Arc_ 10.10 _ Joshua

5.9K 667 0
                                    

Arc_ 10.10 _ Joshua

ဂါကာမြို့တော်ကနေ ထွက်ခွာလာရတဲ့အတွက်ထင်တယ် အချစ်ရှုးရှန့်က တိတ်ဆိတ်နေပြီး ခန္ဓာကိုယ်ကို လွှမ်းမိုးထိန်းချုပ်ဖို့ မကြိုးစားတော့တဲ့ အတွက် ကျိုးယွင်ရှန့် စိတ်သက်သာရာရသွားတော့တယ်။

ခရီးထွက်တဲ့လမ်းတလျှောက်မှာ အချစ်ရှုးရှန့်က သက်တောင့်သက်သာ ရှိတဲ့ မြင်းရထားမှာ လိုက်ပါလာပြီး တနေ့ကို လေးနာရီလောက် အလင်းနတ်ဘုရားကို ရှိခိုးခြင်းနဲ့ အရုပ်လေးကို ထုလုပ်ပြီးနောက် အိပ်ပျော်သွားတော့တယ်။

ပုပ်ရဟန်းမင်းကြီးလည်း သူတို့နှင့်အတူ ဒီခရီးလမ်းကို လိုက်ပါလာခဲ့တယ်။ သူတို့က ခရီးတစ်ထောက်တော့ တူညီတယ်။ိနတ်သူငယ်နဲ့ သားရဲလူသားရွာကို ဖြတ်သန်းပြီး တဖွဲ့က အနက်ရောင် သစ်တောကို သွားမှာဖြစ်ပြီး တဖွဲ့က အလင်းဘုရားကျောင်း ဌာနချုပ်ကို ပြန်မှာဖြစ်တယ်။


ကျိုးယွင်ရှန့်က ဒီတိုက်ကြီးက ငြိမ်းချမ်းမှုမရှိကြောင်း သိထားပေမယ့် ဂျိုရှုဝါရဲ့မှတ်ဉာဏ်ထဲကထက် တကယ့်လက်တွေ့အခြေနေတွေက အတော့်ကို ဆိုးဝါးလှတယ်။ နတ်ဆိုးမြူက နေရာတကာမှာရှိပြီး  မြို့တစ်မြို့မှဖြတ်သွားတိုင်း နတ်ဆိုးမြူပူးကပ်ခံရတဲ့ လူတွေကို တွေ့နေရတယ်။ လူတိုင်းက သတ်ဖြတ်ခံရခြင်း ဒါမှမဟုတ် အမြဲခြောက်ခြားနဲ့ ဘဝမှာနေရခြင်းကြောင့် လုံခြုံအေးချမ်းမှုဆိုတာကို ဘယ်နေရာမှ ရှာမတွေ့အောင်ဖြစ်နေတယ်။

နတ်ဆိုးမြူကြောင့် နေရာတိုင်းမှာ ပုပ်ဆွေးပျက်စီးခြင်းကို ကြုံနေရပြီး အပင်တွေနဲ့ သတ္တဝါတွေက အမှောင်မိုက်ထဲ ဖုံးကွယ်နေပြီး တိုက်ခိုက် နိုင်မယ့် အခွင့်အလမ်းကိုစောင့်ဆိုင်းနေကြတယ်။ ဒီဒေသမှာ ကုန်းမြေနဲ့ ရေတောင် မည်းနက်သွားပြီး သစ်ပင်တွေလည်း ညှိုးနွမ်း သွားတယ်။  ဒီဟာတွေက ကျိုးယွင်ရှန့် နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ မြင်ကွင်းတွေဖြစ်တယ်။

ဒီလိုအခြေအနေမျိုးကြုံလို့ ဘာမှမလုပ်ရင် အခြေအနေက ပိုပိုပြီးဆိုးရွားလာလိမ့်မယ်။ အလင်းနတ်ဘုရားအနေနဲ့ ဒီကုန်းမကြီးပေါ်မှာ သနားကရုဏာပြသင့်သည်မဟုတ်လား။ အလင်းနတ်ဘုရားက အမှောင်နတ်ဆိုးနဲ့ သူ့ရဲ့နတ်ဆိုးမြူကို တိုက်ထုတ်ဖို့ အလင်းစွမ်းအင်ကို ထုတ်သုံးသင့်တယ်မဟုတ်လား။ ဒီလိုသာ ကြည့်နေရင် သူ့ကိုကိုးကွယ်ယုံကြည်တဲ့ နောက်လိုက်တွေ တယောက်မှတောင်ကျန်မှာ မဟုတ်တော့ဘူး။ အလင်းနတ်ဘုရား အန်ဒိုးနစ်က ဘာကြောင့် ပရိတ်သတ်တစ်ယောက်လို သွေးအေးအေးနဲ့ ကြည့်နေရတာလဲ။ သူက အမှောင်နတ်ဆိုးကို ရင်ဆိုင် မတိုက်ခိုက်နိုင်လို့လား။

ကျိုးယွင်ရှန့်က ဒီလိုတွေးတောလိုက်မိတာနဲ့ အချစ်ရူးရှန့်က ချက်ချင်းနိုးလာပြီး ခမည်းတော်ဘက်ကနေ အသည်းအသန် ရှေ့နေလိုက်ပေးတော့တယ်။ ပြီးတော့ ကျိုးယွင်ရှန့်ကို ခေါင်းကိုက်အောင် ဒဏ်ခတ်တော့တယ်။ ဒါကြောင့် ကျိုးယွင်ရှန့်လည်း ဒီအကြောင်း ဆက်မတွေးဝံ့တော့ဘူး။

ပုပ်ရဟန်းမင်းကြီးရဲ့အဖွဲ့ဟာ သူ့နောက်မှာ နောက်ကျကျန်ရစ်ခဲ့တယ်။  သူတို့က နတ်ဆိုးများနှင့်တွေ့ဆုံတဲ့အခါ တိုင်းပုပ်ရဟန်းမင်းကြီးကို ကာကွယ်စောင့်ရှောက်တဲ့ စစ်သည်များနှင့်အခြား အလင်းဘုန်း ကြီးတွေက နတ်ဆိုးတွေကို သတ်ဖြတ်ဖို့ အတူပူးပေါင်းကြလို့ ပုပ်ရဟန်းမင်းကြီးက ဘယ်အခါမှ ထွက်လာပြီး တိုက်ခိုက်တာ မရှိခဲ့ဘူး။ သူတို့အုပ်စုကို ကာကွယ်ပေးတဲ့ အလင်းစည်းဝိုင်းကို အခြားသော အလင်းဘုန်းကြီးတွေကပဲ ဝိုင်းဝန်း တည်ဆောက်ကြတာဖြစ်တယ်။

နောက်ဆုံး ကျိုးယွင်ရှန့်က ဒီအဖြစ်ပျက်ကို ဆက်တွေးဖို့တောင် စိတ်ပျက်လာတယ်။ ဘိုးလ်နဲ့ ဒုတိယမင်းသားရဲ့ သရဖူတွေကျိုးပျက်သွားတယ် ဆိုတာ သူသိတယ်။ ဒါဆိုရင် ပုပ်ရဟန်မင်းကြီးရဲ့ လက်ကိုင်ကျိုင်းလည်း ပျက်စီးသွားသင့်တယ် မဟုတ်လား။ ပုပ်ရဟန်းမင်းကြီးရဲ့ ရာထူးဂုဏ်ရှိန်တွေ ပြန်ရုပ်သိမ်းပြီး သူ့ကို ပေးထားတဲ့ အလင်းစွမ်းအင်တွေ အားလုံး ပြန်ယူလိုက်ရင်တောင် ပုပ်ရဟန်းမင်းကြီးလုပ်ထားတဲ့ အပြစ်တွေ မကြေနိုင်သေးဘူး။ အခုဆိုရင် ပုပ်ရဟန်းမင်းကြီးပေါ်ကို အလင်းနတ်ဘုရားက ချစ်ခြင်းတွေပေးဖို့ ငြင်းပယ်လိုက်တာတောင် သူက ဘာကြောင့် ခုလို ဆက်လက်ရှိနေရသေးတာလဲ။

ဒီသောက်ကမ္ဘာမှာ အလင်းဘုန်းကြီးတွေရဲ့စွမ်းအားကို အလင်းနတ်ဘုရားက အချိန်မရွေးဖယ်ရှားပစ်နိုင်တဲ့အတွက်ကြောင့် ကျိုးယွင်ရှန့်က အလင်းနတ်ဘုရားကို အတိုက်ခံမလုပ်ဝံ့ဘူး။ ဒီပုံစံအတိုင်းဆိုရင် အလင်းနတ်ဘုရားက ဘယ်သူ့ကို ဖယ်ရှားပစ်မယ်၊ ဘယ်သူ့ကို ထားမယ်ဆိုတာ သူ့စိတ်တိုင်းကျစီမံပြီးအရာအားလုံးကို သူ ခြယ်လှယ်နေတာပဲ။ ဒါဆိုရင် အခုလို တိုက်မကြီးတစ်ခုလုံး နတ်ဆိုးမြူတွေ ပျံ့နှံ့နေတယ်ဆိုတာ သူ့အလိုတိုင်း ခွင့်ပြုထားတာများလား။ ဒါမှ သူ့စွမ်းအားတွေက အရမ်းကိုထင်ရှားမနေပဲ ဖာသိဖာသာ နေလို့ရမယ် မဟုတ်လား။ ကျိုးယွင်ရှန့်က သူ့စိတ်ကူးကို အမြန်ပြန်ရုပ်သိမ်းလိုက်တယ်။ မဟုတ်ရင် အချစ်ရူးရှန့်နိုးလာပြီး သူ့ကို ဒဏ်ခတ်နေမှာစိုးရတယ်။

