်မရနိုင်တော့ဘူး။ ဘယ်သူမှ ဒီလောက်စွမ်းတဲ့ကျောက်ကို မလုပ်နိုင်ကြဘူး။ ဒါကိုထုတ်လုပ်ဖို့ထိပ်တန်းပစ္စည်းများလိုအပ်ပြီးအရင်းအမြစ်များမှာအလွန်ရှားပါးတယ်။

ဒီကုန်းမကြီးရဲ့ အင်အားကြီးသောပုပ်ရဟန်းမင်းကြီးဆီမှာ ဒီလို ကျောက်တုန်းက လေးခုသာရှိတယ်။ ဒါကြောင့် ဘိုးလ်ဆီက ခိုဥလောက်ရှိတဲ့ အလင်းကျောက်တုံးကို ပိုင်ဆိုင်ထားတာကြောင့် လူတွေက သူ့ကို အလင်းနတ်ဘုရားရဲ့ နန်းဆောင်က လာတယ်ဆိုတဲ့ အပြောကို သံသယမရှိပဲ ယုံကြည်ခဲ့ကြခြင်းပဲဖြစ်တယ်။

ဘယ်သူက အလင်းနတ်ဘုရားရဲ့ အချစ်တော်လေးကို စော်ကားရဲမှာလဲ။ ဘယ်သူမှ ဒီလို အစွမ်းထက်တဲ့လက်စွပ်ကို မခိုးယူရဲဘူး။ ဒါကြောင့် ဘိုးလ်က ခရီးစဉ်တစ်လျှောက်မှာ လက်စွပ်အစွမ်းနဲ့ မကောင်းဆိုးဝါးများစွာကို နှိမ်နှင်းနိုင်ခဲ့တာပဲဖြစ်တယ်။

မင်းကြီးက သရဖူဆောင်းပေးပြီးနောက် ပုပ်ရဟန်းမင်းကြီးကို နောက်တက်မယ့် ဂိုဏ်းချုပ်အသစ်အတွက် ဝတ်ရုံကို ဆင်မြန်းပေးဖို့ တောင်းဆိုလိုက်တယ်။

အစေခံတစ်ယောက်က ဂိုဏ်းချုပ်ဝတ်ရုံကို သယ်လာပြီး ပုပ်ရဟန်းမင်းကြီးရှေ့မှာ ဒူးထောက်လို့ လက်နှစ်ဖက်နဲ့ မြှောက်ပြီး ဝတ်ရုံကို ရိုရိုသေသေနဲ့ ပေးလိုက်တယ်။ ဝတ်ရုံက ရေစင်တော် ပက်ဖြန်းထားလို့ ရွှေရောင်အလင်းတွေနဲ့ ဖြာနေပြီး မျက်စိရှေ့ပြိုးပြိုးပြက်ပြက်လင်းလက်လို့နေတယ်။

ဘိုးလ်က ဝတ်ရုံကို စိတ်လှုပ်ရှားစွာနဲ့စိုက်ကြည့်နေတယ်။ ပုပ်ရဟန်းမင်းကြီးက ပြုံးရွှင်စွာနဲ့ ဝတ်ရုံကို ယူလိုက်ပြီး ဘိုးလ်ကို ကြင်နာစွာ ပြောလိုက်တယ်။

 " ငါ့သား...မင်းက ငါတွေ့ဖူးသမျှထဲမှာ ယုံကြည်မှု အရှိဆုံး၊ အသန့်စင်ဆုံး၊ အဖြူစင်ဆုံးနဲ့ အလင်းစွမ်းအားအကြီးဆုံးဖြစ်လို့ ခမည်းတော်က မင်းကို အလွန်ချစ်မြတ်နိုးကြောင်း ထင်ရှားတယ်။ ဒါကိုကြည့်တာနဲ့ မင်းက ခမည်းတော်ရွေးချယ်တဲ့ အလင်းစေတမန် ပီသ ပါပေတယ်။ မင်းကို ခမည်းတော်ကိုယ်တိုင် ရွေးချယ်ထားတာဖြစ်လို့ ငါက ဒီအမိန့်ကို မနာခံပဲ မနေနိုင်ဘူး။ ဒါကြောင့် မင်းက နောက်တက်မယ့် ဆာဂါပြည်ကြီးရဲ့ ဂုဏ်းချုပ်တစ်ပါးဖြစ်သွားပြီ။ လာပါ။ မင်းကို ဝတ်ရုံလွှမ်းခြုံပေးပါရစေ  "

