FOD Extra_1_Chapter(1-6) (Zawgyi+Unicode)

6.2K 878 2
                                    

FOD Extra_1_Chapter(1-6) (Zawgyi+Unicode)

အခုအချိန်ထိ သူတွေ့ခဲ့တဲ့လူတွေက သူ့ကို စိတ်ရင်းအမှန်နဲ့ မကြိုဆို ကြပေ။ ရွှယ်လီဒန်နီက သူ့ကို တောသားလို့ပဲ ထင်နေတယ်ဆိုတာ သူမ မျက်ဝန်းထဲမှာ ထင်းနေသည်။ သူ့ရဲ့အမြွှာညီမ ရွှယ်ကျင်းရီကလည်း သူ့ကိုအကြောင်းပြချက်မရှိ မုန်းနေသည်။ ဆန့်ကျင်ဖက်အနေနဲ့ရွှယ်ဇီရွှမ် က လိုလားဟန်မပြသလို၊ မလိုလားဟန်လည်းမပြပေ။ ကျိုးယွင်ရှန့် မရှိရင် သူနေရတာ ပို သက်တောင့်သက်သာ ရှိတယ်ဆိုတဲ့  အမူယာကတော့ ထင်းနေသည်။

ကျွန်တော့်ကို ဘာအတွက်နဲ့ ခေါ်လာခဲ့တာလဲ။
ကျွန်တော်က အရူးလား။ ခင်ဗျားတို့ရဲ့ မူမမှန်တဲ့ အပြုအမူတွေကိုတောင် ဖုံးမထားချင်ဘူးပေါ့။

သူတို့ စတွေ့ကတည်းက အဖြစ်ပျက်အားလုံး အသေးစိတ်ပြန်စဉ်းစား နေရင်း သူ ရေအေးနဲ့ မျက်နှာပေါ်လောင်းချလိုက်သည်။  သူက ဉာဏ်ကောင်းရုံမက ဖြစ်ခဲ့သမျှ အသေးစိတ် မှတ်မိတဲ့ မှတ်ဉာဏ် လည်း ရှိသည်။ ကျိုးယွင်ရှန့် မျက်လုံးမှိတ်ကာ ဧည့်ခန်းမှာဖြစ်ခဲ့သမျှ အရာ အားလုံး ကို ရှင်းရှင်းလင်းလင်း ပြန်မြင်ယောင်ကြည့်လိုက်သည်။ 
ရွှယ်လီဒန်နီ နဲ့ ရွှယ်ဇီရွှမ်ကို ကျော်ကြည့်ကာ  ရွှယ်ကျင်းရီကိုကြည့် လိုက် တော့ သူမက နည်းနည်းထူးဆန်းနေသည်။
သူမ နှုတ်ခမ်းတွေက ဖြူဖျော့ကာ လက်သည်းတွေက ခရမ်းဖျော့ရောင် သမ်းနေသည်။ သူမ အသက်ရှူတာ နှေးကွေးနေပြီး  ကြည့်ရတာ အားနည်းနေတဲ့ပုံရသည်။ သူမကို စိုးရိမ်လို့  သက်လတ်ပိုင်းမိန်းမ တစ်ယောက်နဲ့ အိမ်ထိန်းက ဧည့်ခန်းတံခါးနားမှာ ရပ်ပြီး မျက်လုံး ဒေါက်ထောက်ကြည့်နေသည်။ လက်လှမ်းမှီတဲ့ စင်တစ်ခုပေါ်မှာ ဆေးသတ္တာကို တင်ထားသည်။ ဒါဆိုရင် သူမခန္ဓာကိုယ်က သေချာပေါက် တစ်ခုခုဖြစ်နေသည်။  သွေးကင်ဆာလား?နှလုံးရောဂါလား ?
ဒါမှမဟုတ် တခြားရောဂါများလား?ဒါကြောင့် သူ့ကို ရွှယ်အိမ်တော်က အမြန် လာခေါ်ရခြင်းရဲ့အကြောင်းပြချက်ပဲဖြစ်မည်။ သူ့မှာ သူတို့ လိုချင်တဲ့အရာတစ်ခုခု သေချာပေါက်ရှိရမည်။   တိတိကျကျပြောရမယ် ဆိုရင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုချင်တာ ဖြစ်မည်။

အဲ့လိုစဉ်းစားမိလိုက်တော့ ကျိုးယွင်ရှန့် အေးစက်စွာ ပြုံးလိုက်သည်။  အကျင့်ယုတ်တဲ့ ဇာတ်ကြောင်းတွေအများကြီးနဲ့  ရုန်းကန်ခဲ့ရပြီးနောက် တခြားသူတွေရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းဖို သူ့မှာ အကျင့်တောင်ဖြစ် နေပြီ။  ပြီးတော့ သူမှန်းလိုက်တိုင်း  အမြဲ မှန်နေတတ်သည်။

