Arc_ 10.13 _Joshua 🔞

11.7K 724 1
                                    

Arc_ 10.13 _Joshua 🔞



"ခမည်းတော်.. ခမည်းတော်လားဟင်.."

"ခမည်းတော်မဟုတ်ရင် ဘယ်သူဖြစ်ဦးမှာလဲ.. လာ.. အနားကိုလာပါဦး.."

"ခရီးတလျှောက်မှာ သားတော်ရဲ့ဆုတောင်းစကားတွေကို ကြားရဲ့လား.."

"ဒါပေါ့.. ခမည်းတော်က မင်းကို မျက်စိမလွှဲတမ်း စောင့်ကြည့်နေခဲ့တာ.. မင်းက ခမည်းတော် တန်ဖိုးအထားရဆုံး ရတနာတစ်ပါးပါပဲ ဂျိုရှုဝါ.. ခမည်းတော်ရဲ့ရင်ခွင်ထဲကို လာပါ.. ခမည်းတော် ဖက်ထားပါရစေ.."

ဒီအသံတွေက အလင်းစွမ်းအင်စက်ဝိုင်း ပိုမိုအားကောင်းလာတဲ့အတွက် တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပြီး အပြင်ဘက်မှာရှိတဲ့ ဘိုဝင်က ဘာမှဆက်မကြားရတော့ဘူး။ ဘိုဝင်က အပြင်မှာမတ်တပ်ရပ်နေပြီး သူကြားလိုက်ရတဲ့ ခမည်းတော်ရဲ့အသံကို ပြန်လည်ကြားယောင်လို့နေတယ်။

"ခမည်းတော်ရဲ့အသံက အရမ်းကိုနူးညံ့ပြီး သာယာလိုက်တာ.. ခမည်းတော်က ဂျိုရှုဝါကိုချစ်လွန်းလို့ ကောင်းကင်ဘုံကနေတောင် အမြဲစောင့်ကြည့်နေတာပဲ.."

ဒီလိုတွေးရင်း ဘိုဝင် သတိရသွားတယ်။

"ဘာ.. သူက အမြဲစောင့်ကြည့်နေတယ် ဟုတ်လား.."

ဘိုဝင်ရဲ့နှလုံးသားထဲ ရေခဲရေနဲ့လောင်းလိုက်သလို အေးစက်သွားတော့တယ်။ ဒါဆိုရင် နတ်သူငယ်နဲ့ သားရဲလူသားတွေ ဘိုးလ်နဲ့ဟူးဘတ်ကို ကာကွယ်ပေးထားတယ်ဆိုတာ ခမည်းတော်သိသွားပြီပေါ့။ နတ်သူငယ်နဲ့ သားရဲလူသားတွေက လူသားစစ်သည်တွေထက်ကို ခံနိုင်ရည်မြင့်မားပြီး အလင်းဘုန်းကြီးထဲမှာတောင် ဒီမျိုးနွယ်စုနှစ်စုက အလင်းဘုန်းကြီးတွေက လူသားအလင်းဘုန်းကြီးတွေထက် အင်အားကောင်းတယ်။ ဒါဟာ ခမည်းတော်နှစ်သက်တဲ့ မျိုးနွယ်ဆိုတာ ထင်ရှားတယ်။ ဒါပေမယ့် အခုတော့ သူတို့မျိုးနွယ်စုနှစ်စုက ခမည်းတော်ရဲ့ပစ်ပယ်မှုကိုခံရတဲ့ ဘိုးလ်နဲ့မကောင်းဆိုးဝါးကို ကာကွယ်ပြီး ခမည်းတော်ချစ်တဲ့ တမန်တော်ဂျိုရှုဝါကို ဝိုင်းပြီးရန်လုပ်ကြတယ်။

ဘိုဝင်က သူတို့မျိုးနွယ်နှစ်စု နောင်မှာ ခမည်းတော်ရဲ့ပစ်ပယ်မှုကို ခံရတော့မယ်လို့တွေးပြီး ပူပန်စွာနဲ့ သားရဲဘုရင်နဲ့ နတ်သူငယ်ဘုရင်ကိုတိုင်ပင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့လုပ်ထားတဲ့မကောင်းမှုကို ခွင့်လွှတ်ပေးဖို့ ခမည်းတော်ဆီမှာ တောင်းပန်မှဖြစ်မယ်။ လောလောဆယ် ခမည်းတော်ရဲ့ကျက်သရေက ဒီတောအုပ်ထဲမှာ လွှမ်းခြုံထားတာဖြစ်လို့ ဘိုးလ်နဲ့ဟူးဘတ်က သူတို့ဘာသာပြန်လာတာ မဖြစ်နိုင်တော့ဘူး။

နတ်သူငယ်နဲ့ သားရဲလူသားတို့ရဲ့ ဘုရားကျောင်းက လူသားတွေပိုင်နက်က ဘုရားကျောင်းတွေလို လှလှပပ တန်ဆာဆင်ထားတာ မဟုတ်ပေမယ့် ပိုမိုလေးနက်တဲ့ အငွေ့အသက်တွေ ထုံမွှမ်းနေတယ်။ မူလက ခမည်းတော်ရဲ့ရုပ်ထုရှိတဲ့နေရာမှာ လှပတဲ့ညောင်စောင်းတစ်ခု ရောက်နေပြီး အလင်းနတ်ဘုရားက တင့်တယ်စွာထိုင်လို့ ဂျိုရှုဝါကို လက်နှစ်ဖက်ဆန့်တန်းပြီး ပွေ့ဖက်ဖို့စောင့်ကြိုနေတယ်။ ဒီကလေးကို လွမ်းလွန်းမက လွမ်းလို့နေပြီ။ ဒီကလေးကို ထိတွေ့ကိုင်တွယ်ပြီး နူးညံ့တဲ့ခန္ဓာကိုယ်လေးကို ထိတွေ့ချင်လှပြီ။

"ကလေး.. ဘာဖြစ်လို့လဲ.."

သူ့ကလေးလေးက ဆန့်တန်းထားတဲ့လက်ကြား ပြေးဝင်မလာဘဲ ချီတုံချတုံ တွေဝေပြီးရပ်နေလို့ အလင်းနတ်ဘုရားရဲ့နှလုံးသားက မငြိမ်မသက်ဖြစ်လာတယ်။

အချစ်ရူးရှန့်က ကျိုးယွင်ရှန့်ကို သူ့မသိစိတ်ထဲက အပြီးတွန်းထုတ်လိုက်ပြီးမှ သူချစ်တဲ့ခမည်းတော်ရဲ့ ရင်ခွင်ထဲကို ငှက်ကလေးလို ပြေးဝင်လိုက်တော့တယ်။ သူက ကျိုးယွင်ရှန့်ဝင်မနှောင့်ယှက်နိုင်ဖို့ မသိစိတ်ထဲ ကြိုးနဲ့တောင် အထပ်ထပ်ချည်ထားလိုက်သေးတယ်။ သေချာလုပ်ပြီးမှ ခမည်းတော်ရဲ့လည်ပင်းကို သိုင်းဖက်ပြီး ခမည်းတော်ပွေ့ဖက်တာကို ခံယူလိုက်တယ်။

အလင်းနတ်ဘုရားရဲ့ မငြိမ်မသက်ဖြစ်တဲ့စိတ်က ချက်ချင်းငြိမ်သက်သွားပြီး ဒီကောင်လေးကို တင်းတင်းကျပ်ကျပ်နဲ့ ကြည်နူးစွာ ပွေ့ဖက်ထားလိုက်တော့တယ်။ ခုမှပဲ စိတ်သက်သာရာရပြီး သက်ပြင်းရှိုက်လိုက်မိတယ်။

"ခမည်းတော်.. ဘာကြောင့် ဒီကိုရောက်နေတာလဲ.. သားတော် ခမည်းတော်ကိုလွမ်းလွန်းလို့ နှလုံးသားတွေပဲ့ကြွေလုမတတ် ခံစားနေရပြီ.."

အချစ်ရူးရှန့်က အလင်းနတ်ဘုရားရဲ့ခါးကို သိုင်းဖက်ပြီး ရင်ခွင်မှာမျက်နှာအပ်လို့ ဝမ်းနည်းပမ်းနည်း ငိုကြွေးလို့နေတယ်။ သူက ဒီခရီးကိုမထွက်ချင်ဘူး။ ခမည်းတော်ရဲ့ကောင်းကင်ဘုံကို လိုက်သွားပြီး ခမည်းတော်ဘေးမှာပဲ ပူးကပ်ပြီးနေချင်တယ်။

အလင်းနတ်ဘုရားက ပျော်ရွှင်ခြင်းနဲ့ စိတ်ဆင်းရဲခြင်းကို တစ်ပြိုင်တည်းခံစားလိုက်ရတယ်။ သူ့ချစ်သူလေးဆီက ဘယ်လောက်ချစ်တယ်ဆိုတာ ကြားရလို့ပျော်ရွှင်ပေမယ့် မျက်ရည်ကျနေလို့ စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ဆောက်တည်ရာမရဖြစ်ပြီး ကလေးလေးရဲ့မျက်ရည်တွေကို အနမ်းနဲ့သုတ်ပေးမိတယ်။ ပြီးတော့ မေးလေးကိုပင့်မ,ပြီး နီမြန်းတဲ့နှုတ်ခမ်းလေးကို ဖိကပ်ပြီး သူပိုင်တဲ့နှုတ်ခမ်းလေးကို သိမ်းယူလိုက်တယ်။

