မုန်းသည်ထက့်ပိုသော Ep-15

16.1K 1.1K 36
                                    

ရှောင်ကျန့် ပခုံးလေးကို ဖွဖွလေး ဆွဲလှည့်ပြီး..

"ချစ်တယ် ကိုကို.."

လို့ ပြောလိုက်တဲ့ ရိပေါ်ကြောင့်

ရှောင်ကျန့် တကယ်ကို အံ့ဩသွားရသည်

ရိပေါ်လည်း သူပြောလိုက်တဲ့ စကားကြောင့် မျက်လုံးလေးတွေ ဝိုင်းပြီး ကြည့်လာတဲ့ ယုန်ဖြူလေး ရှောင်ကျန့်ကို ချစ်မဝ

ရင်ခွင်ထဲ၌သာ သိမ်းထားချင်မိသည်...

ရှောင်ကျန့်လည်း အံ့သြနေရာကနေ ချက်ချင်းပဲ...

"ငါ့ကို ထပ်မနှိပ်စက်ပါနဲ့လား တောင်းဆိုပါတယ်...."

"မဟုတ်ဘူး မဟုတ်ဘူး ကိုကို ကျွန်တော် ကိုကို့ကို တကယ်ချစ်တာ ကိုကို့အပေါ်မှာ နာကျင်စေခဲ့တဲ့ အမှားတွေ အများကြီးရှိတာ သိတယ် ဒါမဲ့ ကိုကို့ကို ကျွန်တော် တကယ်ချစ်တာ ကိုကို စိတ်ကျေနပ်တတ်ထိ ခွင့်လွှတ်တဲ့ထိ တောင်းပန်ပါ့မယ် နှင်မထုတ်ပါနဲ့... "

"မင်း ရူးနေပြီ ရိပေါ်.... ငါ့မိဘတွေ မင်းမိဘတွေ အပေါ်မှာ မှားခဲ့တာတွေကို မင်းသတိရသင့်တယ်... တောင်းပန်ပါတယ် ရိပေါ်.... အခု ​ပြောနေတာတွေကို ငါ မကြားခဲ့ဘူးလို့ မှတ်လိုက်ပါ့မယ်...."

ရှောင်ကျန့်လည်း ပြောပြီးတာနဲ့ ကားပေါ်က ဆင်းလာပြီး အိမ်ထဲကိုသာ မြန်မြန်ဝင်လာလိုက်သည်..

"ကိုကို... ကျစ်... ချန်မင်ရွဲ့ ချန်မင်ရွဲ့ ခင်များ မွှေးခဲ့တဲ့ မီးက ခုထိ မငြိမ်းသေးဘူးပဲ ခင်များကို သတ်ပစ်ချင်တယ်...

ကိုကို ခနလေးပဲ စောင့်ပါ အရာအားလုံးက်ု ရှင်းပြပြီး တောင်းပန်မှာမလို့ ကိုကို့ အချစ်တွေကို ပြန်ယူမှာမလို့ ကိုကို လက်ထပ်ပြီသားဖြစ်နေရင် လက်လျှော့မှာမဟုတ်ဘူး..."

ရိပေါ်ကားလေးလည်း ထိုနေရာမှ တရွေ့ရွေ့ထွက်လာခဲ့သည်

ရှောင်အိမ်တော်ကို သွားရမယ်....

ကိုကို့ကို ပြန်တွေ့ပြီ ဆိုတဲ့ အကြောင်းကို ပြောဖို့...

~^~^~

ယန်းလီလည်း အလုပ်ကိစ္စပြီးတာနဲ့ design ဌာနဘက်ကို လာလိုက်သည်...

မုန်းသည်ထက့်ပိုသော (မုန်းသည်ထက့်ပိုသော) (Completed) (Zawgyi Unicode)  Where stories live. Discover now