၂၉။ မင်း...ကိုယ့်ကို မေးဖို့ပဲလိုတယ်...

4.8K 553 7
                                    

သူမက ရှန်းရီနဲ့ အတူ အိမ်ပြင်ကို ထွက်လာတော့ ဘေ ဘီ​လေးတွေကပါ အနောက်က လိုက်လာ၏။သူ့ရဲ့လက်ထောက်က လာကြိုမည်ဆိုသောကြောင့် ထွက်စောင့်နေခြင်းပင်။

သူက သူမရဲ့ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပုံက မသိရင် သူမက ထွက်ပြေးတော့မယ့်သူလိုလို။

" နေဦး...၊ ကိုယ် တစ်ခုခုမေ့သွားတယ်...''
သူ ရပ်လိုက်ပြီး သူမဘက်လှည့်လိုက်ကာ...

" ဖုန်းပေး..''
လုချင်းယီက မမေးနေတော့ဘဲ သူ့ရဲ့လက်ထဲထည့်ပေးလိုက်တော့....သူရဲ့  ဖုန်းနံပါတ်ကို လျှင်လျှင်မြန်မြန် ရိုက်ထည့်လိုက်၏။

" ရော့...မင်းရဲ့ ဖုန်းထဲမှာ ကိုယ့်နံပါတ်ကို ထည့်လိုက်ပြီ.....တစ်ခုခု ဖြစ်ရင် ကိုယ့်ကို ဆက်လိုက်...''
သူမက သူ့ကို ဘာမှ မတုံ့ပြန်ဘဲ လက်ခံတော့ မှ
သူ စိတ်သက်သာရာရသွားသည်။

" ချင်းယီ....၊ မင်းကို ဘယ်သူကမှ နာကျင်အောင်
လုပ်ခွင့် မပြုတော့ဘူး..''

"ယောင်္ကျားက ကျွန်မရဲ့ စွမ်းရည်တွေကို အထင်သေးတာလား...?''
သူမက မခံချင်အောင် ပြောလိုက်၏။

" မဟုတ်ပါဘူး...၊ ကိုယ့်ဆီကို ငိုပြီး ပြန်လာတာကို မမြင်ချင်လို့...!''
နောက်ဆုံးအကြိမ်အဖြစ်...သူမ ဝမ်းနည်းပြီး ငိုတုန်းက သူ အရမ်းဒေါသ ထွက်ခဲ့ရသည်။

" ကျွန်မ သူတို့ကို သေချာပေါက် လက်စားချေမှာပါ...''
သူမက ပြုံးဖြီးဖြီးနဲ့ ပြောလာ၏။

သူမက အရင်တုန်းကလို ငတုံး၊ ငအ မဟုတ်တော့ဘူးလေ။ သူမရဲ့ ကိစ္စကို သူမဘာသာ ဖြေရှင်းရတော့မည်။
သူမ သက်ပြင်းချလိုက်၏။ ရှန်းရီနဲ့ ငြိမ်းချမ်းရေးရတာက တကယ့်ကို အချိန်တိုလေးပင်။
သူမရဲ့ ခွေးလေးတွေက သူမရဲ့ အာရုံစိုက်မှုကိုရဖို့ကြိုးစားနေတော့ သူမက သူတို့ရဲ့ မေးကို ပွတ်သပ်လိုက်ပြီး ပွေ့ဖက်လိုက်၏။

" ချင်းယီ...''
သူက သူမကို မေးချင်ပေမယ့် စကားတွေက မထွက်လာပေ။

"ဟမ်....?''

" မင်း...အဲ့ဒီ သစ္စာဖောက်တွေဆီကနေ ထွက်လာပြီးရင် ဘာ အစီအစဉ်ရှိလဲ...?''
သူပြောချင်တာက သူမရဲ့ အလုပ်ပင်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now