Extra-3

5.9K 910 34
                                    

Extra-3
(zawgyi)

အလောတကြီးသူပြေးနေသည်။မှောင်မည်းသည်းသည်းထဲမှာ ချွေးသံရွှဲရွှဲနှင့် သူတစ်ယောက်တည်း
အားသွန်ခွန်စိုက်ပြေးနေမိသည်။အနောက်ကနေ
ဘာမှန်းမသိသည့် အရာတစ်ခုက သူ့နောက်ကို သည်းကြီးမည်းကြီး လိုက်နေတာဖြစ်ပြီး သူကလည်း ထိုဘာမှန်းမသိသည့်အရာကို ကြောက်လန့်ကာ လွတ်လိုလွတ်ငြားပြေးနေမိသည်။နောက်ဆုံးတော့ သူလွတ်မြောက်ဖို့ လမ်းစကို ရှာတွေ့ပြီဖြစ်သည်။တံခါးပေါက်တစ်ခု သို့မဟုတ် လွတ်မြောက်ခြင်းရဲ့ တံခါးပေါက်လို့ခေါ်ရမလားပင်။ကြီးမားလွန်းသည့် သံပန်းတံခါးကြီးကို သူ
အားပြုကာ တွန်းလိုက်သည်။သူ အပြင်ဘက်ရောက်တော့ မှောင်မည်းနေသည့် ပတ်ဝန်းကျင်ကိုသာ
မြင်လိုက်ရသည်။

ဂျိမ်း...

နောက်ပါးဆီမှ သံပန်းတံခါးက ဂျိမ်းခနဲ ဆောင့်ပိတ်
သွားသည့်အသံ။သူ ကြောက်လန့်တကြား နောက်လှည့် ကြည့်မိတော့ ကြီးမားလှသည့် ရဲတိုက်ကြီးသဖွယ် အိမ်ကြီးကို ထီးထီးကြီး တွေ့လိုက်ရသည်။
အိမ်ကြီး၏အပေါ်ထပ်ကို လှမ်းကြည့်မိလိုက်ချိန်တွင် မြောက်မြားစွာသော အဖြူရောင်ပုံရိပ်တွေကို သူ
တွေ့လိုက်ရတော့သည်။

ဝိဉာဉ်တွေက သူ့ကို စိမ်းစိမ်းကြီး စိုက်ကြည့်နေကြသည်။

ဝိုင် အိမ်မက်ထဲမှ နိုးထလာတော့ ချွေးတွေရွှဲနှစ်လို့
နေခဲ့သည်။မောဟိုက်စွာ အသက်ရှူရင်း ဖက်ထား
သည့်သော့်လက်တွေကို ဖယ်ခွာလိုက်သည်။သော်က တစ်ချက်လူးလွန့်သွားပြီး တစ်ဖက်သို့ လှည့်
ကာ အိပ်စက်နေသည်။ဝိုင် ထထိုင်လိုက်ရင်း တုန်ယင်နေသည့် စိတ်ကို စုစည်းနေမိသည်။

ဘာလဲ အိမ်မက်ကဘာလဲ....
ဒီအိမ်ကြီးကကောဘာလဲ...
ဝိုင် ဆက်မတွေးနိုင်တော့။သက်ပြင်းချမိရင်း ကုတင်ပေါ်က ဆင်းကာ တစ်ဖက်မှာရှိနေသည့် စားပွဲဆီ
ရေသောက်ဖို့ သွားလိုက်သည်။သို့သော် ရေခရားထဲ
တွင် ရေရှိမနေတော့။သော်ထ သောက်သည် ထင်သည်။သက်ပြင်းကို ထပ်မံချမိရင်း ခြေထောက်အောက်က အိအိထွေးထွေးကြောင့် လန့်ပြီးထခုန်မိသည်။သရဲတော့မကြောက်ပေမယ့် ပျော့အိအိကိုတော့
ဝိုင်ကြောက်သည်လေ။

I Can Hear Your Voice (Completed)Where stories live. Discover now