ရက်ပေါင်းများစွာ အောင့်အည်းခဲ့ရတဲ့ အချစ်မေတ္တာတွေက သူတို့နှစ်ယောက်ကို လောင်ကျွမ်းစေဖို့ အသင့်ဖြစ်နေပြီ။ ကျိုးယွင်ရှန့်က ခမည်းတော်ရဲ့ရင်ခွင်ထဲမှာ ထိုင်နေပြီး သူ့ကိုယ်ပေါ်က ဝတ်စုံဖြူလေးကတော့ ခမည်းတော်ရဲ့ချွတ်ယူခြင်းကို ခံလိုက်ရပြီး ဖြူဖွေးနူးညံ့တဲ့ ပုခုံးသားလုံးလုံးလေးနဲ့ ရင်ဘတ်တွေက ဟင်းလင်းဖြစ်လို့နေတယ်။ ရင်ဘတ်က ချယ်ရီသီးလေးနှစ်ခုက ခမည်းတော်ရဲ့ ဖိညှစ်ကစားမှုကြောင့် နီမြန်းစူကြွလာပြီး မာလာတယ်။ ကျိုးယွင်ရှန့်က ယားကျိကျိနဲ့အတူ တစ်ကိုယ်လုံးကသွေးကြောတွေ တဖျင်းဖျင်းဖြစ်လာသလို ခံစားလိုက်ရပြီး နှုတ်က မပီမသ ဝိုးတဝါးညည်းရင်း 'မလုပ်ပါနဲ့' လို့ တီးတိုးတောင်းပန်ရင်း သူ့ကိုယ်ကို ခမည်းတော်နဲ့ ပိုမိုပူးကပ်ထားတော့တယ်။

ယုံကြည်သူကလေးလေးရဲ့ ကိုယ်ခန္ဓာက နူးညံ့ပျော့ပျောင်းလှလို့ အလင်းနတ်ဘုရားရဲ့လက်ဝါးကြီးက ရင်ဘတ်ပေါ်အုပ်ကိုင်ပြီး အသီးလေးကို ဖျစ်ညှစ်လိုက်၊ လက်ဖဝါးနဲ့အုပ်မိုးပြီး ပွတ်သပ်လိုက် လုပ်နေလို့ ကလေးလေးရဲ့ကိုယ်အပူရှိန် တက်လာပြီး နှုတ်ခမ်းသေးသေးလေးက ညည်းတွားသံလေး ပိုပိုကျယ်လာတယ်။ ဒါကြောင့် အလင်းနတ်ဘုရားက ဒီကလေးလေးကို တစ်ကိုယ်လုံးဝါးမြိုချင်စိတ်တို့ တဟုန်းဟုန်း တောက်လောင်လာတော့တယ်။

အလင်းနတ်ဘုရားရဲ့ ရွှေရောင်မျက်ဝန်းတွေက အနက်ရောင့်ရင့်ရင့်အဖြစ် ပြောင်းသွားပြီး သူ့ကိုယ်က တဖြည်းဖြည်း ထိန်းချုပ်မှုလွတ်သွားတော့တယ်။ သူက ကလေးလေးကိုပွေ့ပြီး သူ့ကိုယ်ပေါ်ထိုင်စေလိုက်တယ်။ ပြီးတော့ ကောင်လေးရဲ့တင်ပါးနဲ့ သူ့ရဲ့ကြီးမားလှတဲ့လှံတံကြီးကို တေ့ထားပြီး အနောက်ကနေ ထိန်းကိုင်ထားတယ်။ အလင်းနတ်ဘုရားက ကောင်လေးရဲ့မျက်ဝန်းလေးကို နမ်းလိုက်တယ်။

သူတို့နှစ်ဦးက မျက်နှာတွေပူးကပ်ပြီး အနမ်းဖလှယ်ရင်း လျှာတွေက တစ်ယောက်ခံတွင်းထဲ တစ်ယောက် ကျူးကျော်လို့ မွှေနှောက်ကစားရင်း သည်းသည်းမည်းမည်း နမ်းလို့နေတယ်။ သူတို့နမ်းလေလေ ခံစားချက်တွေ ပိုနက်ရှိုင်းလေဖြစ်ပြီး အလင်းနတ်ဘုရားရဲ့ကိုယ်ပေါ်က ဝတ်ရုံတွေ ပျောက်ကွယ်သွားတော့တယ်။ ကလေးလေးက နမ်းရှိုက်ရင်း ကြည်နူးမျက်ရည်တွေ စီးကျလာပြီး သူ့လက်ဖဝါးကို စိုစွတ်လာစေတယ်။ ဒီမျက်ရည်ကြောင့် အလင်းနတ်ဘုရားက ပူလောင်လာပြီး သူ့တစ်ကိုယ်လုံး လောင်ကျွမ်းတော့မလို ခံစားလိုက်ရတယ်။

အလင်းနတ်ဘုရားက ကောင်လေးရဲ့ခြေထောက်နှစ်ချောင်းကို ခွဲကားလိုက်စေပြီး သူ့ပေါင်ပေါ်မှာ ကလေးလေးကို ဒူးထောက်ထားစေတယ်။ ကောင်လေးရဲ့တင်ပါးလေးက ပွင့်ဟသွားပြီး နီမြန်းတဲ့ပျားရည်တွင်းဝလေးထဲ ကလေးရဲ့ ကနဦးကျဆင်းလာတဲ့ အရည်လေးက စိုစွတ်သွားစေတယ်။ ဒီတွင်းဝလေးက စိတ်လှုပ်ရှားမှု၊ မျှော်လင့်စောင့်စားမှုတွေကြောင့် နူးညံ့လို့နေပြီး ဟစိဟစိဖြစ်လို့နေတယ်။

အလင်းနတ်ဘုရားရဲ့ ကြီးမားမာကျောလှတဲ့ လှံတံကြီးက ကလေးလေးရဲ့တွင်းပေါက်ဝမှာ အကြိမ်များစွာဖိပွတ်ပြီး အထဲကိုတိုးဝင်ဖို့ ဟန်ပြင်နေတယ်။ ဒီလိုဖိပွတ်ခံရတိုင်း ကလေးလေးက ငလျင်လှုပ်သလို တုန်ယင်သွားပြီး ညည်းညူအော်ဟစ်လို့နေတယ်။

"ခမည်းတော်.. သားတော်ကို သနားပါဦး.."

ကျိုးယွင်ရှန့်က မျက်ဝန်းထဲက မျက်ရည်စက်လက်လေးနဲ့ သနားစဖွယ်တောင်းပန်ရင်း သူ့လက်လေးတစ်ဖက်က သူ့ကိုယ်ပိုင်ကျောက်စိမ်းချောင်းလေးကို ဆုပ်ကိုင်လှုပ်ရှားရင်း ကျန်လက်တစ်ဖက်က ခမည်းတော်ရဲ့လှံတံကြီးကို လှမ်းကိုင်ရင်း သူ့ပျားရည်တွင်းထဲကို သွင်းဖို့လုပ်နေတယ်။ အလင်းနတ်ဘုရားက မျက်လုံးကိုပိတ်ထားခံရတဲ့ လူငယ်လေးရဲ့ မျက်ဝန်းပြာလေးထဲက တပ်မက်မှုတို့ကိုမြင်လိုက်ရတော့ ဘယ်လိုမှတင်းမထားနိုင်တော့ဘဲ ကလေးလေးရဲ့လက်ကို ဆွဲဖယ်လိုက်ပြီး ကြီးမားတဲ့သူ့လှံတံကြီးကို ကလေးလေးရဲ့တင်ပါးအလယ်က တွင်းဝလေးထဲ ထိုးသွင်းလိုက်တယ်။ ကျဉ်းပြီးကျပ်တဲ့တွင်းဝလေးကြောင့် လှံတံကြီးက ဘေးကိုချော်ပြီး တင်ပါးဖြူဖြူလေးကို အကြိမ်ကြိမ် ရိုက်ခတ်မိလိုက်တယ်။ ဒီလိုရိုက်ခတ်မိတော့ ကျိုးယွင်ရှန့်က ကိုယ်ကိုတွန့်လိမ်ပြီး အော်ညည်းလိုက်တယ်။ တင်ပါးဖြူဖြူလုံးလုံးလေးက ဒီလိုအသားချင်းရိုက်ခတ်မိလို့ နီမြန်းလို့လာတယ်။ ကျိုးယွင်ရှန့်က သူ့တွင်းဝလေးမှာ မာကျောပူပြင်းတဲ့လှံတံကြီး လာလာတေ့ပြီး ချော်သွားတာကို ဆက်ပြီးသည်းမခံနိုင်တော့လို့ ဒီလှံတံကြီးကိုဆုပ်ကိုင်ပြီး သူ့ဘာသာ တွင်းထဲထိုးသွင်းဖို့ ကြိုးစားလိုက်တယ်။
ဒီကလေးလေးရဲ့ကိုယ်လုံးလေးက ချစ်ဇောဟုန်နဲ့ နီမြန်းပြီး ချွေးလေးတွေတောင်စို့လာတယ်။ အလင်းနတ်ဘုရားက သူချစ်တဲ့ကလေးလေးရဲ့ လှိုက်လှဲတက်ကြွမှုကြောင့် သဘောတကျရယ်မောလိုက်ပြီး သူ့လက်ချောင်းတွေနဲ့ တွင်းဝလေးထဲထိုးသွင်းပြီး ခပ်သွက်သွက်လေး လှုပ်ရှားပေးလိုက်တယ်။ ဒီကောင်လေးရဲ့ကိုယ်ထဲက sensitive point ကိုထိမိတော့ လက်ချောင်းလှုပ်ရှားမှုကိုလိုက်ပြီး ညည်းညူသံတွေ ပိုမိုထွက်ပေါ်လာတော့တယ်။

ကျဉ်းကျပ်တဲ့တွင်းဝလေးက ပျော့ပြောင်းလာပြီး ကောင်လေးရဲ့ကိုယ်အပူချိန်က ပိုမြင့်တက်လာတော့တယ်။ အလင်းနတ်ဘုရားက လက်ချောင်းနောက်ထပ်တစ်ချောင်း ထိုးသွင်းပြီး တွင်းလေးကိုချဲ့ပေးလိုက်တယ်။ ဆက်တိုက်ထိုးသွင်းမှုကြောင့် ကျိုးယွင်ရှန့်ရဲ့ကိုယ်လေး ကော့ပျံပြီး သူ့ခြေထောက်တွေက ချိတ်တွယ်မထားနိုင်တော့ဘဲ ကိုယ်လေးက ပျော့ကျလာတော့တယ်။ ကြည့်ရတာ သူ့ကိုယ်က အားမရှိတော့သလို ပျော့ခွေကျသွားပြီး ခမည်းတော်ရဲ့ ပွေ့ဖက်ထားတဲ့လက်မောင်းကို မှီထားပြီး ကိုယ်လေးကိုတွန့်လိမ်လို့ နောက်ဆုံး သူ့ကျောက်စိမ်းချောင်းက ဖြူဖြူအရည်တွေ ပန်းထုတ်ပြီး ပျော့ခွေကျသွားတော့တယ်။ သူ့ပါးစပ်လေးက ပွင့်ဟပြီး လေကို အလုအယက်ရှူလို့နေတယ်။

"ကလေးလေး.. အဆင်ပြေသွားပြီလား.."