သွားလေရာ နေရာတိုင်းမှာ ဂျိုရှုဝါက နတ်ဆိုးပူးကပ်သူများကို ဖယ်ခွာစေခြင်း၊ နတ်ဆိုးကို နှီမ်နှင်းခြင်း၊ နတ်ဆိုးမြူကြောင့် ညစ်ညမ်းနေတဲ့ မြေနဲ့ရေကို သန့်ရှင်းပေးခြင်း စတဲ့လုပ်ရပ်တွေကြောင့် သူက နာမည်ကြီးလာတယ်။ အထူးသဖြင့် ဆာဂါပြည်ကြီးမှာသူ့ကို မြင့်မြတ်တဲ့ အလင်းဘုန်းကြီးလို့ သမုတ်ခေါ်ဝေါ်ကြတယ်။

သူတို့က လူသားနယ်မြေအဆုံးကနေ နတ်သူငယ်နဲ့ သားရဲတွေရဲ့ နယ်နိမိတ်တလျှောက် ခြေကျင်ခရီးဆက်ခဲ့ကြတယ်။ ဒီဘက်ပိုင်းမှာနတ်ဆိုးမြု လွှမ်းမိုးမှုက ပိုမိုဆိုးဝါးလာတယ်။ နေရာတိုင်း နတ်ဆိုးမြူတွေ ဖုံးနေပြီး မသိရင် အမှောင်နတ်ဆိုးရဲ့ တောအုပ်လိုဖြစ်နေတယ်။ ပြီးတော့ နတ်ဆိုးပူးကပ်ခံရတဲ့ အဆင့်မြင့် သားရဲတွေလည်း မကြာခဏထွက်ပေါ်လာတတ်တယ်။

သူတို့နောက်မှာ လိုက်ပါလာတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အုပ်စုက နတ်ဆိုးသားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံရတယ်။ အင်အားကြီးတဲ့ အလင်းစွမ်းအင်ပိုင်ရှင်ရဲ့ ကာကွယ်ပေးမှုမရှိတဲ့အတွက် စစ်သည်တော် အတော်များများ သေကြေပျက်စီးကြတယ်လို့ကြားတော့ ကျိုးယွင်ရှန့်ရဲ့ သံသယ ပိုမိုခိုင်မာလာတယ်။ သူက အခြားအဖွဲ့ကို ကူညီပေးဖို့ စိတ်မဝင်စားလို့ ဖာသိဖာသာပဲနေလိုက်တယ်။ ဒီပုပ်ရဟန်းမင်းက သူ့ရဲ့ အလင်းစွမ်းအင်ရှိတဲ့ ဝတ်ရုံနဲ့ ကျိုင်းကို လိုချင်တပ်မက်တဲ့ မျက်လုံးနဲ့ စိုက်ကြည့်နေခဲ့တာကို သူ မမေ့သေးဘူး။ ဒါကြောင့် ဒီပုပ်ရဟန်းမင်း သူနေတဲ့ ကျောင်းတော်ကို ပြန်ရောက်ပြီး သေသွားမယ်ဆိုရင် အကောင်းဆုံးပဲ။

ကင်းလယ်ဗယ် ( ဘုရင်အဆင့်) ရှိတဲ့ နတ်ဆိုးကျားကြီးတစ်ကောင်က ခြုံပုတ်ထဲကနေ ကျိုးယွင်ရှန့်တို့ လူစုဆီကို လာရောက်တိုက်ခိုက်တယ်။ ဒီကျားကြီးရဲ့ကိုယ်ကနေ အနက်ရောင် အခိုးအငွေ့နဲ့ အနက်ရောင်မိးလျှံတွေ ထွက်နေပြီး ဒီမီးလျှံတွေက အဝတ်စား၊ လက်နက်၊ လူသားတွေကို ထိမိသွားရင် အရိုးထိအောင် လောင်ကျွမ်းစေတဲ့ငရဲမီးလျှံ တွေလိုဖြစ်တယ်။ ကျားကြီးရဲ့ မျက်လုံးက ရဲရဲနီနေပြီး ဒီနတ်ဆိုး မီးလျှံကို အလင်းနတ်ဘုရားရဲ့ စွမ်းအင်နဲ့မှာ တိုက်ခိုက်နိုင်မှာဖြစ်တယ်။

ဒီနတ်ဆိုးသားရဲ့ကျားကြီးကို ဘယ်သူမှ ရင်မဆိုင်ရဲကြဘူး။ ဒါပေမယ့် ကျိုးယွင်ရှန့်က သစ်သားရထားလုံးထိပ်မှာ ထိုင်နေပြီး ခြေထောက်တစ်ဖက်ကို ကွေးပြီး ခြေထောက်တစ်ဖက်ကို တွဲလောင်းချထားတယ်။ သူ့လက်ထဲမှာ ကျိုင်းကိုကိုင်ထားတာ မရှိပေမယ့် သူ့ဆီက ဖြာထွက်လာတဲ့ အလင်းစွမ်းအင်က ဒီတိုက်မကြီးမှာ ဘယ်သူမဆိုထက် ပိုမိုအားကောင်းပြီး နတ်ဆိုးကျားကို ကာကွယ်ဖို့ ကောင်းကောင်းလုံလောက်နေတယ်။ ပုပ်ရဟန်းမင်းကြီးအဖွဲ့မှာ အလင်းဘုန်းကြီးတစ်ချို့က လက်တွဲပြီး လူစုကို ကာကွယ်ဖို့ အလင်းစက်ဝိုင်းကို ဖန်တီးပေမယ့် အားနည်းနေပြီး ခဏကြာတော့ အလင်းစွမ်းအားတွေ တဖြည်းဖြည်း လျော့ပါး ပျောက်ကွယ်စပြုလာတယ်။

ခုန်ပေါက်တိုက်ခိုက်နေတဲ့ နတ်ဆိုးသားရဲကျားကြီးက လူငယ်လေးဆီက ထွက်ပေါ်နေတဲ့ အလင်းစွမ်းအင်ရဲ့အရှိန်ကို ခံစားမိပြီး အနားကို မကပ်ပဲရှောင်ရှားလို့နေတယ်။ ဒါပေမယ့် တခါတလေ အခြား စစ်သည်တော်များရဲ့တိုက်ခိုက်မှုကိုရှောင်ရှားဖို့ လူငယ်လေးနားကို ကပ်သွားမိတိုင်း အလင်းစက်ဝန်းထဲရောက်သွားတော့ မီးလောင်တာထက် ဆိုးတဲ့ နာကျင်မှုကြောင့်သူ့ကိုယ်က ပေါက်ကွဲမလို ခံစားလိုက်ရပြီး ကောင်လေးနား ကပ်ဖို့ပိုပိုကြောက်လာခဲ့တယ်။

ဒါကြောင့် သူ့ဒေါသကို အခြားအဖွဲ့ကို သည်းသည်း မည်းမည်း တိုက်ခိုက်ခြင်းနဲ့ ဖောက်ခွဲနေတော့တယ်။

ရလဒ်အနေနှင့် ပုပ်ရဟန်းမင်းကြီးအဖွဲ့က နတ်ဆိုးကျားရဲ့ ဒေါသအရှိန်အားလုံးနီးပါးကို ခံလိုက်ရပြီး မိနစ်အတွင်း လူအင်အားထက်ဝက်ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်။ အလင်း ဘုန်းတော်ကြီးတစ်ပါးက ဆက်လက် တောင့်မခံနိုင်တော့ပဲ လှမ်းပြောခဲ့တယ်။

 "ဘုန်းတော်ကြီးဂျိုရှုဝါ၊ ငါတို့ကို ကူညီပေးပါ။ ပုပ်ရဟန်းမင်းကြီးကို ကာကွယ်ဖို့ မင်းမှာ တာဝန်ရှိတယ်ဆိုတာ မမေ့ပါနဲ့။  "

ကျိုးယွင်ရှန့်က မုတ်ဆိတ်ရိတ်တဲ့ ကရိယာကို ချလိုက်ပြီး သူ့ပါးပြင်ကို လက်နဲ့ သပ်ကြည့်ရင်း ဖြေလိုက်တယ်။

 " ဘုန်းကြီးပြောတဲ့ စကားက နည်းနည်းလွဲနေပြီထင်တယ်။ တကယ်ဆိုရင် အင်အားကြီးသူက အင်အားနည်းသူကို ကာကွယ်ပေးရမှာ မဟုတ်ဘူးလား။ ကျွန်တော်က အခုမှ အလင်းဘုန်းကြီးပေါက်စလေးပဲ ဖြစ်ပြီး အသက် 18 နှစ်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီး အသက် 300 ကျော်ပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးကို ယှဉ်နိုင်မှာလဲ။ ပြီးတော့  ခင်ဗျားတို့က ကျွန်တော့်လက်အောက်က လူတွေမဟုတ်ဘူး။ ပုပ်ရဟန်းမင်းကြီးရဲ့ လူတွေဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီးကို လာကူပေးဖို့ အကူညီတောင်းသင့်တယ် မဟုတ်လား။   "

