Chapter - 23

39.3K 4.7K 238
                                    

#Unicode

" သခင်လေး "

ချူးရှန့်တစ်ယောက် ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကြောင့် နေရာ၌ ကြက်သေသေနေမိတော့တယ် …

သခင်က ညစ်ပတ်ပြီး အရှက်ရနေတဲ့အိုမီဂါတစ်ယောက်ကို  လူတွေရှေ့ကနေ ပွေ့ချီပြီး တယ်လာတာက သူ့ဘဝမှာ ဘယ်တုန်းကမှ မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုပဲ …

တစ်မျိုးတဖုံ စိတ်ထဲမှာ ကြည်နူးမိပြန်တယ် …

" ဘာရပ်ကြည့်နေတာလဲ …

ကားတံခါးအမြန်ဖွင့် "

ဖန်းဂူ၏ ဟိန်းဟောက်မှုကြောင့် ချူးရှန့် ပြာပြာသလဲ ကားတံခါးဆွဲဖွင့်ပြီးနောက် ရုတ်ရုတ်သဲသဲဖြစ်နေတဲ့လူအုပ်ကြီးကိုထားခဲ့ကာ အမြန်မောင်းထွက်လာခဲ့တယ် …

" သခင်လေး …

ကျွန်တော် ဆေးရုံကို မောင်းရမလား "

" မလိုဘူး …

အိမ်တော်ကိုပဲပြန်မယ် "

မင်းယွီကိုယ်လေးကတုန်ယင်နေတယ် …

ဖန်းဂူလက်ထဲကနေ အောက်ချလိုက်ရင်ကို ကျိုးကျေသွားတော့မည်ထင်ရလောက်သည်ထိ နုနယ်ဖြူရော်နေပြီး လှုပ်ရှားရန်ပင် မဝံ့ရဲ …

ဖန်းဂူလက် ၂ ဖက်ကြားမှာခွေခွေလေး ဝမ်းဗိုက်ကို လက် ၂ ဖက်ကဖိထားပြီး ကျယ်ပြန့်တဲ့ ဖန်းဂူ ရင်အုံပေါ်သို့ခေါင်းမှီထားလျှက် ငြိမ်သက်စွာမှေးစက်နေတယ် …

ဒီကမ္ဘာက အိုမီဂါတွေဟာ ယခုလိုရာသီလာချိန်မျိုးဆို သူတို့က မိတ်အယ်ဖာရဲ့ဂရုစိုက်မှုတွေကိုပိုလိုအပ်တယ် …

အကယ်၍ မိတ်မရှိတဲ့အပျိုလေးတွေဆိုရင် သူတို့ဟော်မုန်းကိုတားစီးဖို့ ကြိုတင်ပြီး ဆေးစားထားရတယ် …

ဒါကအိုမီဂါတွေ သိသင့်သိအပ်ရဲ့ ဝိနည်းတွေထဲက အရေးကြီးတဲ့အချက်တစ်ခုပဲ …

ဒါပေမဲ့ မင်းယွီကတော့ ဒါကသူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်၍ ဘာမှမသိရှာဘူး …

ဗိုက်ထဲပူလောင်ပြီး နာကျင်နေတာကို ခံစားမိပေမဲ့ ထိုသို့ဖြစ်မည်ဟု စိတ်ပင်မကူးခဲ့ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now