၃၁။ ကျွန်မ ယောင်္ကျားက ရှန်းရီပဲ...

4.7K 570 4
                                    

" နင်..သူတို့အကြောင်းကို မြန်မြန်သိသွားလို့တော်သေးတယ်...။ မဟုတ်ရင် အချိန်အကြာကြီး
အရူးလုပ်ခံနေရမှာ..''
လုရှုလန် ပြောပြီးနောက် သူမရဲ့ဆံနွယ်ကို နားနောက်သိမ်းလိုက်၏။

လုရှုလန်ရဲ့ ဆံပင်ကအနက်ရောင်... ပုခုံးထိရှိပြီး လုချင်းယီနဲ့ ယှည်ရင်​တော့ပိုတိုသည်။
လုချင်းယီရဲ့ ဆံပင်က အညိုရောင်.... ဖြောင့်စင်းနေပြီး ခါးထိရှိ၏။သူတို့နှစ်ယောက်က ညီအစ်မသာဖြစ်နေပေမယ့် အသွင်အပြင်ကတော့
လုံးဝ မတူပေ။

ထို့နောက် ရှုလန်ဆီမှာ အတွေးတစ်ခုဝင်လာ၏။
ချင်းချင်းက ယီကျွင်းနဲ့ ပြတ်သွားပြီ ဆိုတော့ အခု သူမဘယ်မှာနေ နေတာလဲ? ချင်းချင်းရဲ့ နောက်ထပ် သူငယ်ချင်း....ယွမ်ကျင့်ကလည်း နိုင်ငံ Bကနေ ပြန်မရောက်သေးဘူး..။ဒါဆို ချင်းချင်း ဘယ်မှာ နေတာလဲ?

" နင်..ယွမ်ကျင့်ရဲ့ တိုက်ခန်းမှာ နေတာလား...?သူက လကုန်တဲ့ အထိ ပြန်ရောက်သေးမှာ မဟုတ်ဘူး ဆိုတော့..?'' လုရှုလန် မေးလာ၏။

"အရင် ညက သူ့နဲ့ ဖုန်းပြောဖြစ်တယ်....
နိုင်ငံ Bမှာ အလုပ်ကိစ္စနဲ့ ထပ်ပြီးနေဦးမယ်တဲ့...
နောက်ပြီး...ညီမ သူ့တိုက်ခန်းမှာ နေတာ မဟုတ်ဘူး...'' လုချင်းယီ....သူမရဲ့ နို့ လက်ဖက်ရည်ကို တစ်ခါတည်းသောက်ချလိုက်ပြီး ရှုံ့ မဲ့စွာနဲ့
ကျယ်လောင်စွာ ပြောလာချေ၏။

" ဒါဆို..ဘယ်မှာ နေတာလဲ? ဟိုတယ်မှာလား..? ငါ့နေရာကို ပြောင်းခဲ့....ပိုက်ဆံကုန်သက်သာတာပေါ့...''

လုချင်းယီ... သူမရဲ့ မေးစေ့ကို ပွတ်သပ်လိုက်၏။ သူမ..အမှန်ကို ပြောလိုက်သင့်လား...?
ရှုလန်က မန်ကျောက်လိုမျိုး ငယ်ငယ်လေး ထဲက
ချစ်ခင်ခဲ့တဲ့ အစ်မပင်။အနည်းဆုံးတော့ ရှုလန်က ဆွေမျိုးတော်စပ်တာပဲလေ။
သူမရဲ့ မိဘ နှစ်ပါးလုံး ဆုံးကစက ရှုလန်ရဲ့ အဖေ..သူမရဲ့ ဦးလေးက သူမကို မွေးစားပြီး
နိုင်ငံ Dကို ခေါ်သွားဖို့ ပြင်ဆင်သည်။ ဒါပေမယ့်
သူမက ယဉ်ယဉ်ကျေးကျေး နဲ့ ငြင်းဆိုခဲ့သည်ပင်။ သူမက တစ်ယောက်ထဲ အထီးကျန်နေတဲ့ အဖွားနဲ့ နေဖို့ ဆုံးဖြတ်ခဲ့ပြီး အဖွားက သူမကို ငယ်ငယ်လေးတည်းက စောင့်ရှောက်ခဲ့သည်။
သူမရဲ့ အကျပ်အတည်းကာလကို စဉ်းစားပြီးနောက် ရှုလန်ကို အမှန်ပြောပြရန် ဆုံးဖြတ်လိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now