ဂျိုရှုဝါရဲ့ စကားကြောင့် အလင်းဘုန်းကြီးတွေက ဆွံ့အသွားပြီး သူတို့လူစုနောက်က ရထားလုံးထဲက ပုပ်ရဟန်းမင်းကြီးကို လှမ်းကြည့်လိုက်ကြတယ်။

ပုပ်ရဟန်းမင်းရဲ့နဖူးက ချွေးတွေထွက်လာတယ်။ ဘာဖြစ်နေတယ်ဆိုတာ သူသာ သိတယ်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ မည်သည့်တိုက်ပွဲများတွင်မှ မပါဝင် ခဲ့ပေမယ့် သူ့ခန္ဓာကိုယ်ရဲ့ အလင်းစွမ်းအားသည်ဖြည်းဖြည်းချင်းယိုစိမ့်ထွက်နေတယ်။ ဒီနုန်းနဲ့ဆိုရင် သူက အနှေးနှင့်အမြန် သာမန်လူသားတစ် ဦး အဖြစ်သို့ပြောင်းလဲသွားလိမ့်မယ်။ သူက တစ်ချိန်က သာလွန်မြင့်မြတ်တဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ခဲ့ဖူးတယ်။  အလင်းစွမ်းအားကို ဆုံးရှုံးလိုကရတဲ့ အလင်းဘုန်းကြီးတွေက မထီမဲ့မြင်ပြုခံရခြင်းနှင့် အထီးကျန်ခြင်းကို ခံစားနေရတဲ့ အလင်းဘုန်းကြီးတွေအကြောင်းကို အခြားလူတွေထက် သူ ပိုသိတယ်။ ဒါကြောင့် လမ်းတစ်လျှောက် သူက ခမည်းတော်ထံ အလွန်အမင်း ဆုတောင်းမှုပြုခဲ့ပေမယ့် ခမည်းတော်ဆီက လက်ဆောင်တစ်ခုရလိုက်တာထက် သူရဲ့ အလင်းစွမ်းအားက ပိုမိုမြန်ဆန်စွာ အပြင်ကို ယိုစီးဆင်းလာခဲ့တယ်။ ဒါကြောင့် သူက ခမည်းတော်ထံမှ လုံးဝငြင်းပယ်ခံခဲ့ရသည်ကို သဘောပေါက်လိုက်တယ်။

အခုချိန်မှာ သူက အလင်းစက်ဝန်းကို ဖန်တီးနိုင်ဖို့နေနေသာသာ သူ့ကိုယ်ကနေ အလင်းစွမ်းအင်တွေ ဆက်တိုက် စီးထွက်နေတယ်။ မကြာခင် သူ့အနာဂါတ်က ဘယ်လိုဖြစ်တော့မယ်ဆိုတာ သူ ကြိုမြင်လို့နေပြီ။

အခု သူ အပြင်ကို ထွက်သွားရမလား၊ မထွက်ပဲ နေရမလား။ ဒါက သူ့ရွေးချယ်မှု လုပ်လို့ရတဲ့ အရာလို့မထင်ဘူး။ ပုပ်ရဟန်းမင်းကြီး က အံကို တင်းတင်းကြိတ်ထားပြီး အမူယာက ရှုံတွနေတယ်။ သူက ဂျိုရှုဝါကို အရိုးထဲထိကို မုန်းတီးလို့နေတယ်။

ဒါပေမယ့် ဒီကမ္ဘာ့ဇာတ်ကောင်တစ် ဦး အနေနဲ့ ဒီကုန်းပြင်မြင့်မှာ သူက ကောင်းတဲ့ ကံကြမ္မာ နည်းနည်းရှိနေသေးတယ်။
ဒါကြောင့် သူက ရထားလုံးရဲ့ ကန့်လန့်ကာကိုဖွင့်တော့မည့်အချိန်မှာ သူ၏အဖွဲ့အပေါ် အလင်းရောင်ဝိုင်းရံလာခဲ့တယ်။  ပါးလွှာတဲ့လေထုထဲမှာ အလင်းစက်ဝိုင်းပေါ်လာပြီး နတ်သူငယ်တွေနဲ့ သားရဲတချို့ပေါ်လာခဲ့တယ်။ သူတို့က ကင်းလယ်ဗယ် အလယ်ဆင့်ကို ရောက်နေကြပြီဖြစ်ပြီး အားလုံးရဲ့စွမ်းအားကို စုပေါင်းလိုက်ချိန်မှာ ကင်းလယ်ဗယ် အထွတ်ထိပ်အဆင့်ကို ရောက်နေတဲ့ နတ်ဆိုးကျားကြီးကို အလွယ်တကူပဲ သတ်ဖြတ်လိုက်နိုင်တယ်။ သူတို့ဆီက အလင်းမြှားတွေက ကျားရဲ့ မျက်လုံးကြားကို စိုက်ဝင်သွားပြီး ကျားကြီးသေဆုံးသွားတယ်။ ပြီးနောက် ကျားကြီးက အရည်ပျော်သွားပြီး နတ်ဆိုးမြူတွေက အမြူတေလုံးထဲမှာ ခိုဝင်သွားတော့တယ်။ ဒီအမြူတေလုံးကို စားမိတဲ့ အခြား သားရဲတစ်ကောင်က နတ်ဆိုးပူးကပ်ခြင်းကို ခံရမှာဖြစ်တယ်။

အဖြူရောင်ဘုန်းကြီးဝတ်ရုံကို ၀ တ်ဆင်ထားတဲ့ ဘုန်းကြီးတစ်ပါးက သစ်ပင်တစ်ပင်က ခုန်ဆင်းလာပြီး ဒီ အမြူတေကို ကောက်ယူပြီး ဂါထာရွတ်ဆိုပြီး နတ်ဆိုးမြူကို သန့်စင်လိုက်တယ်။ အမြူတေထဲက နတ်ဆိုးမြူ မရှိတော့မှ သူ့အဖော်ကို လှမ်းပေးလိုက်တယ်။ ဒီဘုန်းကြီးက ရွှေရောင်ဆံပင်ရှည်တွေက တံခေါက်ကွေးထိ ကျဆင်းနေပြီး မြစိမ်းရောင် မျက်လုံးတွေကို ပိုင်ဆိုင်ထားတယ်။ သူ့လက်ထဲမှာ ကျိုင်း တစ်ခုကို ကိုင်ဆောင်ထားပြိး အလင်းကျောက်တုံး ၃ ခုကို တပ်ဆင်ထားတယ်။ ဒါကိုကြည့်ပြီး သူက နတ်သူငယ်မျိုးနွယ်စုထဲက  ဒုတိယပုပ်ရဟန်းမင်း ဘိုဝင်ဒဲရက် ဖြစ်တယ်။

နတ်သူငယ်မျိုးနွယ်စုတွေက လူတွေနဲ့ မဆက်ဆံလိုတာကြောင့် သူတို့ဘုရားကျောင်းက ဗဟိုဘုရားကျောင်းနှင့် လွတ်လပ်စွာနေပြီး သူတို့ရဲ့ အလင်းဘုန်းကြီးတွေက ပုပ်ရဟန်းမင်းကြိးရဲ့ အမိန့်ကို နာခံဖို့ မလိုအပ်ပေ။ ဒါပေမယ့် ဘိုဝင်ဒဲရက်နဲ့ ပုပ်ရဟန်းမင်းကြီးက သူငယ်ချင်းဟောင်းတွေဖြစ်ကြတယ်။

 ဘိုဝင်ဒဲရက်က ပုပ်ရဟန်းမင်းကြိးကို ကူညီဖို့ ငြင်းဆန်တဲ့ ကောင်လေးကို အေးစက်စက်မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီးသူ့သူငယ်ချင်းရှိတဲ့ ရထားလုံးထဲကို ဝင်လိုက်တယ်။

"ဟေး...ငါ့ရဲ့ သူငယ်ချင်းဟောင်းကြီး , မင်းအဆင်ပြေရဲ့လား"

သူက တိုးတိုးပြောလိုက်တယ်။ ပုပ်ရဟန်းမင်းကြီးက ခါးသီးပြင်းထန်စွာပြုံးပြလိုက်တယ်။

" ငါဟာ ပိုကောင်းလာပါပြီ။ ငါ အဆင့်မြင့်နတ်ဆိုးကို တိုက်ခိုက်ရင်း ဒဏ်ရာရသွားတယ်။ "

သူကဒီအင်္ကျီကိုဖွင့်လိုက်တာနဲ့  ဘိုဝင်ဒဲရက်က သူ့ရင်ဘတ်က  သူက နတ်ဆိုးမြူတိုက်စားခြင်းကြောင့် ဖြစ်လာတဲ့ ကြီးမားတဲ့ ဒဏ်ရာနက်နက်ကြီးကို မြင်လိုက်ရတယ်။