အလင်းနတ်ဘုရားက ပြောရင်း ကလေးရဲ့တွင်းထဲကလက်ချောင်းကို ဆွဲထုတ်ပြီး သူ့လက်ချောင်းထက် ပိုမိုကြီးမားမာကျောတဲ့ လှံတံကြီးနဲ့ ထိုးသွင်းလိုက်တော့ ကျိုးယွင်ရှန့်က အော်ညည်းလိုက်မိပြီး ပျော့ခွေသွားတဲ့ သူ့ကျောက်စိမ်းချောင်းလေးက တဖန်မာကျောပြီး ထောင်မတ်လို့လာပြန်တယ်။ ခမည်းတော်ကြောင့် ကြီးမားတဲ့နာကျင်မှုကို ခံစားနေရပေမယ့် ဒီနာကျင်မှုနောက်က သာယာမှုကြီးလိုက်လာမယ်ဆိုတာသိလို့ ကျိုးယွင်ရှန် သည်းခံလို့နေတယ်။

သူတို့နှစ်ယောက်ရဲ့ခံစားချက်တွေ မြင့်တက်လာပြီး နှစ်ဦးသားရဲ့ညည်းညူသံတွေ ဆူညံလို့လာတယ်။ ကောင်လေးက သူ့လက်မောင်းတွေပေါ် လှဲချလိုက်ပေမယ့် သူ့တင်ပါးလေးက ပင့်မြှောက်ခံရပြီး ဆက်တိုက်ထိုးသွင်းခံနေရလို့ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်လို့နေတယ်။ သူ့ပါးပြင်က ရဲရဲနီနေပြီး မျက်ဝန်းတွေက မျက်ရည်တွေ ဝေ့ဝဲစီးကျလို့နေတယ်။ သူက သနားစဖွယ်တောင်းပန်လိုက်တယ်။

"ခမည်းတော်.. နည်းနည်းလျှော့ပေးပါဦး.. သားတော် မခံနိုင်တော့လို့ပါ.. ခမည်းတော်.. သားတော် ခမည်းတော်ရဲ့မျက်နှာကို မြင်ဖူးချင်တယ်.."

သူက မျက်နှာကိုမော့ကြည့်ချင်ပေမယ့် အလင်းနတ်ဘုရားက သူ့မျက်နှာကိုအုပ်ကိုင်ပြီး ပြောလိုက်တယ်။

"မျက်လုံးမှိတ်ထား ဘေဘီ.. ဘေဘီကြည်လို့ရတဲ့အချိန် ကိုယ်ပြပါ့မယ်.."

အလင်းနတ်ဘုရားရဲ့ အမူအယာက ပျော်ရွှင်ခြင်းနဲ့ စိတ်လှုပ်ရှားခြင်းတို့နဲ့ ရောနှောနေတယ်။ တကယ်လို့ ကောင်လေးသာ နောက်လှည့်ကြည့်လိုက်ရင် ရွှေရောင်ဆံပင်က အနက်ရောင်ပြောင်းသွားပြီး မျက်ဝန်းကလည်း မည်းနက်လို့နေတာကို တွေ့ရမှာသေချာတယ်။ နူးညံ့တဲ့ သူ့ရဲ့အမူအယာနေရာမှာ ကြမ်းတမ်းခြင်း၊ အကြမ်းဖက်ခြင်းတို့က အစားထိုးဝင်ရောက်လို့နေတယ်။

အလင်းနတ်ဘုရားက ဆက်တိုက် အရှိန်မြှင့်ထိုးသွင်းပြီး ကောင်လေးရဲ့ကျောရိုးတလျှောက် အနီမှတ်ထင်အောင်နမ်းရှိုက်ရင်း လည်ပင်းလေးတွေ၊ ပုခုံးစွန်းလေးတွေကို ကိုက်လိုက်တယ်။ ဖြူဖွေးလှပတဲ့ကျောပြင်လေးက စားပါ ကိုက်ပါလို့ ဖိတ်ခေါ်နေသလိုဖြစ်လို့ ဘယ်လိုမှ ထိန်းမရအောင် ဖြစ်နေတယ်။ ဒီနှစ်ဦးသားရဲ့ကြားက ချစ်ခြင်းမေတ္တာကြောင့် နှစ်ဦးသားချစ်တင်းနှောမှုက နွေးထွေးမှုကိုခံစားရစေတယ်။ သူတို့နှစ်ဦး အမြင့်မားဆုံးခံစားချက်ကို ရရှိပြီး တစ်ပြိုင်တည်းထုတ်လွှတ်လိုက်တယ်။ ပြီးတော့ ကောင်လေးက ခမည်းတော်ကိုဖက်ရင်း နှစ်ယောက်သား အကြာကြီး အိပ်ပျော်သွားကြတော့တယ်။

အလင်းနတ်ဘုရားရဲ့ပုံစံကလည်း ရွှေရောင်ဆံပင်၊ ရွှေရောင်မျက်ဝန်းတွေအဖြစ် ပြန်ပြောင်းသွားတော့တယ်။

အလင်းနတ်ဘုရားက ကောင်လေးရဲ့ကိုယ်လုံးလေးကို အဖြူရောင်ဝတ်ရုံနဲ့ ထွေးပွေ့ရင်း ရင်ခွင်ထဲမှာ ပွေ့ဖက်ထားတယ်။ ပလက်တီနမ်ဆံပင်၊ မျက်ရည်စနဲ့ မျက်ဝန်းလေးကိုလည်း နမ်းရှိုက်လို့နေတယ်။ သူ့အမူအယာက အရမ်းကိုနူးညံ့သိမ်မွေ့နေတယ်။ ကျိုးယွင်ရှန့်က သူ့မျက်နှာကို ခမည်းတော်ရဲ့ရင်ခွင်ထဲ တိုးဝှေ့ပွတ်သပ်ရင်း တီးတိုးပြောလိုက်တယ်။

"ခမည်းတော်သိလား.. ဒီနတ်သူငယ်မျိုးနွယ်ထဲက မကောင်းဆိုးဝါးတွေကြားမှာ စိတ်ဝိညာဉ်သန့်စင်တဲ့သူတစ်ယောက်ကို တွေ့ခဲ့တယ်.."

"မကောင်းဆိုးဝါးမြူကြောင့် မျိုးနွယ်တိုင်းပျက်စီးနေပြီ.. ဘယ်သူမှ စိတ်ဝိညာဉ် လုံးဝသန့်ရှင်းတယ်လို့ မရှိပါဘူး.."

အလင်းနတ်ဘုရားက တီးတိုးပြောရင်း စိုစွတ်တဲ့နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်တယ်။

"စိတ်နှလုံးထဲမှာ အလင်းရောင်နဲ့ မျှော်လင့်ချက်ဆိုတာရှိသေးရင် အမှောင်ကိုတားဆီးနိုင်ပါတယ်.."

ပြောပြီးတာနဲ့ ဒီလူနှစ်ယောက်ရဲ့ မတင်းတိမ်သေးတဲ့စိတ်ဇောတွေကြောင့် သူတို့က ချစ်ပင်လယ်ထဲ တဖန် ကျဆင်းသွားပြန်တော့တယ်။

"ဂျိုရှုဝါ.. ဒီလောကမှာ အလင်းသီးသန့်ဆိုတာ ဘယ်နေရာမှာမှ မရှိဘူးဆိုတာ မင်းသိသင့်တယ်.. အမှောင်ဆိုတာရှိမှ အလင်းဆိုတာရှိတယ်.. အလင်းရောင်အားနည်းတဲ့နေရာဆိုတာ မှောင်သွားတာပဲလေ.. အလင်းနဲ့အမှောင်ဆိုတာ ဆန့်ကျင်ဘက်လို့ထင်ရပေမယ့် တကယ်တော့ ခွဲခြားလို့မရအောင် ယှဉ်တွဲရှိနေတဲ့အရာပဲ.. သန့်စင်တဲ့အလင်းကို မင်း ဆွဲဆောင်လို့မရနိုင်ဘူး.. ငါတို့တောင်မှ အမှောင်ကြောင့် ချက်ချင်းပျက်စီးသွားနိုင်တယ်.."

"မဖြစ်နိုင်ဘူး.. ခမည်းတော်က အလင်းနတ်ဘုရားပဲ.. ဘယ်တော့မှ အမှောင်ကြောင့် ပျက်စီးမသွားနိုင်ဘူး.. တကယ်လို့ သားတော်သာ အမှောင်ကို အရှုံးပေးလိုက်ရမယ်ဆိုရင် သားတော် အသေခံပစ်လိုက်မယ်.."

အလင်းနတ်ဘုရားက မေးခွန်းမထုတ်ခင် မျက်ဝန်းရိပ်တွေက တခဏမှေးမှိန်သွားတယ်။

"အမှောင်လွှမ်းမိုးခံရတာထက် အသေခံလိုက်မယ် ဟုတ်လား.. အချစ်ကလေး ဂျိုရှုဝါ.. တကယ်လို့ မင်းသာ အမှောင်ထုထဲ အကြာကြီးနေခဲ့ရမယ်ဆိုရင် မင်းရင်ထဲစွဲငြိနေတဲ့ အမှောင်ကို မင်း ဘယ်လိုမှ ဖယ်ရှားနိုင်မှာမဟုတ်ဘူး.."

"ဒါပေမယ့် သားတော်က အခု ခမည်းတော်ရဲ့ခြေတော်ရင်းကို ရောက်နေပြီမဟုတ်လား.. ခမည်းတော်.. ဒီအကြောင်းတွေ ထပ်မပြောပါနဲ့.. သားတော် မကြားချင်တော့ဘူး.."

