အပိုင်း🍀၉🍀

140 3 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၉)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
       ""မြေးလေး..အခုရက်ပိုင်း..ဘိုးဘိုးဆီ.ကိုသိပ်မလာသလိုဘဲ..ဘာလဲ..ရည်းစားတွေ.ဘာတွေများရနေလို့လား..""
အဘိုးဖြစ်သူ၏ အမေးစကား​ကို..
ထစ်ချုန်း ခပ်ယဲ့ယဲ့လေးပြုံးရင်း..
""မဟုတ်ပါဘူး..ဘိုးဘိုးရဲ့..""
""ဟုတ်လို့လား..မြေးလေးရယ်..မြေးလေးရဲ့ အသက်က မငယ်တော့ဘူးနော်..လက်ထပ်သင့်နေပြီ.အလုပ်ထဲမှာဘဲ စိတ်ကိုနှစ်မထားနဲ့..ကိုယ့်အတွက်..ဘဝကြင်ဖော်ကိုလဲ ရှာဦး.."
ဘိုးဘိုး ပြောနေသော..စကားများကို ထစ်ချုန်းအနေ ပြန်လည်၍မတုံ့ပြန်ခဲ့ပါ..။ဒီအတိုင်း ငြိမ်နေလိုက်၏။
🌸🌸🌸
       ထစ်ချုန်း ပြန်သွားတော့..ထစ်ချုန်း၏အဘိုး.ဦးဓနမိုးက.သူ့အနားက.လူယုံတော်တစ်ဦးကို.ခေါ်လိုက်သည်။
""သီဟ.အခု​တလော.မြေးလေး.ဘာတွေလုပ်နေလဲဆိုတာ..ငါ့ကို.ပြောပြစမ်း..""
""ဟုတ်ကဲ့ပါ..သခင်ကြီး..ပြီးခဲ့တဲ့.ရက်အနည်းငယ်တွင်းက.သခင်လေး..ဧကရာဇ်နန်းမြိုင်စံအိမ်တော်မှာ..လူတစ်ဦးကို.ခေါ်ထားပါတယ်..""
""ဟေ..​စံအိမ်တော်ကို ခေါ်ထားတဲ့သူက ဘယ်သူလဲ..မိန်းကလေးလား.""
""မဟုတ်ပါဘူး..သခင်ကြီး..ယောက်ျားလေး.တစ်ဦးပါ..""
""ဘာ..""
ဦးဓနမိုး.. အလိုမကျဟန်နှင့်.မျက်နှာတစ်ခုလုံး ညိုမဲသွားလေသည်။
""မြေးလေး.စံအိမ်တော်မှာ ခေါ်ထားတဲ့ ကောင်လေးရဲ့နာမည်က ဘယ်လိုခေါ်လဲ..သူနဲ့မြေးလေးနဲ့က ဘယ်လိုပတ်သက်နေလဲ..ငါ့ကို အသေးစိတ် ရှင်းပြစမ်း..""
""ဟုတ်ကဲ့ပါ..သခင်ကြီး..သခင်လေး.စံအိမ်တော်မှာ ခေါ်ထားတဲ့ ကောင်လေးရဲ့နာမည်က လွန်းပုံရိပ်လို့ခေါ်ပါတယ်..သခင်လေးရဲ့ အသိမိတ်ဆွေ.တစ်ဦးရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးပါ...သခင်လေးနဲ့.အဲ့လွန်းပုံရိပ်ဆိုတဲ့ ကောင်လေးတို့ရဲ့ ဆက်ဆံရေးက ပုံမှန်ပါဘဲ..သခင်ကြီး..""
""ပုံမှန်ဆက်ဆံရေး..ဟုတ်လား..
ဟင်း...ထစ်ချုန်းမိုး..ထစ်ချုန်းမိုး..
မင်းကတော့..ငါ့ကို.စိတ်ပျက်အောင်.
မလုပ်လောက်ဘူးလို့ထင်ထားတာကို..