ဒါက ပုပ်ရဟန်းမင်းကြီးရဲ့အစီအစဉ်ပဲ။ သူသည် ဘိုးလ်ကို ဘယ်သူ ကယ်တင်သွားတာကို သိတယ်။ ဒါ့အပြင် နတ်ဆိုးမြူတွေ ဘယ်လောကိုယိုစိမ့်ထိုးဖောက်ဝင်နေတယ်ဆိုတာကိုလည်း သိတယ်။

ထို့ကြောင့် သူက နတ်ဆိုးမြူအချို့ကို ဓားထဲမှစုဆောင်းထားပြိး သူ့ရင်ဘတ်ကို ဓားနဲ့ ကိုယ့်ဖာသာထိုးသွင်းလိုက်ပြီး သူ့ဆီမှာ အလင်းစွမ်းအားတွေ နည်းပါးသွားတာကို ဖုံးကွယ်ထားခဲ့တယ်။ ဒီလိုလုပ်တာ သေမလောက် နာကျင်တယ်ဆိုပေမယ့် သူ့ရာထူးကို ထိန်းသိမ်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ဗဟိုဘုရားရှိခိုးကျောင်းသို့ပြန်သွားသည်နှင့် နတ်ဆိုးမြူကို ဖယ်ရှားဖို့ သန့်ရှင်းသောရေအမြောက်အမြားရှိခဲ့တယ်။ ဒီနတ်ဆိုးမြူကို အလွယ်တကူ ပြန်လည်ဖယ်ရှားပစ်ဖို့ စီမံထားတယ်။

ဘိုဝင်က ဒဏ်ရာကိုစေ့စေ့ကြည့်ရှုခဲ့ပြီးနောက် သူ့မျက်နှာရုတ်တရက်ပြောင်းလဲသွားတယ်။

"ဒီနတ်ဆိုးမြူက အရမ်းကိုပြင်းထန်တယ်။  အမှောင်ချောက်နက်ထဲက နတ်ဆိုးဘုရင်ကသာ ဒီလိုဒဏ်ရာကို ချန်ထားရစ်နိုင်မှာ။ "

နတ်ဆိုးဘုရင်လား? ဒါဆို အကြောင်းပြချက်ပေးဖို့ ပိုကောင်းသွားတာပေါ့။ ပုပ်ရဟန်းမင်းကြီးကပြုံးလိုက်သည်။

ဘိုဝင်က ချက်ချင်းကုသမှုနည်းစနစ် အနည်းငယ်ကို သုံးပြီး အလင်းစွမ်းအင်တွေကို ပုပ်ရဟန်းမင်းကြီးကိုယ်ထဲ ထည့်သွင်းပေးလိုက်တော့ ဒဏ်ရာက နည်းနည်းသက်သာလာတယ်။

" ဘိုးလ်လို့ခေါ်တဲ့ အလင်းဘုန်းကြီးတစ်ပါး ငါတို့နယ်မြေထဲမှာရှိတယ်။ သူက ဂျိုရှုဝါလို့ခေါ်တဲ့ အလင်းဘုန်းကြီးတစ်ပါးက မင်းကို ဆန်ကျင်နေတယ်လို့ ပြောတယ်။ ဘိုးလ်က ငါတို့နယ်မြေကို ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ရောက်လာခဲ့တယ်။ ဂျိုရှုဝါက ဘယ်လိုကြောင့် ဘိုးလ်ကို ခုလို ပြင်းထန်တဲ့ဒဏ်ရာရအောင် လုပ်ရက်တာလဲ။ မင်း ဘာတွေ ကြုံတွေ့ခဲ့ရသေးတာလဲ....  "

ဘိုးလ်က ဒီအကြောင်းကို ပြန်ပြောပြတော့ မတည်မငြိမ်ဖြစ်နေပြီး ထုတ်ပြောဖို့ခက်ခဲနေတာကို သူတို့ တွေ့လိုက်ရတယ်။ ဒါကြောင့် ဘိုးလ်ပြောတာက မရှင်းမလင်းဖြစ်နေပြီး ဘာဖြစ်ခဲ့တယ်ဆိုတာကို နတ်သူငယ်ဘုရင်နဲ့ သားရဲဘုရင်တို့က သေချာမသိကြဘူး။ ဘိုးလ်က ညအိပ်တိုင်း အိပ်မက်ဆိုးတွေ မက်ပြီး ကြောက်လန့်တကြားအော်ဟစ်နေတာကို ကြားသိရတော့ ဂျိုရှုဝါကြောင့် ခုလိုဖြစ်တယ်ပဲ ထင်ပြီး ဂျိုရှုဝါကို မုန်းတီးနေကြတယ်။

သားရဲမျိုးနွယ်က အစက သီးသန့်နေထိုင်ကြပေမယ့် အခုတော့ နတ်ဆိုးမြူတွေ ဖုံးလွှမ်းလာလို့ သူတို့ဒီတောထဲ စုစည်းနေထိုင်ကြတယ်။ သူတို့ မျိုးနွယ်တွေ အသက်ရှင်သန်ဖို့ ဘိုးလ်ကို ထောက်ခံပေးမှ ရမယ်လို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် ဘိုးလ်က ခုလို အနာတရနဲ့ ရောက်ရှိလာကြတော့ သားရဲဘုရင်က ရင်နာစွာ ခံစားလိုက်ရတယ်။ ဒါကြောင့် သူတို့တွေက ဂျိုရှုဝါကို မတွေ့ဖူးကြသေးပေမယ့် ရန်သူအဖြစ် သတ်မှတ်လိုက်ကြတာဖြစ်တယ်။.

ပုပ်ရဟန်းမင်းကြီးရဲ့မျက်လုံးတွေ တောက်ပသွားပြီး သူက သက်ပြင်းရှိုက်လိုက်တယ်။

"ဒါက ပြိုင်ဆိုင်မှုကိစ္စ သက်သက်ပါ.. ဂျိုရှုဝါက ဆာဂါပြည်ရဲ့ နောက်တက်မယ့်ဂိုဏ်းချုပ်အဖြစ် လျာထားခြင်းခံရပေမယ့် ဘိုးလ်ရောက်လာတော့ သူ့အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်.."

ပုပ်ရဟန်းမင်းကြီးက အမှန်တရားတစ်ခုကို မပြောဘဲ တစ်စိတ်တစ်ဒေသကိုပဲ ဖြတ်ပြောပြီး ရပ်လိုက်တယ်။ 'အမှန်တရားရဲ့ တစ်စိတ်တစ်ဒေသက အကြီးမားဆုံးသော လိမ်ညာစကား' ပဲဖြစ်တယ်။ ဒီလိုစကားကို လိုသလိုဖြတ်ပြောလိုက်တော့ အဓိပ္ပါယ်က တစ်မျိုးသက်ရောက်သွားတယ်။ ပုပ်ရဟန်းမင်းက နတ်သူငယ်မျိုးနွယ်စုတွေရဲ့ ယှဉ်ပြိုင်မှုတွေမှာ သမာသမတ်ကျကျ ရိုးသားစွာယှဉ်ပြိုင်တတ်ကြပြီး ဒီလိုကိစ္စမျိုးမှာ အင်မတန်ကို မာနကြီးတတ်ကြတယ်ဆိုတာ သိထားတယ်။ ဒါကြောင့် နတ်သူငယ်မျိုးနွယ် ဒုတိယပုပ်ရဟန်းမင်းကို ဂျိုရှုဝါနဲ့ ရန်တိုက်ပေးလိုက်တာပဲဖြစ်တယ်။

ဘိုးလ်ရဲ့မျက်ဝန်းထဲမှာ ရွံ့ရှာစိတ်ပျက်တဲ့ပုံရိပ်တွေ ပေါ်လာလို့ သူဘာမှထပ်မမေးပေမယ့် လုံလောက်ပြီလို့ ပုပ်ရဟန်းမင်းက သိလိုက်တယ်။

"ပြောရမယ်ဆိုရင် တစ်ဖက်အသင်းကို အလင်းဘုန်းကြီးဂျိုရှုဝါက ဦးဆောင်တယ်.. မင်း သူ့ကို အပြင်မှာတွေ့ခဲ့မယ်ထင်တယ်.."

ပုပ်ရဟန်းမင်းက ရထားလုံးအပြင်ကို လက်ညှိုးညွှန်ပြီး ပြောလိုက်တယ်။

"အဲ့တာ သူလား.. အံ့သြစရာတော့ မရှိဘူး.. ဒီလိုလူမျိုးကို အလင်းဘုန်းကြီးလို့ ခေါ်ဆိုနိုင်သေးလား.."

ဘိုဝင်ရဲ့ ဒီကောင်လေးအပေါ်ထားတဲ့ အမြင်က လုံးဝကို အောက်ကိုထိုးကျသွားပြီဖြစ်တယ်။ သားရဲလူသားတွေရောက်လာရင် ဒီကောင်လေး တကယ့်ကို အခက်တွေ့မှာသေချာတယ်။ အဲ့ဒီအခါ သူတို့နှစ်ယောက်က ဝင်မတားဘဲ ဘေးက ရပ်ကြည့်နေရုံပဲ။

"မင်း ဘာကြောင့် မကူညီပေးရတာလဲ.. မင်းမှာ ကာကွယ်ပေးနိုင်စွမ်း ရှိတာပဲမဟုတ်လား.."