အချစ်ရူးရှန့်က ဘယ်လိုအပြစ်အနာအဆာကိုမှ လက်မခံနိုင်တဲ့ ဖြူစင်သူဖြစ်လို့ ဒီစကားကို လက်မခံနိုင်ဘူးဖြစ်နေတယ်။

အလင်းနတ်ဘုရားက ချစ်သူလေးရဲ့မျက်ဝန်းတွေကို လက်နဲ့အုပ်ပြီး နဖူးလေးကို မြတ်မြတ်နိုးနိုး နမ်းလိုက်တယ်။ သူ့ကလေးလေးက အမှောင်ကို လုံးဝလက်မခံနိုင်ဖြစ်နေလို့ သူလည်း ဘာဆက်လုပ်ရမှန်းမသိဘဲ စိတ်ပျက်လက်ပျက်ဖြစ်လို့နေတယ်။

တစ်ချိန်တည်းမှာပဲ နတ်သူငယ်နဲ့ သားရဲလူသားတွေအားလုံး လေထုထဲက ပြင်းထန်တဲ့ဖိအားကို ခံစားနေရတယ်။ မှော်စွမ်းအင်မရှိတဲ့ သားရဲလူသားတွေကော နတ်သူငယ်စစ်သည်တော်တွေပါ အသက်ရှူရခက်ခဲပြီး စွမ်းရည်မြင့်လေ ဒီဒဏ်ကို ပိုခံစားရလေဖြစ်တယ်။ သူတို့ခြေလက်တွေပျော့ပြီး ဘုရားကျောင်းရှိရာဒူးထောက်လို့ နှလုံးသားက ကြောက်ရွံ့မှုကြောင့် ခုန်ပေါက်လို့နေတယ်။

နတ်သူငယ်ဘုရင်နဲ့ သားရဲလူသားဘုရင်တို့က မြေပြင်ပေါ်လဲကျနေပြီး ချွေးစေးတွေပြန်လို့နေတယ်။ ဒါက ပထမဆုံး ခမည်းတော်ရဲ့ စွမ်းအင်ဖိအားကို ရင်ဆိုင်ရတာပဲဖြစ်တယ်။ ခမည်းတော်ရဲ့စွမ်းအားနဲ့ဆိုရင် လက်ညှိုးတစ်ချက်ဝှေ့ယမ်းရုံနဲ့ ဒီကုန်းတိုက်မကြီး ပျက်စီးသွားနိုင်တယ်။

"ဒါ ခမည်းတော်လား.."

"ဒီစွမ်းအားအရ ခမည်းတော်ပဲဖြစ်ရမယ်.."

"ခမည်းတော်က အခု ဘုရားကျောင်းထဲမှာရှိပါတယ်.. သူက ကျွန်တော်တို့နယ်မြေကို ကြွချီလာပါတယ်.."

"ဒါပေမယ့် ဘိုးလ်နဲ့ မကောင်းဆိုးဝါးက ဒီနယ်မြေမှာရှိနေတယ်.."

"ခမည်းတော်.. ကျေးဇူးပြုပြီး ခွင့်လွှတ်တော်မူပါ.. ဒီမျိုးနွယ်စုနှစ်ခုကို မပစ်ပယ်လိုက်ပါနဲ့.."

ဘုရင်နှစ်ပါးက သူတို့လူတွေရဲ့ အော်ဟစ်ငိုကြွေးသံကြောင့် စိတ်မကောင်းဖြစ်သွားကြတယ်။ သူတို့က သူတို့မျိုးနွယ်စုကို ဘေးဒုက္ခတွေ ကျရောက်စေခဲ့တယ်။ ကြင်နာတတ်တဲ့ခမည်းတော်က သူတို့ကို အမှားပြင်ဖို့ အခွင့်အရေးတစ်ကြိမ်တော့ ပေးခဲ့တယ်။

ဒီဖိအားက တစ်နာရီကြာတော့ လျော့သွားပေမယ့် ဘုရားကျောင်းကိုကာရံထားတဲ့ အလင်းစက်ဝိုင်းက လုံးဝဖွင့်ဟမလာခဲ့ဘူး။ ဒူးထောက်နေတဲ့ နတ်သူငယ်နဲ့ သားရဲလူသားတွေက တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီးနှစ်သိမ့်ကြရင်း သက်သာအောင် ကြိုးစားနေကြတယ်။

ဝန်ထမ်းတစ်ယောက်နဲ့ လမ်းလျှောက်လာတဲ့ ဘိုဝင်ကိုတွေ့တော့ နတ်သူငယ်ဘုရင်က တီးတိုးမေးလိုက်တယ်။

"ခမည်းတော် ငါတို့ဘုရားကျောင်းထဲမှာလား.."

"ဟုတ်တယ်.."

ဘိုဝင်က ခဏတိတ်သွားပြီး ဆက်ပြောလိုက်တယ်။

"ဂျိုရှုဝါက ခမည်းတော်နဲ့ ချစ်သူတွေဖြစ်ပုံရတယ်.."

တကယ်လို့ အရင်ကသာ ဒီစကားကိုကြားရင် ခမည်းတော်လိုနတ်ဘုရားက သေမျိုးလူသားကို ချစ်သူအဖြစ် မရွေးနိုင်ဘူးလို့ ပြောမှာသေချာတယ်။ ဒါပေမယ့် သူတို့နှစ်ဦး ပြောဆိုတဲ့စကားကိုကြားရတော့မှ ဒါက တကယ်ဆိုတာ ဘိုဝင် လက်ခံနိုင်ခဲ့တာဖြစ်တယ်။ ခမည်းတော်ရဲ့လေသံထဲမှာ အနှိုင်းမဲ့ချစ်ခြင်းနဲ့ ကြင်နာခြင်းကို ဘိုဝင်ခံစားမိခဲ့တယ်။ ခမည်းတော်က ဗီလိန်တစ်ယောက်ကို ဘယ်လိုမှ မေတ္တာသက်ဝင်မှာမဟုတ်ဘူး။ ဒါကြောင့် ဘိုးလ်က သူတို့ကိုလိမ်ညာခဲ့တယ်ဆိုတာ ထင်ရှားတဲ့အပြင် ဒီဘိုးလ်ရဲ့ဇာစ်မြစ်က သူပြောခဲ့သလို ကြီးကျယ်မြင့်မြတ်တယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။

ဘုရင်နှစ်ပါးရဲ့အမူအယာတွေက ဘိုဝင်ရဲ့စကားကိုကြားတော့ ရုပ်ပျက်ဆင်းပျက် ရှုံ့တွသွားကြတော့တယ်။ သူတို့ အတော်ကြာတိတ်သွားပြီးမှ နတ်သူငယ်ဘုရင်က သရဖူကိုချွတ်ပြီး ပြောလိုက်တယ်။

"ငါတို့မျိုးနွယ်စုပေါ်ကျရောက်နေတဲ့ ကပ်ဆိုးကနေလွတ်ဖို့ ငါ ခမည်းတော်ဆီက ကျူးလွန်ခဲ့သမျှဝန်ခံပြီး အပြစ်ဒဏ်ခံယူချင်တယ်.. ငါတစ်ယောက်တည်းပဲ အပြစ်ခံယူမယ်.. ငါ့မိသားစုနဲ့ ငါ့မျိုးနွယ်စုအပေါ် အပြစ်မကျစေရဘူး.."

"ငါလည်းလိုက်မယ်.."

သားရဲလူသားဘုရင်လည်း ပြောလိုက်တယ်။

သူတို့က ဘုရားကျောင်းရှိရာကို လမ်းလျှောက်လာရင်း ကောင်းကင်ပေါ်ကနေ ရွှေရောင်အလင်းဖြာကျလာပြီး တစ်စုံတစ်ခုက ဖြည်းညင်းစွာကျဆင်းလာတယ်။ ဒီထဲမှာ ညည်းသံနှစ်ချက် ကြားလိုက်ရပြီး တစ်စုံတစ်ယောက် မတ်တပ်ထရပ်လာတယ်။

ဒီလူငယ်လေးက ပလက်တီနမ်ရောင်ဆံပင်နဲ့ မျက်ဝန်းပြာကိုပိုင်ဆိုင်ထားပြီး ဂျိုရှုဝါလိုမျိုး ချောမောလှပတယ်။ သူ့ကိုယ်မှာ ဝတ်ရုံဖြူကို ဆင်မြန်းထားပေမယ့် ဂျိုရှုဝါလို မြင့်မြတ်ကြင်နာတဲ့ အရိပ်အယောင်မျိုး လွှမ်းခြုံနေတာမရှိဘူး။ ကောင်လေးက နတ်သူငယ်နဲ့ သားရဲလူသားဘုရင်နှစ်ပါးကို စိုက်ကြည့်ပြီး မေးလိုက်တယ်။

"ဒီဟာက ဘယ်နေရာလဲ.."

"သင်က ဘယ်သူလဲ.. ဘာကြောင့် ကျုပ်တို့မြေကို ကျူးကျော်လာတာလဲ.."

နတ်သူငယ်ဘုရင်က နှင်တံနဲ့ညွှန်ရင်း မေးမြန်းလိုက်တယ်။

"ခင်ဗျားက နတ်သူငယ်လား.."

ကောင်လေးက ဘုရင်နဲ့ ဘိုဝင်ရဲ့နားရွက်ချွန်ချွန်ကိုတွေ့တော့ တအံ့တသြမေးလိုက်တယ်။ သူ အရင်တုန်းက ဒီကုန်းတိုက်မကြီးမှာနေခဲ့တုန်းက နတ်သူငယ်တွေ ဘယ်လောက်ချောမောပြီး ဆွဲဆောင်မှုရှိတယ်ဆိုတာ ကြားဖူးတယ်။ ဒါကြောင့် အမြန်ပဲ ရှင်းပြလိုက်တယ်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို နာကျင်အောင်မလုပ်ပါနဲ့.. ကျွန်တော်က ကောင်းကင်ဘုံက လာခဲ့တာပါ.."

"မင်းက တမန်တော်လား.."