ဘိုးလ်က စိတ်လှုပ်ရှားပြီး ပုပ်ရဟန်းမင်းကြီးရှေ့မှာရပ်တဲ့အချိန် မျက်ရည်ကျနေတယ်။ ပုပ်ရဟန်းမင်းကြီးက ဘိုးလ်ကိုယ်ပေါ်ကို အနီရောင်ဝတ်ရုံဆင်မြန်းပေးပြီး ရွှေခါးပတ်ပတ်ပေးလိုက်တယ်။ အဲ့ဒီအချိန်မှာ ခါးပတ်ကနေ ရွှေရောင် အလင်းတွေတောက်ပလာပြီး ပုပ်ရဟန်းမင်းကြီးနဲ့ဘိုးလ်ပေါ်ကို အရောင်တွေလွှမ်းခြုံသွားတယ်။ ဒီရွှေရောင်အလင်းကနေ ပူပြင်းပြီး လောင်ကျွမ်းစေတဲ့ မီးတောက် အစွမ်းတွေပေါ်လာတယ်။

ဘိုးလ်က ပူလောင်ပြီး ကြမ်းပြင်ပေါ်မှာ လူးလိမ့်လို့နေတယ်။ ပုပ်ရဟန်းမင်းကြီးက အလင်းစွမ်းအားကို စုစည်းပြီး လောင်ကျွမ်းနေတဲ့ မီးကို ငြိမ်းပေးလိုက်တယ်။ ဒါပေမယ့် ဒီမီးတောက်တွေက သာမာန်မဟုတ်ဘူး။ ဘိုးလ်ဝတ်ထားတဲ့ ဝတ်ရုံကို ချက်ချင်း အပေါက်ကြီး ဖြစ်သွားစေတယ်။

ဒီမီးတောက်က သာမန်မဟုတ်ပဲ ခမည်းတော်ဆီက လာတဲ့ အလင်းစွမ်းအင်ဖြစ်လို့သာ ရေစင်တော်ဖြန်းထားတဲ့ ဝတ်ရုံကို လောင်ကျွမ်းစေနိုင်တာပေါ့...

ပုပ်ရဟန်းမင်းက ဒီလိုတွေးမိတာနဲ့ တကိုယ်လုံးချွေးစေးတွေ ဆက်တိုက်ထွက်လာတော့တယ်။ ခမည်းတော်က သူတို့နှစ်ယောက်ရဲ့အဝတ်စားကို လောင်ကျွမ်းစေတယ်ဆိုတဲ့သဘောက အခု ဂိုဏ်းချုပ်အသစ်အဖြစ် ခန့်အပ်တဲ့ ဆုံးဖြတ်ချက်ကို အကျေနပ်တဲ့သဘောပဲ။ ဒါဆိုရင်ခမည်းတော်က သူနဲ့ဘိုးလ်ကို အရိုးထိလောင်ကျွမ်းအောင် အပြစ်ပေးတော့မှာလား။

ပုပ်ရဟန်းမင်ြး့ကီးက သူ့အသက်ဟာ ဆုံးရှုံးဖို့နီးကပ်နေပြီဆိုတာ ခံစားမိလိုက်တဲ့အတွက် ဂါထာကို ဆက်လက်မရွှတ်ဆိုတော့ပဲ ခမည်းတော်ရဲ့ ရုပ်ထုရှေ့မှာ ဒူးထောက်ပြီး အပြစ်က ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်တယ်။ သူ့ဆီမှာ ခမည်းတော်က ပေးတဲ့ သန့်စင်တဲ့ အလင်းစွမ်းအင်ရှိသေးလို့ နာကျင်ပေမယ့် မခံနိုင်လောက်အောင်တော့ မဖြစ်သေးဘူး။

ဒါပေမယ့် ဘိုးလ်ကတော့ နာကျင်လွန်းလို့ မြေပြင်ပေါ်လူးလိမ့်လို့နေတယ်။ သူက ဆက်တိုက်အော်ဟစ်ပြီး အကူညီတောင်းနေပေမယ့် သူ့အသားရေက ဘာမှ မဖြစ်ပဲ ချောမွေ့နေဆဲပဲ။ အလင်းနတ်ဘုရားရဲ့စွမ်းအင်က သူ့ကိုယ်ကို လောင်ကျွမ်းတာ မဟုတ်ပဲ စိတ်ဝိဉာဉ်ကို တိုက်ရိုက်လောင်ကျွမ်းနေတာဖြစ်တယ်။ စိတ်ဝိဉာဉ်ကိလောင်ကျွမ်းတာက သေတာထက် ဆိုးတဲ့ ဝေဒနာကို ခံစားရစေတယ်။

" အား...နာတယ်။ အရမ်းနာတယ်။ တယောက်ယောက် ကူညီပေးကြပါ။ ဓါးနဲ့ ကျွန်တော့်ကို ထိုးသတ်ပေးကြပါ...  ခမည်းတော် ကျွန်တော့်ကို ခွင့်လွှတ်တော်မူပါ..."