သားရဲလူသားတစ်ယောက်က ကျိုးယွင်ရှန့်ရှိရာ လျှောက်လာပြီး မေးလိုက်တယ်။

ကျွဲရိုင်းသားရဲလူသားက ဘွင်းဘွင်းရှင်းရှင်းစရိုက်ရှိသူဖြစ်လို့ သူ့စိတ်ထဲရှိရာ ထုတ်မေးလိုက်တယ်။

ကျိုးယွင်ရှန့်က သူ့ကို ခပ်ပေါ့ပေါ့ပဲ လှမ်းကြည့်လိုက်တယ်။ ဒီကျွဲရိုင်းသားရဲလူသားက နေလောင်နေတဲ့ ကြေးနီရောင်အသားအရေ၊ မျက်ဝန်းပြာပြာနဲ့ နတ်သူငယ်တွေထက် ပိုမိုကြည့်ကောင်းတဲ့ ရုပ်ရည်ရှိတယ်။

ပုပ်ရဟန်းမင်းနဲ့ ဒုတိယပုပ်ရဟန်းမင်းတို့ ပြောနေတဲ့စကားကို ကြားလိုက်ရတဲ့ ရထားလုံးနားကနတ်သူငယ်က သူ့ရဲ့အလင်းမြားကို လူငယ်လေးဆီပစ်ဖို့ ချိန်ရွယ်ရင်း ပြောလိုက်တယ်။

"သူက ဘိုးလ်ကို တိုက်ခိုက်ခဲ့တဲ့ ဂျိုရှုဝါပဲ.."

ဘိုးလ်က နတ်သူငယ်တွေနဲ့ သားရဲလူသားတွေ လေးစားကိုးကွယ်ကြတဲ့သူဖြစ်လို့ ဒီစကားကိုကြားတော့ သူတို့တွေက ဂျိုရှုဝါကိုတိုက်ခိုက်ဖို့ လက်နက်တွေကို ချိန်ရွယ်လိုက်ကြတယ်။

ကျိုးယွင်ရှန့်က နှာခေါင်းရှုံ့ကာ လက်ညှိုးထောင်လိုက်ပြီး အလင်းစွမ်းအင်ကို ဆင့်ခေါ်လို့ သူ့ဆီကို အလင်းမြားတွေမပစ်လွှတ်ခင် နတ်သူငယ်နဲ့ သားရဲလူသားတွေရဲ့ခြေလက်ကို ထိမှန်အောင် အလင်းစွမ်းအင်လွှတ်လိုက်တယ်။ သူက ဂါထာတစ်ပုဒ်တောင်မရွတ်ဘဲ အလင်းစွမ်းအင်ကို အလွယ်တကူယူပြီး တိုက်ခိုက်လိုက်တာဖြစ်လို့ တိုက်ခိုက်ဖို့ပြင်နေတဲ့ နတ်သူငယ်နဲ့ သားရဲလူသားတွေ သွေးသံတရဲရဲနဲ့ မြေပြင်ပေါ်လဲကျကုန်တယ်။

"ဟေ့လူ.. ခင်ဗျားနဲ့ဘိုးလ်ကို ခမည်းတော်က ငြင်းပယ်ခဲ့ပြီးပြီ.. ခင်ဗျားကိုယ်ထဲက အလင်းစွမ်းအင်ကိုလည်း ခမည်းတော်က ပြန်သိမ်းယူသွားပြီ.. ခင်ဗျား ဘယ်လောက်ပဲလှည့်စားပါစေ.. ခင်ဗျားရဲ့ ပုပ်သိုးနေတဲ့စိတ်ဓာတ်ကို တစ်လောကလုံးက မကြာခင် သိလာကြတော့မယ်.. ကျွန်တော် ခင်ဗျားတို့အဖွဲ့နဲ့ ခရီးအတူသွားရတာ သဘောမကျဘူး.. ဒါကြောင့် ခုကစပြီး ကိုယ့်လမ်းကိုယ်သွားတော့မယ်.. ခင်ဗျားတို့ အသက်နဲ့ခန္ဓာမြဲအောင် သေချာထိန်းသိမ်းကြပေတော့.."

ကျိုးယွင်ရှန့်က ဒီစကားကိုပြောပြီး သူအရုပ်ထွင်းထုတဲ့ဓားကို ကောက်ယူလိုက်တယ်။ သူ့ရဲ့တပ်ဖွဲ့ကစစ်သည်တွေနဲ့ အလင်းဘုန်းကြီးတွေက ချက်ချင်း ဂျိုရှုဝါနဲ့အတူ ခရီးဆက်ဖို့ပြင်ဆင်လိုက်ပြီး ပုပ်ရဟန်းမင်းတို့အဖွဲ့ကို လှောင်ပြောင်လိုက်ကြတယ်။ ဒီသစ်တောကို နတ်ဆိုးမြူတွေဖုံးနေပြီး နတ်ဆိုးသားရဲတွေ ပြည့်နှက်နေတယ်။

"သိပ်ကို မောက်မာလွန်းတယ်.."

ဘိုဝင်က ရထားလုံးထဲက ခုန်ထွက်လိုက်ပြီး သူ့ရဲ့ဝါးရှည်ကို ဆင့်ခေါ်လိုက်ပြီး ဂျိုရှုဝါကို တိုက်ခိုက်ဖို့လုပ်လိုက်တယ်။ သူ့ရဲ့ဓားရှည်က ဂျိုရှုဝါရဲ့ရထားလုံးပေါ်ကို ရောက်တဲ့အခါ ကောင်းကင်ပေါ်ကနေ ရွှေရောင်အလင်းတန်းကြီးပေါ်လာပြီး ဓားရှည်ကို ဓားရိုးပါမကျန် ဝါးမြိုလောင်မြိုက်သွားတော့တယ်။ ဒီတိုက်မကြီးရဲ့ အင်အားအကြီးဆုံးတွေထဲက အလင်းဘုန်းကြီးတစ်ပါးရဲ့ လက်နက်က (    )မပေါ်အောင် အလွယ်တကူဝါးမြိုခံလိုက်ရတယ်။

ကျိုးယွင်ရှန့်ရဲ့မြင်းခွာသံ ဝေးကွာသွားတော့မှ ဘိုဝင်က ထိတ်လန့်နေရာကနေ သတိဝင်လာပြီး ဒဏ်ရာရသွားတဲ့ သူတို့ဘက်တော်သားတွေရဲ့ဒဏ်ရာကို စစ်ဆေးကြည့်ရှုလိုက်တော့ လုံးဝန်းတဲ့ဒဏ်ရာရဲ့ပတ်လည်က မီးလောင်ခံလာရသလို မည်းနက်နေတာကိုတွေ့ရတယ်။ ဒီဟာက အလင်းစွမ်းအင်ရဲ့ တိုက်ခိုက်ခြင်းကြောင့် ဖြစ်လာတဲ့ဒဏ်ရာနဲ့ ထပ်တူပဲ။ ဘိုဝင်က ဒဏ်ရာကုသနိုင်တဲ့စွမ်းရည်နဲ့ နည်းလမ်းကို ပိုင်ဆိုင်ထားပေမယ့် ဒီဒဏ်ရာတွေရဲ့တစ်ဝက်လောက် သက်သာအောင်တောင် မကုသပေးနိုင်ဘူး။

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်အင်အားကြီးတဲ့စွမ်းအင်ကို ရရှိခဲ့တာလဲ.. ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး.."

ဘိုဝင်က ပုပ်ရဟန်းမင်းကြီးကို သံသယနဲ့ကြည့်ပြီး မေးလိုက်တယ်။ အတွင်းစိတ်ပုပ်တဲ့လူငယ်လေးကို ခမည်းတော်က ဘယ်လိုမှ မျက်နှာသာပေးမှာမဟုတ်ဘူး။ ဒီလိုမျိုး အစွမ်းထက်တဲ့အလင်းစွမ်းအင်ကို လက်ဆောင်အဖြစ် ရရှိနိုင်မှာမဟုတ်ဘူး။

ပုပ်ရဟန်းမင်းကြီးက ဒီမေးခွန်းအတွက် ကြိုတင်ပြီး အဖြေကိုစဉ်းစားထားပြီဖြစ်တယ်။ သူက ခက်ခဲစွာနဲ့ ပြန်ဖြေလိုက်တယ်။

"မင်း သူ့ရဲ့မျက်နှာကို မတွေ့လိုက်ဘူးလား.. သူ့ရဲ့ ထူးခြားတဲ့ဆံပင်အရောင်နဲ့ မျက်လုံးအရောင်ကို သတိမထားမိဘူးလား.. သူက ခမည်းတော်သဘောကျတဲ့ ကလေးတွေထဲက တစ်ယောက်ပဲ.."

ဘိုဝင်က ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။

"မဟုတ်ဘူး.. ခမည်းတော်က ဘယ်တော့မှ အပေါ်ယံရုပ်အဆင်းကိုကြည့်ပြီး ဒီလိုမျက်နှာသာပေးမှုကို လုပ်မှာမဟုတ်ဘူး.. အရှင် ပုပ်ရဟန်းမင်း.. ခင်ဗျား ဒီလိုစကားကို နောင် ဘယ်တော့မှမပြောမိပါစေနဲ့.."

