Arc_15.1 Cuckold Emperor

15.3K 715 1
                                    

Arc_15

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Arc_15.1 Cuckold Emperor - သစ္စာဖောက်ခံရတဲ့ ဧကရာဇ်

ကျိုးယွင်ရှန့်က ပြန်လည်တည်ဆောက်ရေး ဖန်ပေါင်းချောင်လေးထဲကနေ ချောင်းဆိုးပြီးနိုးလာခဲ့တယ်။ သူက ချက်ချင်း ဖန်ပေါင်းချောင်ထဲက ထွကလိုက်တယ်။ သူက 72 နာရီလုံးလုံး သတိလစ်နေတဲ့အချိန် သူနာပြုတွေက သူ့အနားမှာ 24 နာရီပတ်လုံး သေချာစောင့်ကြပ်ပေးနေခဲ့တယ်။


ကျိုးယွင်ရှန့်က ဖန်ပေါင်းချောင်ထဲက ထွက်လိုက်တာနဲ့ သူနာပြုလေးကို ပြောလိုက်တယ်။

"အဲ့ဒါ အလုပ်ဖြစ်တယ်။ ကျွန်တော် အဲ့ဒီကို ခဏခဏပြန်သွားကြည့်ဖို့လိုက်တယ်။"

ကျိုးယွင်ရှန့်သတိရလာတယ်ဆိုတာနဲ့ မာရှယ်ကြီးနဲ့ စစ်တပ်က ဗိုလ်ချုပ်ကြီးတွေက ချက်ချင်း အနောက်က လိုက်လာခဲ့တယ်။ ကျိုးယွင်ရှန့်က စိတ်လှုပ်ရှားနေကြတဲ့ လူတွေကို လျစ်လျူရှုထားပြီး သြအက်စ်ဆိုင်း ရှိတဲ့နေရာကို တန်းလာခဲ့တယ်။

သြအက်စ်ဆိုင်းရဲ့ အခန်းထဲမှာ ဂျရမ်အက်စ်ဆိုင်းက သူ့အကိုရဲ့ ခုတင်ဘေးမှာ ရပ်နေပြီး ရှုပ်ယှက်ခတ်နေတဲ့ စက်ကရိယာတွေထဲက အသက်ရှုကရိယာကို စိတ်ဝင်တစား စိုက်ကြည့်နေတုန်း ကျိုးယွင်ရှန့် အခန်းထဲကို ၀င်လာခဲ့တယ်။ ဒီ သြအက်စ်ဆိုင်းရဲ့ အဖေတူ အမေကွဲညီဖြစ်သူရဲ့ အမူယာကို မကြိုက်တဲ့အတွက် ကျိုးယွင်ရှန့်က ကုတင်နားက ခုံမှာ ၀င်ထိုင်ပြီး မှုန်ကုတ်ကုတ်နဲ့မေးလိုက်တယ်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ"

"မင်း ဘယ်သူလဲ..."

ဂျရမ်အက်စ်ဆိုင်းက အံ့အားသင့်သွားပြီး ဆယ်ကျော်သက်အရွယ်ကောင်လေးကို မေးခွန်းပြန်ထုတ်လိုက်တယ်။

"ငါ ဘယ်သူလဲဆိုတာ မင်းသိဖို့ မလိုဘူး။"

ကျိုးယွင်ရှန့်က တံခါးကို ဖွင့်လိုက်ပြီး သူနာပြုတစ်ယောက်ကိုလှမ်းပြောလိုက်တယ်။

"ကျွန်တော့် ကုသရေး ဖန်ပေါင်းချောင်ကို ဒီအခန်းထဲ ပို့ပေးလိုက်ပါ"

အခုချိန်မှာ ကျိုးယွင်ရှန့်က ကွင်းရဲ့ တိုက်ခိုက်မှုကနေ လူသားတွေကို ကယ်တင်နိုင်တဲ့ တစ်ဦးတည်းသော အိုင်တီ ပညာရှင်ဖြစ်တဲ့အတွက် သူတို့က သူ့ကို သူရဲကောင်းတစ်ယောက်လို ကိုးကွယ်နေရချိန်ဖြစ်တယ်။ ဒါကြောင့် သူနာပြုက ဘာမှပြန်မ မေးပဲ အထက်အရာရှိကို သွားပြောပြီး ချက်ချင်း ကျိုးယွင်ရှန့်ပြောတဲ့အတိုင်း ပြုလုပ်ပေးလိုက်ကြတယ်။