အခုချိန်က စပြီး..မင်းတို့ရဲ့.သခင်လေးကို.သေချာစောင့်ကြည့်နေပါ.
နောက်ပြီး.လွန်းပုံရိပ်ဆိုတဲ့.ကောင်လေးရဲ့.အကြောင်းကိုလဲ.တစ်ခုမကျန်.ငါအကုန်လုံး.သိချင်တယ်..""
"ဟုတ်ကဲ့.သခင်ကြီး.""
🌸🌸🌸
         အခုဆိုရင်.လွန်း.ပန်းပင်တွေကြားမှာ.ခါးသက်မိုး.ပြောပြတဲ့အကြောင်းရာတွေကို.နားထောင်နေရတာ.ကျင့်သားရနေပြီဖြစ်သည်။
အချိန်မှန်..ပန်းပင်တွေကြားမှာ.လွန်းနဲ့.ခါးသက်မိုးတို့ဆုံဖြစ်သည်။
တစ်ခါတစ်လေ..ဘာစကားတစ်ခွန်းမှ မဆို..လွန်းကိုသာ.စူးရဲစွာစိုက်ကြည့်နေတတ်သည့်သူ...။
""ဖေဖေက သူအရမ်းချစ်ရတဲ့ မိန်းမရဲ့ နောက်ဆုံး ခရီးကို မမှီလိုက်ရတဲ့အပေါ်မှာ အရမ်း နောင်တတွေရနေခဲ့တယ်လေ..နောက်ပြီး..အစ်ကိုကြီးကလဲ..ဖေဖေကို အရမ်းစိတ်နာသွားတယ်..။အစ်ကိုကြီးရဲ့ အမေဆုံးသွားပြီးကတည်းက..ဖေဖေကို.စကားမပြောတော့ဘူး...။နောက်ပြီး..ကျွန်တော့်တို့ သားအမိနှစ်ယောက်ကို အရမ်းမုန်းနေခဲ့တာပေါ့..။ဖေဖေက ကျွန်တော်နဲ့ မေမေအတွက်.အားတင်းပြီး.ဘဝကို ရှေ့ဆက်ခဲ့တယ်..။ကျွန်တော်နဲ့မေမေကတော့ ဒီစံအိမ်တော်ကြီးထဲမှာ အသာတိတ်တိတ်​လေးနေထိုင်ခဲ့ရတယ်..။ဖေဖေရဲ့အဖေ..ကျွန်တော်အဘိုး
.ကလဲ..ကျွန်တော်တို့သားအမိနှစ်ယောက်ကို အသိမှတ်မပြုခဲ့ဘူးလေ.ကျွန်တော်တို့သားအမိနှစ်ယောက်ရဲ့ ဖြစ်တည်မှုကို.အသိမှတ်ပြုပေးခဲ့တာဆိုလို့..ဖေဖေဘဲရှိခဲ့တာပါ..နောက်ပြီး..ဦးလေးရာပြည့်တို့.လင်မယားနှစ်ယောက်ပေါ့..""