နဝမကောင်းကင်ဘုံမှာ သူရှိစဉ်က လက်အောက်ခံ အစေခံတစ်ယောက်ကို မီးလောင်တိုက်သွင်းအပြစ်ပေးတာကို မြင်ထားဖူးလို့ ဘိုးလ်က သူ့ကံတရားကို သေချာသိမြင်နေပြီဖြစ်တယ်။ ဒါပေမယ့် သူက သူလုပ်ထားတဲ့ အပြစ်ကို နူတ်က ထုတ်ပြီးပြောတဲ့အထိ သတ္တိမရှိသေးဘူး။

ဘုရင်၊ ဒုတိယမင်းသားနှင့် ဂုဏ်အသရေရှိမင်းမျိုးမင်းနွယ်အပေါင်းတို့က ဖြစ်လာတဲ့ အရာကို ဆွံ့အစွာ ငေးကြည့်နေမိတယ်။ ရုတ်တရက် အခမ်းနားပွဲကြီးက ကပ်ဆိုးဆိုက်လာတာကို နားမလည်နိုင်အောင်ဖြစ်နေမိတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ ခမည်းတော်ရဲ့ အချစ်တော်လေးက မီးလောင်ကျွမ်းခံလိုက်ရတယ်။ ဒီမီးတောက်ကို သူတော်စင်အဆင့်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးကတောင် မငြိမ်းသတ်နိုင်ဘူးဆိုတော့ ဒီမီးတောက်ကို ဘယ်သူက လွှတ်လိုက်တာလဲ။

သူတို့အားလုံးက ရုပ်တုကို တချက်ကြည့်လိုက်မိချိန်မှာ သဘောပေါက်သွားတယ်။ ဒီမီးတောက်ကို အလင်းနတ်ဘုရားက လွှတ်လိုက်တာဖြစ်တယ်။ မီးလောင်နေတာက ဆာဂါပြည်ကြီးရဲ့နောက်တက်မယ့် ဂိုဏ်းချုပ်ဘုန်းကြီး အသစ်ဖြစ်တယ်ဆိုတော့ ဒီဆုံးဖြတ်ချက်ကို ခမည်တော်က သဘောမကျလို့ အပြစ်ပေးတာဖြစ်တယ်။ လူတွေအားလုံးက ချက်ချင်းဒူးထောက်ပြီး တောင်းပန်လိုက်ကြတယ်။ ဒီ ဂုဏ်းချုပ်မျိုးကို တင်မြှောက်မိလို့ သူတို့ ဆာဂါပြည်တစ်ခုလုံးက တာဝန်အပြည့်ရှီတယ်။ ခမည်းတော် အမျက်ရှရင် သူတို့ ဆာဂါပြည်က ဒီကုန်းမြေကြီးကနေ ချက်ချင်း ပျောက်ကွယ်သွားနိုင်တယ်။

အရမ်းကြောက်ဖို့ကောင်းတယ်။

ဘုရင်ကြီးက ကြောက်လွန်းလို့ ဒူးထောက်လိုက်ပြီး ချက်ချင်းတောင်းပန်လိုက်တယ်။

" ခမည်းတော် အပြစ်က ခွင့်လွှတ်တော်မူပါ...ဒီအပြစ်ကို ကျွန်တော် တစ်ယောက်တည်း ခံယူပါ့မယ်။ ကျွန်တော့်တိုင်းသူပြည်သားတွေရဲ့အသက်ကို ချမ်းသာပေးတော်မူပါ... "

ကျိုးယွင်ရှန့်က ဂိုဏ်းချုပ်ကြီးကို ဆွဲပြီး ရုပ်ထုရဲ့တဖက်ခြမ်း လူရှင်းရာမှာ ဒူးထောက်ဆုတောင်းနေတယ်။ သူက ဘိုးလ် လောင်ကျွမ်းပြီး အော်ဟစ်ငိုကြွေးတဲ့မြင်ကွင်းကို ကြည့်ပြီး စိတ်မသက်မသာဖြစ်နေမိတယ်။

ဘိုးလ်က အသံထွက်ငိုကြွေးခဲ့ပြီး နာကျင်မှုကြောင့် တွန့်လိမ်နေတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ နဖူးမှာချွေးတွေပြည့်နေပြီးနှုတ်ခမ်းက သွေးတွေကျနေတယ်။ ဒါကိုကြည့်ပြီး သူခံစားရတဲ့ နာကျင်မှုက သေးမယ့်ပုံမပေါ်ဘူး။ မိနစ်နည်းနည်းကြာတော့ ရွှေရောင်မီးတောက်က ပုပ်ရဟန်းမင်းကြီးရဲ့ဝတ်ရုံကို ပြာကျအောင် လောင်ကျွမ်းပစ်လိုက်တယ်။ ပုပ်ရဟန်းမင်းကြီးက အရှက်တကွဲဖြစ်မှာကို ကာကွယ်ဖို့ သိုလှောင်လက်စွပ်ထဲက ဝတ်ရုံဖြူတစ်ထည်ကို ထုတ်ယူပြီး ဝတ်ရုံလိုက်တယ်။ သူ့နှလုံးသားက အပြင်းထန်တုန်လှုပ်လို့နေတယ်။ သူက မြင့်မြတ်တဲ့အလင်းစွမ်းအင်ကို အာရုံခံမိတဲ့အတွက် ဒီမီးတောက်ကို ခမည်းတော် ပြုလုပ်တယ်ဆိုတာ သေချာသိနေတယ်။