ကျိုးယွင်ရှန့်က သြအက်စ်ဆိုင်းရဲ့အခန်းထဲကို စီစီတီဗွီတွေ တပ်ပြီး 24 နာရီ မပြတ်စောင့်ကြပ်နေစေတယ်။ံ သြအက်စ်ဆိုင်းကို စောင့်ကြည့်ကုသဖို့ ဆရာဝန်တွေကို 24 နာရီ တာဝန်ချထားတယ်။ ဂျရမ်က အခွင့်မသာတော့တဲ့အတွက် မသိမသာထွက်သွားပြီး အစောင့်တွေကို စကားပြောသလိုပဲ လုပ်ရင်း အကဲခတ်နေတယ်။

ကျိုးယွင်ရှန့်က အခန်းထဲက လူတွေကို ရှင်းထုတ်ချင်တဲ့အတွက် သူ အနားယူတော့မယ်လို့ ပြောပြီး အခန်းပြင်ကို မောင်းထုတ်လိုက်တယ်။ လူတွေ အကုန်ထွက်သွားတော့မှာ သူ့နားက 008 ကို လှမ်းယူပြီး အက်စ်ဆိုင်းရဲ့နဖူးကို ထိကပ်လိုက်တယ်။ ကျိုးယွင်ရှန့်ရဲ့ လှုပ်ရှားမှုက သိမ်မွေ့လွန်းတဲ့အတွက် စီစီတီဗွီက လှမ်းကြည့်ရင်တောင် သူက ငုံ့ကိုင်းပြီး နဖူးကို ကြင်ကြင်နာနာ ထိလိုက်တာပဲ မြင်ရမှာဖြစ်တယ်။ အဲ့ဒီအချိန်မှာ ECG က အသံကျယ်ကျယ်မြည်လာပြီး သြအက်စ်ဆိုင်းရဲ့ ဦးနှောက်လှိုင်းတွေ အသက်ဝင်လာတယ်။

ကျိုးယွင်ရှန့်က သူ့နားကပ်ကို ပြန်ယူလိုက်ပြီး မော်နီတာကို ကြည့်ရင်း ပြောလိုက်တယ်။

"အားလုံးအသင့်ဖြစ်ရင် နောက်ထပ်တစ်ခါ Star ကွန်ယက်ထဲကို ပြန်သွားတော့မယ်။"

"ခင်ဗျားတို့ အဆင်သင့်ဖြစ်ရင် ကျွန်တော် စတားကွန်ယက်ထဲကို ပြန်ဝင်တော့မယ်။ အားလုံး အသင့်ပြင်ထားပေးပါ။"
"မစ်စတာကျိုး အနားယူတာ တစ်နာရီပဲ ရှိသေးတယ်။ မမြန်လွန်းဘူးလား။ "
ဆရာဝန်က သူ့လက်က နာရီကို တစ်ချက်ငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်။
"လူတိုင်း ဒုက္ခရောက်နေတဲ့အချိန် ကျွန်တော် အနားယူခွင့်မရှိဘူးလေ"
လူသားမျိုးနွယ်တစ်ခုလုံးအတွက် ဒီလူငယ်လေးရဲ့ အားကျိုးမာန်တက် ကြိုးစားပေးနေခြင်းက ကြားရသူလူတိုင်းရဲ့ ရင်ကို လေးစားမှုတွေဖြစ်အောင် လှုံ့ဆော်ပေးနေတယ်။ သူတို့တွေက ပြန်လည်ကုသရေး ဖန်ပြွန်ထဲကို ၀င်သွားတဲ့ လူငယ်လေးကို ကြည့်နေချိန်မှာ မျက်လုံးအစုံက ငိုချင်စိတ်ကို အောင့်ထားလို့ နီရဲနေကြတယ်။
ကွင်းစ်ဒေတာတွေရဲ့ တိုးတက်ဖြစ်ပေါ်မှုနဲ့ သူကျင်လည်ရမယ့် ပုံရိပ်ယောင်လောကတွေကို ဘယ်လို နေရာချထားသလဲဆိုတာကို ကျိုးယွင်ရှန့် မသိတဲ့အတွက် သူက 008 ရဲ့စွမ်းအင်တချို့ကို အဓိကနေရာမှာ သုံးဖို့ ချန်ထားရတဲ့အတွက် အခုသူ သွားရမယ့် နေရာက ဘယ်လိုနေရာဆိုတာ သူ မသိဘူး။

