Arc(1.31)

11.6K 1.7K 40
                                    

Unicode

Arc(1.31)

The Wild Dragon Proud Day

အရာရှိလီကချင်ယုရဲ့မျက်လုံးများနှင့်မဆုံရဲပဲသူ့ခေါင်းကိုသာငုံ့ထားရင်းပြန်ဖြေလိုက်သည်။

"ဒီနှစ်တွေထဲမှာလေ့ကျင့်သင်တန်းပြီးတဲ့နောက်နောက်ထပ်လူပေါင်း(20,000)ကျော်ကိုစုဆောင်းနိုင်ပါတယ်လွန်ခဲ့တဲ့နှစ်နှစ်အတွင်းတိုးပွားလာတဲ့လူဦးရေနဲ့ဆိုတော့စုစုပေါင်းလူ(50,000)ကျော်ရှိပါပြီ...ညွှန်ကြားချက်တွေအတိုင်းပြီးဆုံးသွားတဲ့သူတွေကတော့(30,800)ဖြစ်ပြီးသူတို့တွေကသူတို့နဲ့ဆက်သွယ်မှုပြုတဲ့သူတွေကိုမြင်တွေ့နေသမျှကာလပတ်လုံးဧကရာဇ်ဖော်ပြတဲ့လူရဲ့ပုံဖော်ချက်နဲ့ကိုက်ညီတဲ့သူကိုချက်ချင်းဆုံးဖြတ်နိုင်ကြောင်းအာမခံပါတယ်ခင်ဗျာ"

"လူ(50,000)ကျော်ကအရမ်းနည်းလွန်းနေသေးတယ်"

ချင်ယုကမတ်တပ်ရပ်လိုက်ပြီးထောင့်ရှိစားပွဲတစ်ခုပေါ်မှာတင်ထားသည့်လှပသည့်ပန်းပွင့်များထိုးစိုက်ထားသောအိုးဘေးသို့လျှောက်သွားလိုက်ကာသူ့မျက်လုံးများကပန်းအိုး၏ထွင်းထုထားသည့်ပုံစံကိုဂရုတစိုက်ကြည့်နေသည့်ပုံရ၏။

"ကျန်းမင်းအတွက်နောက်ထပ်လူ(50,000)ထပ်ပို့လိုက်မယ်...အဲ့ဒီလေ့ကျင့်သင်ကြားထားတဲ့လူ(30,800)ကိုတော့မင်းဘာလုပ်ရမလဲသိတယ်မှတ်လား?"

"ဟုတ်ကဲ့ဒီငယ်သားကအကုန်လုံးကိုစနစ်တကျစီစဉ်ပြီးနိုင်ငံအလိုက်လူတွေဖြန့်ဝေရင်းနဲ့အဲ့ဒီတာဝန်ကိုပြီးမြောက်အောင်ကြိုးစားလုပ်ဆောင်သွားမှာပါ" အရာရှိလီကသူ့နောက်မှာချွေးများသီးနေရင်းနဲ့ပြန်ဖြေလိုက်ရသည်။ချင်ယုရှာနေသည့်ဆုမုချန်ဆိုသည့်သူကသူ့အတွက်ဘယ်လောက်တောင်အရေးကြီးမှန်းသူသိသည်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအရမ်းကောင်းနေရဲ့သားနဲ့ဆုမုချန်ကဘာကြောင့်ချင်ယုကိုနှုတ်ဆက်စကားတစ်ခွန်းမပြောပဲစွန့်ခွာသွားလဲဆိုတာနားမလည်နိုင်ဘူးဖြစ်နေရပြီးသူထွက်သွားခဲ့တာလည်းသုံးနှစ်တောင်ရှိနေခဲ့ပြီဖြစ်သည်။သို့သော်လည်းအရာရှိငယ်လေးတစ်ယောက်အနေနဲ့သူကချင်ယုကိုတိုက်ရိုက်မေးဖို့ကတော့အလွန်ပဲကြောက်လန့်နေမိပြီးသူ့ရဲ့ညွှန်ကြားချက်များကိုနာခံမှုရှိရှိလိုက်နာရန်သာတတ်နိုင်လေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now