၂၈။ ကျွန်မ လဲကျရင် ရှင် ဖမ်းပေးမှာလား..?

4.9K 601 11
                                    

" ရှင်..ဘာဖြစ်နေတာလဲ..?''
သူမ... ရှန်းရီကို တံတောင်နှင့်တို့လိုက်ကာ နှုတ်ခမ်းစူလိုက်၏။

" ကိုယ်က ဘာဖြစ်လို့လဲ...?''
မဒမ်ဂျင် မရှိတော့၍ ရှန်းရီ....အခုမှ လွတ်လပ်သလို ဖြစ်လာပြီး နက်ကတိုင်ကို ဖြေလျှော့လိုက်၏။ လုချင်းယီ...သူ့ရဲ့ လက်မောင်းကို ရိုက်လိုက်ပြီး.....

" အစည်းအဝေး မပြီးခင်အထိ အောင့်ပြီး ဝတ်ထားဦး...''
ရှန်းရီ...ည ည်းညူလိုက်၏။ သူ... ဒီနက်ကတိုင်ကို လွှတ်ပစ်ချင်နေပြီ..။ စီးပွားရေး လုပ်ငန်းရှင်​တွေကို ဒီလို ဝတ်ရမယ်လို့ ဘယ်သူကများ
သတ်မှတ်လိုက်လဲမသိ။

" မင်း..ဘာမေးမလို့လဲ?...''

"အို...ဟုတ်သားပဲ၊ ကလေးအကြောင်းလေ။
ကျွန်မတို့ရဲ့ သဘောတူညီချက်ထဲမှာ အဲ့ဒီအကြောင်းမပါဘူး...''
လုချင်းယီ..သူမရဲ့ ဖိနပ်ကို ဝတ်လိုက်ကာ ရှန်းရီဘက်လှည့်ပြီး ဒေါသထွက်စွာနှင့်ပြောလိုက်၏။

ရှန်းရီက သူ့တို့လက်ထပ်ထားတာကို မိသားစုတွေမသိအောင် လျှို့ ဝှက်ထားပေးဖို့ မဒမ်ဂျင်ကို ပြောထားရသည်။မိသားစု​တွေရဲ့ မေးခွန်းကို သူတို့ အခု ရင်မဆိုင်ရဲတဲ့အတွက်ကြောင့်ပင်။
သူ မရှိတုန်း သူ့ရဲ့ မိသားစုတွေက သူမကို နာကျင်အောင်မလုပ်နိုင်ပေမယ့် ...တကယ်လို့ သေချာ
စစ်မေးတဲ့ အခါကျရင် သူမအတွက် ခက်ခဲလိမ့်မည်။

" ကိုယ်သိပါတယ်....ကိုယ် အဲ့လိုပြောတော့ မှ
မဒမ်ဂျင်က နောက်ထပ်​မေးခွန်းတွေ မမေးတော့မှာ...''

" ကိုယ် တောင်းပန်ပါတယ်... အဲ့လို စကားမျိုးတွေက မင်းနဲ့အဆင်မ​ပြေရင် ​နောက်ထပ်မပြောတော့ပါဘူး..'' သူမက အရမ်းဒေါသထွက်နေ၍
သူ့အပေါ် အေးတိအေးစက် လုပ်လာသောကြောင့် သူ...တောင်းပန်လိုက်ခြင်းပင်။

သူမ.... ဖိနပ်ကြိုးကို ချည်နေတုန်း သူ့ကို လှည့်ကြည့်လိုက်၏။ ဒါက ပထမဆုံး အကြိမ် ရှန်းရီ... သူမကို တောင်းပန်ခြင်းပင်။ အရိုးသားဆုံးပြောရရင် လုချင်းယီ...သူ့ကို စိတ်မဆိုးပါဘူး။
ဒီအကြောင်းကို အရင်က ဆွေးနွေးထားခြင်းလည်းမရှိ၊ သူက အဲ့လို ပလီပလာတွေပြောနေတော့ သူမအတွက် နေရခက်ခြင်းကြောင့်ပင်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now