သူ မျက်လုံးမဖွင့်ရသေးခင် နှာခေါင်းထဲကို အမွှေးရနံ့ ဖျော့ဖျော့က တိုးဝင်လာပြီး တစ်စုံတစ်ယောက်က သူ့နားကို ကပ်ပြီး အသက်ရှုထုတ်လိုက်တဲ့အတွက် သူ့ကို လေအေးတချို့ ရိုက်ခတ်လာတယ်။ ဒါက တမင် သက်သက်လုပ်နေသလို ခံစားရတယ်။
"အရှင်မင်းကြီးနိုးတော်မူပြီလား။ နိုးလာရင် ထပြီး အစာစားပါဦး"
သူ့မျက်ခွံတွေ နည်းနည်းလှုပ်လာတာကို မြင်တဲ့အတွက် နူးညံ့နွေးထွေးတဲ့ စကားသံလေးက သူ့နားရွက်နားကို ကပ်ပြီး တီးတိုးဆိုလိုက်တယ်။

"အင်ပါယာ ဘုရင်မင်းမြတ်..." ကျိုးယွင်ရှန့်က သူ ဘုရင်ဖြစ်ခဲ့တဲ့အချိန်တွေကို ပြန်စဉ်းစားလိုက်တယ်။ ပြီးတော့သူနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အမျိုးသမီးရဲ့အသံကို ပြန်တွေးပြီး ဘယ်ဘဝကို ရောက်နေတယ်ဆိုတာ မှတ်မိအောင်လုပ်လိုက်တယ်။ ဒီအသံကို ကောင်းကောင်းမှတ်မိသွားချိန် သူ မဲ့ပြုံးပြုံးလိုက်တယ်။
အရမ်းကောင်းတယ်။ သူ့ရဲ့ နောက်ဆုံး အင်ပါယာဧကရာဇ်မင်း ဘဝက သူ ရှစ်နှစ်တိတိ သစ္စာဖောက်ခံရတဲ့ လင်ယောကျာ်းတစ်ယောက်ဖြစ်ခဲ့တယ်။ အခုဘဝမှာတော့ သူရစရာရှိတဲ့ အကြွေးအားလုံးကို ပြန်ယူရမယ်။ ကျိုးယွင်ရှန့်က ဒီလိုတွေးပြီး တောက်ပတဲ့အနက်ရောင် မျက်ဝန်းကို ဖွင့်ကြည့်လိုက်ချိန်မှာ သူ့နားမှာ ကပ်ပြီး ဒူးထောက်နေတဲ့ ရင်းနှီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ကို တွေ့လိုက်ရတယ်။
ကျိုးယွင်ရှန့်က တချီ အင်ပါယာကြီးကို အုပ်ချုပ်နေတဲ့ ဘုရင်ဖြစ်ပြီး ကျောက်ပိရွှမ်း မိဖုရားရဲ့ ခင်ပွန်းသည်လည်း ဖြစ်တယ်။ ဒါပေမယ့် သူက ဂေးလ်တစ်ယောက်ဖြစ်တဲ့အတွက် မိန်းမတွေကို မကြိုက်ပဲ ယောကျာ်းကိုပဲ ကြိုက်တဲ့အတွက် ကျောက်ပိရွှမ်းကို နှစ်နှစ်ကာကာ ချစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဒါပေမယ့် အကူညီကင်းမဲ့တဲ့ ဗီလိန် စနစ်ကြီးထဲမှာ သူက ဇာတ်လိုက်မရဲ့ ဘ၀ကို မြှင့်တင်ပေးရတဲ့ အလုပ်တွေကို တစ်ခုပြီး တစ်ခုလုပ်ပေးနေရတယ်။ ဒုတိယမင်းသားလေးကို မွေးဖွားပေးပြီးတဲ့နောက် ကျောက်ပိရွှမ်းက အမြင့်မားဆုံး မိဖုရားရာထူးကို ရရှိရုံတင်မက ဘုရင်မင်းမြတ်ကိုယ်စား အတွင်း မိဖုရားနန်းဆောင် ခြောက်ဆောင်ကို အုပ်ချုပ်ခွင့်ရတဲ့ ဟွေ့ရီဘွဲ့ကို ဆက်ခံခွင့်ရခဲ့တယ်။ တကယ်လို့သာ ပထမသားတော် အိမ်ရှေ့မင်းသားသာ သေဆုံးသွားခဲ့မယ်ဆိုရင် သူမရဲ့သားက နန်းမွေကို ဆက်ခံရရှိမှာဖြစ်ပြီး ဒီတိုင်းပြည်မှာ အထွတ်ထိပ်ကိုရောက်သွားမှာ သေချာတယ်။
သူမကို အရိုးထဲထိအောင်မုန်းတီးနေကြတဲ့ မိဖုရားတွေ ဘယ်လောက်များတယ်ဆိုတာ မသိနိုင်ပေမယ့် ကျိုးယွင်ရှန့်ကာကွယ်ပေးထားတဲ့အတွက် သူမကို ဘယ်သူမှ မထိဝံ့ကြဘူး။
"စားစရာတွေကို စီစဉ်လိုက်ပါ"
ကျိုးယွင်ရှန့်က အမိန့်ပေးလိုက်ပြီး အိပ်ယာပေါ်က ထပြီး အဝတ်စားလဲလိုက်တယ်။ သူ အခု ဝင်ရောက်ထားတဲ့ သူက ချီရိနဉ်လို့ ခေါ်ပြီး အသက် 27 နှစ်နှစ်ရှိပြီဖြစ်တဲ့ ဘုရင်တစ်ပါးဖြစ်တယ်။ သူက ကြေးဝါမှန်ထဲက မြင်ရတဲ့ သူ့ပုံကိုလှမ်းကြည့်လိုက်တယ်။ သူ့မျက်ခုံးတွေက ဓါးတစ်ချောင်းလို ပြတ်သားထင်ရှားပြီး အသားအရေက ကျောက်စိမ်းလို့ ကြည်လင်နေတယ်။ သူက ငယ်စဉ်ကတည်းက သိုင်းပညာကို သေချာလေ့ကျင့်သင်ကြားထားသူဖြစ်လို့ သူ့ကိုယ်က ကြည့်ကောင်းပြီး ရှိသင့်တဲ့ ကြွက်သားတွေနဲ့ ဗွီရှိတ်ပုံဖြစ်ပြီး စွဲမက်ဖွယ် ယောကျာ်းတစ်ယောက်ဖြစ်တယ်။

