၂၅။ အချစ်လေး...မင်း..ကိုယ့်ကို သတ်ဖို့ ကြိုးစားနေတာလား..?

5.2K 593 9
                                    

" မင်းက...အချက်အပြုတ်တော်သားပဲ...သင်တန်း​တွေ ဘာတွေ မတက်ဘူးလား?'' သူမေးလာ၏။
ရှန်းရီက ခေါင်းမဖော်တမ်း စားနေပြီး သူမကိုလည်း မကြည့်ပေ။အာ...သူမ သင်တန်းမတက်ထားရင် ဒီလို ချက်နိုင်မှာ မဟုတ်ဘူး။တစ်စုံတစ်ခုကို သတိရသွားတော့ ရုတ်တရက် သူ့ရဲ့ တူတို့ ရပ်တန့်သွားရသည်။...အရင်ကလည်း ကုန်းယီကျွင်းကို ဒီလို ချက်ပေးဖူးတာလား..?

လုချင်းယီရဲ့ အပြုံးပျက်သွားတော့..ရှန်းရီက သူမေးလိုက်တာ မှားပြီးလားဆိုပြီး ခံစားမိ၏။
" အာ..၊ လွန်ခဲ့တဲ့ နှစ်လတုန်းက Silver Leaf
Academyမှာ ဝင်ခွင့်ဖြေထားတယ်၊ ဒါပေမယ့်
မအောင်လို့ ဖြစ်မှာပေါ့... အကြောင်းမပြန်ဘူး..''

Silver Leaf Academy..?
ဒါက ဒီနိုင်ငံရဲ့ အကျော်ကြားဆုံး သင်တန်းကျောင်းမလား? သင်တန်းကြေးက ဈေးကြီးပြီးတော့..
ဝင်ခွင့်ရဖို့ တော်တော်ခက်ခဲတယ်လေ..
ရှန်းရီ..တူကို ချလိုက်ပြီး သူ့ဇနီးလေးကို စိုက်ကြည့်လိုက်၏။
လုချင်းယီအတွက် ဝင်ခွင့်ရအောင်လုပ်ပေးဖို့ သူ့အတွက် လွယ်ကူ​ပေမယ့်..သူမ ကောင်းကောင်းသင်ယူနိုင်ပါ့မလားဆိုတာတော့ သူလည်း မပြောနိုင်ချေ။

" ရှန်းရီ...၊ ရှင်..ဘာတွေးနေလဲဆိုတာ..ကျွန်မသိပါတယ်...!''
သူမ ခါးသီးစွာပြောလာ၏။

" တကယ်လို့ ကိုယ်က မင်းကို ဝင်ခွင့်ရအောင် လုပ်ပေးတယ်ပဲထားဦး...လုပ်နိုင်တယ်..မလုပ်နိုင်ဘူးဆိုတာ...မင်း..အပေါ်မူတည်သွားပြီ...''

" ကျွန်မသိပါတယ်..''
လုချင်းယီ....သက်ပြင်းချလိုက်၏။ သူမ အဲ့တာကို အရမ်းမျှော်လင့်ထားတာ...။ မန်ကျောက်နဲ့အတူ ဖြေခဲ့ပေမယ့် ကံတရားက သူမကို မျက်နှာသာ မပေးခဲ့ပေ။ မန်ကျောက်ကတော့ ဖြေပြီးတာနဲ့ တစ်လထဲမှာပင် အကြောင်းကြားစာရခဲ့သည်။ သူမ မျှော်လင့်ချက်တွေ ကင်းမဲ့ရပေမယ့် မန်ကျောက်ရတော့ သူမလည်း ပျော်ရပြန်၏။
...........
သူတို့ တိတ်ဆိတ်စွာ စားသောက်နေကြသည်။
သူမလို သာလိကာမလေးက တိတ်နေတော့ အခန်းကြီးက ​ခြောက်ကပ်နေသလိုလို။
သူတို့က ချစ်လွန်းလို့ လက်ထပ်ထားတာ မဟုတ်ပေမယ့် ရှန်းရီကတော့ သူမကို ဂရုစိုက်ပါသည်။

သူတို့ရဲ့ မနက်စာကို တိတ်ဆိတ်စွာ စားသောက်ပြီးနောက် သူမက ပန်းကန်များကို ဆေးရန်သယ်လာ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now