Chapter - 18

41.4K 4.5K 167
                                    

#Unicode

" သခင်လေး အဆင်သင့်ဖြစ်ပြီ "

အနက်ရောင်ကုတ်အင်္ကျိရှည်ကို ဝတ်ဆင်လျှက် ဖန်းဂူ ခန်းညာစွာဖြင့် အိမ်တော်ထဲကနေထွက်လာခဲ့တယ် …

ရှန်ဟွှာအိမ်တော်ရဲ့ ခြံဝန်းထဲတွင် ကြီးမားသည့် ကုန်တင်ကားကြီး ၁၀ စီးခန့်က ထွက်ခွာရန်အဆင်သင့်ဖြစ်နေပြီ …

ထိုစဉ် ခြံထဲသို့ ကားတစ်စီးဝင်လာပြီး ထိုလူကတော့ ရှန်ဝေပင် … ကားပေါ်မှာတော့ မင်းယွီမပါလာပဲ သူတစ်ယောက်ထည်းသာ ရှိနေတယ် … ဒါကိုမြင်တော့ ချူးရှန့် စိတ်မသက်မသာဖြင့် မေးမြန်းလိုက်တယ် …

" ရှန်ဝေ … မင်းယွီကို ရှာမတွေ့ဘူးလား "

" မတွေ့ဘူး "

ဖန်းဂူမျက်နှာထား ပြောင်းလဲခြင်းမရှိသော်လဲ မျက်ခုံးအနည်းငယ်ကိုင်ညွှတ်သွားတယ် … ထိုအခါမှ ရှန်ဝေက ဖန်ဂူထံလှည့်ကာ မေးလိုက်တယ် …

" သခင်လေး အဲ့ဒိခရီးကို တကယ်ပဲသွားမှာလား "

" သေချာတာပေါ့ … နောက်လှည့်ဖို့အစီအစဉ်မရှိဘူး "

" ဒါဆို ကျွန်တော်လဲ လိုက်ပါရစေ "

ဖန်းဂူ စိတ်ထဲကနေ ဒီလူသစ်က နေရာတကာ ပါကိုပါလွန်းတယ်လို့ တွေးလိုက်ပေမဲ့ တပည့်ကျော်ချူးရှန့်ရဲ့မျက်နှာမှာ ' လိုက်ခွင့်ပေးလိုက်ပါသခင်ရယ် ' ဆိုတဲ့ စာလုံးကြီးကပ်ထားတာ တွေရတော့ သူကသက်ပြင်းချလိုက်ပြီး ရှန်ဝေကိုပါ လိုက်ခဲ့ဖို့ ခွင့်ပေးလိုက်တယ် …

သူတို့ ၃ ဦးရဲ့ အနက်ရောင်ကားလေးက ကားတန်းရှည်ကြီးကို ဦးဆောင်လျှက် ဝေးကွာသည့် နယ်မြေသို့ စတင်ကာ ခရီးနှင်လာခဲ့တယ် …

နယ်စပ်ကို ရောက်ဖို့အတွက် တစ်ရက်ခန့် မရက်မနား မောင်နှင်လာခဲ့ပေမဲ့ ချူးရှန့်က သတိလက်မလွတ်ပဲ အမြဲတက်ကြွနေတယ် … ဖန်ဂူက ကားအနောက်မှာ မှိန်းလျှက် လိုက်လာခဲ့ပေမဲ့ သူ့မျက်နှာမှာ အဆင်မပြေမှုတို့ ဖြတ်ပြေးနေတာကို ချူးရှန့်တွေ့နေရတယ် …

ဒီရက်တွေမှာ သခင်တစ်ခုခုဖြစ်နေတာ သေခြာပေမဲ့ သူ့ကိုလဲ ရင်ဖွင့်မလာတော့ ချူးရှန့် မမေးရဲခဲ့ဘူး … ဒီလို အားအင်အပြည့်နဲ့ ခင်္သြေ့ကို မှိုင်တွေစေတဲ့အရာက ဘာများလဲ ချူးရှန့် စဉ်းစားကြည့်ပေမဲ့ အဖြေထွက်မလာခဲ့ဘူး …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now