သန့်ရှင်းသောအလင်းဘုန်းကြီးတွေက ခမည်းတော်ကိုသာ ဝတ်ပြု ကိုးကွယ်ဆုတောင်းဖို့ တာဝန်ယူထားသူများဖြစ်လို့ သူတို့ က လူပျိုဘဝကို ထိန်းသိမ်းဖို့လိုတယ်။ သူတို့က
တစ်ယောက်ယောက်ကို ချစ်ခင်လို့ရပေမယ့် သူတို့ ကိုယ်ကို ပေးအပ်လို့မရဘူး။ သူတို့မျိုးဆက်ကိုလည်း ချန်မထားရဘူး။ ခမည်းတော်က သူတို့ကို ချစ်ခင်သနားလို့ အထူးအခွင့်ရေးပေးရင်တော့ တမျိုးပေါ့။ ပုံမှန်ဆို အလင်းဘုန်းကြီးတွေက သန့်စင်တဲ့လူပျိုဘဝနဲ့ပဲ နေထိုင်ရတယ်။

နောက်ပိုင်းမှာ အလင်းဘုန်းကြီးတွေရှားပါးလာတဲ့အတွက်သူတို့က အသေးအဖွဲ အပြစ်ကျုးလွန်မိရင် သူတို့ရဲ့ ရာထူးနဲ့လုပ်ပိုင်ခွင့်ကို ပြန်သိမ်းရုံကလွဲပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးမည် မဟုတ်ပေမယ့်မြင့်မားသောရာထူးကို အမွေခံရန် အခွင့်အရေးကိုပြန်ရုပ်သိမ်းလိုက်တယ်။  လူပျိုဘဝဆုံးရှုံးရင် သန့်စင်မှု မရှိတော့လို့ ခမည်းတော်ကို ဆက်လက်အလုပ်ကျွေးပြုခွင့် ဆုံးရှုံးသွားရတယ်။

အခု အလင်းနတ်ဘုရားက ဘိုးလ်ကို ဘာကြောင့် အပြစ်ပေးတယ်ဆိုတာ လူအားလုံးနားလည်သွားကြတယ်။ ဘိုးလ်ရဲ့ အဝတ်အားလုံးမီးလောင်သွားတဲ့အတွက် သူ့ကိုယ်ပေါ်က နမ်းထားတဲ့ အရာတွေက ကျောရိုးတလျှောက်လုံး ထပ်နေပြီး ပေါင်တွင်းပိုင်းမှာလည်း အရာတွေရှိနေတယ်။ ဘိုးလ်က နာကျင်လွန်းလို့ ကိုယ်ကို ကွေးထားလို့ သူ့တင်ပါးနှစ်ဖက်ကြားက တွင်းပေါက်လေးက ကွဲနေပြီး နီရဲ ယောင်ယမ်းနေတာအရ လိင်ဆက်ဆံတာ သူ့ရဲ့ အထူးဝါသနာဆိုတာ လူတိုင်းမြင်တွေ့ရတယ်။ ဒီဟာကို ကြည့်ရုံနဲ့ ဘိုးလ်က အခြားယောကျာ်းနဲ့ အကြိမ်ကြိမ် လိင်ဆက်ဆံထားတာကို ချက်ချင်း သိမြင်နိုင်တယ်။

ဒီမြင်ကွင်းကြောင့် ဒုတိယမင်းသားရဲ့ မျက်လုံးက မှေးမှိန်သွားတယ်။ ဒီရက်ပိုင်း သူ ဘိုးလ်ကို ထိတောင် မထိရဘူး။ ဒါဆိုရင် သူနဲ့အနီးကပ်ရှိနေတဲ့ ပုပ်ရဟန်းမင်းနဲ့ လိင်ဆက်ဆံနေတာဖြစ်ရတယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းက ဘိုးလ်ပေါ်ကို ပြောဆိုဆက်ဆံတာက လိုတာထက်ပိုပြီး ရင်းနှီးနေတာဖြစ်တယ်။ ဒီအပြစ်ကြောင့် ခမည်းတော်က သူတို့နှစ်ယောက်ကို မီးရှို့ပြီး အပြစ်ပေးလိုက်တာဖြစ်ရမယ်။

ဘိုးလ်နဲ့ပုပ်ရဟန်းမင်းဇာတ်လမ်းကို ခမည်းတော်သိရင် သူနဲ့ဘိုးလ် လိင်ဆက်ဆံထားတာကိုလည်း ခမည်းတော်သိနိုင်တယ်။ သူ့ကိုလည်း မီးရှိုံ့အပြစ်ပေးနိုင်တာ တွေးမိပြီး ကြောက်လွန်းလို့ ဒူးတွေပျော့ခွေကုန်တယ်။