အရင် အင်ပါယာဘုရင်မင်းမြတ်ရှိစဉ်က ချီရိနဉ်ကို အမြဲတမ်း တချီအင်ပါယာကြီးရဲ့ နံပါတ်တစ် အလှလေးလို့ စနောက်ပြီးခေါ်လေ့ရှိတယ်။ ခမည်းတော် ဘုရင်မင်းမြတ်က ချီရိနဉ်ကို ချစ်မြတ်နိုးတဲ့အတွက် သူ့ကို ငယ်စဉ်ကတည်းက သေချာပြုစုပျိုးထောင်ပြီး တဆင့်ခြင်းမြှောက်စားပေးခဲ့တယ်။ သူအရွယ်ရောက်လာတော့ လက်ရှိ မိဖုရားခေါင်ဖြစ်တဲ့ မိန်းကလေးနဲ့ လက်ဆက်ပေးခဲ့တယ်။ သူတို့လက်ဆက်ပြီး သုံးနှစ်အကြာမှာ ကျိုးယွင်ရှန့်က ဒီ ချီရိနဉ်ရဲ့ ကိုယ်ထဲကိုရောက်ရှိလာတာဖြစ်တယ်။ အခု ကျောက်ပိရွှမ်ရဲ့ကိုယ်က ၀တ်ဆင်ထားတဲ့ အဆင်တန်ဆာတွေနဲ့ သူ့ အိပ်ခန်းဆောင်ထဲထိ နေနေပုံအရ သူက ကျောက်ပိရွှမ်ကို ချီးမြှင့်မြှောက်စားရမယ်ဆိုတဲ့ အလုပ်တွေကို ကောင်းကောင်းလုပ်ထားပုံရတယ်။