ဘိုဝင်က ကောင်လေးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မေးလိုက်တယ်။ ကောင်လေးက ရုပ်ရည်အရမ်းချောပေမယ့် ဝတ်ရုံက ရိုးရိုးပဲဖြစ်တယ်။ ပြီးတော့ သူ့ကိုယ်မှာ အလင်းစွမ်းအား တစ်စက်မှမရှိဘဲ သာမန်သေမျိုးတစ်ယောက်လို ဖြစ်နေတယ်။

"ဟင်.. မဟုတ်ပါဘူး.. ကျွန်တော်က တမန်တော်မဟုတ်ပါဘူး.."

ကောင်လေးက သူတို့ကောင်းကင်ဘုံပေါ်က နှင်ချခံရတဲ့အကြောင်းအရင်းကို မှတ်မိနေတယ်။ ဒါကြောင့် သူက ရှင်းပြလိုက်တယ်။

"ကျွန်တော်က အစကတော့ ဒီတိုက်မြေကြီးပေါ်မှာ နေပါတယ်.. လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်က ကောင်းကင်ဘုံက ခမည်းတော်ရဲ့ဘုံဗိမာန်ဆီ ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်.. ဒါပေမယ့် ခမည်းတော်ရဲ့ဘုံဗိမာန်က အစေခံတစ်ယောက်ဖြစ်တဲ့သူက ခမည်းတော်ရဲ့ အလင်းကျောက်တုံးလက်စွပ်ကို ခိုးယူပြီး ထွက်ပြေးသွားတဲ့အပြင် ခမည်းတော်ရဲ့နာမတော်ကို အလွဲသုံးစားပြုလုပ်ခဲ့တယ်.. ဒါကြောင့် ခမည်းတော်က ဒေါသထွက်သွားပြီး ကျွန်တော်တို့ကို အလင်းစွမ်းအင်ရုပ်သိမ်းပြီး လူ့ပြည်ကိုပြန်ပို့လိုက်တယ်.. ကျွန်တော်က အခု သာမန်လူတစ်ယောက် ဖြစ်နေပါပြီ.. ကျွန်တော့်ရဲ့အိမ်ရှိရာ မိုရိုပြည်ကို ပြန်ချင်ပါတယ်.. ဒါကြောင့် အကြီးအကဲတွေ.. ကျေးဇူးပြုပြီး ကူညီပေးကြပါ.."

ကောင်လေးက သရဖူကိုင်ထားတဲ့ နတ်သူငယ်ဘုရင်ကိုကြည့်ပြီး အကူညီတောင်းလိုက်တယ်။ သူက ဒူးထောက်လိုက်ပြီး သူ့ကိုယ်ထဲကို စစ်ဆေးခွင့်ပြုလိုက်တယ်။ သူ့ကိုယ်ထဲမှာ မှော်စွမ်းအင်မရှိသလို အပြစ်လုပ်ထားတာလည်းမရှိဘူးဆိုတာ သိလိုက်လို့ နတ်သူငယ်နဲ့ သားရဲလူသားတွေက ဒီကောင်လေးကို ထိခိုက်အောင် မလုပ်ရက်ကြတော့ဘူး။

ဘုရင်နှစ်ပါးနဲ့ ဘိုဝင်က ဒီစကားတွေကိုကြားပြီး ကျောက်ရုပ်တွေလို ဖြစ်သွားကြတယ်။ ပထမဆုံး ဘိုးလ်နဲ့တွေ့ချိန်က သူပြောခဲ့တဲ့စကားကို သူတို့ ကောင်းကောင်းမှတ်မိနေသေးတယ်။

"ကျွန်တော်က ခမည်းတော်ရဲ့ တမန်တော်ပါ.. ဒီကုန်းမကြီးကို ခရီးလှည့်လည်ကြည့်ဖို့ ရောက်လာပြီး အလင်းစွမ်းအင်တွေကို ဖြန့်ဖြူးချင်လို့ဖြစ်တယ်.."

"ခမည်းတော်က ကျွန်တော့်ကို အရမ်းချစ်မြတ်နိုးတော်မူတယ်.. ကျွန်တော့်သီချင်းသံကို နားဆင်ချင်လို့ ခဏခဏ ဆင့်ခေါ်တတ်တယ်.. ကျွန်တော့်တေးသံကို ကြားပြီးနောက်ပိုင်း နတ်သူငယ်တွေရဲ့အသံထက် ချိုသာတယ်လို့ ချီးမွမ်းခဲ့တယ်.. ဒါပေမယ့် ခင်ဗျားရဲ့သီချင်းသံကို ကြားပြီးနောက်ပိုင်းမှ ခမည်းတော်က ကျွန်တော့်ကို နှစ်သိမ့်ပေးခဲ့တယ်ဆိုတာ သိတော့တယ်.. ကျွန်တော်က ခင်ဗျားတို့နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ.."

"အိုး.. ကျွန်တော်က ခင်ဗျားနဲ့ တစ်သက်လုံး အတူနေချင်ပါတယ်.. ဒါပေမယ့် တစ်နေ့ကျရင် ခမည်းတော်က ကျွန်တော့်ကို ကောင်းကင်ဘုံကိုပြန်ခေါ်လိမ့်မယ်.. အဲ့ဒီနေ့ကျရင် ကျွန်တော့်နှလုံးသားက ဒီနာကျင်မှုကို ခံနိုင်ရည်ရှိမှာတောင်မဟုတ်ဘူး.."
ဒီလိုချိုသာတဲ့စကားကို ကြားရချိန်မှာ သူတို့က ချက်ချင်း ဘိုးလ်ရဲ့ခြေရင်း ကြွေဆင်းသွားကြတာဖြစ်တယ်။ ဘုရင်နှစ်ပါးက တစ်ယောက်ကိုတစ်ယောက် ဝမ်းနည်းစွာ စိုက်ကြည့်လိုက်ကြတယ်။ သူတို့က ဘိုးလ်ကို မနာလိုဖြစ်ခဲ့ကြပြီး ညတိုင်း ရမ္မက်ပြင်းပြစွာနဲ့ ဖြတ်သန်းခဲ့ကြတာက အခုတော့ အိပ်မက်ဆိုးတွေလိုပါပဲ။

ဘိုဝင်က တည်ငြိမ်စွာပဲ ကောင်လေးရဲ့လက်ကို ဆုပ်ကိုင်စစ်ဆေးပြီးနောက် မေးလိုက်တယ်။

"မင်းပြောတဲ့ အစေခံရဲ့နာမည်က ဘိုးလ်ဘရစ်တာလား.."

"ဟုတ်တယ်.. သူပဲ.. ခင်ဗျားတို့ သူ့ကိုသိသလား.."

ကောင်လေးက မျက်လုံးဝိုင်းသွားပြီး မေးလိုက်တယ်။ သူက ဘုရင်နှစ်ပါးမျက်နှာကို သေချာကြည့်ပြီး နောက်ကို ခြေနှစ်လှမ်းဆုတ်သွားပြီး ပြောခဲ့တယ်။

"ခင်ဗျားတို့က ဘိုးလ်ရဲ့ချစ်သူတွေပဲ.."

သူတို့ကောင်းကင်ဘုံက ကန်ချမခံရခင် ခမည်းတော်က ဘိုးလ်နဲ့လိင်ဆက်ဆံခဲ့တဲ့ လူများစွာရဲ့ပုံရိပ်ကို ပြသခဲ့တယ်။ ဒါကြောင့် ဒီလူတွေက ဘိုးလ်ရဲ့ချစ်သူများစွာထဲက နှစ်ယောက်ဆိုတာ ကောင်လေး သတိပြုမိသွားတယ်။

သားရဲလူသားဘုရင်ရဲ့ မျက်နှာပေါ် ထိတ်လန့်ခြင်းတွေပေါ်လာပြီး မေးလိုက်တယ်။

"မင်း ငါတို့ကို သိနေတာလား.. မင်း ကောင်းကင်ဘုံပေါ်က ဆင်းလာတာ မဟုတ်ဘူးလား.."

ကောင်လေးက သားရဲဘုရင်ကို စာနာသနားစွာကြည့်ပြီး ပြောလိုက်တယ်။

"ခမည်းတော်က အနန္တစွမ်းအားရှင်ဆိုတာ ခင်ဗျားတို့သိရဲ့လား.. ခမည်းတော်ရဲ့မျက်စိအောက်မှာ ဘယ်သူမှ ဘာမှဖုံးကွယ်ထားလို့မရဘူး.. ခင်ဗျားတို့လုပ်ရပ်ကို ကောင်းကင်တစ်ခုလုံးသိတယ်.."

ဒီစကားအဓိပ္ပါယ်ကို ဘုရင်နှစ်ပါး သေချာသိသွားပြီးနောက် တွင်းတစ်တွင်းသာရှာပြီး ပုန်းလိုက်ချင်တော့တယ်။ အစောက သူတို့က ခမည်းတော်ဆီ အပြစ်ဝန်ခံပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်မယ်လို့ စိတ်ကူးထားပေမယ့် အခုတော့ မလုပ်ဝံ့ကြတော့ဘူး။ တစ်ခါက ဘိုးလ်က အဆိပ်ရှိတဲ့အသီးကိုစားမိပြီး သေမလိုဖြစ်တော့ သူတို့နှစ်ယောက်ပေါင်း ကုသပေးရင်း သုံးယောက်သားအတူ ချစ်တင်းနှောခဲ့ကြသေးတယ်။

ဒီအကြောင်းတွေတွေးမိတော့ ဘုရင်နှစ်ပါးက ရင်တွေဗြောင်းဆန်ပြီး သွေးတလုတ်အန်လာခဲ့တယ်။ ဒါပေမယ့် သူတို့က တိတ်တဆိတ်ပဲ သွေးတွေပြန်မြိုချလိုက်တယ်။ သူတို့က ကယိမ်းကယိုင်နဲ့ လှည့်ပြီး ထွက်ပြေးသွားကြတော့တယ်။

ဘိုဝင်က သက်ပြင်းချပြီး ကောင်လေးကို ပြောလိုက်တယ်။

"ကျေးဇူးပြုပြီး ငါ့နောက်လိုက်ခဲ့ပါ.. မင်းတိုင်းပြည်ကို လုံခြုံစွာပြန်ရောက်ဖို့ လမ်းပြထည့်ပေးလိုက်ပါ့မယ်.."

"အိုး.. ကျေးဇူးပဲ.. ကျွန်တော် ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပြတော့ပါဘူး.."