ဘိုဝင်က သံသယဝင်ပေမယ့် သူက ဆက်ပြီး မမေးလိုက်တော့ဘူး။ ဒီအချိန်မှာ ပုပ်ရဟန်းမင်းနောက်ကို လိုက်ခဲ့တဲ့ အလင်းဘုန်းကြီးတွေက ရုတ်တရက် ပြောခဲ့တယ်။

"ပုပ်ရဟန်းမင်းကြီး.. အရှင်ဘိုဝင်.. ကျွန်တော်တို့ ဘုန်းတော်ကြီးဂျိုရှုဝါနောက်ကို လိုက်ပြီး ကုန်းမကြီးရဲ့ခရီးစဉ်ကို လိုက်ပါသွားတော့မယ်.. ဒါကြောင့် လာနှုတ်ဆက်တာပါ.."

သူတို့ထဲကတစ်ယောက်က ဒီစကားကိုပြောပြီးနောက် သူတို့က ဂျိုရှုဝါရဲ့ရထားလုံးနောက်ကို ချက်ချင်း ပြေးထွက်သွားကြတယ်။ တချို့စစ်သည်နဲ့ အလင်းဘုန်းကြီးတွေက ဂျိုရှုဝါ နှစ်ခြင်းခံရတဲ့နေ့က အဖြစ်အပျက်ကို မြင်တွေ့ထားကြတဲ့သူတွေဖြစ်တယ်။ ဂျိုရှုဝါက ရေကန်ထဲကထွက်လာချိန်မှာ ရွှေရောင်လင်းလက်နေတဲ့ ဝတ်ရုံနဲ့ အလင်းစွမ်းအင်ရှိတဲ့(    )ကိုကိုင်ပြီး ထွက်လာတဲ့မြင်ကွင်းကိုရော၊ ကောင်းကင်ပေါ်ကနေ ရွှေရောင်အလင်းတန်းတွေက ဂျိုရှုဝါကိုယ်ပေါ်ကို ဖြာကျလာပုံက သူ့ကို ကောင်းကင်ဘုံပေါ်က ဆင်းသက်လာတဲ့ နတ်ဒေဝါတစ်ပါးလို ထင်မြင်စေတယ်။ ဒီမြင်ကွင်းကိုပုံဖော်ရရင် ဂျိုရှုဝါရဲ့ကျက်သရေက ခမည်းတော်ရဲ့ကျက်သရေနဲ့ နှိုင်းယှဉ်လို့ရတယ်လို့ သူတို့ထင်တယ်။

ဒါ့အပြင် ခမည်းတော်က နှင်းဆီနီတွေကိုပွင့်စေပြီး ဒီလူငယ်လေးအပေါ် ကျဲချခြင်းနဲ့ သူ့အပေါ်ထားတဲ့အချစ်ကိုလည်း ဖော်ပြပြီးဖြစ်တယ်။ ဒီလူငယ်လေးကို ခမည်းတော် ဘယ်လောက်ချစ်တယ်ဆိုတာ လူတိုင်း သိမြင်ခံစားလိုက်ရတယ်။ ဒီကလေးက ဒီကုန်းမကြီးပေါ်မှာ အင်အားအကြီးဆုံး အလင်းဘုန်းကြီးဖြစ်လာမှာ သေချာပြီး ခမည်းတော်ရဲ့ နဝမကောင်းကင်ဘုံကို ခေါ်ဆောင်သွားခံရနိုင်တယ်။ တစ်ဖက်ကကြည့်ရင် ပုပ်ရဟန်းမင်းက ခမည်းတော်ရဲ့ ငြင်းပယ်ခြင်းကိုခံထားရပြီး သူ့အပြစ်ကို လိမ်ညာဖုံးကွယ်ထားတယ်။ ဒါကြောင့် သူတို့က ဘက်ပြောင်းလိုက်ကြတာဖြစ်တယ်။

ဒါပေမယ့် သူတို့က နတ်သူငယ်နဲ့ သားရဲလူသားတွေကိုတော့ အမှန်တရားကို မပြောပြလိုကြဘူး။ ဒီကုန်းမကြီးမှာ နတ်သူငယ်နဲ့ သားရဲလူသားတွေက အင်မတန်ခေါင်းမာကြပြီး တစ်ခုခုကို ယုံကြည်မိပြီဆိုရင် ဘာကိုမှ မမြင်၊ မတွေ့ကြတော့ဘူး။ သေသည်အထိ သူတို့ယုံကြည်ရာကို စွဲကိုင်ပြီး နေကြတာဖြစ်လို့ ဘာမှ ထူးထူးထွေထွေ မပြောကြတော့တာဖြစ်တယ်။

သူတို့ပြောတဲ့စကားအရ ဘိုးလ်က အကျဉ်းထောင်က ထွက်ပြေးလာပြီးနောက် သူတို့နယ်မြေမှာ ပုန်းအောင်းနေတယ်။ ဘိုးလ်က ခမည်းတော်ငြင်းပယ်ထားတဲ့ အပြစ်သားဖြစ်လို့ သူတို့နယ်မြေတော့ မကြာခင် ခမည်းတော်ရဲ့အပြစ်ပေးခြင်းကို ခံရနိုင်တယ်။ ဒီလိုလူတွေနဲ့ ဝေးဝေးနေတာ သူတို့အတွက် ပိုကောင်းတယ်လို့ ဒီအလင်းဘုန်းကြီးတွေနဲ့ စစ်သည်တော်တွေက ယူဆကြတယ်။

ပုပ်ရဟန်းမင်းက သူ့ကိုကျောခိုင်းသွားတဲ့ လူစုရဲ့နောက်ကျောကို စိုက်ကြည့်ပြီး လှည့်လာတော့ သူ့ကိုမေးမြန်းချင်ဟန် ကြည့်နေတဲ့ ဘိုဝင်ရဲ့အကြည့်ကိုတွေ့တော့ ဟန်မပျက် လက်ဝှေ့ယမ်းပြီး ပြောလိုက်တယ်။
"သွားပါစေ.. သူတို့က ဂျိုရှုဝါပြုစားတာကို ခံနေရတာဖြစ်တယ်.."

ဘိုဝင်က အကြည့်ကိုလွှဲလိုက်ပြီး ဒဏ်ရာကို တိတ်တဆိတ် ဆက်လက်စစ်ဆေးနေတယ်။ ဒီဒဏ်ရာရသွားတဲ့ လူတွေအားလုံးက လူငယ်လေးရဲ့ ကြီးမားတဲ့စွမ်းအင်က သူတို့ကိုယ်ပေါ် တောင်ကြီးတစ်လုံးလို ဖိစီးနေတာကို သိလိုက်ရတယ်။

ကျိုးယွင်ရှန့်ရွေးထားတဲ့ လမ်းပြက လူသားဖြစ်လို့ နတ်သူငယ်တွေရဲ့ တောအုပ်ကို ကျွမ်းကျင်ခြင်းမရှိဘူး။ သူတို့က သွားရင်း သွားရင်း လမ်းမှားပြီး ဒီတောထဲမှာပဲ စက်ဝိုင်းလို ပတ်နေမိတယ်။ 2 ရက် 3 ရက်ကြာတော့ သူတို့က ဘိုဝင်တို့လူစုရဲ့ အနောက်ဘက်ကို ပြန်ရောက်သွားကြတယ်။ လမ်းတလျှောက်တွေ့တဲ့ နတ်ဆိုးသားရဲတွေကို အစွမ်းထက်တဲ့ အလင်းစက်ဝိုင်းဖန်တီးပေးပြီး သုတ်သင်ခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ လူတွေကို လက်မခံပေမယ့် သူ့နောက်ကို လိုက်တာကို အတင်းမတားခဲ့ဘူး။

ဒီလိုအလုပ်ကို ကျိုးယွင်ရှန့် ကမလုပ်ပေမယ့် အချစ်ရူးရှန့်က စိတ်ထားနူးညံ့ပြီး နူးညံ့သိမ်မွေ့သူ၊ ကြင်နာတတ်သူ၊ ထိခိုက်လွယ်သူ၊ ထိခိုက်လွယ်သူ၊ ကမ္ဘာပေါ်ရှိတဲ့ လှပတဲ့ စကားလုံးတွေနဲ့ သူ့ကိုဖော်ပြရန်အသုံးပြုနိုင်ပြီး ကျိုးယွင်ရှန့် နဲ့စရိုက်ခြင်း ဆန့်ကျင်ဘက် ဖြစ်တယ်။ တစ်ခါတစ်ရံမှာ မသိစိတ်ကနေ ထွက်ပေါ်လာပြီး ရထားလုံးရဲ့ပြတင်းပေါက်ကနေ အောက်ကိုငုံ့ ကြည့်လိုက်ပြီး ကမ္ဘာကြီးကိုထူးဆန်းသောမျက်လုံးတွေနဲ့ ငေးမောကြည့်တတ်တယ်။ ဒီနောက် သူက အလင်းနတ်ဘုရားကို အာရုံပြု ဆုတောင်းပြီး ပန်းပုရုပ်ထုခြင်းကို  လုပ်နေတတ်တယ်။