        လွန်း..ခါးသက်ရဲ့မျက်နှာလေးကို.ငေးကြည့်နေမိ၏။.သူ့ဘယ်လောက်ထိအောင်.အထီးကျန်ဆန်နေလိုက်မလဲ...။
"" နောက်တော့..ကျွန်တော်ဘဝရဲ့အရေးကြီးဆုံးဖြစ်တဲ့..မေမေ...ကျွန်တော့်ကို စိတ်အေးလက်အေးနဲ့ ဒီလောကကြီးထဲမှာ ထားရစ်ခဲ့တယ်..။
အဲ့တုန်းက..ကျွန်တော်အသက်က ၉နှစ်..။ကျွန်တော်ဘဝတစ်ခုလုံး.အမှောင်ဖုံးသွားသလိုဘဲ.ခံစားလိုက်ရတယ်..။ကျွန်တော်ကို အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ မေမေ. ။ကျွန်တော့်ကို ပြုံးရယ်အောင် လုပ်ပေးခဲ့တဲ့မေမေ..။ရုတ်တရက်..ကျွန်တော်အနားကနေ.ပျောက်ကွယ်သွားခဲ့တယ်လေ..။မေမေကတိမတည်ဘူး..။ကိုလွန်း..။မေမေ.ကျွန်တော်ကိုညာခဲ့တယ်..။သူ ပြန်လာခဲ့မယ်တဲ့..။သူပြန်လာရင်..ကျွန်တော်အတွက်.မုန့်တွေအများကြီးဝယ်ခဲ့မယ်တဲ့..။အဲ့နေ့က မေမေအရမ်းပျော်နေတာ...။.သူဘဝမှာ ပထမဦးဆုံးအကြိမ်..ဖေဖေနဲ့အတူ.ယှဉ်တွဲပြီး.အပြင်ကိုထွက်ခွင့်ရတဲ့နေ့လေးတစ်နေ့..။အဲ့နေ့မှာ..မေမေက.ထူးထူးခြားခြားလှနေခဲ့တယ်.ကိုလွန်း..။ဒါပေမယ့်. အဲနေ့က ထွက်သွားတဲ့ မေမေ ကျွန်တော်.ဆီကို ဘယ်တော့မှာ ပြန်မလာခဲ့တော့ဘူး..
လမ်းမှာ.မေမေ လိုက်သွားတဲ့ကားက.ဘရိတ်ပေါက်ပြီး..တစ်ဘက်က..ကားနဲ့တိုက်မိပြီး..မေမေ ဆုံးပါးသွားတယ်လေ..""
ခါးသက်ရဲ့.နုတ်ခမ်းလေးတုန်ယင်နေသလို..။သူမျက်ဝန်းတွေထဲက ဝမ်းနည်း​မှုတွေကိုလဲ လွန်း.အထင်းသား.မြင်နေရ၏။
အို...သူငိုနေတယ်..။ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်စတွေ..။လွန်း စိတ်မကောင်းဖြစ်မိတယ်..။လွန်း ရင်ထဲမှာ နာကျင်နေမိတယ်။ သူရဲ့ပုခုံးလေးကို  ဖက်ပြီး  နှစ်သိမ့်ပေးလိုက်တော့ လွန်း ရင်ခွင်ထဲ သူခေါင်းလေးတိုးဝင်လာတယ်..။လွန်း လဲအလိုက်သင့်လေး.သူ့ကျောပြင်​ကို.ပွတ်သပ်ပေးလိုက်မိတယ်.။လွန်းရဲ့ခါးလေးကို တင်းကြပ်နေအောင်.ဖက်ထားပြီး..ရင်ခွင်ထဲမှာ.ကလေးလေးတစ်ယောက်လို.သူဝမ်းနည်းစွာနဲ့ငိုကြွေးနေလေသည်။
      လွန်း..သူ့ကိုသနားလွန်းလို့.ဘယ်လို.နှစ်သိမ့်ပေးရမလဲမသိတော့ဘူး...။လွန်း..မျက်ဝန်းထဲမှာလဲ မျက်ရည်တွေနဲ့ပြည့်လျှံနေခဲ့တယ်လေ...။
🌸🌸🌸
        ""လွန်း...""
""ဗျာ..""
ဟိုတစ်နေ့က..ကိစ္စနဲ့ပတ်သက်ပြီး..လွန်းအခုချိန်ထိရှက်စိတ်မပြေသေး..။အစ်ကိုကတော့..ဘာမှမဖြစ်သလိုမျိုးပုံစံမျိုးနဲ့ လွန်းကို အပြောအဆိုမပျက်..။
""ရော့...""
ဆိုပြီး..ထိုးပေးလာတဲ့ ကားသော့လေး..။လွန်း..ပြူးကြောင်ကြောင်လေးရဲ့ အစ်ကို့ကို ငေးကြည့်နေမိ၏။
""ဘာကြောင်ကြည့်နေတာလဲ..လွန်းရဲ့..လွန်း ပျင်းရင် အပြင်လေးဘာလေးသွားရအောင်.အစ်ကို ကားစီစဉ်ပေးတာလေ..""