ကောင်လေးက သဘောပေါက်စွာ ပြောလိုက်တယ်။ ဒါမှ ဒီဘုရင်နှစ်ပါးရဲ့သိက္ခာကို ဆယ်နိုင်မှာဖြစ်တယ်။

"ကိစ္စမရှိဘူး.. ဒီအကြောင်းကို တတ်နိုင်သလောက် လူအတော်များများသိအောင် ပြောပြလိုက်ပါ.. ဒါမှ ဘိုးလ်ရဲ့လိမ်ညာတာကို ထပ်မခံရမှာ.."

ဘိုဝင်က စိတ်ရင်းမှန်နဲ့ ပြောလိုက်တယ်။

"ကောင်းပါပြီ.. ဒါဆို ကျွန်တော် ဒါတွေပြောပြပေးပါ့မယ်.. ဒါကိုပြောရင်းမှ ခင်ဗျားလည်း ဘိုးလ်ရဲ့ချစ်သူဖြစ်လုနီးပါး ဖြစ်ခဲ့တာပဲ.."

ကောင်လေးရဲ့မှတ်ဥာဏ်က အရမ်းကောင်းတယ်။ သူက ဘိုဝင်ရဲ့နူးညံ့တဲ့မျက်နှာကို မှတ်မိသွားပြီး ပြောလိုက်တယ်။ ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်လာလို့သာ ဘိုဝင်က ဘိုးလ်ရဲ့ချစ်သူမဖြစ်ဘဲ လိင်ဆက်ဆံခြင်းက လွတ်ခဲ့တာဖြစ်တယ်။

"ဒီလို အသေးစိတ်အကြောင်းအရာတွေကို လူတိုင်းသိဖို့ မလိုပါဘူး.."

ဘိုဝင်က ရှက်ရွံ့စွာပြောရင်း သူ့ကိုယ်သူသန့်ရှင်းဖို့ ဂါထာတချို့ကို ရွတ်ဆိုပြီး သန့်စင်လိုက်တယ်။

လူငယ်လေးက ဆာဂါနဲ့ ဒိုရဒို့စ်စစ်သည်တော်အဖွဲ့တွေနဲ့ ပူးပေါင်းလိုက်တယ်။ ဒီစစ်သည်တော်အဖွဲ့က ဂျိုရှုဝါကိုစောင့်ရှောက်ပြီး ကုန်းမကြီးကို ခရီးလှည့်လည်သွားကြမှာကို ကြားသိရတော့ သူပါလိုက်မယ်ဆိုတဲ့အကြောင်း စိတ်လှုပ်ရှားစွာနဲ့ အခိုင်အမာပြောဆိုနေတော့တယ်။ ဒီကောင်လေးက လိမ္မာပါးနပ်သူဖြစ်ပြီး ခမည်းတော်ပြသလိုက်တဲ့ မြင်ကွင်းထဲမှာ ဘိုးလ်က ဆာဂါပြည်ကို လှမ်းဝင်လိုက်တာနဲ့ ချက်ချင်း ဂျိုရှုဝါအတွက် ခမည်းတော်က နှင်းဆီတွေကို ခြံလုံးကျွတ်ပွင့်စေပြီး နှင်းဆီဖြူကို ရဲရဲနီတဲ့နှင်းဆီနီအဖြစ် ပြောင်းလဲပေးခဲ့တာကို သတိပြုမိခဲ့တယ်။

ဘိုးလ်က ဒီအရာတွေကို ခမည်းတော်က သူ့ကိုပေးတဲ့လက်ဆောင်လို့ ပြောရဲတာ တကယ့်ကိုရယ်စရာပဲ။ သူ ဘယ်သူလဲဆိုတာတောင် ခမည်းတော်ကမသိတာ ဘယ်လိုလုပ် ဒီလိုအရာတွေ သူ့ကိုပေးနိုင်ရမှာလဲ။ ဒါတွေက သေချာပေါက် ဂျိုရှုဝါအတွက်ပေးတာပဲ ဖြစ်ရမယ်။ ဒီနှင်းဆီတွေရှေ့ရပ်နေတဲ့ ဂျိုရှုဝါရဲ့ပုံပန်းသဏ္ဍာန်က နေလုံးကြီးလို ခမ်းနားထည်ဝါလှပြီး မြင်သူတိုင်းကို ယစ်မူးသွားလောက်စေတယ်။

နောက်ဆုံးတော့ သူ့ဆီမှာ ဂျိုရှုဝါလိုမျိုး ပလက်တီနမ်ရောင်ဆံပင်နဲ့ မျက်သားပြာပြာတွေရှိပေမယ့် ခမည်းတော်က သူ့ကို ဘာကြောင့် တစ်စက်လေးမှ သတိမထားမိသလဲဆိုတာကို နားလည်သွားခဲ့တယ်။ သူနဲ့ဂျိုရှုဝါက ယှဉ်မရအောင် ကွာခြားနေလို့ ခမည်းတော်ရဲ့မျက်လုံးထဲမှာ သူ့ကို နည်းနည်းမှ သတိမထားမိတာကိုး။ ဒါကြောင့် ခမည်းတော်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုကိုခံရဖို့ ဂျိုရှုဝါနားမှာနေတာ အလုံခြုံဆုံးပဲဖြစ်မယ်လို့ လူငယ်လေးက တွေးလိုက်တယ်။

ဒီအတွေးကြောင့် လူငယ်လေးက ဆာဂါပြည်ကစစ်သည်တွေနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားခဲ့တယ်။ ဒီကာလအတွင်း နတ်သူငယ်နဲ့ သားရဲလူသားတွေက ဘိုးလ်ရဲ့ဇာစ်မြစ်နဲ့ပတ်သက်ပြီး သူ့ကို လာစုံစမ်းကြတယ်။ သူက စိတ်ထဲရှိတဲ့အတိုင်း အမှန်ကိုဖြေလိုက်တော့ ဒီမျိုးနွယ်စုကလူတွေ မျက်နှာဖြူရော်သွားတာတွေ့ပြီး သူ စာနာသနားလာမိတယ်။

အလင်းနတ်ဘုရားရဲ့ဘုံဗိမ္မာန်မှာ ဘိုးလ်ရဲ့အဆင့်အတန်းက ဒီလောက်နိမ့်ကျမယ်လို့ သူတို့ မမျှော်လင့်ထားကြဘူး။ ဘိုးလ်က သေချာပေါက် ခမည်းတော်လက်က မလွတ်နိုင်ဘူး။ ဒါပေမယ့် သူက သူနဲ့အတူ ဒီမျိုးနွယ်စုနှစ်ခုကိုပါ ပျက်စီးအောင် ဆွဲချသွားမယ်လို့ လုံးဝမမျှော်လင့်ထားမိကြဘူး။

ဘိုးလ်က နတ်သူငယ်၊ သားရဲလူသားတွေနဲ့ သစ်သီးခူးဖို့ထွက်လာတယ်။ ဟူးဘတ်က သူတို့နောက်မှာ ချန်နေရစ်ခဲ့တယ်။ ဘိုးလ်က နတ်သူငယ်တွေ သစ်သီးခူးနေတဲ့အပင်ရှေ့ ရပ်ကြည့်နေတယ်။ ဟူးဘတ်ပြန်ရောက်လာတော့ သူ့စွမ်းအင်အဆင့်က သူတော်စင်အဆင့်ကိုတက်သွားလို့ ဝမ်းသာပျော်ရွှင်နေပုံရတယ်။ သူ့မှာက မီးနဲ့လေစွမ်းအားကို ပိုင်ဆိုင်ထားတာဖြစ်လို့ စွမ်းအင်အဆင့်တက်သွားချိန် ဟူးဘတ်က လေထဲပျံသန်းနိုင်စွမ်း ရှိသွားတယ်။ ဒါကြောင့် သူက သစ်ပင်ထိပ်ဖျားကို ပျံသန်းသွားပြီး အချိုဆုံးသစ်သီးကို ဘိုးလ်အတွက်ခူးပေးလိုက်တယ်။ သူက ဘိုးလ်ဆီက စိတ်ပျက်စရာအပြုံးကို မြင်လိုက်ချိန်မှာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ လှောင်ပြောင်မှုကို ခံစားလိုက်ရတယ်။

ရုတ်တရက် သစ်တောရဲ့အထက် လေထုထဲကနေ ကြီးမားတဲ့စွမ်းအင်ကြီး သက်ဆင်းလာလို့ ဟူးဘတ်နဲ့နတ်သူငယ်တွေ မြေပေါ်ကို ပြိုလဲကျသွားပြီး မတ်တပ်တောင် မရပ်နိုင်ကြတော့ဘူး။

အလင်းနတ်ဘုရားက ဂျိုရှုဝါနဲ့ အတူတူရှိနေမှာ သေချာတယ်။ ဟူးဘတ်က မြေပြင်ပေါ်ကနေ မထနိုင်သလိုဟန်ဆောင်ပြီး စွမ်းအားဖိနှိပ်မှု အားလျော့ချိန် ထွက်ပြေးဖို့ချောင်းနေတယ်။ ဘိုးလ်က အခု သာမန်လူသားဖြစ်နေလို့ ဖိအားဒဏ်ကို မခံစားရဘူး။ ဒါပေမယ့် လေထုက တစ်ခုခုဖြစ်နေတယ်ဆိုတာ သူ သတိထားမိလိုက်တယ်။ သူက ဟူးဘတ်ရှိရာပြေးသွားပြီး ကူညီဖို့ကြိုးစားရင်း လူတိုင်းဖြစ်ပျက်နေတာကို စိုးရိမ်မကင်းစွာ စိုက်ကြည့်လိုက်တယ်။

"ငါ အဆင်ပြေပါတယ် အချစ်လေး.. ငါ ထွက်သွားသင့်ပြီလို့ ထင်တယ်.. မင်းကတော့ သူတို့နဲ့ပြန်လိုက်သွားလိုက်ပါ.. တစ်ခုခုဖြစ်လာရင် ငါ မင်းကို ချက်ချင်းလာကယ်ပေးပါ့မယ်.."