မင်းမျိုးမင်းနွယ်တွေက မျက်စိရှေ့က မြင်ကွင်းကြောင့် ကြောက်ရွံ့စွာညည်းတွားလိုက်ပေမယ့် ခမည်းတော်ကို အနှောက်ယှက်ပေးမိမှာစိုးလို့ပြန်တိတ်သွားကြတယ်။ သူတို့မျက်စိရှေ့မှာပဲ ပုပ်ရဟန်းမင်းနဲ့ ဘုရင် လက်မှတ်ထိုးထားတဲ့ အမိန့်စာလွှာက မီးလောင်ပြာကျသွားခဲ့တယ်။ သူတို့ထင်ထားတာက ဒီပွဲမှာ ဒုတိယမင်းသားက အိမ်ရှေ့စံဖြစ်၊ ဘိုးလ်က နောက်တက်မယ့် ဂိုဏ်းချုပ်ဖြစ်မယ်တွက်ထားပေမယ့် ခမည်းတော်က ဒီအချက်ကို အသိမှတ်မပြုပဲ မီးရှို့ပြစ်လိုက်တယ်။ ဒါဆိုရင်ပုပ်ရဟန်းမင်းပြောတဲ့ ဘိုးလ်က ခမည်းတော်ရဲ့ အချစ်တော်၊ ခမည်းတော်ရွေးချယ်ထားတဲ့ အလင်းတမန်တော်ဆိုတဲ့ စကားက အလိမ်ညာကြီးပဲပေါ့။ ဘိုးလ်ကို ခမည်းတော် ရွေးတာ မဟုတ်လို့ ခမည်းတော်က လိမ်ညာတဲ့ မသန့်စင်တဲ့ လူနှစ်ယောက်ကို မီးရှို့အပြစ်ပေးတာဖြစ်ရမယ်။

စားပွဲပေါ်မှာ သူတို့ ကပ်လှုထားတဲ့ နှင်းဆီဖြူနှစ်ပွင့်က ချက်ချင်း ညိုးနွမ်းပြီး အနံ့ဆိုးထွက်လာတယ်။ ဒီမြင်ကွင်းကြောင့် အားလုံး ကြောက်လန့်ကုန်တယ်။ ဘိုးလ်ကို ခမည်းတော် ရွေးထာမဟုတ်ပဲ ပုပ်ရဟန်းမင်းရွေးထားတာပဲဖြစ်တယ်။ ပြီးတော့ သူတို့က ခမည်တော်နာမည်ကို အလွဲသုံးစားလုပ်သေးတယ်။ ခမည်းတော်က ခါတိုင်း ကောင်းချီးပေးနေရာကနေ ခုလို ပြင်းပြင်းထန်ထန်တုန့်ပြန်တာ ဒါက ပထမဆုံးအကြိမ်ဖြစ်တယ်။ ဒါဆိုရင် သူတို့တင်မြှောက်တဲ့ နှစ်ယောက်လုံးကို လုံးဝမကြိုက်ဘူးဆိုတဲ့ သဘောပဲပေါ့။

ဂိုဏ်းချုပ်ဘုန်းကြီးက ပွဲမစခင် အကြိမ်ကြိမ်တားတော့ တားနေတာပဲ။ သူတို့ကိုက နားမထောင်ပဲ ဆက်လုပ်ခဲ့တာကို ဘုရင်ကြီး သတိရသွားတယ်။ သူက ခမည်းတော်ကို တောင်းပန်ပေးဖို့ ဂိုဏ်းချုပ်ဟောင်းဘဒ်ကို တောင်းပန်လိုက်ပေမယ့် ဂိုဏ်းချုပ်ဟောင်းက သူ့ကို ဒီအတိုင်းပဲ ကြည့်နေလိုက်တယ်။ သူက နန်းတော်ထဲကိုသုံးကြိမ်တိုင်တိုင်သွားပြောပေမယ့် ဘုရင်က ပုပ်ရဟန်းမင်း ငြိုငြင်မှာကြောက်ပြီး သူ့စကားကို ငြင်းပယ်ခဲ့တယ်။ ဘုရင်က ခမည်တော် ငြိုငြင်အောင် လုပ်မိရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကို မေ့နေခဲ့တယ်။ အခု လုပ်ချင်တာ လုပ်ပြီးတော့မှ နောင်တရနေတယ်။

သူလည်း အလင်းနတ်ဘုရားရဲ့ဒေါသကို ပြေအောင် မလုပ်နိုင်ဘူး။ ဒါကြောင့် ဂျိုရှုဝါကို တိုက်တွန်းလိုက်တယ်။

" ငါ့သား...သွားပြီး မင်းရဲ့ ခမည်းတော်ကို ဒေါသပြေအောင် နှစ်သိမ့်လိုက်ပါဦး.။ "

တစ်စက္ကန့်တွင် အချစ်ရူးရှန့်က စိတ်လှုပ်ရှားတာကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့တယ်။ သူက ပုပ်ရဟန်းမင်းကြီးနဲ့ ဘိုးဘ်တို့ အခြေနေ ဆိုးဝါးတာကို မြင်ပြီး ပျော်ရှင်နေတယ်။

ခမည်းတော်က ဘိုးလ်ကို ငြင်းပယ်လိုက်တာလား။ ဒါဆိုရင် ငါ့မှာ အခွင့်ရေးရှိတယ်ဆိုတဲ့သဘောပေါ့....

