Arc_15.6_ Qi Yi Ning

8K 647 3
                                    

Arc_15.6_ Qi Yi Ning


ကျောက်ပိယွမ်က သူ့အပေါ် ခါတိုင်းလို သည်းသည်းလှုပ်တာ မမြင်တော့ ပထမအခွင့်အရေးလွဲချော်ပြီးနောက် ဒုတိယအခွင့်အရေးကို အကောင်အထည်ဖော်ဖို့ သူမဖခင်ဆီကို စာတစ်စောင် ရေးပို့လိုက်တယ်။ သူမဖခင်ဆီမှာ သူမရဲ့သွေးရင်းမောင်ငယ်ကို ရာထူးလွှဲပေးဖို့ seal တံဆိပ်ကို ကိုင်ဆောင်ထားဆဲဖြစ်တယ်။ ဒါကြောင့် ဖခင်ဖြစ်သူကို မောင်လေးဆီ ရာထူးတံဆိပ် တရားဝင်လွှဲပေးဖို့ စာပို့လိုက်တယ်။

ကျောက်ပိယွမ်ရွှေ့လိုက်တဲ့ အကွက်တွေက သူမျှော်မှန်းထားသလိုဖြစ်နေလို့ ကျိုးယွင်ရှန့် သဘောကျစွာ ရယ်မောလိုက်မိတယ်။ ဒါကြောင့် သူတို့လိုချင်သလိုဖြစ်အောင် တော်ဝင်စာမေးပွဲကနေ အဆင့်ငါးနဲ့အောင်တဲ့ ကျောက်ပိယွမ်ရဲ့ တစ်မအေတည်းဖွားမောင်အရင်း ကျောက်ကျီတုံးကို တော်ဝင်တက္ကသိုလ် ဟန်လင်းကပေးတဲ့ ဘွဲ့တစ်ခုကို ချီးမြှင့်လိုက်တယ်။

ဘုရင့်အမိန့်တော်ရောက်ရှိလာတော့ ၀မ်ယွမ်အမတ်ကြီး၊ ဒုတိယဇနီးနဲ့ အဖိုးဖြစ်တဲ့ ၀မ်ယွမ်အမတ်ဟောင်းတို့က အရမ်းကို ပျော်ရွှင်သွားကြသလောက် အမတ်ကတော်ကြီးနဲ့ သားသမီးတွေက ဒေါသထွက်လို့ ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

"ငါ့ရဲ့သနားစရာ ရွှီအယ်လေး.. ဒီရာထူးက မင်းပိုင်ဆိုင်ရမယ့်ရာထူးမှန်း သိသိကြီးနဲ့ကွယ်... မကောင်းတဲ့မိန်းမရဲ့သားက ခိုးယူသွားပြီ.. မင်းအရွယ်ရောက်လာတဲ့အခါ ဒီရွှေမြို့တော်ကြီးမှာ ဘယ်လိုများ ရပ်တည်ရပါ့မလဲ.. ဒါ ဘုရင်က သမာသမတ်ကျကျ မလုပ်လို့ဖြစ်ရတာ.. ဘယ်လိုကြောင့် ကိုယ်လုပ်တော်က တရားဝင်မယားကြီးကို ခုလို နိုင်ထက်စီးနင်းလုပ်နေတာကို ခွင့်ပြုနိုင်ရတာလဲ.. မိသားစုတွေ လိုက်နာရမယ့်စည်းကမ်းဆိုတာ ဘာမှမရှိတော့ဘူးလား.. ဘယ်လိုလုပ်ပြီး မင်းကြီးက..."

"တော်ပြီ အမေ.."

အမတ်ကတော်ကြီးရဲ့ ငိုယိုမြည်ကြွေးသံက ကျောက်ရွှမ်ရဲ့စကားကြောင့် တိခနဲတိတ်ကျသွားတယ်။ အခု ကျောက်ရွှမ်က စိတ်ရှုပ်ပြီး ဒေါသအရမ်းထွက်နေတယ်။ ဘယ်လိုကြောင့်များ ကျောက်ပိယွမ်နဲ့ ချီရိနဉ်က တော်ဝင်မျိုးနွယ်နဲ့ မှူးမတ်အိမ်တော်ကြီးတွေက လိုက်နာရမယ့်ဓလေ့ကို ချိုးဖျက်ဝံ့တာလဲ။ သူတကယ်ပဲ ဒီလူကို ကြိုးနဲ့တုပ်ပြီး သင်ခန်းစာကောင်းကောင်း ပေးချင်နေမိပြီ။ ဒါပေမယ့် သူကသာ ဒေါသထွက်နေတယ်၊ ဒီလူက အခုထက်ထိ သူ့စကားထက် တခြားလူပြောတာကို ယုံကြည်နေတုန်းပဲ။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now