ဟူးဘတ်က ဘိုးလ်ရဲ့ပါးပြင်ကို ပုတ်လိုက်ပြီး ရုန်းကန်ထရင်း တောအုပ်ထဲကနေ ပျောက်ကွယ်သွားတော့တယ်။

ဘိုးလ်က စိတ်ရှုပ်ထွေးစွာနဲ့ နတ်သူငယ်တွေနဲ့အတူ ရွာဆီကိုပြန်လာခဲ့တယ်။ ဒါပေမယ့် ပလက်တီနမ်ဆံပင်နဲ့ မျက်ဝန်းပြာပြာလူငယ်တစ်ယောက်ကို စစ်သည်တော်နဲ့လူအုပ်ကြီးက ဝန်းရံထားတာကိုတွေ့တော့ သူ့အမူအယာက အေးခဲသွားတော့တယ်။

သူက လူငယ်လေးကို သူ့မူလဇာစ်မြစ်ကို ထုတ်ဖော်မပြောဖို့ ဘယ်လိုစည်းရုံးသိမ်းသွင်းရမလဲလို့ စဉ်းစားနေတုန်း လူငယ်လေးက သူ့ကိုမြင်သွားပြီး ပြေးလာခဲ့တယ်။ သူ့နားရောက်တော့ လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်ကာ ရိုက်နှက်ပြီး ဒေါသတကြီးပြောလိုက်တယ်။

"လူမိုက်ဘိုးလ်ဘရစ်တာ.. ငါ မင်းကိုသတ်မယ်.. မင်း.. လူလိမ်ကောင်.. ခမည်းတော်ရဲ့လက်စွပ်ကိုခိုးပြီး ဒီကုန်းမကြီးတလျှောက်မှာ ခမည်းတော်ရဲ့နာမတော်ကို အလွဲသုံးစားလုပ်ပြီး ခမည်းတော်ရဲ့ဂုဏ်သရေကို ဖျက်ဆီးရဲတယ်.. မင်းကြောင့် ခမည်းတော်က ဒေါသထွက်ပြီး ငါတို့အားလုံးရဲ့စွမ်းအင်ကို ဖျက်ဆီးပြီး လူ့ပြည်ကို မောင်းချလိုက်တယ်.. မင်းက အားလုံးကိုဖျက်ဆီးခဲ့တဲ့ မကောင်းတဲ့ကောင်ပဲ.."

အလင်းနတ်ဘုရားရဲ့ ဘုံကနေ မောင်းချခံရကတည်းက ဒေါသတွေစုပုံနေတဲ့ လူငယ်လေးက ဘိုးလ်ကိုတွေ့ရင် ကောင်းကောင်းရိုက်ပစ်မယ်လို့ တေးထားခဲ့တယ်။ အခု သူ့ဆန္ဒကို ဖော်ထုတ်ခွင့်ရပြီဆိုတော့ အားပါးတရကို ထိုးကြိတ်နေတော့တယ်။ ဘိုးလ်က အခု သာမန်လူသားဖြစ်ရုံတင်မကဘူး၊ သူက တိုက်ခိုက်နည်းကိုလည်း မသိဘူး။ ဒါကြောင့် လူငယ်လေးထိုးကြိတ်သမျှ နာကျင်စွာခံစားရင်း ရင်ထဲက ပိုလို့နာကျင် ကြောက်ရွံ့လို့လာတယ်။ သူ့ပတ်လည်က ဝိုင်းကြည့်နေတဲ့ အရင်ကသူ့ကိုချစ်တဲ့ သားရဲလူသားနဲ့ နတ်သူငယ်တွေရဲ့ စိတ်ပျက်ရွံရှာတဲ့အကြည့်၊ သူ့ကို ကမ္ဘာပေါ်မှာ အညစ်ညမ်းဆုံးအရာလို အထင်သေးစက်ဆုပ်တဲ့ အကြည့်တွေနဲ့ ကြည့်တာခံရတော့ သူ အရမ်းကြောက်လာတယ်။

ဒါကြောင့် ဘိုးလ်က အကြည့်ချင်းမဆုံဝံ့လို့ ခေါင်းနဲ့မျက်နှာကို လက်နဲ့အုပ်ကာရင်း ညည်းတွားလို့သာနေတော့တယ်။ နောက်ဆုံးတော့ သားရဲမင်းသားက ဆက်မကြည့်ရက်နိုင်တော့လို့ ရိုက်နှက်နေတဲ့ကောင်လေးကို ဆွဲဖယ်ပြီး ဘိုးလ်ကိုထူမ,လို့ ရင်ခွင်ထဲပွေ့ဖက်ရင်း နှစ်သိမ့်လိုက်တယ်။

"မကြောက်ပါနဲ့.. မင်းကို ထပ်မနာကျင်စေရတော့ပါဘူး.. မင်းက တမန်တော်မဟုတ်ဘူး ဆိုရင်တောင် ငါ မင်းကို ချစ်နေဆဲပါ.."

သူက ဘိုးလ်ရဲ့နားနားကပ်ပြီး တီးတိုးပြောရင်း ဂျိုရှုဝါကို အရမ်းမုန်းတီးလာမိတယ်။ ဂျိုရှုဝါကြောင့်သာမဟုတ်ရင် ဘိုးလ်က အခုလိုဆက်ဆံခံရမှာမဟုတ်ဘူး။

ဘိုဝင်က အစောင့်တွေကို သားရဲမင်းသားကို သုတ်သင်ဖို့ အမိန့်ပေးပြီး ဘိုးလ်ကို သစ်လုံးအိမ်တစ်လုံးမှာ ချုပ်နှောင်ထားတယ်။ နတ်သူငယ်တွေမှာ ထောင်ဆိုတာမရှိသလို ဘိုးလ်ကိုလည်း ညှင်းပန်းနှိပ်စက်မှာမဟုတ်ဘူး။ ဟူးဘတ်က ဘယ်သူလဲ၊ ဘာရည်ရွယ်ချက်ကြောင့်လာသလဲ ဆိုတာကို စစ်မေးကြလိမ့်မယ်။ ဘိုးလ်က ကောင်းကောင်းဖြေတယ်ဆိုရင် ဘိုးလ်ကိုမသတ်ဘဲ အမှောင်တောအုပ်ထဲကိုပဲ လွှတ်လိုက်မှာဖြစ်တယ်။ ဒါပေမယ့် သာမန်လူသားတစ်ယောက်အတွက် တောထဲသွားတာ သေလမ်းသွားတာနဲ့ အတူတူပဲ။

တစ်ပြိုင်တည်းမှာပဲ ဒီကုန်းတိုက်မကြီးနဲ့ နယ်မြေအသီးသီးမှာ လေထုထဲကနေ ဆယ်ကျော်သက်လေးတွေ ပြုတ်ကျလာပြီး သူတို့ရောက်လာတာ ဘိုးလ်နဲ့ထပ်တူပဲ။ ဒါကြောင့် သူတို့က ခမည်းတော်ရဲ့တမန်တော်လို့ မပြောရဲကြဘူး။ သူတို့ရဲ့မူလဇာစ်မြစ်နဲ့ ဘာကြောင့်ကောင်းကင်ဘုံက မောင်းချခံရတယ်ဆိုတာကို အမှန်အတိုင်းပြောပြကြလို့ ဘိုးလ်ရဲ့အလိမ်အညာဇာတ်လမ်းက ချက်ချင်း တစ်တိုက်လုံးကို ပျံ့နှံ့သွားတော့တယ်။

ဘိုးလ်ကို အခမ်းအနားနဲ့ကြိုဆိုခဲ့ကြဖူးတဲ့ ဘုရင်တွေက အရှက်တကွဲဖြစ်ကြရပြီး ဘိုးလ်ကို အရိုးထိအောင် မုန်းတီးနေကြတယ်။ တကယ်လို့ ဘိုးလ်သာ သူတို့ပိုင်နက်ထဲ ထပ်ရောက်လာရင် ဖမ်းဆီးပြီး မီးလောင်တိုက်သွင်းလိုက်ဖို့ ဆုံးဖြတ်ထားကြတယ်။ ဘိုးလ်ကို ဆာဂါပြည်ရဲ့ ပုပ်ရဟန်းမင်းခန့်ဖို့ သဘောတူလိုက်တဲ့ ဆာဂါဘုရင်ကြီးက ပိုအရှက်ရပြီး သူက ခမည်းတော်ရဲ့ချစ်သူ ဂျိုရှုဝါကိုတောင် ဆန့်ကျင်မိပြီးသားဖြစ်နေတယ်။

သူက ဒီကုန်းမြေကြီးမှာ ကံအကောင်းဆုံးနဲ့ ကံအဆိုးဆုံးလူသားဖြစ်နေတယ်။

••••••••••••••••••••••••••••••

ဂျိုရှုဝါက ဒီဒေသမှာ သုံးရက်သုံးညတိတိ နေထိုင်ခဲ့တယ်။ တစ်ချိန်လုံး သူနဲ့ခမည်းတော်တို့ ကိုယ်ခန္ဓာတွေက တွယ်ဆက်နေပြီး ဒီနေရာကလွဲပြီး ဘယ်မှမသွားကြဘူး။ ရှည်ကြာလှတဲ့ ချစ်တင်းနှောမှုမှာ နောက်ဆုံး ဂျိုရှုဝါက ခြေလက်တွေ နည်းနည်းမှမလှုပ်နိုင်တော့တဲ့အခါ ခမည်းတော်ကို ရပ်ပေးဖို့ အသနားခံလိုက်ရတော့တယ်။ ခမည်းတော်က သူ့ကို ခုံလက်ရန်းပေါ်တင်ပြီး ဆယ်မိနစ်ကြာနမ်းရှိုက်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတော့တယ်။
ဂျိုရှုဝါက ပြင်ပအလင်းစက်ဝိုင်း လုံးလုံးဝပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရတယ်။ ဒါကြောင့် အချစ်ရှုးရှန့်က မသိစိတ်နယ်ပယ်ထဲမှာ အနားယူဖို့ထွက်သွားပြီး ခန္ဓာကိုယ်ကို ကျိုးယွင်ရှန့်ကို ထိန်းချုပ်ဖို့ ခွင့်ပြုပေးခဲ့တယ်။ ကျိုးယွင်ရှန့်က သန့်ရှင်းသောဖြူစင်တဲ့ ဘုန်းကြီး ဝတ်ရုံကို ဝတ်ဆင်ပြီး  အမှောင်ထဲမှာပဲ အလင်းဘုရားကျောင်းကနေ ထွက်လာခဲ့တယ်။ အချစ်ရှုးရှန့် အသေအလဲ သောင်းကျန်းထားလို့ ကျိုးယွင်ရှန့်က ပင်ပန်းနွမ်းနယ်နေတဲ့ ကိုယ်ကို သယ်ပြီး အပြင်ကို မကြည်မသာနဲ့ လျှောက်လှမ်းလာတယ်။

