အပိုင်း (၅) - Unicode

50 2 2
                                        

စစ်မင်း။

ငါသွားတော့မယ်။

ငါလို ဘာဆိုဘာမှမဟုတ်ခဲ့တဲ့ကောင်က
ဒီကြားထဲ မင်းကိုအနှောင့်အယှက်ဖြစ်စေခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ လက်ခံလိုက်ပါ စစ်မင်းရယ်။ ဒီတစ်ခုပဲ။ငါက မင်းအတွက် ဘာမှမဟုတ်ခဲ့ဘူးဆိုတာကိုလေ။ အဲ့ဒါကိုလက်ခံပြီး အဲ့ဒီ့စိတ်နဲ့ တစ်သက်လုံးနေသွားလိုက်ပါ။

ထိုသို့ပြောပြီးနောက် သူ့ရှေ့မှ အဖြူရောင်ပုံရိပ်လေးသည် အဝေးသို့ လွင့်ပျယ် သေးမှုန်သွားနေသည်။ သူလှမ်းဖမ်းဆွဲ၍ လည်းမရ။

ချမ်းမြ၊ ဘာဖြစ်လို့ အဲ့ဒီ့လိုတွေပြောရတာလဲ
အဲ့ဒီ့လိုမဟုတ်ဘူးဆိုတာ မင်း အသိဆုံးမဟုတ်လား။ ငါ .. မင်းကငါ့အတွက် ..
အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ပါ ..
ငါမင်းမရှိဘဲ မနေနိုင်လောက်ဘူး။
ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ ချမ်းမြ။

တစ်လ၊ နှစ်လ ခြားမှ မက်တတ်သော ထို ထပ်တူညီအိပ်မက်သည် ယခုရက်ပိုင်းများတွင် ခပ်စိပ်စိပ် ပြန်တိုက်ခိုက်လာနေသည်။ ယနေ့မနက်လည်း ဦးစစ်မင်းကို ထိုအိပ်မက်ကြောင့်ပင် အိပ်ယာမှ မောပန်းစွာ နိုးထလာခဲ့ရသည်။

***

မကြာမီ Weekly Department Meeting စတော့မည်ဖြစ်သဖြင့် Frionterior Constrction မှ HR ဌာန ရှိလူ ငါးယောက်လုံး အလုပ်များနေကြသည်။

- 2020 January 20 -

အလုပ်ဌာနရှိရာ အတွင်းခန်း၏ စားပွဲဝိုင်းထိပ်ဆုံးခုံ၌ ထိုင်နေသော ဦးစစ်မင်းကိုသည် ဆောက်လုပ်ရေးရင်းနှီးမြှုပ်နှံမှုအတွက် ဘဏ်မှချေးငွေချေးရန် သဘောတူသည့်စာချုပ်ကို လက်မှတ်ထိုးကာ ရက်စွဲများအားရေးရင်း အဆုံးသတ်လိုက်သည်။ ညကလည်း ဖြစ်နေကျအတိုင်း အိပ်ရေးမဝသည့်အပြင်အိပ်မက်ဆိုးပါမက်သောကြောင့် ခေါင်းကမကြည်ပေ။

"ဆရာ။ ပြီးခဲ့တဲ့လက Site က ပစ္စည်းတွေ ပျောက်တဲ့ ကိစ္စလေ။ အဲ့ဒါဘယ်လို ဆက်လုပ်လိုက်ရမှာလဲ ဆရာ"

နေခြည်ဖြာ၍နွေးစေသော်Where stories live. Discover now