၂၆။ သခင်လေးက ချစ်မိသွားပြီ...။

5K 570 5
                                    

မဒမ်ဂျင်က ရှန်း မိသားစုမှာ အလုပ်အကျွေးပြုနေတာဟာ နှစ် ၂၀ကျော်ပြီ ဖြစ်သည်။ ဒါပေမယ့်
သခင်လေး ရှန်း ရယ်မောတာကိုတော့ အကြိမ် အနည်းငယ်ပဲ မြင်ဖူးသည်။ အခု မြင်နေရတဲ့ မြင်ကွင်းက သူမ ဘဝမှာ မြင်ခဲ့ဖူးသမျှ ထဲ မှအနွေးထွေးဆုံးမြင်ကွင်းပင်။ နောက်ပြီး...သခင်လေးဟာ အရမ်းတည်လွန်းလို့ သူ့ဘဝမှာ  ဘယ်နှစ်ခါရယ်ပြီးလဲ ဆိုတာတောင် သူမရေတွက်လို့ရနိုင်သည်။

လွန်ခဲ့တဲ့ နှစ်၂၀ က...  သခင်ကြီး ရှန်းဟွမ်နဲ့သူ့ဇနီး ကွာရှင်းကတည်းက သူမဟာ သခင်လေး ရီနဲ့ သခင်လေး ရွှီကို စောင့်ရှောက်ရတဲ့
သစ္စာရှိ အစေခံ ဖြစ်ခဲ့သည်။

သခင်လေး နှစ်ယောက်က မတည့်သလို ဖြစ်ပေမယ့် တကယ်တော့ သူတို့က တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြသည်။

သခင်လေး ရီက တည်ငြိမ်ပြီး ယဉ်ကျေး သိမ်မွေ့သည်။ သူက လူရှေ့ သိပ်မထွက်တဲ့အတွက် မီဒီယာတွေက သူ့မျက်နှာကို တွေ့ဖို့ ခက်ခဲလှသည်။

နောက်ပြီး ရှန်းရီနဲ့ လုံးဝ ဆန်ကျင်ဘက် ဖြစ်နေတာက ရှန်းရွှီ....
သူက လူတွေရဲ့ အာရုံစိုက်ခံရတာကို နှစ်သက်ပြီး ရှန်းကုမ္ပဏီရဲ့ မင်းသားလေးလို့လည်း လူသိများသည်။ ရှန်းရီက အခု အသက် သုံးဆယ် ရှိနေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ အဖေကတော့ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေ၏။

ရှန်းရီ က မိန်းကလေးတွေကို လုံးဝစိတ်မဝင်စားတဲ့အတွက် သူ့ ရဲ့ အိမ်ထောင်ရေးအတွက်ကတော့ လုံးဝကို မျှော်လင့်ချက်မဲ့နေလေပြီ။
ဒါ့ကြောင့် မီဒီယာတွေအတွက် သူ့ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

သူမ... စဉ်းစားကြည့်လိုက်တော့ ရှန်းရီ...ကောလိပ်တက်တုန်းက ရည်းစားထားခဲ့တာကို သတိရသွားသည်။ ဒါပေမယ့် သူတို့ရဲ့ အချစ်ဇာတ်လမ်းက ခဏလေးပါပဲ....
ထိုမိန်းကလေးက သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ နိုင်ငံ Fကို ပြန်သွားတော့ သူတို့ရဲ့ ဇာတ်လမ်းက ပြီးဆုံးသွားခဲ့သည်။

အခု ရှန်းရီက မိန်းကလေးတစ်ယောက်ကို ရင်ခွင်ထဲ ထည့်ထားပြီး အရမ်းပျော်ရွှင်နေတာကို
မဒမ် ဂျင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပြီ....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now