အလင်းရောင်စက်ဝိုင်းက အလင်းဘုရားကျောင်းကို ဝိုင်းရံထားလို့ နတ်သူငယ်နဲ့သားရဲလူသားတွေက အနားကို မကပ်ရဲကြဘူး။ ကျိုးယွင်ရှန့် အပြင်ကို ထွက်လာတော့ ညသန်းခေါင်ဖြစ်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်လို့နေတယ်။ မြက်ခင်းတွေကြားထဲ ညပိုးကောင်လေးတွေ တစီစီအော်တွေ၊ ပိုးစုန်းကြူး အလင်းရောင်လေးတွေနဲ့ မြက်ခင်းစိမ်းရဲ့ရနံ့တွေက လှိုင်လို့နေတယ်။

ကျိုးယွင်ရှန့်က ခေါင်းငိုက်စိုက်နဲ့ စိတ်သက်တောင်သက်သာဖြစ်အောင်  ဖြည်းဖြည်းချင်း လမ်းလျှောက်လာတယ်။ ဂျိုရှုဝါက သေမျိုးလူသားဖြစ်ပေမယ့် အလင်းနတ်ဘုရားနဲ့ သုံးရက် သုံးညတိတိ ချစ်တင်းနှောပြီးချိန်မှာ ပင်ပန်းတယ်လို့ မခံစားရဘူး။ ဒါပေမယ့် ကျိုးယွင်ရှန့်ရဲ့ စိတ်ဝိဥာဉ်က အရမ်းကို ပင်ပန်းသွားတယ်။ ဒီလို အားကြိုးမာန်တက် ချစ်တင်းနှောတဲ့ မြင်ကွင်းကို ကြည့်နေရင်း ထူးဆန်းတာကို သူ မြင်လာတယ်။ ကျိုးယွင်ရှန့်က အတွေးထဲ နစ်မြှုပ်နေတုန်း ရုတ်တရက် အေးတောင့်သွားပြီး အော်မေးလိုက်တယ်။

"အဲဒီမှာရှိနေတာ ဘယ်သူလဲ?"

ကျိုးယွင်ရှန့်က သူ့ကို အားပြင်းထန်တဲ့ အတားအဆီးတစ်ခုက ဝိုင်းရံနေတယ်လို့ ခံစားခဲ့ရသော်လည်း ဒီအတားအဆီးက သူ့ရဲ့ စွမ်းအားကိုနှိမ်နင်းဖိနှိပ်ဖို့ နတ်ဆိုးမြူတွေနဲ့ပြည့်နေတယ်။ သူက စဉ်းတောင်မစဉ်းစားတော့ပဲ သူ့ရဲ့နှင်တံကို ဆင့်ခေါ်ပြီး ချက်ချင်း အလင်းစက်ဝိုင်း အကာကွယ်ကို ဖန်ဆင်းပြီး စတင်ဖြစ်ပေါ်စ နတ်ဆိုးမြူကို ဖြိုခွဲပြီး ဒီနေရာနဲ့ဝေးရာကို ခုန်ပျံထွက်သွားတယ်။ မြေပြင်ပေါ် ခြေချမိတာနဲ့ ကျိုးယွင်ရှန့် ချက်ချင်း လှည့်ပြီး ထွက်ပြေးလိုက်တယ်။

ကျိုးယွင်ရှန့် ပြေးနေရင်း နောက်ကို လှည့်ကြည့်လိုက်တော့ သူ ခုနက ရပ်ထားတဲ့ မြေပြင်မှာ ကြီးမားတဲ့ တွင်းမည်းကြီးဖြစ်နေပြီး နတ်ဆိုးမြူကြောင့်  ပျက်စီးလို့နေတာကို  သိလိုက်ရတယ်။ သူမမြင်ရတဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့  ကျိုးယွင်ရှန့်က နှင်တံကို သိမ်းလိုက်ပြီး အလင်းစွမ်းအင်နဲ့ နှစ်ဖက်ဓါးသွားကို ဖန်ဆင်းလိုက်တယ်။ ဒီဓါးနဲ့ ကိုယ်ပျောက်ရန်သူကို တန်ပြန်တိုက်ခိုက်လိုက်တယ်။

ကိုယ်ပျောက်ရန်သူက ကျိုးယွင်ရှန့်နဲ့ တိုက်ရင်း တိုက်ရင်း အံ့အားသင့်လွန်းလို့ လျှာကိုတောင် ကိုက်မိတယ်။ သူက ဂျိုရှုဝါ အလင်းစွမ်းအား အရမ်းအစွမ်းထက်တယ်ဆိုတာ သိပေမယ့် အတိုက်ခိုက်စွမ်းရည်က ဒီလောက် ကျွမ်းကျင်မယ်လို့ မမျှော်လင့်ထားမိဘူး။ သူ့ရဲ့ဓါးသွားတွေက ဆက်တိုက်ကို ထိုးသွင်းဝင်ရောက်လာတယ်။

ဒါပေမယ့် သူက ဂျိုရှုဝါ ကို ထိခိုက်အောင် လည်း မလုပ်ဝံ့လို့ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ ပိုပိုများလာတယ်။ သူက ဒဏ်ရာကို မထိအောင်ပဲ ကာကွယ်တိုက်ခိုက်နေရတယ်။ ဒါပေမယ့်သူ့ ဒဏ်ရာက သွေးတွေက မြေပြင်ပေါ်ကို စီးကျသွားတယ်။ ဒီသွေးတွေက ရွှေရောင်တွေ တောက်ပနေတယ်။ ဒီရွှေရောင်သွေးစက် ကျတဲ့နေရာကို ကြည့်ပြီး သူ ဘယ်ရောက်နေတယ် ဆိုတာ အလွယ်တကူသိနိုင်တယ်။

" ရွှေရောင်သွေးတွေ "

ဒီသွေးကို မြင်လို့ ကျိုးယွင်ရှန့်အံ့အားသင့်သွားတယ်။ သူကြားဖူးတာ အရဆိုရင် နတ်ဘုရားတွေပဲ ဒီလို သွေးတွေရှိနိုင်တာဖြစ်တယ်။ ဒါဆိုရင် သူ့ကို လာတိုက်တာ နတ်ဘုရားတစ်ပါးလား။ ဘာကြောင့် သူ့ကို လာလုပ်ကြံ ရတာလဲ။


ဒီသံသယကြောင့် ကျိုးယွင်ရှန့်ရဲ့လှုပ်ရှားမှုက နည်းနည်းနှေးကွေးသွား ချိန်မှာ သူ့အနောက်ဘက်က တစ်စုံတစ်ယောက်ရဲ့ ကြုံးဝါးသံနဲ့  လေတိုးသံကို ရုတ်တရက် ကြားလိုက်ရတယ်။ သူက အဲ့လူကို ကြည့်ဖို့လုပ်ချိန်မှာ နောက်ကျသွားပြီး ချွန်ထက်တဲ့ မြှားတစ်ခုက နတ်ဆိုးမြူတွေ ကပ်ညှိနေပြီး သူ့ပုခုံးကို ထုတ်ချင်းဖောက် စိုက်ဝင်သွားတော့တယ်။ အရှိန်ပြင်းလွန်းလို့ ကျိုးယွင်ရှန့်ကို အလင်းဘုရားကျောင်းရဲ့ တိုင်လုံးနဲ့ သပ်ရိုက်ထားသလို ဖြစ်နေစေတယ်။

မြှားလာရာ မူလအရင်းမြစ်ကို ကြည့်လိုက်တော့ သူ့ကို မုန်းတီးစွာ ပြောဆိုခဲ့တဲ့ သားရဲမင်းသားဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကျိုးယွင်ရှန့်က မြှားတံနောက်မြှီးကို ချိုးပစ်လိုက်ပြီး သူ့ကိုယ်ကို တိုင်လုံးဆီကနေ ကွာအောင်လုပ်လိုက်တယ်။ သူက ခွန်အားကို စုစည်းပြီး သားရဲမင်းသားကို သတ်မယ်လုပ်ချိန်မှာ ရုတ်တရက် သူ့လည်ပင်းနဲ့ နောက်ကျောမှာ နာကျင်မှုက ထိုးတက်လာခဲ့တယ်။

ရုတ်တရက် နတ်ဆိုးမြူတွေက ဘုရားကျောင်းရှေ့မှာ ထူထပ်စွာဖြစ်လာပြီး သားရဲမင်းသားရဲ့ အမြင်အာရုံကို ပိတ်ကာထားလိုက်တယ်။ နတ်ဆိုးမြူတွေ လွင့်ပြယ်သွားချိန်မှာ ကျိုးယွင်ရှန့်ကို ဘယ်နေရာမှာမှ မရှာမရတော့ဘူး။ သားရဲမင်းသားက စေ့စပ်သေချာစွာနဲ့ ဘုရားကျောင်းကို တပတ်လှည့်ကြည့်ပြီး ကျိုးယွင်ရှန့်မရှိတော့ဘူးဆိုတာ သေချာတော့မှ ဘိုးလ်ကို ချုပ်နှောင်ထားတဲ့ အိမ်လေးဆီကို အမြန်ထွက်လာခဲ့တယ်။

သူ့မိသားစုမျိုးနွယ်ကို စွန့်ခွာပြီး ဘိုးလ်ကို ရွေးချယ်ခဲ့ရင်တောင် သူတို့အတွက် သွားစရာ လောကကြီးက နေရာ အကျယ်ကြီး ကျန်ပါသေးတယ်။


🌷🌷🌷🌷🌷🌷🌷

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now