ဘုရားသခင်၏ ပြောဆိုသံ | အတွေ့အကြုံအားဖြင့်

5 0 0
                                        

ပေတရု၏ အတွေ့အကြုံများ တစ်လျှောက်တွင် သူသည် ရာနှင့်ချီသော စမ်းသပ်မှုများကို ပက်ပင်းကြုံခဲ့သည်။ ယနေ့ခေတ်၏ လူတို့သည် "စမ်းသပ်မှု" ဟူသော ဝေါဟာရကို သတိပြုမိကြသော်လည်း သူတို့သည် ၎င်း၏ စစ်မှန်သော အဓိပ္ပာယ် နှင့် အခြေအနေများနှင့်ပတ်သက်၍ ရှုပ်ထွေးနေကြသည်။ ဘုရားသခင်သည် လူတို့၏ စိတ်ပိုင်းဖြတ်မှုကို ထုဆစ် ပုံသွင်းသည်၊ သူတို့၏ ယုံကြည်စိတ်ချမှုကို စစ်ဆေးပြုပြင်သည်၊ သူတို့၏အစိတ်အပိုင်း အားလုံးကို စုံလင်စေပြီး၊ ဤအရာကို စမ်းသပ်မှုမှ အဓိကအားဖြင့် ရရှိကာ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖုံးကွယ်ထားသော လုပ်ဆောင်မှုလည်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို စွန့်ပစ်ထားသည့်ဟန်တူပြီး ထို့ကြောင့် သူတို့သည် ဂရုမစိုက်လျှင် သူတို့သည် ဤစမ်းသပ်မှုများကို စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအဖြစ် ရှုမြင်ကြလိမ့်မည်ဖြစ်သည်။ အမှန်တကယ်တွင် စမ်းသပ်မှုအများအပြားကို စုံစမ်းနှောင့်ယှက်မှုများအဖြစ် သတ်မှတ်နိုင်ပြီး ဤသည်မှာ ယင်းအားဖြင့် ဘုရားသခင်လုပ်ဆောင်သည့် ဥပဒေသနှင့် စည်းမျဉ်းပင်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် အသက်ရှင်လျှင် သူတို့သည် ထိုအရာများကို ဘုရားသခင်ထံမှ စမ်းသပ်မှုများအဖြစ်သတ်မှတ်ပြီး ယင်းတို့အား လက်လွတ်ဆုံးရှုံးစေလိမ့်မည် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သူတို့နှင့်အတူ ဘုရားသခင် ရှိနေခြင်းကြောင့် စာတန်သည် သူတို့ကို ဧကန်မုချ ချဥ်းကပ်လိမ့်မည် မဟုတ်ဟု ပြောဆိုလျှင် ယင်းမှာ လုံးဝမှန်ကန်မှု မရှိပါ။ သို့ဆိုလျှင် ကန္တာရထဲတွင် ရက်ပေါင်းလေးဆယ် အစာရှောင်ပြီးနောက်တွင် ယေရှုသည် စုံစမ်းနှောင့်ယှက်မှုများ တွေ့ကြုံခဲ့ရသည်ကို မည်သို့ရှင်းပြမည်နည်း။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် သူတို့၏ အမြင်များကို တည့်မှန်စွာ ထားရှိလျှင် သူတို့သည် အမှုအရာများစွာကို ပိုမိုရှင်းလင်းစွာ မြင်လိမ့်မည်ဖြစ်ပြီး သူတို့၏ နားလည်မှုတွင် လွဲချော်တိမ်းစောင်းမှုနှင့် မှားယွင်းမှုတို့ ရှိလိမ့်မည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းကိုခံရရန် အမှန်တကယ် ဆုံးဖြတ်ထားလျှင် သူတို့ကို ရင်ဆိုင်နေသော