လွန်း ကြောင်အစွာနဲ့ ငေးကြည့်နေဆဲ..။
""ဘာလဲ..ကားမမောင်းတတ်လို့လား..အစ်ကိုသင်ပေးမယ်လေ..""
""ဟင့်အင်း...မ...မဟုတ်ပါဘူး...""
လွန်း.တုန်လှုပ်စွာနဲ့ ခေါင်းလေးကိုခါရမ်းလိုက်သည်။
      ""လာပါ..ဒီနေ့ အစ်ကိုအားတယ်..လွန်းကို ကားမောင်းသင်ပေးမယ်..""
ထစ်ချုန်း ပြောပြောဆိုဆိုနဲ့ လွန်းကို ဆွဲခေါ်ပြီး..ကားမောင်းတဲ့နေရာဘက်မှာ..ထိုင်ခိုင်းလေသည်။ကားစီယာ
တိုင်ကို လွန်း တုန်လှုပ်စွာနဲ့ ငေးကြည့်နေသည်။.ထစ်ချုန်းလဲ..လွန်း ဘေးနားက ထိုင်ခုံမှာ ဝင်ထိုင်လာသည်။
နောက်တော့..လွန်း. ကားထဲကနေ..တုန်လှုပ်ခြောက်ခြားစွာနဲ့ ပြေးထွက်သွားလေ​သည်။
""လွန်း...ဘာဖြစ်လို့လဲ..လွန်း..""
ထစ်ချုန်း..ထိတ်ထိတ်ပျာပျာ နဲ့.ကားပေါ်ကနေ.ပြေးဆင်းသွားပြီး..လွန်းနောက်ကိုလိုက်လာခဲ့သည်။
""လွန်း..ကြောက်တယ်..
အစ်ကို..လွန်း..မလုပ်နိုင်ဘူး...လွန်းလေ..လွန်း...""
လွန်း အထစ်ထစ်အငေါ့ငေါ့ ပြောရင်း..ရှိုက်၍ငိုနေလေသည်။
  ထစ်ချုန်း လွန်းကိုယ်လေးကို.ရင်ခွင်ထဲ  ဆွဲသွင်းပြီး ဖက်ထားလိုက်၏။
လွန်းရဲ့လက်မောင်းတွေ ကျောပြင်တွေကို ပွတ်သပ်ပေးလိုက်သည်။
     အချိန်အတော်ကြာသည့်အထိ..တုန်လှုပ်ခြောက်ခြားစွာငိုကြွေးနေသည့်လွန်း.. ။ထစ်ချုန်း ရင်တွေ အရမ်းဘဲ.ပူလောင်နေခဲ့၏။ ခဏလောက်ကြာတော့..လွန်းတည်ငြိမ်စပြုလာခဲ့၏။လွန်း စိတ်တို့ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်လုပ်လိုက်ပြီး.
""ဟိုးလွန်ခဲ့တဲ့ ၄နှစ်တုန်းက..လွန်း..ကားအက်စီးဒင့်ဖြစ်ခဲ့ဖူးတယ် အစ်ကို...""
""ဟင်..ဟုတ်လား..လွန်း.."
""အင်း ဟုတ်တယ် အစ်ကို..လွန်းအသက် ၂၀ပြည့်မွေးနေ့မှာ..
