Chapter - 13.1.2

6.4K 516 16
                                    

ဒါတွေကို ကျိုးယွင်ရှန့်က သိပါတယ်၊ မုန့်ဝမ်က သူ့ကို မနှစ်မြို့ဘူးဆိုတာကိုပေါ့... ဒီအချိန်တွင်တော့ 007 ရဲ့ထိန်းချုပ်မှုအောက်မှာ သူရှိမနေတော့ဘူးလေ၊ ဆိုတော့ သူ ဒီမုန့်ဝမ်ကို ကိုင်တွယ်ဖြေရှင်းလို့ရနေပြီ။ သူက သူမကို ဂရုမစိုက်ရုံသာမက သူဒီကမ္ဘာရဲ့ ဇာတ်လိုက်မင်းသားနဲ့ဇာတ်လိုက်မင်းသမီးကို တန်ဖိုးကြီးကြီး ပြန်ပေးဆပ်စေအုံးမှာပါ။ ဗီလိန်တွေမှာ ဇာတ်သိမ်းကောင်းဆိုတာဘယ်တော့မှမရှိပါဘူး... ဒါကြောင့် ဒီကမ္ဘာထဲမှာ သူသည် အလွန်လူမဆန် ဆိုးဆိုးရွားရွားသေဆုံးခဲ့ရ၏၊ ဒီအရာကိုဖော်ပြဖို့စကားစု 3 ခုသာရှိတယ်--- လူတွေကပုန်ကန်ပြီး မိတ်ဆွေသူငယ်ချင်းတွေကစွန့်ခွာတယ်, အပြီးတိုင် အနိုင်ယူပြီး တင့်တယ်စွာကျဆုံးတယ်, ခန္ဓာကိုယ်ကိုမထိခိုက်စေပဲ သေဆုံးရမယ် (😌😰ဒီ3ကြောင်းကို kiley မပြန်တတ်ဘူး။ တိုက်ရိုက်ပဲပြန်လိုက်တယ်။ သွေ့ပုချီ😢)

သူတွေးနေမိတာတွေက ... ညို့မှိုင်းနေတဲ့အတိတ်တွေ၊ ပြောင်းလဲလို့မရနိုင်တဲ့ သမိုင်းတွေဖြစ်ပြီးနှင့်ပြီမို့ ... သူ ဒီနေရာကို ပြန်ရောက်နိုင်ဖို့ အခွင့်အရေးရှိလာလိမ့်မယ်လို့ သူမျှော်လင့်မထားဖူးဘူး။ ကျိုးယွင်ရှန့် အတွေးထဲဝယ် ခဏမျောလွင့်နေ၏ ...၊ ဒီဖြစ်စေတဲ့အကြောင်းအရင်းတွေက သူ့ချစ်သူနဲ့ဆက်စပ်မှု ရှိမယ်လို့ သူထင်မိသည်။ အဲ့ဒီအမျိုးသားက Queen ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့သည်... အဲ့တော့ Queen ကလည်း ဖြစ်နိုင်သမျှ အရာအားလုံးနှင့်အတူ ပြန်ခုခံခဲ့သည်...၊ ပြီးတော့ ထိုနှစ်ယောက်လုံးရှုံးသွားခဲ့သည် ... တစ်ယောက်က ပျောက်နေခဲ့ပြီး၊ တစ်ယောက်က ပုန်းနေကာ ...  တိတ်တဆိတ် data တွေကို ပြန်တည်ဆောက်နေသည်။

Galaxy တစ်ခုလုံးက ကိုယ်ပိုင်terminal တွေကို ပိတ်ပင်ခံလိုက်ရကတည်းက Queen မှာ စွမ်းအင်အသစ် ဖြည့်သွင်းနိုင်ခြင်းမရှိခဲ့ဘူး၊ ဒါကြောင့် နလန်ထူလာတဲ့ သူ့(ZYX)data တွေ လုံးဝမပြည့်စုံခင်မှာ သူ(ZYX)က data ဆုတ်ယုတ်ခြင်းဖြစ်စဉ်ကို ပြုလုပ်ခဲ့သည်။

ဒါပေမယ့် သူ့ချစ်သူက အခုဘယ်မှာလဲ? ကျိုးယွင်ရှန့် အတွေးတွေက မသာမယာဖြစ်လို့နေသည်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now