Ep9❣️

9.5K 421 5
                                        

#unicode

"ခွန်းဆက် သွားနားလိုက်အုန်း ငါတို့စောင့်ပေးမယ် ဒီနေ့ ငါတို့လဲကျောင်းမသွားတော့ဘူး"

"ရတယ် ငါဘာမှမဖြစ်ပါဘူး"

"မင်းညကလဲ စောင့်ထားရတယ်လေ ပင်ပန်းနေမယ် သွားအိပ်လိုက်"

"ငါညကအိပ်ထားပါတယ် ဘာမှမဖြစ်ဘူး"

"ဘုန်းရှန် မင်းပြောလဲရမှာမှမဟုတ်တာ ခွန်းဆက်ခေါင်းမာတာမင်းလဲသိသားနဲ့ ပြီးတော့အခုက သူ့အချစ်တော်ကြီးလေ အဲ့တော့သူဘယ်လိုအိပ်ပျော်မှာလဲ"

ရန်နောင်က စကာပြောလိုက်တော့ ခွန်းဆက် ရန်နောင့်ကိုကြည့်ကာ ပြန်ပြောလာသည်

"စကားကိုကြည့်ပြော သူကငါ့အချစ်တော်မဟုတ်ဘူး"

"ခွန်းဆက်ရယ် မင်းလေ တစ်ခြားသူကိုလိမ်ရင်လိမ်လို့ရမယ် ငါတို့က မင်းသူငယ်ချင်းတွေပါ မင်းနဲ့ပေါင်းလာတာကြာပြီ ငါတို့မင်းအကြောင်းအကုန်သိတယ် ငြင်းမနေနဲ့တော့ သူကမင်းအချစ်တော်ဆိုတာလက်ခံလိုက်တော့"

"မင်းအပေါက်မပိတ်နိုင်သေးဘူးလား"

"မပိတ်ဘူး မင်းဝန်ခံတဲ့ထိပြောနေမှာ"

"မင်းပိတ်လို့ပြောနေတယ်"

"လာလေ လာထုလေ မဟုတ်ဘူးလဲပြောသေး သူ့ခလေးလက်ကိုကိုင်ထားတာလွှတ်တောင်မလွှတ်တော့ဘူး အဲ့လက်ကို မလွှတ်ချင်လို့ငါ့ကိုတောင် လာမထုဘူးမှန်လား"

"မင်း"

အမှန်ပင် ခွန်းဆက်ပြောသာပြောနေတာ တစ်ချိန်လုံး ရှိုင်းစစ်ရဲ့လက်ကိုမလွှတ်ပေ

ရန်နောင်စတာကြောင့် အခန်းလေးက ရီသံတွေ ဖုံးလွှမ်းသွားသည်

****
နေ့လည်ခင်းရောက်တော့ ဧကရီ ခွန်းဆက်နားလာကာ တစ်ခုခုစားရန်ပြောသည်

"ခွန်းဆက် တစ်ခုခုတော့စားပါ ရှိုင်းစစ်လေးနိုးလာတဲ့ အခါကျမှနင်အားပျက်နေမယ်"

ခွန်းဆက် ခပ်ရေးရေးလေး ပြုံးပြကာ

"မစားချင်သေးဘူး ငါနောက်မှစားလိုက်မယ်"

"နင်အဲ့လောင်ဂရုစိုက်နေတာတွေ ရှိုင်းစစ်လေးနိုးလာလို့ သိရင်ပျော်နေမှာပဲ"

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now