သူ့မျက်လုံးတွေတောက်ပသွးပေမယ့် ခဏနေတော့ ဒီလိုဝမ်းသာမိတာကို နောင်တရပြီး ခမည်းတော်ရဲ့ ရုပ်တုရှေ့မှာ ဒူးထောက်လိုက်ပြီး အပြစ်ကို ဝန်ခံလိုက်တယ်။ သူ့မျက်စိရှေ့မှာ ဘိုးလ်တို့တင်ထားတဲ့ပန်းတွေ ပြာဖြစ်ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပြီး ချက်ချင်းပဲ ရွှေရောင်ကြိုးမျှင်လေး ကျဆင်းလာပြီးသူ့လက်ကောက်ဝတ်ကို ရစ်ပတ်လိုက်တာကို တွေ့လိုက်ရတယ်။ ရွှေကြိုးက သူ့ကို ဆွဲယူလိုက်ပြီး ခမည်းတော်ရဲ့ လက်မောင်းကြားကို တခါတည်းရောက်သွားစေတယ်။

ကျိုးယွင်ရှန့်က ထိတ်လန့်အံ့အားသင့်နေချိန်မှာ နူးညံ့တဲ့ လက်အထိတွေ့က သူ့ခေါင်းကို အသာပွတ်သပ်ပြီး ဆံပင်တွေကို ဖွလိုက်တာကို ခံစားလိုက်ရတယ်။

ဒါ ခမည်းတော်လား။ ခမည်းတော်က သူ့ကို ဂရုစိုက်တယ်တဲ့လား....

ဒီအတွေးကြောင့် ဂျိုရှုဝါ ရဲ့မျက်ဝန်းထဲ မျက်ရည်တွေ အိုင်ဖွဲ့လာခဲ့တယ်။ သူ ကျောက်ရုပ်လေးလိုဖြစ်နေပြီး နည်းနည်းလေးမှ မလှုပ်ရှားဝံ့ဘူး။ သူ လှုပ်လိုက်ရင် ခမည်းတော် ပွေ့ပိုက်ထားတဲ့ အနေထားလေး ပျက်သွားမှာကို ကြောက်နေမိတယ်။

ပြီးတော့ ပူနွေးတဲ့ အနမ်းတပွင့်က သူ့နဖူးပေါ်ကိုကျရောက်လာတာကို ခံစားလိုက်ရတယ်။ ဂျိုရှုဝါ က မျက်ရည်ပြည့်နေတဲ့ မျက်လုံးများကိုဖွင့်ထားပေမယ့်လည်း သူကမျက်ရည်တွေကို အလွယ်တကူမကျဆင်းအောင် အတင်း အောင့်ထားပြီး နူတ်ခမ်းလေးကိုပဲ ကိုက်ပြီး တောင့်ခံထားရတယ်။ ဒီပုံလေးက သူ့ကို သနားစရာ ချစ်စရာ ပုံလေး ဖြစ်စေတယ်။

ဂျိုရှုဝါ ကို ပွေ့ထားတဲ့ ရုပ်တုနေရာမှာအ စားထိုးဖို့ အလင်းနတ်ဘုရားက အလင်းလွှာတခုကို ဖန်ဆင်းလိုက်တယ်။ သူက ဂျိုရှုဝါ ရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို ညင်သာစွာသုတ်ပေးပြီး ကြင်နာစွာနဲ့ အနမ်းခြွေလိုက်တယ်။ ဂျိုရှုဝါ ရဲ့ မျက်ဝန်းလေးတွေက ထိတ်လန့််နေပြီး တုန်နေတာကို တွေ့တော့ အလင်းနတ်ဘုရားက ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။

သူ့လက်ဖဝါးထဲမှာ တရုတ်နှင်းဆီပန်းနီနီတွေနဲ့လုပ်ထားတဲ့ ပန်းသရဖူးပေါ်လာပြီး ဂျိုရှုဝါ ရဲ့ခေါင်းပေါ်ကို စွပ်ပေးလိုက်တယ်။

ဂျိုရှုဝါ ရဲ့ နဖူးမှာ နက်ရှိုင်းသောချစ်ခြင်းမေတ္တာနှင့် နမ်းပြီး တန်ခိုးနဲ့ ပျောက်ကွယ်သွားတော့တယ်။ အလင်းနတ်ဘုရားရောက်လာပြီး ပြန်လည်ပျောက်ကွယ်သွားတာ မြန်လွန်းတဲ့အတွက် ဒီ ဘုရားကျောင်းထဲက ဘယ်သူမှ မမြင်လိုက်ရဘူး။ ဒါပေမယ့် ဂျိုရှုဝါ ရဲ့ ခေါင်းထက်မှာ ပန်းသရဖူလေး အလိုလျောက်ပေါ်လာတာကို မြင်လိုက်ရတော့ အားလုံးက အံ့အားသင့်သွားကြတယ်။

