Chapter - 22

41.3K 4.9K 160
                                    

#Unicode

" အင်း … အ့ … "

ရုတ်တရပ် ထိုးအောင့်လာသည့်ဗိုက်ကြောင့် မင်းယွီအိပ်ဆက်နေရာမှနိုးထလာခဲ့တယ် … အချိန်ကိုကြည့်လိုက်တော့မနက် ၅ နာရီရှိနေပြီ … ပွဲကိုသွားရဖို့အတွက် အချိန် ၃ နာရီသာလိုတော့တယ် …

ဗိုက်ထဲကထူးဆန်းနေပေမဲ့ နာကျင်မှုကိုတင်းခံထားပြီး အိပ်ယာပေါ်ကနေကြိုးစားကာထလာခဲ့တယ် … ရှန်ဖန်းဂူက ခုချိန်ထိအိပ်ဆက်နေတုန်းပဲ … သူ့ပုံစံကြည့်ရတာ သက်တောင့်သက်သာမရှိသလို တခါတရံ ရုတ်တရပ် ထထိုင်နေခြင်းကြောင့် မင်းယွီခနခနအိပ်ရေးပျက်ရတယ် …

ဒီလူက အမြဲတန်းမကောင်တာတွေလုပ်နေလို့ သူ့စိတ်က ချောက်ခြားပြီး အိမ်မက်ဆိုးတွေမက်နေတာပဲနေမှာပါလို့ မင်းယွီတွေးထင်လိုက်တယ် …

" မင်း … ခုဘယ်ကိုလဲ "

ဖန်းဂူနဲ့ အနည်းငယ်ကွာဝေးလိုက်ယုံနဲ့ သူ့စိတ်က အလိုလိုသိနေပြီး နိုးလာကာ မင်းယွီအားကြည့်ကာမေးလိုက်ခြင်းဖြစ်တယ် … ဖန်းဂူညက အိပ်ပျော်ပုံမပေါ်ဘူး … သူ့မျက်ကွင်းတွေညိုနေပုံနဲ့ သူ့ရုပ်ညှိုးနွမ်းနေတာက အရင်ကအင်အားကြီးတဲ့ ရှန်ဖန်းဂူနဲ့ ဆန့်ကျင်ဘက်လိုပဲ …

ဒါကအိုမီဂါတစ်ယောက်ကို မိတ်ဖက်လိုက်ခြင်းရဲ့ ချုပ်နှောင်မှုဆိုတာလား … ဘာကြောင့် ဒီလောက်ထိ ဆိုးဝါးတဲ့အခြေအနေထိ ဖြစ်နေရတာလဲ …

ဒီလူက လူကောင်းမဟုတ်ဘူးဆိုတာသိတယ် … ဒါပေမဲ့ ခုချိန်မှာ မိတ်ဖက်က အဆင်မပြဖြစ်နေတာကို မင်းယွီမကြည့်နေချင်ဘူး … ငယ်ငယ်ကတည်းက ဘီတာအဖြစ်နဲ့နေလာခဲ့ရလို့ အိုမီဂါတွေသိသင့်သိအပ်တဲ့ ကို့မိတ်ဖက်အပေါ်  သက်ရောက်စေမဲ့ အကောင်းဆုံးနည်းတွေကိုမသိပေမဲ့ အနည်းငယ်မျှ ကြားဖူးတာမျိုးတော့ရှိတယ် …

ဟော်မုန်းတွေ ပေါင်းစပ်တဲ့နေရာမှာ အဆင်ပြေတာရှိသလို မပြေတာမျိုးလဲရှိတယ် … ခုဖြစ်နေတာက မပြေတာလဲမဟုတ်သလို ပြေတာမျိုးလဲမဟုတ်ဘူး … သူတို့ ၂ ယောက်က အချစ်မပါပဲ စိဆန္ဒမရှိပဲ ပေါင်းဖက်လိုက်တာကြောင့် သူတို့ဟော်မုန်းတွေကတစ်သားထဲကျမနေဘူး … ပိုင်ရှင်ရဲ့စိတ်ကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲနေတာမျိုး …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now