အဲ့ဒီအချိန်မှာ သူတို့ ခေါင်းပေါ်ကနေ တိမ်မည်းတအုပ်က ချည်းကပ်လာပြီး သစ်ပင်များနှင့်မိုးကောင်းကင်ကို ဖုံးလွှမ်းနေတဲ့ ထူထပ်တဲ့မြူဆိုင်းနေတာကို အချစ်ရူးရှန့် မြင်လိုက်တဲ့အခါ ဆုတောင်းဖို့ ပြင်ဆင်နေတယ်။ အနက်ရောင်မြူက သူတို့လူအုပ်ရှေ့ကို ဖြည်းညှင်းစွာ ချည်းကပ်လာတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး တောင်ပံခတ်သံကြောင့် ဆူညံပဲ့တင်ထပ်လို့နေတယ်၊ အားလုံးက နီးကပ်လာတဲ့ မြူထူထူ အုပ်စုကို ကြည့်လိုက်တော့ ဒီဟာက နတ်ဆိုးမြူဝါးမြိုခံရတဲ့ လိပ်ပြာတွေဖြစ်ပြီး သူတို့ ပါးစပ်တွေက သွေးလိုနီရဲပြီး တောင်ပံတွေက အဆိပ်ကို ထုတ်လွှင့်နေတယ်။ သူတို့အုပ်စုရဲ့ဝါးမြိုခြင်းကို ခံလိုက်ရရင် အချိန်တိုအတွင်း လူတွေက သွေးအိုင်အဖြစ်ပဲ ကျန်ရစ်မှာသေချာတယ်။ ဒီနတ်ဆိုးလိပ်ပြာအုပ်ကို ကြည့်ပြီး အားလုံးကြက်သေသေကုန်ကြတယ်။

သူတို့က ပျံသန်းသွားလာတဲ့ လမ်းတလျှောက်ကို  သေခြင်းသင်္ချိုင်း ဖြစ်လာစေပြီး အင်အားကြီးသော နတ်ဆိုးသတ္တဝါများနှင့် အပင်များကို တပြေးညီ ဖျက်စီပစ်ကြတယ်။   လူတိုင်း ချက်ချင်းပြန်လှည့်ပြီး ထွက်ပြေးဖို့ ပြင်ဆင်ခဲ့ကြပေမယ့် ရထားထဲက ထွက်လာသည့် ရှင်းလင်းသောအသံက ပြောလိုက်တယ်။

" ငါ့ပတ်လည်မှာ စုဝေးကြ၊ ငါ့အလင်းစက်ဝိုင်းကို နဲ့ ဝေးရာမှာ မနေကြနဲ့"

ရထားကို ဝန်းရံထားတဲ့ ရွှေရောင်စက်ဝိုင်းက ကျယ်ပြန့်လာပြီး သူတို့ လူတစ်စုလုံးကို ဖုံးလွှမ်းသွားတော့တယ်။ နတ်ဆိုးလိပ်ပြာတွေက အလင်းစက်ဝိုင်းကို ဝင်တိုက်မိတာနဲ့ ချက်ချင်း ဖုန်မှုန့်ဖြစ်သွားစေတော့တယ်။ လူတိုင်းက စိတ်သက်သာရာရသွားကြပြီး အလင်းစက်ဝိုင်းရဲ့ကာကွယ်ပေးမှုကြောင့် ပွင့်သွားတဲ့ လမ်းကြောင်းအတိုင်း တိတ်ဆိတ်စွာ ခရီးဆက်ခဲ့ကြတယ်။

လိပ်ပြာတွေက အသိဉာဏ်မရှိကြဘူး။ သူတို့က ဦးတည်ရာကိုပဲ ဇွတ်ဝင်တိုးတတ်ကြတယ်။ ရှေ့အဖွဲ့က လိပ်ပြာတွေက ဖုန်မှုန့်ဖြစ်သွားကြပေမယ့် အခြားလိပ်ပြာတွေက ထွက်မပြေးကြပဲ လူအုပ်ရှိရာကိုပဲ အစားထိုးဝင်ပြီးတိုက်ခိုက်ကြတယ်။ အချစ်ရူးရှန့်က ခမည်းတော်ရဲ့ ရုပ်ထုတော်ကို လက်မှာကိုင်ပြီး ခမည်းတော်ရဲ့ ဂုဏ်ကျေးဇူးကို စိတ်ထဲသွင်းလိုက်တာနဲ့ တောက်ပတဲ့ အလင်းစွမ်းအင်တွေ ပေါ်ပေါက်လာတယ်။ နတ်ဆိုးမြူတွေကိုတောင် လွင့်ပါးသွားစေအောင် အားပြင်းတယ်။ ဒါကြောင့် အချစ်ရူးရှန့်က ခမည်းတော်ရှိနေလို့ ဘယ်လို နတ်ဆိုးသားရဲနဲ့ နတ်ဆိုးမြူကိုမှ မကြောက်လန့်ဘူး။

ဒီလိပ်ပြာအုပ်က အချစ်ရူးရှန့်တို့အုပ်စုကို ဘာမှမလုပ်နိုင်ပေမယ့် ဘိုဝင်တို့ အုပ်စုကို အတော်လေး ဖိအားများစေခဲ့တယ်။
ဘိုဝင်ရဲ့အလင်းရောင်စက်ဝိုင်းက သူတို့နှင့်လိပ်ပြာများကြား အလွှာပါးလေးသာခြားစေလို့ လိပ်ပြာအုပ်ရဲ့ တိုက်ခိုက်မှုအောက်မှာ သူတို့ ဘာကိုမှ မမြင်ရပဲ မျက်စိကွယ်သွားသလို ခံစားရတယ်။ သူ့ခန္ဓာကိုယ်အတွင်းရှိ အလင်းစွမ်းအင်ကို ဆက်တိုက် ထုတ်လွှတ်ကာကွယ်ထားရလို့ နောက်ဆံး အလင်းစွမ်းအားတွေ လျော့လာတယ်။ သူ့ရာဇလှံတံတောင် မလင်းနိုင်တော့ဘဲ သူ့နဖူးနှင့် ကျောဘက်မှာ ချွေးများနဲ့ရွှဲရွှဲစိုလာတယ်။

ဘယ်အချိန်က စဖြစ်သလဲ မသိပေမယ့် နတ်သူငယ်တောအုပ်က နတ်ဆိုးမြူ ပိုမိုထူထပ်လာပြီး ပိုမိုအန္တရာယ်များလာတယ်။ အမှောင်တောများနှင့်ပေါင်းစည်းဖိုက ကြိုးစားနေပုံရတယ် ။ဒါကြောင့် သူတို့တွေက သေဘေးအန္တရာယ်များစွာနဲ့ ကြုံတွေ့ခဲ့ရတယ်။ သူက သေခြင်းကိုကြောက်ရွံ့မိတာ ဒါက ပထမဆုံးအကြိမ်ဖြစ်တယ်။ မကြာမီ သူ့အလင်းစက်ဝိုင်း လုံးဝပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီ နတ်ဆိုးလိပ်ပြာများကြောင့် လူတိုင်းအသက်ရှင်လျက် အစားခံရပြီးသွေးအိုင်များအဖြစ်သို့ပြောင်းလဲသွားမှာကို သူသိနေတယ်။

သူ့ပတ် ၀ န်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ရုတ်တရက်တောက်ပနေတဲ့ အလင်းရောင်ကို သတိပြုမိလိုက်တယ်။ သူရှေ့က လူအုပ်စုထဲမှာ အစွမ်းထက်တဲ့ အလင်းဘုန်းကြီးတစ်ဦး ရှိတယ်။

 " ရှေ့အဖွဲ့ထဲမှာ အလင်းဘုန်းကြီးရှိတယ်။ အားလုံး အဲ့ဒီကို ပြေးကြ"

 သူတို့လူအုပ်က ချက်ချင်း ရထားလုံးကို စွန့်ခွာပြီး ရှေ့က အလင်းစက်ဝင်းဆီကို ပြေးလာကြတယ်။

"မင်းလား.... ဒါတွေက ဘာတွေလဲ?"