 သူ့မှာ ဗီလိန်systemကြီး ရှိနေသဖြင့် အန္တရာယ်ရှိတာတွေ ပိုပို  ဖြစ်နေမှာသေချာသည်။  ပြဿနာတွေမဖြစ်သေးဘူးဆိုရင်တောင်မှ  သူ့ဘာသာ  ပြဿနာကို မဖြစ်မနေ   ရှာရလိမ့်မည်။

သူ့အမွှာညီမအတွက် ကိုယ်တွင်းအင်္ဂါတွေ ပေးရမယ်ပေါ့။ ဒီလိုဇာတ်လမ်းတွေက ရိုးနေပေမယ့် ဖြစ်နိုင်ချေက...70%  80%လောက် ရှိသည်။

အခု သူသိချင်တာက သူ့ဆီက ဘာလိုချင်နေကြတာလဲ။ ရိုးတွင်းခြင်ဆီလား။  ကျောက်ကပ်လား။ အသည်းလား။ ဒါမှမဟုတ်... နှလုံးလား။ သူတို့လိုချင်တာကို ညှိနှိုင်းကြည့်လိုရပေမယ့် နောက်တော့ သူ့ဘဝကိုပေးရမှာဖြစ်နေသည်။ သူ ရောက်နေတဲ့ ငရဲတွင်းကြီးကို  နားလည်သွားတဲ့အခါ ကျိုးယွင်ရှန့် မျက်နှာ မည်းမှောင်သွားပြီး အကြည့်တွေက အေးစက်လာသည်။

သူ့လက်ကောက်ဝတ်ပေါ်က ကွန်ပျူတာကို စိုက်ကြည့်လိုက်ပြီး ဒီပစ္စည်းကို  ဖျက်စီး ချင်နေပြီ။ ပြီးရင် အကုန်လုံးကို သူနဲ့အတူ သေရွာ ခေါ်သွားရမည်။  ကွန်ပျူတာပေါ်တွင် စာကြောင်းလေးတစ်ကြောင်း ပေါ်လာသည်။

ထွက်ပြေးဖို့မစဉ်းစားနဲ့ ။ မဟုတ်ရင် သူ့ရဲ့ စိတ်ဝိဉာဉ်အစိတ်စိတ် အမွှာမွှာဖြစ်ပြီး ပျက်စီး သွားမည်ဟု သတိပေးထားသည်။

တစ်နေ့မှာ Lord Godကို အသတ်ခံရတဲ့ အရသာ သူကိုယ်တိုင် ခံစား ရအောင် လုပ်လိုက်ချင်သညင်။ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး မျက်နှာသုတ် ပုဝါကို ပစ်ချကာ တံခါးအပြင်ဘက် သို့ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။

အိမ်ထိန်းက သူသန့်ရှင်းရေးလုပ်ပြီးတာကိုမြင်သွားတဲ့အခါသတိပေး လိုက်သည်။

" အားလုံးက ထမင်းစားဖို မင်းကိုစောင့်နေကြတယ်။ သခင်ကြီးလည်း ပြန်ရောက်နေပြီ။ သခင်လေးက အရမ်းအသန့်ကြိုက်တယ်။ ဒါကြောင့် မင်းဒီနေ့ဝတ်တဲ့ အဝတ်အစားကို  မနက်ဖြန် ပြန်မဝတ်ရဘူး။ အရေးအကြီးဆုံးက သခင်လေးကို  သွားမကိုင်ရဘူး။ ဒီအချက်ကို သူသည်းမခံနိုင်ဘူး"

"ဒါပေမယ့် ကျွန်တော့်ညီမက သူ့ကို ကိုင်လို့ရတယ်။ သူဘာမှမဖြစ်ပါဘူး"
ကျိုးယွင်ရှန့် မကျေမနပ်ပြောလိုက်သည်။

"မင်းက သခင်မလေးနဲ့ မတူဘူး"

ဘယ်လို မတူသလဲဆိုတာ ဖူဘိုမပြောပြခဲ့ပေ။
 ဖူဘိုက  သေတော့မယ့်လူတစ်ယောက်အပေါ်  စိတ်မရှည်သလို ကိုယ်ချင်းစာစိတ်လည်း  မထားပေ။