ပရိတ်သတ်အားလုံးက ကနေ့ သူတို့ စိတ်ဆင်းရဲစရာကို မြင်တွေ့ပြီးနောက် အခု ဂျိုရှုဝါ ရဲ့ ခေါင်းပေါ်ကနှင်းဆီနီနီ ပန်းသရဖူကို တွေ့လိုက်ချိန်မှာ ကောင်းချီးပေးခံလိုက်တဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရကြတယ်။ ဘယ်သူက ခမည်းတော်ရဲ့ အချစ်တော် အစစ်လဲဆိုတာ အားလုံး ရှင်းသွားကြပြီ။ ဂျိုရှုဝါကသာ အလင်းနတ်ဘုရားရဲ့ ချစ်သူလေးဖြစ်ပြီး ဂျိုရှုဝါကို ဆန့်ကျင်တဲ့နှစ်ယောက်က သေတာထက်ဆိုးတဲ စိတ်ဝိဥာဉ်ကို ဖျက်စီးခံရပြီး သေတာကို စောင့်နေရတဲ့ ဘဝမျိုးရောက်နေကြတယ်။

"ငါ့သား၊ ခမည်းတော်က မသိတတ်တဲ့ ကိုးကွယ်သူတွေကို ခွင့်လွှတ်တယ်တဲ့လား။  "

ဂျိုရှုဝါက အရာအားလုံးကို လျစ်လျူရှုပြီး ပန်းသရဖူလေးကို ကိုင်ကြည့်ရင်း ကစားနေလို့ ဂိုဏ်းချုပ်ကြီးက အသာလေး ကပ်မေးလိုက်တယ်။

"ခမည်းတော်က ဘာမှမပြောပါဘူး။ ကျွန်တော် ခမည်းတော်နားမှာ တစ်ယောက်တည်း ခဏနေလို့ရလား။  "

ဂျိုရှုဝါက မျက်ရည်တွေနဲ့ စိုစွတ်တဲ့ မျက်ဝန်းလေးနဲ့ ပြောလိုက်တော့ ဂိုဏ်းချုပ်ကြီးက ချက်ချင်းခွင့်ပြုလိုက်တယ်။

" ငါ့သား သေချာပေါက် နေလို့ရတာပေါ့။ ကျန်တဲ့လူ အားလုံးက ဒီကနေ ထွက်သွားသင့်နေပြီ။ ငါတို့ရဲ့မြင့်မြတ်တဲ့ ပုပ်ရဟန်းမင်းကြီး အပါအဝင် ဒီမှာ မရှိသင့်တော့ဘူး "

ဂိုဏ်းချုပ်ကြီးက ပြောင်ပြောင်တင်းတင်းပဲပြောလိုက်တယ်။ ပုပ်ရဟန်းမင်းကြီးက ခမည်းတော်ကို လိမ်လည်လှည့်ဖျားတဲ့အပြင် ဒေါသထွက်အောင် လုပ်ခဲ့တဲ့အတွက် သူ့ရဲ့ကံကောင်းတဲ့နေ့ရက်တွေ ကုန်ဆုံးသွားတော့မှာ သေချာတယ်။ ပြီးတော့ ဘိုးလ်ရဲ့ အနောက်ပေါက်မှာ ထင်ရှားစွာမြင်နေရတဲ့ ပြင်းပြင်းထန်ထန်လိင်ဆက်ဆံ ထားတဲ့အရာတွေအတွက် သူ သေချာပေါက် ရှင်းလင်းချက်ပေးရတော့မယ်။

အခြားလူက မုဒိန်းကျင့်ခွင့်ပြုတယ်ဆိုရင်တောင်မှ ဒီလိုလုပ်တယ်ဆိုတာ အကြီးမြတ်ဆုံး ပုပ်ရဟန်းမင်းအနေနဲ့ ခမည်းတော်ကို အရိုသေတန်တာဖြစ်ပြီး ခမည်းတော်ချီးမြှင့်ထားတဲ့ အရာအားလုံးကို ပြန်လည်ရုပ်သိမ်းခံရမှာဖြစ်တယ်။

အစေခံနှစ်ယောက်က ဘိုးလ်ကို ကူညီထူမပေးပြီး ကိုယ်ပေါ်မှာ အဝတ်ကို ခြုံလွှမ်းပေးလိုက်ကြတယ်။ သူတို့က ဒီလောက်နှစ်လိုဖွယ်ရုပ်ရည်လေးရှိတဲ့ ဘိုးလ်က ဒီလောက် တဏှာရာဂကြီးလိမ့်မယ်လို့ လုံးဝကို ထင်မထားမိကြဘူး။ ဘိုးလ်ကို ကူညီပေးပြီးနောက် သူတို့လက်ကို ရေစင်တော်နဲ့လောင်းပြီး အညစ်ကြေးတွေကို ဆေးပြစ်ချင်စိတ်တွေပေါက်လာကြတယ်။