အလင်းအတားအဆီးစက်ဝိုင်းထဲက လူများကိုတွေ့ပြီးနောက် ဘိုဝင် အရမ်းကို အံ့အားသင့်သွားတယ်။

ကျိုးယွင်ရှန့်က ဆုတောင်းမှုပြီးတဲ့အခါ ဘိုဝင်တို့ လူအုပ်ကို နူးညံ့စွာကြည့်လိုက်တယ်။ သူက ဘာမှ မပြောပေမယ့် သူ့လက်တစ်ဖက်ကို ဝေ့ယမ်းပြီး ဘိုဝင်တို့လူအုပ်ကို အလင်းစွမ်းအင်နဲ့ လွှမ်းခြုံပေးပြီး ကာကွယ်ပေးလိုက်တယ်။ ကျိုးယွင်ရှန့်ဆိုရင် ဒီလို ကူညီတာတွေကို လုပ်မှာ မဟုတ်ပေမယ့် အချစ်ရူးရှန့်က သူ့ရှေ့လူတွေ သေကြေတာကို မြင်နိုင်တဲ့ နှလုံးသားမရှိလို့ ကယ်တင်ပေးလိုက်တယ်။

နွေးထွေးပြီး သန့်ရှင်းတဲ့ အလင်းစွမ်းအင်က အပြင်ဘက် အမှောင်ထုနဲ့ လုံးဝခြားနားလွန်းလှတယ်။ ဘိုဝင်က ဒီအလင်းစက်ဝန်းထဲမှာ အလင်းနတ်ဘုရားရဲ့ ကောင်းကင်ဘုံက အသံမျိုးကိုတောင် ကြားနေရပြီး အရမ်းကို သက်တောင့် သက်သာ ခံစားချက်မျိုးကို ရလိုက်တယ်။ ဘိုဝင်က စိတ်ရှုပ်ထွေးနေပြီး မသေချာမရေရာနဲ့ ကောင်လေးကို လှည့်ကြည့်လိုက်သောအခါ အေးဆေးတည်ငြိမ်သောနူးညံ့သိမ်မွေ့တဲ့ ဟန်ပန်လေးက နံနက်ခင်း အရုဏ်ဦးအလင်းရောင်လို တောက်ပနေတာကို တွေ့လိုက်ရတယ်။ ဒီလို လှပတဲ့ ဆယ်ကျော်သက်ကလေး က ဘိုးလ်နဲ့ ပုပ်ရဟန်းမင်း ပြောနေတဲ့ လူ မဖြစ်နိုင်ဘူးလို့ တွေးလိုက်မိတယ်။

ကောင်လေးကြောင့် အပြင်းအထန်ဒဏ်ရာရသွားတဲ့ သူ့လူတွေက အသက်ရှူဖို့နဲ့ စကားပြောဖို့ ကြောက်ရွံ့ခဲ့ကြတယ်။ အလင်းစက်ဝိုင်း အတွင်းရှိ လေထုက သူတို့ကို တောထဲကလို မဟုတ်ပဲ သူတို့ ဝတ်ပြုရာအိမ်တော်တွေလိုပဲ လူတိုင်းကို သူတို့ရဲ့ အကောင်းဆုံးသော အပြုအမူတွေအပေါ် မူတည်ပြီး ကောင်းတာတွေဖြစ်စေမယ် ဆိုတဲ့ လေးနက်တဲ့  ခံစားချက် မျိုးကို ပေးစွမ်းနေတယ်။ သူတို့က အလင်းဘုရားကျောင်းထဲ ရောက်နေသလို ပေါ့ပေါ့တန်တန်သဘောမထားဝံ့ပဲ ကိုယ်အမူယာကို အလိုလို ထိန်းနေမိတယ်။ ကျိုးယွင်ရှန့်က သူတို့ကိုကယ်တင်ခဲ့တယ်၊ ဒါပေမယ့် သူတို့ကို စကားပြောချင်ပုံမရဘူး။ သူကရုပ်ထုကို ထုတ်ယူလိုက်ပြီး ခမည်းတော်ရဲ့ မျက်နှာကိုဖြည်းဖြည်းချင်း ထွင်းထုနေပြီး သူ့အပြာရောင်မျက်လုံးတွေက်နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာဖြင့်ပြည့်နှက်နေတယ်။

ဘိုဝင်ရဲ့စိတ်က အံ့အားသင့်တာထက် ပိုဆိုးဝါးလာခဲ့တယ်။ ဒီကောင်လေးက ရာဇနှင်တံကို အသုံးပြုတာ၊ ဂါထာရွတ်တာတောင် မလုပ်ပဲ  ကြီးမားတဲ့ အလင်းစက်ဝိုင်းကို ထိန်းထားနိုင်တယ်။ ဒီဟာကို ထိန်းဖို့ အာရုံစိုက်ထားစရာတောင် မလိုအပ်ဘူး။ ဒီကောင်လေးရဲ့ခွန်အားက အရမ်းကို ကြီးမားတယ်။ သူက ခုမှ 18 နှစ်ပြည့်ပြီးစ အရွယ်ရောက်စမဟုတ်လား။ ဒီစွမ်းအားတွေ ဘယ်က ရလာတာလဲ။ ဘိုဝင်က မရည်ရွယ်ပဲ မေးခွန်းကို အသံကျယ်ကျယ်ထုတ်မေးလိုက်မိတယ်။

 "ကျွန်တော်က စမ်းသပ်ရေကန်မှာ နေ့တိုင်းစိမ်ပြီး လေ့ကျင့်ခဲ့တယ် "

ဒီစကားကိုကြားလိုက်တာနဲ့ ဘိုဝင်က ပုပ်ရဟန်းမင်းကြီးကို ခေတ္တခဏ စိုက်ကြည့်ပြီး နောက်နှုတ်ဆိတ်သွားတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့အသားအရောင်က ပြောင်းသွားပြီး ချက်ချင်းငြင်းလိုကတယ်။

မဖြစ်နိုင်ဘူး!

လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ကစပြီး ဘယ် အလင်းဘုန်းကြီးမှ စမ်းသပ်ရေအိုင်ထဲ မစိမ်နိုင်ခဲ့ပါ။ ဝင်မိသူတိုင်း ပြာဖြစ်အောင် လောင်ကျွမ်းခံလိုက်ရတယ်။ ရှေးမှတ်တမ်းတွေအရ စင်ကြယ်သောစိတ်ရှိသူများသာလျှင် အသက်ရှင်နိုင်တယ်။ ဘိုဝင်က တခါ သူ့လက်နှစ်ချောင်းကို နှစ်ကြည့်ဖို့ကြိုးစားလိုက်တော့ သူ့နှလုံးသားက ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားလိုက်ရလို့ သူ မနည်းလက်ကို ပြန်ထုတ်လိုက်ရတယ်။ အဲ့ဒီကတည်းက နှလုံးနှင့်စိတ်ဝိညာဉ် မသန့်ရှင်းကြောင်းသူသိခဲ့ရတ.်
ီအတွက် အရင်ကတည်းက တယောက်တည်း ကြိတ်ရှက်နေခဲ့၇တယ်။

ဒီကောင်လေးက စမ်းသပ်ရေကန်ထဲက ကောင်းမွန်စွာ ပြန်ထွက်လာ နိုင်တယ်ဆိုရင် သူက ဘိုးလ်နဲ့ ပုပ်ရဟန်မင်းပြောတဲ့ လူစားမဖြစ်နိုင်ဘူး။ သူလှည့်စားခံလိုက်ရတာပဲဖြစ်မယ်။ သူ့ သူငယ်ချင်းဟောင်းကို ယုံကြည်မှုအနည်းငယ်ပေးဖို့ သူ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ မျက်လုံးတွေကမြေပြင်ကိုပဲ စိုက်ကြည့်မိတဲ့အခါ ဘိုဝင်ရဲ့  စိတ်က နောက်တဖန်နက်ရှိုင်းစွာ လှုပ်ခါခဲ့တယ်။
ကောင်လေးရဲ့ အလင်းအတားအဆီးက နတ်ဆိုးမြူကို တားဆီးစေရုံသာမက နတ်ဆိုးမြူကြောင့် ပျက်စီးနေတဲ့ မြေပြင်ကို အစိမ်းရောင်အဖြစ်သို့ပြောင်းလဲသွားပြီး ပန်းဖူးများ ဖြစ်ပေါ်လာပြီး ကောင်လေးရှေ့တွင် အဖူးအပွင့်များ ပွင့်လန်းလာကြတယ်။ နတ်ဆိုးလိပ်ပြာများ ပြေးလာသောအခါ သူတို့တွေက အလင်းစက်ဝိုင်းကို ထိမိပြီး တိတ်ဆိတ်စွာဖုန်မှုန့်များဖြစ်သွားပြီး သူတို့ကိုယ်ထဲရှိ အဆိပ်အတောက်ပြင်းထန်သောနတ်ဆိုးမြူများလည်း ပျောက်ကွယ်သွားတော့တယ်။ သူတို့ ပတ်လည်က နတ်ဆိုးမြူတွေလည်း ရှင်းလာပြီး လေထုက ပြန်လည် သန့်ရှင်းလာတယ်။

ဒီလို နတ်ဆိုးမြူကို သန့်ရှင်းပေးတဲ့ သက်ရှိသတ္တဝါတွေရဲ့အသက်စွမ်းအားကိုပြန်လည်ရရှိစေနိုင်တဲ့ စွမ်းအားဟာ အလင်းရဲ့စွမ်းအားမဟုတ်ပါဘူး။ ဒါက နတ်ဘုရားရဲ့တန်ခိုးတော်ပါ။ ဒီအချက်ကိုစဉ်းစားရင်း ဘိုဝင်ရဲ့ ခန္ဓာကိုယ် လုံးဝအေးခဲသွားတယ်။ ဒီကောင်လေးက နတ်ဘုရားတစ်ပိုင်း သို့မဟုတ်နတ်ဘုရားတစ်ပါးတောင် ဖြစ်နေပြီလား။


ကောင်းကင်ဘုံပေါ်က အလင်းနတ်ဘုရား......
ဒီဟာ မမှန်ဘူးလို့ ပြောပေးစမ်းပါဗျာ......

ဘိုဝင် အလန့်တကြား တိုင်တည်ပြောလိုက်မိတော့တယ်။

=========================================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now