ကျိုးယွင်ရှန့်က ကျောက်ပိရွှမ် သူ့ကို ခါးပတ်ပတ်တဲ့အခါ ကူညီနိုင်အောင် လက်မောင်းကို မြှောက်ထားပြီး အသာလေး မေးလိုက်တယ်။
"ချန်အယ် ဘယ်မှာလဲ"
"သားတော်လေးက နို့စို့ပြီး အိပ်ပျော်နေပါတယ် အရှင်၊ တကယ်လို့ အရှင်သာ တွေ့ချင်တယ်ဆိုရင် အထိန်းတော်ကို သားတော်လေးကို နိုးပြီးခေါ်လာခိုင်းပါ့မယ်"
ကျောက်ပိရွှမ်က သားလေးကို နိုးပြီးခေါ်လာဖို့ မရည်ရွယ်ပေမယ့် သူမက နှိမ့်ချစွာနဲ့ လျှောက်တင်ခဲ့တယ်။ အရင် ချီရိနဉ်လို မိဖုရားကို အရမ်း အလိုလိုက်တဲ့သူသာဆိုရင် ကျောက်ပိရွှမ်ပြောတာကို လက်ယမ်းပြီး ခေါ်မလာဖို့ ပြောလိုက်မှာဖြစ်တယ်။ ဒါပေမယ့် ကျိုးယွင်ရှန့်ကတော့ သူမ မမျှော်လင့်ထားတဲ့ စကားကို ပြောလိုက်တယ်။ သူက သားတော်လေးကို နိုးပြီး ခေါ်လာခိုင်းလိုက်တယ်။

"သားတော်လေးကို ခေါ်လာခဲ့ပါ"
ကျောက်ပိရွှမ်ရဲ့ မျက်ဝန်းတွေက အရောင်မှိန်သွားပြီး ဘေးခန်းက အိပ်ပျော်နေတဲ့သားတော်လေးကို သွားခေါ်ဖို့ အမိန့်ပေးလို်က်တယ်။ ခဏနေတော့ အထိန်းတော်က အိပ်ယာက အနှိုးခံလိုက်ရလို့ ငိုယိုနေတဲ့ကလေးကို ခေါ်ဆောင်လာခဲ့တယ်။ အထိန်းတော်က ဘုရင်ရှေ့မှာ ဒူးထောက်ပြီး မင်းသားလေးကို နိုးအောင်လုပ်မိလို့ အပြစ်က ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်တယ်။

"ဘာမှမဖြစ်ဘူး။ ငါ ကိုယ်တော် သားတော်လေးကို ပွေ့လိုက်မယ်"

ကျိုးယွင်ရှန့်က တစ်နှစ်တောင်မပြည့်သေးတဲ့ ဒုတိယ မင်းသားလေးကို ပွေ့ချီပြီး နီးမြန်းတဲ့ ပါးပြင်လေးကို အသာပွတ်သပ်လိုက်တယ်။ ကလေးက ငယ်သေးတာတောင် အတော်လေးကို ချောမောတယ်ဆိုတာ သိသာတယ်။ ပြီးတော့ရုပ်ရည်က သူနဲ့ အတော့်ကို တူပြီး ကြီးလာရင် ဒီတိုင်းပြည်ရဲ့ ချောမောလှပတဲ့ ထူးချွန်တဲ့ ဘုရင်တစ်ပါးဖြစ်လာမှာသေချာတယ်။ ဒါပေမယ့် ဒီကလေးရဲ့ကိုယ်ထဲက စီးနေတဲ့ သွေးက သူ့သွေးမဟုတ်ဘူး။

မှန်တယ်။ ဒီကလေးက ကျိုးယွင်ရှန့်ရဲ့ ကလေးမဟုတ်ဘူး။ တကယ်လို့ ကျောက်ပိရွှမ်ကသာ အပယ်ခံ အအေးနန်းဆောင်မှာ မတော်တဆ ကိုယ်ဝန်ရခဲ့တာ မဟုတ်ဘူးဆိုရင် သူမလို မောက်မာပြီး မာနကြီးတဲ့ မိန်းကလေးက ဘယ်လိုလုပ် သူ့မာနကို ဘေးချိတ်ပြီး ဘုရင်ကို ဆွဲဆောင်ဖျားယောင်းခဲ့မှာလဲ။ ဒီလို ဂုဏ်သရေကြီးမြတ်တဲ့ မိဖုရားခေါင်ကြီးအဖြစ်ကို ဘယ်လိုရောက်နေနိုင်မှာတဲ့လဲ။

ဒုတိယမင်းသားလေးရဲ့ အဖေရင်းက သူစိမ်းတစ်ယောက်တော့ မဟုတ်ဘူး။ သူက အရင်ဧကရာဇ်ကြီးရဲ့ မိဖုရားခေါင်က မွေးတဲ့ သားတော်၊ ချီရိနဉ်ရဲ့ အဖေတူ၊ အမေကွဲ ညီတော် တော်ဝင်မင်းသား ချီကျင်းယွိပဲဖြစ်တယ်။ တကယ်လို့ ချီကျင်းယွိ နှစ်နှစ်သားတုန်းကသာ သူ့ ခမည်းတော် နတ်ရွာစံသွားတာ မဟုတ်ဘူးဆိုရင် အခု ထီးနန်းကို ချီရိနဉ် ရမယ်ဆိုတာ မသေချာဘူး။

