Chapter - 13.1.1

16.7K 619 6
                                    

*[၁]Mecha နဲ့ *[၂]အာကာသယာဉ်(starship) တွေက စစ်တပ်ရဲ့အမြဲတမ်းသော ဝှက်ဖဲတွေပါပင်။ သူတို့တွေက အင်ပါယာရဲ့စစ်တပ်အင်အားကို အထိုက်အလျောက် ဖြည့််စွမ်းပေးနိုင်သည်လေ။ အခုတော့ အဲ့ဒီစွမ်းအားပြည့်ဝတဲ့လက်နက်နှစ်ခုကို Queen က ထိန်းချုပ်ထားပြီး လူသားလောကကို ဖျက်စီးရာမှာသုံးလေ့ရှိသည်။

စစ်တပ်က Queen ရဲ့ပင်ရင်း code ကို ဖျက်စီးပစ်ချင်နေပေမယ့်လည်း ဟက်ကာတွေအားလုံးသည် အခြေခံအဆင့်ကိုတောင်မှ မထိုးဖောက်နိုင်ကြလေတော့။ Queen ရဲ့ ပထမအကာအကွယ်ကို ဝင်ရောက်နိုင်ဖို့ဆိုတာက ပိုလို့တောင် မဖြစ်နိုင်ဘူး။ စစ်တပ်က ကြံရာမရဖြစ်တဲ့အဆုံးမှာတော့ ရပ်တန့်သွားမည်ဟု မျှော့်လင်၍ Queen ရဲ့စွမ်းအင် system ကို ဖြတ်တောက်လိုက်ကြတော့သည်။ သို့ပေမယ့် ထူးဆန်းတဲ့ကိစ္စက ဖြစ်ပွားသွား၏ ... စွမ်းအင် system ကို ဖယ်ရှားလိုက်တာတောင် Queen ရဲ့စက်ယန္တရားတွေက လည်ပတ်နေလျက်ပင်။ ပိုပြီးတော့တောင် အရှိန်ပြင်းပြင်းနဲ့ ချောချောမွေ့မွေ့ လည်ပတ်နေပါသေး၏။

တစ်ချိန်တည်းမှာပဲ ပညာရှင်တွေဟာ Star network နဲ့ ချိတ်ဆက်မိ၍ ဦးနှောက်သေရောဂါဖြစ်တဲ့ coma အဖြစ်သို့ ကျရောက်နေသောလူတွေကို သတိပြုမိသွားကြသည်။ သူတို့အထင်အရှားမှန်းဆမိလိုက်သည်။ ဝိဉာဉ်လို့ အသိများကြတဲ့ဒီလူတွေရဲ့စိတ်စွမ်းအင်တွေကQueenရဲ့စွမ်းအင်အရင်းအမြစ်အသစ်ဖြစ်နေကြသည်။

ီ ဒီနေရာမှာ သိပ္ပံနည်းကျတဲ့ အခြေခံယူဆချက်တွေ မရှိသော်လည်း စစ်တပ်သည် ဒီကိစ္စကိုအဓိက အရေးကြီးတဲ့အရာအနေနဲ့ အလေးထားပြီးတော့ အသက်ရှင်နေသေးတဲ့လူနာတွေကိုကာကွယ်ထားတဲ့နေရာသို့ပြောင်းရွေ့ခြင်းကိုအာရုံထားလုပ်ဆောင်နေသည်။ ဒီလူတွေရဲ့အချက်အလက်များကိုအတည်ပြု ပြီးနောက်တွေ့ရှိမှုတွေကစစ်တပ်ကိုအံ့အားသင့်သွားစေခဲ့သည်။ သူတို့အားလုံးက စက်မှုနယ်ပယ်က ခေါင်းဆောင်တွေဖြစ်နေကြပြီး သူတို့ရဲ့စိတ်စွမ်းအင်တွေက အလွန်အားကောင်းနေကြသည်။ သူတို့ထဲက တစ်ယောက်ဆိုရင်တောင် Galaxy ရဲ့အကာအကွယ် system ကိုတစ်ကြိမ်မက ကျူ းကျော်ဝင်ရောက်ခဲ့တဲ့ထိပ်တန်းဟက်ဟာ ကျိုးယွင်ရှန့် ဖြစ်နေသည်။ သူ့အသက်13နှစ်မှာပဲစစ်တပ်ရဲ့အလိုရှိစာရင်းထဲကရာဇဝတ်ကောင်တစ်ယောက်ဖြစ်လာသည်။ သုံးနှစ်နီးပါးသူ့ကိုရှာဖွေဖမ်းဆီးရန်ကြိုးစားခဲ့တာတောင်မှသူ့အရိပ်ကိုတောင်မထိနိုင်ခဲ့ဘူး။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now