Chapter - 24

40.4K 4.4K 195
                                    

#Unicode

ဖန်းဂူအပြင်သို့ ထွက်လာတော့ သူ့ရဲ့ကိုယ်မှာ ချွေးတွေရွှဲစိုလျှက် … ဟော်မုန်းနံ့တွေကလဲ အပြင်ကလူ ၂ ဦးကိုပင် သတိမေ့သွားစေလောက်သည်ထိ ပြင်းထန်လွန်းလှတယ် …

သူ့ရဲ့မျက်နှာက မအီမသာဖြစ်နေပြီး အလိုမကျဟန် … ဒေါက်တာက ထိုအခြေအနေကို သိနေသည်မို့ ငြိမ်နေသော်လဲ ချူးရှန့်ကမူ အဆိုးရိမ်လွန်ပြီး မေးလိုက်တယ် …

" သခင် အဆင်ရောပြေရဲ့လား …

ရေချိုးလိုက်ပါလား "

ဖန်းဂူဒေါသတွေက ချူးရှန့်ပေါ်ရောက်လာကာ အကြည့်စူးကြီးတွေနဲ့ကြည့်ပြီး အော်ပြောလိုက်လေတယ် …

" မင်းငါ့ကို ရေဘယ်နှခါ ချိုးစေချင်နေတာလဲ …

ဒီအခြေအနေက ရေချိုးလို့ရမယ်ထင်နေလား "

" အာ "

ဆရာဝင်က ချောင်းတစ်ချက်ဟန့်ကာ ဝင်ပြောလာတယ် …

" အမှန်ပဲ … ခုချိန်က သခင်လေး ရေချိုးလို့မရဘူး …

ဆေးဓာတ်ကြောင့် အိုမီဂါ အဆင်ပြေပေမဲ့ သခင်လေးကိုယ်ထဲကဆေးဓာတ်ပျယ်ဖို့ အိုမီဂါဟော်မုန်းတွေဆွဲကပ်နေဖို့လိုတယ် …

ရေချိုးလိုက်လို့ ဟော်မုန်းတွေပျယ်သွားရင် အယ်ဖာဟော်မုန်းနဲ့ဆေးဓာတ်တွန်းကန်ပြီး သခင်လေးနာကျင်ရလိမ့်မယ် …

ဒါပေမဲ့ ထူးဆန်းတာက သခင်လေးတို့ရဲ့ဆက်နွယ်မှုက တည်မြဲပြီး အိုမီဂါနဲ့ထိတွေ့ပြီးသွားတာနဲ့ သခင်လေးကိုယ်ပေါ်မှာ နာရီအနည်းငယ်ကြာတဲ့ထိ အိုမီဂါအနားမှာရှိနေသလို ဟော်မုန်းတွေကပ်သွယ်နိုင်တယ် … လုံးဝကို သဟဇာတဖြစ်လွန်းတယ် "

ဒါကြောင့်ကိုး … မင်းယွီဘေးက ထွက်လာတဲ့အချိန် အရင်လိုဆွဲငင်တာမျိုးတွေမရှိတာ အံ့ဩစရာတော့မရှိပါဘူး … ဒီနေ့အကြာကြီး ထိတွေ့ထားတယ်ဆိုတော့ တစ်နေ့စာအတွက်တော့ လုံလောက်နိုင်ပါတယ် …

ဖန်းဂူက မေးလိုက်တယ် …

" ဒီလိုမျိုး ဆက်နွယ်နေတာကို ဘယ်လိုဖျက်တောက်နိုင်မလဲ "

" အဲ့ဒါက ပိုင်ရှင်တွေရဲ့စိတ်အပေါ်မူတည်တယ် …

သခင်က အမြဲဟော်မုန်းတွေကို ထိန်းချုပ်ထားတော့ ရုတ်တရပ် မိတ်ဖက်နဲ့တွေ့တဲ့အခါ သခင်ထိန်းချုပ်ရင်တောင်မှ ဟော်မုန်းတွေက အရင်လို တားဆီးလို့မရနိုင်တော့ဘူး … ဒါကြောင့် အချိန်ပြည့်ဆွဲငင်နေတာ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now