ချီရိနဉ်ရဲ့ မယ်တော်က နောက်ခံမိသားစု အင်အားကြီးကြီးမားမားမရှိတဲ့ အဆင့်နိမ့်မိဖုရားငယ်ထဲကဖြစ်တယ်။ ချီရိနဉ်ကို မွေးပြီးနောက် သေဆုံးသွားတဲ့အတွက် မိဖုရားခေါင်ကြီးက ချီရိနဉ်ကို မွေးစားခဲ့တာဖြစ်တယ်။ ချီရိနဉ်က ငယ်စဉ်ကတည်းက မိဖုရားခေါင်ရဲ့လက်ပေါ်မှာ ကြီးပြင်းလာတာဖြစ်ပြီး နူးညံ့သိမ်မွေ့တဲ့အတွက် ထိန်းချုပ်ရလွယ်ကူတယ်လို့ မိဖုရားကြီးက မှတ်ယူခဲ့တယ်။ ဒါကြောင့် မိဖုရားခေါင်ကြီးက သူမ အိမ်တော်ဘက်က နယ်စားကြီးတွေနဲ့ ပူးပေါင်းပြီး ချီရိနဉ်ကို နန်းတင်ပေးခဲ့တယ်။ ချီရိနဉ်က ရုပ်သေး ဘုရင်အဖြစ် မိဖုရားခေါင်ကြီး ကြိုးဆွဲရာကတဲ့ ဘ၀မှာ သုံးနှစ်တိတိ ရေငုံနူတ်ပိတ်နေခဲ့တယ်။

သုံးနှစ်အတွင်း ချီရိနဉ်က သူ့ဘက်တော်သားတွေကို တိတ်တဆိတ်စုဆောင်းပြီးနောက် နောက်ကနေ ထိန်းချုပ်ထားတဲ့ မယ်တော်ကြီးရဲ့ လက်အောက်က ရုန်းထွက်ပြီး တချီအင်ပါယာရဲ့ ဧကရာဇ်ဘဝကို ရအောင် ယူခဲ့တယ်။ ဒါပေမယ့် ဗီလိန်စနစ်ရဲ့ထိန်းချုပ်မှုအောက်မှာ ဒီဇာတ်လမ်းက အာဏာလုတဲ့ကြားက အချစ်ဇာတ်လမ်းကိုရောနှောထားပုံရတယ်။ ကျိုးယွင်ရှန့်ရောက်လာတဲ့အချိန် ဗီလိန်စနစ်ရဲ့ ထိန်းချုပ်မှုနဲ့ သူက တိုင်းပြည်က အချောအလှလေးထံမှာ ကျဆုံးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောက်ပိရွှမ်ရဲ့အလှအောက်မှာ အရူးအမူး ကျရှုံးသွားခဲ့တယ်။ နောက်ဆုံး ဒုတိယမင်းသားက သူ့ကို ပုန်ကန်ပြီး ခေါင်းဖြတ်သတ်ဖြတ်ခံရ တဲ့အထိ မိန်းမ ဖောက်ပြန်နေတာကို မသိနိုင်လောက်အောင် မွှန်နေခဲ့တယ်။

ဒါပေမယ့် သူက ဗီလိန်စနစ်ရဲ့ ထိန်းချုပ်မှုနဲ့ ခြိမ်းခြောက်မှုကြောင့် ဒီမိန်းမကို အရူးမူးစွဲလမ်းပြီး အရှက်ခွဲခံ၊ အလှောင်ပြောင်ခံနေတာဖြစ်တယ်။ ဒါပေမယ့် အခုတော့ ကျိုးယွင်ရှန့်က ဒီခွေးမကို သူလုပ်ထားသမျှ ပြန်ခံရအာင် လုပ်မယ်လို့ဆုံးဖြတ်ထားတယ်။ နှလုံးသားထဲက လူသတ်ချင်တဲ့ စိတ်တွေက ကလေးလေးကို ပွေ့ထားရင်း ရင်ထဲမှာ ပျံ့နှံ့လာခဲ့တယ်။
ကျောက်ပိရွှမ်က အဖေနဲ့သား တရင်းတနှီးရှိတဲ့ပုံကို ကြည့်ပြီး ပြုံးနေတယ်။ မြင်ကွင်းက သူ့ကို ကြည်နူးစေတယ်။
====================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now