Ep12❣️🔞

10.9K 382 2
                                        

#unicode

ကျောင်းဆင်းတော့ ရှိုင်းစစ်လေး အဖေလာကြိုတာနဲ့ အမြန်ပြန်သွားရသည် ခွန်းဆက်တို့က ကျောင်းဆင်းရင် တန်းမပြန်တတ်တာကို ရှိုင်းစစ်သိသည် တွေ့ချင်သော်လဲ ဖေဖေရှိနေတာကြောင့် ရှာမနေတော့ဘဲ ထွက်လာခဲ့သည်

နေရမဲ့ hotel ကိုရောက်တော့ အခန်းက ပထမထပ်မှာမဟုတ် ဒုတိယထပ်ကိုတပ်လာတာကြောင့် ပျော်မိသွားသည်
ကိုကိုကလဲ ဒုတိယထပ်မှာလေ ဖေဖေလျှောက်တဲ့နောက်ကိုလိုက်လာရင်း ကိုကို့အခန်းနားသို့ပင်ရောက်လာခဲ့သည် ကိုကို့အခန်းရှေ့ရပ်လိုက်တာကြောင့် လန့်သွားရသည်

***ဒါကကိုကို့အခန်းလေ ဒါဆို ငါကမျက်နှာချင်းဆိုင်အခန်းမှာနေရမှာလား***

"သား ဒီအခန်း"

တွေးထားသလိုပဲ ကိုကို့ရဲ့ မျက်နှာချင်းဆိုင်အခန်းကိုထိုးပြတာကြောင့် ပျော်သွားမိသည် သို့သော် တံခါးရှေ့မှာ ဖေဖေ့ရဲ့ ကိုယ်ရံတော်နှစ်ယောက်

"ဖေဖေ သူတို့က"

"သားကိုစောင့်ရှောက်ဖို့ဖေဖေထားခဲ့မှာ သားတစ်ခုခုလိုလို့ရှိရင်လဲ သူတို့ကိုတဆင့်ပြောခိုင်းလဲရတယ်"

"သားအဲ့လိုတွေမလိုပါဘူး ပြီးတော့ သားတစ်ယောက်ထဲပဲနေချင်တယ် သူတို့ပါရင် သားလဲ အချုပ်ခံထားရသလိုဖြစ်နေမှာပေါ့"

"မဖြစ်ပါဘူး သားရယ် သားလုံဖြုံဖို့အတွက်ပါ အပြင်မှာနေခွင့်ပေးရတာတောင် ဖေဖေတို့ကတော်တော်စိတ်ပူနေတာ အစောင့်မထားပေးထားရင် သားအမေက သူလိုက်နေမယ်လုပ်နေတယ်လေ သားအမေကိုလာနေခိုင်းရမှာလား"

"အာ ထားလိုက်ပါတော့ သူတို့ကိုပဲ"

စိတ်ညစ်ညစ်နဲ့ အခန်းထဲသာဝင်လာလိုက်တယ် ကိုကိုနဲ့ လွတ်လွတ်လပ်လပ်တွေ့ချင်လို့ပါဆို အခုတော့ အချုပ်ခံရတာပါပဲ

"ဒါနဲ့ ဖေဖေ ဒီအခန်းဘယ်လိုရတာလဲ"

"ပထမထပ်ဆိုလဲ မကောင်းဘူးထင်လို့ အာ့နဲ့ ဒီအထပ်ကိုရွေးလိုက်တာ ပြီးတော့ ကျန်တဲ့ အခန်းတွေမလွတ်တော့ဘူးတဲ့ ဒီအထပ်မှာက ဒီတစ်ခန်းပဲ လွတ်တာ ဒီအထပ်မှာကျောင်းသားတစ်ချို့နေတယ်လဲ ပြောတယ် သားပြောတဲ့ စီနီယာတွေထင်လို့ ဖေဖေ ဒီအခန်းပဲယူလိုက်တာ"

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now