 ငါက မြေကြီးပ်ါက ရွှံ့ခဲ။ ရွှယ်ကျင်းရီက ကောင်းကင်ပေါ်က တိမ်ဖြူဖြူလေးပဲ။ တိမ်တွေက အမြဲတမ်းသန့်စင်ပြီး လှပတယ်လေ။ ညစ်ပတ်သွားစရာလည်း အကြောင်းမရှိဘူး။ ရွှံ့ကတော့ လူတကာ အနင်းခံရတယ်။ ဒီ systemကို ငါထိန်းချုပ်နိုင်တဲ့တစ်နေ အနငးခံရတဲ့ အရသာကို  ခင်ဗျားတို့တွေ သေချာပေါက် ခံစားရစေ မယ်။ ကျိုးယွင်ရှန့် ခေါင်းငုံ့လိုက် ပြီး မျက်လုံးထဲက  လူသတ်ချင်ရိပ်ကို ဆံပင်တွေနဲ့ ဖုံးကွယ်ထားလိုက်သည်။

အိမ်တော်ထိန်းက သူ့ကို ထမင်းစားခန်းဆီ ခေါ်သွားခဲ့သည်။ လူချမ်းသာပုံ သက်လတ်ပိုင်းလူကြီးတစ်ယောက်က ထိပ်ဆုံးနေရာမှာထိုင်နေပြီး သူက အိမ်ထောင်ဦးစီးဆိုတာ ထင်ရှားသည်။ သူက အခုမှ အပြင်က ပြန်လာတာဖြစ်ပြီး ကုတ်အင်္ကျီကို ထိုင်ခုံနောက်မှီမှာ တင်ထားကာ သူ့အင်္ကျီလက်တွေကို တစ်ဝက်ခေါက်ထားသည်။ သူ့ ဆံပင်တွေက အနည်းငယ် ဖွာနေသည်။ ကြင်နာတတ်တဲ့အပြုံးနဲ့ ပုံမှန် မဟုတ်တဲ့ အပြုအမူက  မာနကြီးပြီးအထက်စီးဆန်တဲ့ ရွှယ်မိသားစုဝင် ၃ယောက်နဲ့ လုံးဝကွဲပြားနေသည်။

" မင်းက ရှောင်ရီလား။ မင်းနဲ့ ကျင်းရီက တော်တော်တူတာပဲ။ မင်းတို့က တစ်နေရာစီမှာ ကြီးပြင်းလာတာတောင် နာမည်တွေက ဆင်တူနေတာ  တကယ့်ကံကြမ္မာပဲ။ လာ လာ။ ထိုင်ပါဦး။ ဦးက ရွှယ်လွေ့ (Xue Rui)  ကျင်းရီရဲ့မွေးစားအဖေပေါ့။ ဦးကို ဦးဦးရွှယ်လို့ခေါ်နိုင်တယ်။ စိတ်တင်းမထားနဲ့။ ကိုယ့်အိမ်လိုသဘောထားပြီး စားချင်တာ ရှိရင် စားနိုင်တယ်နော်။ ကြည့်စမ်း ပိန်လိုက်တာ။ အခုကစပြီး   အာဟာရရှိတာတွေ စားပေး"

စကားပြောရင်းနဲ့ သူ့ဘေးက ခုံလွတ်ဆီ ကောင်လေးကိုဆွဲခေါ်သွားပြီး ပန်းကန်ထဲ ဟင်းတွေ ခဏခဏထည့်ပေးသည်။ သူ့ရဲ့အပြင်ပန်းအပြုအမူက တကယ့်ကို  လှိုက်လှိုက်လှဲလှဲ ပုံရှိပြီး တဖက်သားကို ရင်းနှီးနွေးထွေးတယ်လို့ ခံစားရစေသည်။

ရွှယ်မိသားစုဝင် ၃ ယောက်က (Tian Shan ) ထျန်ရှန်းတောင်မြင့်ကြီးက  လက်လှမ်းမမှီတဲ့ နှင်းကြာပန်းတွေဆိုရင် ရွှယ်လွေ့က ဖော်ရွေပြီး ဆက်ဆံရေးကောင်းတဲ့ အပြုံးပိုင်ရှင်ဖြစ်ပြီး မိုးနတ်မင်းလို ကြင်နာတတ်သည်။ ခါးသီးမှုတွေနဲ့ မွန်းကြပ်နေတဲ့  ကျိုးယွင်ရှန့် နှလုံးသားလေးက ရွှယ်လွေ့ နဲ့တွေ့ပြီးတဲ့အခါမှ ပုံမှန်အတိုင်း ဖြစ်သွားတော့သည်။ သူ  တက်ကြွစွာ ပြုံးပြလိုက်ပြီး  ဦးဦးရွယ်ဟုခေါ်ပြီး ထမင်းကို ငုံ့စားလိုက်သည်။


===============================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now