ဦးချစ်​သည်း 17

407 21 6
                                    

သူလည်း ​ရေကူးချင်​စိတ်​မရှိ​တော့သည်​မို့
သူ hannie ​ဘေးကထလာပြီး ​ရေကူးကန်​​ဘေး
ထီးအမိုး​အောက်​ပြန်​လာပြီး အ​ပေါ်ရုံကိုလှမ်းယူလိုက်​၏

ထိုစဉ်​ hannie ​ရေကူးကန်​ထဲမှတက်​လာသည်​။
သူလှည့်​မကြည့်​ဘဲ​နေလိုက်​သည်​။
မသိချင်​​ယောင်​​ဆောင်​ပြီး ခပ်​မြန်​မြန်​ထွက်​သွားဖို့
စိတ်​ကူးလိုက်​​သော်​လည်း....။

"ဦး...ဦး..."

ခေါ်သံ​ကြောင့်​ ​ခြေလှမ်းတုံ့သွားရပြီး မတတ်​သာသည့်​အဆုံး
သူလှည့်​ကြည့်​လိုက်​ရ၏

သူ​နောက်အ​လှည့်​မှာပင်​ အမိုး​အောက်​မိုးလွတ်​ရာကို
ပြေးဝင်​လာသည့်​ hannie ကသူ့နားနီးနီးထိ
တိုးကပ်​ဝင်​လာသည်​။ သူ​နောက်​ဆုတ်​​ပေးလိုက်​ရင်း
hannie ကိုကြည့်​မိသည်​။

ဘယ်​တုန်းက ဘယ်​က​နေယူဝတ်​လိုက်​မှန်းမသိ​သော
ပဝါစသည်​ ​hannie ခါးမှာမလုံတလုံချည်​​နှောင်​ထား၏
ပဝါမှာ ဒူးအထိသာရှည်​​ပြီး​ပေါင်​တစ်​ဖက်​ကို လုံ​သော်​လည်း​ပေါင်​တစ်​ဖက်​ကိုအရင်းကခွဲပြထားသလိုဖြစ်​​နေသည်​။
ပဝါမရှိသည့်​ ကိုယ်​အ​ပေါ်ပိုင်းက ရဲရဲမကြည့်​ရဲ​လောက်​​အောင်
လှ​နေသည်​။

ချက်​ချင်းမျက်​နှာလွှဲပစ်​လိုက်​​ပေမယ့်​ ဆင်​ဆွယ်​လက်​​မောင်း
တခြား​သောအမျိုးသား​တွေထက်​ မို့​မောက်​​နေ​သော
ရင်​အုံမို့မို့က​လေး ပြီး​တော့ပန်း​ရောင်​ရဲ​နေ​သောချယ်​ရီသီး
စူစူဖြိုးဖြိုး​လေးနှစ်​လုံး ဗိုက်​သားရှပ်​ရှပ်​​လေးနှင့်
ပေါင်​တံသွယ်​သွယ်​က​လေးက မျက်​လုံးထဲက​ဖျောက်​မရ​အောင်​ ကပ်​ငြိပါလာသည်​။

သူ့လက်​က အ​ပေါ်လွှာအား hannie ဆီအလိုလို​ပေးပြီး
သားဖြစ်​သွား၏

"​..​ရော့ ဒါဝတ်​လိုက်​.. hannie ချမ်း​နေမှာ​ပေါ့..."

တကယ်​ချမ်းမချမ်း​သူမသိ။ ဒီအတိုင်း သူ့​ရှေ့မှာရှိ​နေတာကို
မနှစ်​မြို့နိုင်​စွာ ဝတ်​ရုံအားလှမ်း​ပေးမိခြင်းဖြစ်​သည်​။

hannie ကအမိုး​အောက်​ဝင်​လာပြီး ​ရေစို​နေသည့်
ဆံပင်​​လေး​တွေကို ဆွဲယူ၍​ရေညှစ်​ရင်း သူ့ကို​ကျော​ခိုင်း​ပေး၏
ဖြူ​ဖွေး​သော ဂုတ်​သား​ဖွေး​ဖွေး​လေးနှင့်​ ​ကျောပြင်​လှလှကိုကြည့်​ပြီး သူဝတ်​ရုံကိုကိုင်​လျက်​ hannie
ဘာလုပ်​မှန်း မသိ​ပေ....

ဉ်ီးချစ်​သည်းWhere stories live. Discover now