ပုပ်ရဟန်းမင်းကြီးကို မင်းကြီးက ဖြစ်သမျှကို မေးမြန်းလိုက်တယ်။ ဒီလိုဖြစ်သွားတဲ့ အကြောင်းရာနဲ့ပတ်သတ်ပြီး တာဝန်ယူသင့်တယ်လို့ အားလုံးက ထင်နေကြတယ်။ ခင်ဗျားကြီးပဲ ဘိုးလ်က စစ်မှန်တဲ့ အလင်းစေတမန်ပါ။ ခမည်းတော်ရဲ့ အချစ်တော်လေးပါ။ ခမည်းတော်ရဲ့ ရွေးချယ်သူလေးပါလို့ ပြောခဲ့တာ မဟုတ်လား။ ခင်ဗျား နောက်နေတာပဲဖြစ်မယ်။ ဒီလောက် တဏှာကြီးတဲ့ လူလိမ်လေးကို ခင်ဗျားမို့ မြင့်မြတ်သန့်စင်တယ်လို့ ပြောရဲသေးတယ်။

ပုပ်ရဟန်းမင်းကြီးကတော့ ခပ်တည်တည်ပဲ သူက ဘိုးလ်လှည့်စားတာ ခံရတာပါလို့ ပြောပြီး ဒဏ်ရာရထား တာကို အကြောင်းပြပြီး ပြန်နားဖို့ ပြင်လိုက်တယ်။ အခု ဖြစ်သမျှ ကို ဘုရင်ကြီးပဲ တာဝန်ယူ ရှင်းသင့်တယ်လို့ပြောပြီး အခမ်းနားကနေ ထွက်သွားတော့တယ်။


ဒီနောက် မင်းကြီးက ဖြစ်သမျှကို ပရိတ်သတ်အားလုံးကို အနူးညွတ်တောင်းပန်လိုက်ပြီး ဘိုးလ်ကို ဂိုဏ်းချုပ်ခန့်အပ်တာကို ပြန်ရုပ်သိမ်းဖို့ ပြောလိုက်ချိန်မှာ ဒုတိယ မင်းသားရဲ့ခေါင်းပေါ်က ဆောင်းထားတဲ့ သူရဖူက ကျောက်က အသံမြည်ပြီး တစ်စစီကွဲကြေသွားတော့တယ်။ အလင်းကျောက်တုံးက ဖုံမှုန့်လိုဖြစ်ပြီး မြေပြင်ပေါ် ကျသွားတယ်။ သရဖူက သံချေးကိုက်ဟောင်းနွမ်းနေတဲ့ သရဖူအဖြစ်ကို ပြောင်းလဲသွားတယ်။

"ဟင့်အင်း၊ ဒါ မဟုတ်ဘူး! ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး"

ဒုတိယမင်းသားက သရဖူကိုကိုင်ပြီး ကြမ်းတမ်းစွာ ပြောလိုက်တယ်။ သူက သရဖူကို ညစ်ကိုင်လိုက်တာကြောင့် ချက်ချင်းပဲ သရဖူက ပုံပျက်ပန်းပျက်ဖြစ်သွားတော့တယ်။

 
" ငါ့ခင်ပွန်းသည် သေဆုံးတာ မင်းနဲ့ဘာမှ မပတ်သတ်ပါဘူးလို့ ကောင်းကင်ဘုံက ခမည်းတော်ကို ကျိန်တွယ်ပြီး မင်းပြောရဲသလား။ "

ကွယ်လွန်သွားတဲ့ ပထမမင်းသားရဲ့ကြင်ယာတော်က မေးလိုက်တယ်။
ဒုတိယမင်းသားက ခေါင်းကို ခါယမ်းလိုက်တယ်။ လူတိုင်းရဲ့ သံသယနဲ့စူးစမ်းတဲ့ အကြည့်စူးအောက်မှာ သူက အရမ်းကို ထိတ်လန့်သွားခဲ့တယ်။

" ဟား..ဟား...ဟား..ဒီဟာက ခမည်းတော် မင်းကို အပြစ်ပေးတာဖြစ်တယ်။ မကောင်းတဲ့လူမှ မကောင်းတဲ့ သရဖူ အပျက်ကို ဆောင်းနိုင်မှာဖြစ်တယ်။   "

ကွယ်လွန်သွားတဲ့ ပထမမင်းသားရဲ့ကြင်ယာတော်က ကျေနပ်စွာ လှောင်ပြောင်လိုက်တယ်။

" မဟုတ်ဘူး။ ငါ ဘာမှ မလုပ်ဘူး "
ဘုရင်ကြီးက အသက်အများကြီး အိုစာကျသွားသလိုခံစားလိုက်ရပြီး မျက်နှာကို လက်ဖဝါးနဲ့ အုပ်ပြီး ငြိမ်ကျသွားတော့တယ်။ သူ ဘာတွေတွေးနေတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။

=================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now