ဒေါ်လေးငယ်ရဲ့ယောကျာ်း..ဦးလေးနေသာက..လွန်းအတွက်..ပြိုင်ကား တစ်စီး မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးခဲ့တယ်...ဦးလေးနေသာက.လွန်းကို.အသက်၁၈နှစ်ကတည်းက ​ကားမောင်းတတ်အောင်သင်ပေးထားခဲ့တယ်လေ...အဲ့တော့ ပြိုင်ကားလဲ.လက်ဆောင်ရရော..လွန်းလဲ..အပျော်တွေလွန်ပြီး..ကားကိုစမ်းမောင်းကြည့်ခဲ့တယ်. ဦးလေးနေသာနဲ့ဒေါ်လေးငယ်က လွန်းကို ကားကိုဖြေးဖြေးမောင်းဖို့နဲ့..အဝေးကြီးမသွားဖို့ မှာကြတယ်..ဒါပေမယ့်..လွန်းနားမထောင်ခဲ့ဘူး..ပြိုင်ကားလေး​ကို.အရှိန်​ပြင်းပြင်းနဲ့ ..မောင်းထွက်လာခဲ့မိတယ်..လမ်းလေးခွဆုံ​တဲ့နေရာမှာ..လမ်းကြားထဲကနေ ကားလေးတစ်စီး.အရှိန်ပြင်းပြင်းမောင်းထွက်လာတယ်..လွန်းလည်း.ဘရိတ်ကို နင်းလိုက်တာဘဲ..ဒါပေမယ့်...နောက်ကျသွားခဲ့တယ်....လမ်းကြားထဲက နေထွက်လာတဲ့..ကားကို..လွန်းတိုက်လိုက်မိတယ်...ဖြစ်ပျက်သွားတာက အချိန်ခဏလေးပါဘဲ...လွန်း တိုက်လိုက်တဲ့ကားလေးက..အရှိန်နဲ့ ဘေးက သစ်ပင်ကို ဝင်တိုက်သွားခဲ့တယ်လေ..လွန်းလဲ..ကားချင်းတိုက်မိတဲ့.အရှိန်ကြောင့်..သတိလစ်သွားခဲ့တယ်..အဲ့ဒီနောက်ပိုင်း..လွန်း..ကားမမောင်းရဲတော့တာ..အခုချိန်ထိဘဲ..အစ်ကို..""
လွန်း.တုန်လှုပ်ခြောက်ခြားစွာ ပြောပြနေသည်။.ထစ်ချုန်း.လွန်းကိုယ်လေးကို.ပိုတိုးလို့သာ..ဖက်ထားပေးလိုက်၏။
""ဒါပေမယ့် တော်သေးတယ်လို့ဘဲ ပြောရတော့မှာဘဲ အစ်ကို..အဲ့ အက်စီးဒန့် မှာ လူမသေခဲ့ဘူး..လွန်းကြောင့်..တစ်စုံတစ်ယောက်ထိခိုက်နာကျင်သွားရတယ်ဆိုပေမယ့်..
အသက်အန္တာရာယ်အထိ.တော့ မဖြစ်ခဲ့ဘူး..တကယ်လို့.အဲ့ အက်စီးဒန့်မှာသာ.လူသေခဲ့ရင်....""
လွန်းရဲ့ အသံလေး တိမ်ဝင်သွားကာ.ရှိုက်သံများထွက်ပေါ်လို့လာခဲ့၏။
""မဟုတ်တာဘဲ.လွန်းရယ်..ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကို.ပြန်တွေးပြီး..စိတ်မကောင်းဖြစ်မနေတော့​နဲ့နော်...""
ထစ်ချုန်း..နှစ်သိမ့်ပေးလိုက်တော့..လွန်း.အနည်းငယ်စိတ်သက်သာရာ ရသွားသလိုပင်..။
     လွန်းနဲ့ထစ်ချုန်းတို့နှစ်ယောက်ကို..စူးရဲစွာစိုက်ကြည့်နေသည့်..ခါးသက်..။အောက်နုတ်ခမ်း.ဖိကိုက်ထားသလို..သူ့မျက်နှာတစ်ခုလုံးလဲ
ဒေါသရိပ်တွေနဲ့ပြည့်နှက်နေလေသည်။
🌸🌸
အပိုင်း🍓၁၀🍓မနက်ဖြန်ညနေတင်ပေးမယ်..။စာတိုသွားတာ သိတယ်..။
မပြောကြနဲ့😁.။ကဲ..စဉ်းစားစရာလေးတွေတော့ ပါလာပြီနော်..။
                             🌸ညှို့စက်ကွင်း🌸

ဝိုးတဝါးအိမျမကျWhere stories live. Discover now