ကိစ္စများကို လက်ဝဲ၊ လက်ယာ တိမ်းစောင်းခြင်းမရှိဘဲ အမျိုးမျိုးသော ရှုထောင့်များမှ ချည်းကပ်ရပေမည်။ ဘုရားသခင်၏ လုပ်ဆောင်မှုကို သိကျွမ်းခြင်း သင်၌မရှိပါက ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို သင်သိလိမ့်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင့် လုပ်ဆောင်မှုများ၏ ဥပဒေသများကို မသိကျွမ်းဘဲ စာတန်သည် လူ့အထဲ၌ မည်သို့ လုပ်ဆောင်သည်ကို သတိမမူမိပါက သင့်တွင် ကျင့်သုံးရန် လမ်းကြောင်းရှိမည် မဟုတ်ပေ။ စိတ်အားထက်သန်စွာ လိုက်နာခြင်း တစ်ခုတည်းက သင်သည် ဘုရားသခင် တောင်းဆိုသော ရလဒ်များကို ရရှိနိုင်ခွင့် ပေးမည်မဟုတ်ပေ။ ယင်းသို့သော တွေ့ကြုံခြင်းနည်းလမ်းသည် လောရင့်၏ တွေ့ကြုံခြင်းနည်းလမ်းနှင့် ဆင်တူသည်၊ မည်သို့မျှ ကွဲပြားခြားနားမှုများ မရှိ၊ အတွေ့အကြုံကိုသာ အာရုံစိုက်ပြီး စာတန်၏ အလုပ်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၊ ဘုရားမျက်မှောက် မရှိသည့် လူသည် မည်သို့ရှိသည်၊ ထို့ပြင် ဘုရားသခင်က မည်သည့်ပုဂ္ဂိုလ်မျိုးကို စုံလင်အောင်ပြုပေးလိုသည် စသည်တို့ကို လုံးဝသတိမမှုမိပါပေ။ မတူညီသော လူအမျိုးအစားတို့နှင့် ဆက်ဆံရသောအခါ မည်သည့် ဥပဒေသများကို ခံယူသင့်သည်၊ ဘုရားသခင်၏ မျက်မှောက်အလိုတော်ကို မည်သို့ နားလည်သဘောပေါက်ရမည်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို မည်သို့ သိရမည်၊ ထို့ပြင် မည်သူ့ကို၊ မည်သည့် အခြေအနေများတွင်နှင့် မည်သည့် ခေတ်ကာလတို့တွင် ဘုရားသခင်၏ ဂရုဏာ၊ ကြီးမြတ်မှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ဦးတည်ရည်ညွှန်းသည် စသည့် ဤမည်သည့်အရာတို့ကိုမျှ သူသည် ထိုးထွင်းသိမြင်မှု မရှိပေ။ လူတို့သည် သူတို့၏အတွေ့အကြုံများအတွက် အုတ်မြစ်အဖြစ် ရူပါရုံများ အဆင့်ဆင့် မရှိလျှင်၊ အတွေ့အကြုံကို မဆိုထားနှင့်၊ အသက်တာသည်ပင် စဥ်းစားရန် မလိုတော့ပေ။ သူသည် မိုက်မဲစွာ အရာရာကို ဆက်၍ အညံ့ခံနေပြီး သည်းညည်းခံနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့ကို စုံလင်အောင် ပြုလုပ်ရန် ခက်ခဲလှပေသည်။ သင်သည် အထက်တွင် ပြောထားသော ရူပါရုံများ ဘာတစ်ခုမျှ မရှိလျှင် သင်သည် ငတုံးငအဖြစ်ကြောင်း၊ သင်သည် ဣသရေလနိုင်ငံတွင် အမြဲရပ်တည်နေသော ဆားတိုင်နှင့် အလားတူကြောင်း လုံလောက်သော သက်သေပင် ဖြစ်သည်။ ယင်းကဲ့သို့သော လူများသည် အသုံးမကျသောသူများ၊ အသုံးဝင်သောသူများ ဖြစ်ကြသည်တကား။ အချို့လူများသည် မျက်စိမှိတ်လျက်သာ အညံ့ခံကြသည်၊ သူတို့သည် သူတို့ကိုယ်သူတို့ အစဉ်အမြဲ သိပြီး အသစ်သော အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ သူတို့ကိုယ်တိုင် လုပ်ဆောင်သည့် သူတို့၏ကိုယ်ပိုင် နည်းလမ်းများကိုသာ အစဉ်အသုံးပြုတတ်သည်၊ သို့မဟုတ် ဖော်ပြရန် မထိုက်တန်သည့် အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် "ဉာဏ်ပညာ"ကို အသုံးပြုကြသည်။ ထိုကဲ့သို့သော လူများသည် ထိုးထွင်းသိမြင်မှု ကင်းမဲ့သူများဖြစ်ပြီး၊ ယင်းသည် သူတို့၏ သဘာဝမှာ ရမယ်ရှာခံရခြင်းကို ကြိတ်မှိတ်လက်ခံထားမည့် အလားဖြစ်ပြီး၊ သူတို့သည် အစဉ်အမြဲ မထူးခြား၊ ဘယ်တော့မှ မပြောင်းလဲပေ။ ဤကဲ့သို့သောလူတို့သည် ပိုင်းခြားသိမြင်နိုင်မှု စိုးစဥ်းမျှပင်မရှိသည့် လူမိုက်များပင် ဖြစ်ကြသည်။ သူတို့သည် ဆောင်ရွက်မှုများကို အခြေအနေများ သို့မဟုတ် မတူညီသောလူများနှင့် သဟဇာတဖြစ်ရန် မည်သည့်အခါမျှ မကြိုးစားကြပါ။ ယင်းသို့သော လူများတွင် အတွေ့အကြုံမရှိကြ။ အချို့လူများသည် မကောင်းဆိုးဝါးဝိညာဥ်များ၏ အလုပ်၏ သိမ်းပိုက်ခြင်းခံရသည့် လူတို့နှင့် ရင်ဆိုင်တွေ့ရသောအခါ ကိုယ့်ကိုယ်ကိုသိခြင်းထဲ၌ နစ်မြုပ်နေကြသော လူတစ်ချို့ကို ငါမြင်ခဲ့ပြီ၊ သူတို့သည် ဦးခေါင်းများကို ငုံ့ထားကြပြီး အပြစ်များကို ဝန်ခံကြသည်၊ ရပ်တည်ပြီး ထိုသူတို့ကို ပြစ်တင်ရှုံ့ချရန် မဝံ့ရဲကြချေ။ ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်၏ သိသာထင်ရှားသော လုပ်ဆောင်မှုနှင့် တွေ့ကြုံသောအခါ သူတို့သည် မနာခံဝံ့ကြပါ။ ဤမကောင်းဆိုးဝါး ဝိညာဉ်များသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု သူတို့ယုံကြည်ကြသော်လည်း၊ ထကြွ၍ ယင်းတို့ကို ဆန့်ကျင်ခုခံရန် သတ္တိစိုးစဥ်းမျှ သူတို့၌ မရှိကြချေ။ ဤလူများသည် ဘုရားသခင်၏ ဂုဏ်သိက္ခာ မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အတွက် လေးလံသောဝန်ကို ထမ်းရွက်ခြင်းငှာ လုံးလုံးလျားလျား မစွမ်းနိုင်ကြသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော ငတုံးငအများတွင် မည်သည့် ထူးခြားသောအရည်အသွေးမျိုးမှ မရှိကြပေ။ ထို့ကြောင့် ထိုကဲ့သို့သော အတွေ့အကြုံ နည်းလမ်းသည် ဘုရားသခင်၏ အမြင်တွင် မရပ်တည်နိုင်သဖြင့် ယင်းတို့ကို ပစ်ပယ်သင့်ပေသည်။

ခရစ်တော်၏ ပြောကြားချက်များWhere stories live. Discover now