"hannie.."
သူလေသံကိုထပ်မာပစ်ပြီး ခတ်ဆတ်ဆတ်အော်ပစ်လိုက်၏
သူဒီလောက်အော်ပစ်တာတောင် hannie မျက်နှာမပျက်။
ပြုံးစိစိလေးလုပ်နေပြီး ထိုင်ရာမှထရပ်သည်။"စတာကို...ဦးကလည်းဘာဖြစ်တာလဲ"
ဒီကောင်လေး တကယ်ကိုအကြောက်တရားမရှိပါလား။
လူကိုကြောက်ရကောင်းမှန်း...
ရိုသေရကောင်းမှန်းသိရဲ့လား...။ကြောက်ရကောင်းမှန်းမသိတာထက် hannie ငယ်ငယ်
ကတည်းက အမြဲတည်တည်ကြီးနေတတ်သည့်ဦးနှင့်
ခုမှ ရင်းရင်းနှီးနှီးနေခွင့်ရတာကို ပျော်နေမိတာပါ။ဦးမျက်နှာ ဘယ်လိုပဲတင်းမာပြနေပါစေ
ဆိုးလို့ရမှန်းသိနေပြီး နွဲ့ဆိုးဆိုးချင်သည့်စိတ်များသာ
ဝင်နေသည်။ထို့ကြောင့် သူ့ကိုကြောက်အောင်
မျက်နှာကြီးတင်းသထက်တင်းပြနေသည့် ဦးကို
ခပ်ချဉ်ချဉ်အတွေးဖြင့် နောက်ချင်စိတ်ဝင်လာကာ
hannie ကိုရှောင်ထွက်သွားဖို့ ပြင်နေသည့် ဦးရင်ဘတ်ကို
ဆောင့်တွန်းပစ်လိုက်၏hannie အတွေးက ဦးရေထဲဗွမ်းခနဲလဲကျသွားရုံပါ။
သို့သော် ထင်သလိုမဖြစ်လာ....။Sehun ရုတ်တရတ်လဲကျသွားတော့မည့်အဖြစ်ကို
ထိန်းရန် hannie ကိုယ်လေးကိုလှမ်းဆွဲမိသလို ဖြစ်သွား
ပြီး နှစ်ယောက်သားရေထဲသို့ထပ်လျက်သား လဲကျသွားပြန်၏ဗွမ်း...။
ပြုတ်ကျသည့်အရှိန်ကြောင့် ရေထဲဗွမ်းခနြဲပန်လာစင်လျှင်
hannie "အယ်" ဆိုသည့် အာမေဋိတ်သံလေးနှင့်အတူ
ရယ်သံထွက်လာ၏တောက်...ဘာတွေဒီလောက်သဘောကျနေတာလဲ...။
သူဒေါသဖြစ်လာပြီး hannie ကိုယ်ကိုဘေးကိုတွန်းဖယ်
ပစ်ပြီး ထရပ်ဖို့ကြိုးစားလျှင်...."အား...ဦး...လက်ဖိမိပြီ.."
hannie လက်ကသူ့ကိုယ်အောက် ဘယ်လိုရောက်နေသည် မသိ။ သူထဖို့ ကိုယ်ကိုစောင်းလိုက်သည်နှင့်
hannie လက်ကိုဖိမိသွား၏